← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

275 01

Chapter 275 ရန်ချင်း မင်းပျော်ပျော်ရွှင်ရွှင်ကြီးပျင်းလာရမယ်။

Extra Chapter 1: အချစ်သီချင်းစုံတွဲရဲ့ငယ်ဘ၀။

ရှန်ရန်ချင်းရဲ့မိဘတွေဟာ အချင်းချင်း ခံစားချက် သိပ်မရှိကြဘူး။၂ယောက်လုံးဟာ အစက စီးပွားရေးပါတနာတွေသာဖြစ်ပြီး နောက်တော့ ဗျူဟာကျကျ စီစဉ်ခံရတဲ့အိမ်ထောင်ရေးတစ်ခု ဖြစ်သွားခဲ့တယ်။

ရှန်ရန်ချင်းရဲ့ပါးဟာ ဂုဏ်သိက္ခာရှိတဲ့ မိသားစုကနေ ဆင်းသက်လာတာဖြစ်ပြီး သူ့မားရဲ့နောက်ခံဟာတော့ နည်းနည်း ရှုပ်ထွေးတယ်။

သူမဟာ မိဘတစ်ပါးတည်းရှိတဲ့ မိသားစုမှာ ကြီးပြင်း လာတယ်။သူမအဖေဖြစ်သူရဲ့စီးပွားရေး ကြီးထွားလာတဲ့အခါ သူမရဲ့အမေဟာ သာမန်နောက်ခံကြောင့် အထား ခံခဲ့ရတယ်။

သူမအပြင် သူမရဲ့အမေမှာ နောက်ထပ်သမီးတစ်ယောက် ရှိသေးတယ်။ညီအစ်မနှစ်ယောက်ဟာ ကောင်းမွန်တဲ့ ပညာရေးကို သင်ယူနိုင်ဖို့အတွက် အဖေဖြစ်သူရဲ့အနားမှာ ကြီးပြင်းလာခဲ့ကြတယ်။ဒါပေမဲ့ သူမရဲ့အဖေ ထပ်မံလက်ထပ်ခဲ့တဲ့ အမျိုးသမီးဟာ ကျန်းမြို့က ချမ်းသာတဲ့အိမ်က အမျိုးသမီးငယ်တစ်ယောက် ဖြစ်တယ်။သူမဟာ သူမတို့ညီအစ်မနှစ်‌ယောက်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဘူး။

ညီအစ်မနှစ်ယောက်ဟာ ‌အစောပိုင်းနှစ်တွေမှာ အချိန်ကောင်းတွေကို မရရှိခဲ့ဘူး။

သူမ အဲ့လိုပတ်၀န်းကျင်မှာ ကြီးပြင်လာလို့လည်း ဖြစ်ပါလိမ့်မယ်။မိသားစုနဲ့အချစ်ဆိုတာ စကားလုံးတွေအရသာ ပိုင်ဆိုင်နိုင်တာလို့ သူမ တွေးခဲ့တယ်။တစ်ကိုယ်ကောင်း ဆန်တာက ပိုကောင်းတယ်။

ဒါကြောင့် သူမဟာ သူမရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး များများစားစား ဂရုမစိုက်ခဲ့ဘူး။အကျိုးရှိတယ်ဆိုတဲ့ ရှုထောင့်အရ သူမဟာ ဟိုက်မြို့က ရှန်မိသားစုထဲ လက်ထပ်ပြီး၀င်ဖို့ ဆုံးဖြတ်ခဲ့တယ်။

နောက်တော့လည်း ရောပေါ့။သူမရဲ့အမြင်မှာတော့ ကိုယ်၀န်ဆောင်ပြီး ကလေးမွေးတာကို တာ၀န်တစ်ခုအနေနဲ့ပဲ မြင်ခဲ့တယ်။

မိသားစုရဲ့သားအကြီးဆုံးကို မွေးဖွားပြီးတဲ့ အချိန်ကစပြီး သူမဟာ အဖိုးကြီးကို အလေးအနက် ဆက်မထားတော့ဘူး။အဖိုးကြီးဟာလည်း သူမနဲ့ ကတောက်ကဆဖြစ်ဖို့ စိတ်မပါဘူး။အထူးသဖြင့် သူ ရှန်ရန်ချင်းကို စပြီးဂရုစိုက်တဲ့ နောက်ပိုင်းမှာပေါ့။အဖိုးကြီးရဲ့အတွေးတွေအားလုံးဟာ သူ့မြေးဆီမှာပဲ ရှိခဲ့တယ်။

