အခန်း ၂၇၆
Vol. 28 Ch. 276
276 01
Chapter 276 မင်းရည်းစားလိုချင်တယ်မလား။
Extra Chapter 2: အချစ်သီချင်းစုံတွဲရဲ့ငယ်ဘ၀။
ငယ်ငယ်တုန်းက နန်ကောဟာ နည်းနည်းနောက်ကျမှ စကားစပြောပြီး နည်းနည်းလည်း တုံးအသေးတာမို့ ရွယ်တူတွေထက် တစ်နှစ် နောက်ကျပြီးမှ မူကြိုသွားရတယ်။
အဲ့အချိန်တုန်းက သူမရဲ့အစ်ကိုအကြီးအနေနဲ့ နန်ကျဲ့ဟာ မူလတန်း ရောက်နေပြီ။
မူကြိုရဲ့အလယ်လောက်မှာ နန်ကောဟာ အခြားကလေးတွေထက် ပိုစားတာကို ဆရာမဟာ သတိထားမိသွားတယ်။
အတန်းထဲက ၀၀တုတ်တုတ်နဲ့ကောင်လေးတောင်မှ သူမလောက် မစားဘူး။
အစကတော့ ဆရာမဟာ သူမ ဒီနေ့ စားကောင်းလို့နေမှာပါဆိုပြီးသာ တွေးတယ်။ဒါပေမဲ့ ရက်အနည်းငယ်လောက် အကဲခတ်ကြည့်ပြီးတဲ့အခါ ကလေးမဟာ အစားချေးမများသလို ဖြုန်းလည်း မဖြုန်းတီးဘူး။သူမဟာ အချိန်အကြာကြီး မစားထားရသလိုမျိုးကို များများစားနိုင်တယ်။
ဒါပေမဲ့ သူမတို့ရဲ့မူကြိုကိုတက်တဲ့ ကလေးအားလုံးနီးပါးဟာ ချမ်းသာတဲ့ မိသားစုတွေကချည်းပဲ။သူတို့မိသားစုတွေရဲ့နောက်ခံဟာ ကျိန်းသေပေါက် ကောင်းတယ်။
ဖြစ်နိုင်တာက...
ဆရာမဟာလည်း အတော်လေးငယ်သေးကာ မူကြိုကကလေးတွေရဲ့ ချမ်းသာတဲ့မိသားစုတွေရဲ့လျှို့ဝှက်ချက်တွေကို ကြားဖူးနား၀ရှိတယ်။မကြာခင်ဘဲ သူမဟာ မိသားစုရဲ့မထင်မရှားအငယ်ဆုံးသမီးလေး အနိုင်ကျင့်နှိပ်စက်ခံရတဲ့ ဇာတ်လမ်းကို စိတ်ကူးယဉ်တော့တယ်။
နန်ကော အရမ်းလိမ္မာတာကိုမြင်ပြီး ဆရာမဖြစ်သူဟာ သူမကို အခုလိုမျိုး မကြည့်ရက်ဘူး။ဒီတော့ သူမဟာ မစ္စနန်ကို ဖုန်းခေါ်လိုက်တယ်။
အဲ့အချိန်တုန်းက မစ္စနန်ဟာ အလုပ်ရှုပ်နေခဲ့တာမို့ ဖုန်းမကိုင်လိုက်မိဘူး။ဆရာမဟာ ရွေးချယ်စရာမရှိဘဲ မစ္စတာနန်ကို ခေါ်ရတယ်။
မစ္စတာနန်ဟာလည်း ခဏလောက်ကြာမှသာ ကိုင်တယ်။ဆရာမရဲ့မိတ်ဆက်ခြင်းကို ကြားပြီးတော့မှသာ သူဟာ စကားပြောတယ်။
“ကျွန်တော် မင်းကို သိပါတယ်။ မင်္ဂလာပါ ဆရာမ ကျွန်တော်နန်ကောရဲ့ပါးပါ။ နန်ကော တစ်ခုခုဖြစ်လို့လား”
“အရမ်း စိတ်မလှုပ်ရှားပါနဲ့။ မစ္စတာနန် ကျွန်မ အိမ်မှာ နန်ကောရဲ့အခြေအနေကို သိချင်လို့ ဖုန်းခေါ်လိုက်တာပါ”
“ကောင်းပြီ ကောင်းပါပြီ ဆက်ပြောပါ”
“ဒီလိုပါ အခုတလော နန်ကော ကျောင်းမှာ အစားတွေ ပိုစားတာကို ကျွန်မ သတိထားမိတယ်။ ကောင်လေးတချို့ထက်တောင်မှ ပိုစားသေးတယ်”
“အစား ချေးမများတာက အကျင့်ကောင်း ဆိုပေမဲ့လည်း သူ ဒီလိုစားနေရင် သူ့ဗိုက် မအီမသာဖြစ်မှာကို စိုးရိမ်လို့ပါ”
“အိမ်မှာရော နန်ကောက အများကြီး စားတာပဲလား။ ဒါမှမဟုတ် သူ တစ်ခါမှ မနက်စာမစားလို့ နေ့လည်စာကို များများစားတာလား”
“ကျွန်တော် တောင်းပန်ပါတယ်။ ဆရာမ ကျွန်တော် အခုတလော နန်ကောရဲ့မားနဲ့ အလုပ်ခရီး ထွက်နေတာဆိုတော့လေ အခြေအနေကို မသိဘူး။ ပြီးခဲ့တဲ့၂ရက်လုံး နန်ကော နေ့လည်ဘက်ဆို မအီမသာ ဖြစ်နေခဲ့တာလား”
“လောလောဆယ်တော့ မဟုတ်ဘူး။ ကလေးမက စားလည်းစားတယ်။ အိပ်လည်းအိပ်တယ်။ နေ့လည်ဘက်တွေ ကစားရင်လည်း တက်တက်ကြကြွ ရှိတယ်။ အော် ဟုတ်သား နန်ကောက မနှစ်ကထက်တောင် ပိုတက်ကြွလာသေးတယ် စကားလည်း တဖြည်းဖြည်း များလာတယ်။ များသောအားဖြင့် သူ ကလေးတွေနဲ့စကားပြောနေတာ လူတိုင်း သူ့ကို အတော်လေး သဘောကျကြတယ်”
“အဲ့တာ ကောင်းပါတယ်။ အဲ့လိုဆို ကျွန်တော် မင်းကို ပိုဂရုစိုက်ပေးဖို့ ပြောရမှာပဲ။ အခုတလော နန်ကော ကောင်းကောင်းစားလားဆိုတာကိုက ကျွန်တော် မေးကြည့်လိုက်ပါဦးမယ်။ ပြီးမှ ပြန်ဆက်သွယ်လိုက်မယ