ဒါကြောင့် သူမရဲ့မျက်လုံးထဲမှာတော့ ရှန်ရန်ချင်းဟာ ရှန်မိသားစုထဲက သူမရဲ့ကိရိယာတစ်ခု သက်သက်ပဲ။

နို့ပြတ်သွားကတည်းက ရန်ချင်းအသေးလေးဟာ အမြဲအဖိုးဖြစ်သူ ဘေးမှာပဲ နေခဲ့ရတယ်။။စကားပြောတတ်တဲ့ အခါရော၊လမ်းလျှောက်တတ်တဲ့ အခါရောနဲ့ ပြေးတတ်တဲ့အခါမှာပါ သူဟာ သူ့ရဲ့မားကို သိပ်မတွေ့ခဲ့ရဘူး။

သူ ၃နှစ်ပြည့်ခါနီးတော့ သူ့အဖိုးဟာ သူ့ကို ကဗျာစပ်နည်း၊စစ်တုရင်ထိုးနည်းနဲ့ လက်ရေးလှကျင့်နည်းတို့ကို စသင်ပေးတယ်။

အဲ့၂နှစ်အတွင်းမှာ သူဟာ အဖိုးရှိ‌တဲ့နေရာမှာ ရှိနေခဲ့တယ်။

သူဟာ ငယ်ငယ်ကတည်းက အခြားကလေးတွေနဲ့ အဆက်အဆံ မလုပ်ဖူးတာကြောင့်လည်း ပါမယ်။သူ့အဖိုး ရန်ချင်းအသေးလေးကို အခြားတစ်ယောက်ရဲ့အိမ်ကို ဧည့်သည်အဖြစ် ခေါ်သွားတုန်းက သူဟာ အခြားကလေးတွေနဲ့ ပြောဆိုဆက်ဆံရတာကို မနှစ်သက်ခဲ့ဘူး။

“ရှန်ကြီး မင်းမြေးက သူစိမ်းတွေကို ကြောက်ပုံပဲ” တစ်ယောက်ယောက်က စ‌နောက်တယ်။

အဖိုးဟာ ပြုံးပြီး ‌စိတ်မဆိုးဘဲ “သူစိမ်းတွေကို ကြောက်တာ မဟုတ်ဘူး။ သူကိုက အဲ့လိုပဲ ငယ်ငယ်ကတည်းက စကားပြောရတာကို မကြိုက်တာ”

“ငါ ကြားတာတော့ ဒီကလေးက ငယ်ငယ်ကတည်းက မင်းဘေးမှာပဲဆို”

“ဟုတ်တယ်။ သူ့မိဘတွေက အလုပ်တွေနဲ့ရှုပ်နေကြတာ။ ငါက အိုပြီး အခြားဘာမှလည်း လုပ်စရာမရှိဘူးလေ။ ဒီကလေးကို ကောင်းကောင်းဂရုစိုက်ပေးဖို့ပဲ ရှိတယ်”

တစ်ဖက်လူဟာ စစနောက်နောက်နဲ့ ထပ်ပြောပြန်တယ်။ “ဟူး ရှန်ကြီး မင်း စိတ်မရှိရင် ဘာလို့မိသားစု၂စု စေ့မစပ်လိုက်ကြတာလဲ။ ငါ့သမီးအငယ်ဆုံးက ရန်ချင်းနဲ့ တစ်နှစ်ခွဲပဲ ငယ်တယ်”

မိသားစု၂စုဟာ သူငယ်ချင်းဟောင်းတွေ ဖြစ်ကြတယ်။စကားပြောနေတဲ့လူရဲ့အဖေဟာ အဖိုးရဲ့အစ်ကိုကြီးတစ်ယောက် ဖြစ်တယ်။အခုတလော ဒီလူကြီးရဲ့ကျန်းမာရေး သိပ်မကောင်းတာမို့ အဖိုးဟာ လာလည်ရင်း ရန်ချင်းကို ခေါ်လာခဲ့တာ။

275 02

“ဟူး” မစဉ်းစားဘဲ အဖိုးဟာ လက်ခါကာ ပြောတယ်။ “ငါ အငယ်လေးတွေအတွက် ဆုံးဖြတ်ချက် ချတာမျိုးတွေ မလုပ်ပေးချင်ဘူး”

“ကလေး၂ယောက်က ငယ်သေးတယ်။ ငါ စေ့စပ်တာကို သုံးပြီး သူတို့ကို ချည်နှောင်ထားမယ်ဆိုရင် သူတို့အတွက် မှန်မနေရင် ဘယ်လိုလုပ်မလဲ။ ငါက အပြစ်သား ဖြစ်မသွားဘူးလား”

“အဲ့လောက်ကြီးလည်း မဟုတ်တာကို” ဦးလေးဟာ ရှန်ကြီး လေးနက်လွန်းအားကြီးတယ်လို့ ခံစားရတယ်။

အဖိုးက “ရန်ချင်း မိဘတွေကိုပဲ ကြည့်စမ်းပါ။ ငါ အခြားဟာတွေကို ဂရုစိုက်ချင်စိတ် မရှိဘူး။ ဒီကလေးကိုပဲ ကောင်းကောင်း ဂရုစိုက်ပေးချင်တယ်။ သူ့ကို ငါ့ဘေးနား ခေါ်ထားတယ်ဆိုတာ အနာဂတ်မှာ ကြီးကြီးမားမားတွေ ဖြစ်လာစေချင်လို့ မဟုတ်ဘူး။ အဲ့အစား သူ ငါ့ဘေးမှာနေပြီး သူ့စိတ်နေစိတ်ထားကို ပျိုးထောင်နိုင်အောင်လို့ အနာဂတ်မှာ လူကြီးလူကောင်းတစ်ယောက် ဖြစ်လာအောင်လို့”

အစကတော့ အဖိုးကြီးဟာ အမေနဲ့သားကို မခွဲချင်ဘူး။သူ့မှာ ရှန်ရန်ချင်းကို ခေါ်ထားဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။

ဒါပေမဲ့ ရှန်ရန်ချင်းရဲ့အမေဟာ သူမရဲ့အလုပ်အကိုင်ကိုပဲ ဂရုစိုက်ပြီး ရန်ချင်းအတွက် ခံစားချက် သိပ်မရှိခဲ့ဘူး။သူမဟာ အိမ်ကို မပြန်ချင်ဘူး။အိမ်ကအိမ်အကူတွေ ပြောချက်အရ သူမအိမ်မှာ ရှိရင်တောင်မှ ရှန်ရန်ချင်းကို ကောင်းကောင်း မဆက်ဆံဘူးတဲ့။သူမဟာ အမေတစ်ယောက်နဲ့တောင် မတူဘဲ ရန်ချင်းအသေးလေးကို ချီချင်ပြုချင်စိတ်တောင် မရှိဘူး။

သူ သူမရဲ့အကျင့်စရိုက်ကို သိနေတဲ့အချက်နဲ့ပါ တွဲလိုက်တော့ အဖိုးကြီးဟာ ရှန်ရန်ချင်းကို ခေါ်ထားပြီး ကိုယ်တိုင်ဂရုစိုက်ပေးဖို့ ဆုံးဖြတ်လိုက်တာ။

ဒီအချိန်ကာလတွေအတွင်း အဖိုးရှန်ဟာ ရှန်ရန်ချင်းရဲ့အမေကို အကြိမ်ပေါင်းများစွာ ခဏခဏ ခေါ်ခဲ့ပါသေးတယ်။သူမ ရန်ချင်းအသေးလေးဆီ လာလည်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

ဒါပေမဲ့ တစ်ဖက်လူဟာ အကြိမ်တိုင်း သူ့ကို အေးတိအေးစက် ငြင်းဆိုခဲ့တယ်။ရှန်ရန်ချင်းအဖေကသာ ရန်ချင်းအသေးလေးနဲ့ ဆော့ကစားပေးဖို့ ရံဖန်ရံခါ အိမ်အဟောင်းကို လာတယ်။

နောက်ဆို အမေနဲ့သားဖြစ်သူကြားကဆက်ဆံရေးဟာ မကောင်းနိုင်ဘူးဆိုတာကို အဖိုးကြီးဟာသိခဲ့တယ်။ဒါကြောင့် ရန်ချင်းအသေးလေး တစ်ခါတလေ သူ့မားကို တွေ့ချင်တဲ့အခါကျရင် အဖိုးရှန်ဟာ မလိမ်တော့ဘဲ လူဆိုးသာ တိုက်ရိုက် အဖြစ်ခံလိုက်တယ်။

အဖိုးကြီးရဲ့အမြင်မှာတော့ သူ နောက်ထပ်၁၀နှစ်လောက် နေလို့ရနိုင်သေးတယ်။အဲ့တာဟာ ရန်ချင်းအသေးလေး ကြီးပြင်းလာတာကို သူ အဖော်ပြုပေးဖို့ လုံလောက်ပါတယ်။

အနားမှာ သူ့လိုအဖိုးကြီး ရှိနေတာနဲ့တင် ရှန်ရန်ချင်းအတွက် သူ့မားဆီကို သွားဖို့ လိုမနေတော့ဘူး။

ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့ နှစ်တွေ အနည်းငယ်ကြာတော့ တစ်ရက်မှာ ရန်ချင်းအသေးလေးဟာ အဖိုးဖြစ်သူကို ပထမဆုံးအကြိမ် စိတ်ဆိုးသွားခဲ့တယ်။ပုံမှန်ဆို ညင်သာပြီး အပြောအဆို သိမ်မွေ့တဲ့ ကောင်ငယ်လေးဟာ အဖိုးဖြစ်သူကို ပထမဆုံးအကြိမ် ဆန့်ကျင်ခဲ့တယ်။

အဲ့ညမှာ ညစာ မစားခင် သူဟာ ဘိုးဘေးခန်းမထဲမှာ ဒူးထောက်နေဖို့ အပြစ်ပေးခံခဲ့ရတယ်။

အိမ်တော်ထိန်းရဲ့ရင်ဘတ်ဟာ နာကျင်ရတယ်။သူဟာ ရန်ချင်းကို တိတ်တိတ်လေး ခိုးခေါ်ပြီး “သခင်လေး ထပြီးခဏထိုင်ပါ။ အဖိုး ဒီမှာမရှိဘူး။ ဒူးထောက်ပြီး ဒူး အနာမခံပါနဲ့”

ရန်ချင်းအသေးလေးဟာ အားသိပ်သန်တာ မဟုတ်ဘူး။အိမ်တော်ထိန်းဟာ သူ တစ်ခုခုဖြစ်မှာ စိုးပြီး ဒူးဆက်ထောက်ခိုင်းထားဖို့ကို မခံစားရက်ဘူး။

ဒါပေမဲ့လည်း ရန်ချင်းအသေးလေးဟာ ခေါင်းမာတယ်။အိမ်တော်ထိန်း ဘာပြောပြော သူဟာ မထဘူး။လက်မောင်းကနေ ဆွဲမတာတောင်မှ မထဘူး။

သူဟာ ခေါင်းငုံ့ထားကာသာ ကြမ်းပြင်ကို ခေါင်း‌မာမာနဲ့ ကြည့်နေခဲ့တယ်။

ဘာလို့လဲဆိုတော့ သူ ဘာမှားလဲဆိုတာကို မသိလို့ဘဲ။

ကွယ်ရာမှာ အိမ်အကူတွေ ပြောတာကို သူ ကြားခဲ့တယ်။သူ့အဖိုးက သူ့မားကို သူ့ဆီ လာကြည့်ခွင့် မပေးဘူးတဲ့။

မနက်ဖြန် မိဘဆရာ တွေ့ဆုံပွဲမှာတော့ သူလည်း အခြားကလေးတွေလို အနားမှာမိဘတွေကို ရှိစေချင်တယ်။

လွန်ခဲ့တဲ့၂နှစ်က သူ့အဖိုးဟာ အသက်ကြီးနေပြီမို့ သူ အိမ်တော်ထိန်းနဲ့ဒရိုင်ဘာကို အဖော်လိုက်ပေးဖို့ ပြောခဲ့တာ။

ဒီတစ်ခေါက်ဟာ မူကြိုမှာ သူ့ရဲ့နောက်ဆုံးမိဘဆရာတွေ့ဆုံပွဲ။သူ့မှာ ထပ်လုပ်ဖို့ အခွင့်အရေး ဘယ်တော့မှ ထပ်ရှိတော့မှာ မဟုတ်ဘူး။

သူ သူ့အဖိုးကို‌ မမေးရဲခင်အထိ အကြာကြီး ပြင်ဆင်ထားခဲ့ရတာ။

ဒါပေမဲ့ အဖိုးဟာ သဘောမတူခဲ့ဘူး။

275 03

အဲ့ညက ရန်ချင်းအသေးလေးဟာ ဘယ်လောက်ကြာကြာ ဒူးထောက်နေခဲ့မှန်း မသိဘူး။မကြာခင် အိမ်ရှေ့ကနေ စာတစ်စောင် ရောက်လာပြီး သူ့မိဘတွေ ရောက်နေကြောင်း ပြောပြတယ်။

အိမ်တော်ထိန်းဟာ ဒါကိုကြားတော့ ရန်ချင်းထက်တောင်မှ ပျော်မိသေးတယ်။သူဟာ သူ့ကို မတ်တပ်ထဖို့ အမြန်ကူညီပေးပြီး အိမ်ရှေ့ကို ခေါ်သွားတယ်။

အဖိုးဖြစ်သူဟာ ဖုန်းထဲမှာ အထပ်ထပ်အခါခါ တောင်းဆိုခဲ့လို့ သူ့ရဲ့မား ရောက်လာမှန်းကို ရန်ချင်းအသေးလေးဟာ မသိခဲ့ဘူး။

အဲ့နေ့ပြီးတော့ ရန်ချင်းအသေးလေးကို မိဘတွေက ပြန်ခေါ်သွားတော့တယ်။

အစကတော့ အဖိုးကြီးမှာ လုပ်ရက်တဲ့စိတ် မရှိပါဘူး။ဒါပေမဲ့ အခုတလော သူ့ကျန်းမာရေးဟာ မကောင်းတော့ဘူး။သူ ရန်ချင်းကို ကြာကြာဆက်ပြီး အဖော် ပြုမပေးနိုင်တော့ဘူးဆိုတဲ့ ခံစားချက်ကို ရနေတယ်။

ဒါကြောင့် နောက်ကွယ်မှာ သူဟာ ရှန်ရန်ချင်းရဲ့အမေနဲ့ အကြိမ်ကြိမ် စကားပြောခဲ့ပြီး သူမကို အိမ်အဟောင်းကို ပေးဖို့တောင်မှ သဘောတူခဲ့တယ်။

အဖိုးကြီးဟာ သူမ ရန်ချင်းအသေးလေးကို အလေးအနက်ထားပြီး အမေကောင်းတစ်ယောက်ဖြ စ်လာဖို့ မျှော်လင့်ရုံလေးပါ။

အဲ့တုန်းက ရှန်ရန်ချင်းရဲ့အမေဟာ အမြန်သဘောတူခဲ့တယ်။ဒါပေမဲ့ သူမရဲ့ပုံစံအမှန်ဟာတော့ ၂လအတွင်း ရုပ်လုံး ပေါ်လာခဲ့တယ်။အဖိုးကြီးဟာ ဒေါသထွက်လွန်းလို့ ဖျားပါဖျားသွားခဲ့ရတယ်။သူ အိပ်ရာထဲ အပြင်းအထန်ဖျားနေတဲ့အချိန်မှာ ရန်ချင်းအသေးလေးကို ပြန်‌တောင် ခေါ်ခဲ့သေးတယ်။

ဒါပေမဲ့ အဖိုးကြီးဟာ အကူအညီမဲ့နေပြီ ဖြစ်တယ်။အဆုံးမှာတော့ သူဟာ ထွက်ခွာမသွားခင် ရှန်ရန်ချင်းကို အချိန်တိုလေးပဲ အဖော်ပြုပေးနိုင်ခဲ့ရှာတယ်။

သူ မဆုံးပါးခင် အဖိုးရှန်ဟာ ရန်ချင်းအသေးလေးရဲ့လက်ကို ဆုပ်ကိုင်ကာ သူ့ရဲ့နောက်ဆုံးကျန်တဲ့ အင်အားကို သုံးပြီး ပြတ်တောင်းတောင်းနဲ့ ပြောတယ်။ “အဖိုးက အသုံးမ၀င်တော့ဘူး။ မင်းကို မကာကွယ်ပေးနိုင်တော့ဘူး”

“ရန်ချင်း အဖိုးကို အပြစ်မတင်ပါနဲ့”

“အနာဂတ်မှာ...မင်း စိတ်အဆင်မပြေရင် အဖိုးဆီကို လာပြောပါ။ မချုပ်တည်းထားနဲ့ မင်း အဖိုးဆီ လာပြီး ပြောဖို့လိုတယ်...”

“အဖိုးတို့ရန်ချင်းလေးက တော်ပါတယ်။ အနာဂတ်မှာ မင်း ကျိန်းသေပေါက်...မင်းကို စိတ်ရင်းနဲ့ ဆက်ဆံတဲ့တစ်ယောက်ယောက်ကို ဆုံရမှာပါ။ မင်းဆုံလိမ့်မယ်ဆိုတာ အဖိုး ကတိပေးပါတယ်”

“အဖိုး မင်းကို ကောင်းကင်ပေါ်ကနေ အမြဲကာကွယ်ပေးနေမယ်။ စိတ်ရင်းနဲ့ ပြောတာပါ...”

နောက်ဆုံးအချိန်မှာတောင် အဖိုးဖြစ်သူဟာ ရန်ချင်းအတွက် စိုးရိမ်နေခဲ့တယ်။သူဟာ သူ့ရဲ့နောက်ဆုံးစကားကို အဆုံးသတ်ဖို့ သူ့ကိုယ်သူ တွန်းအားပေးလိုက်တယ်။ “ရန်ချင်း မင်း ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာရမယ်...”

******

All Chapters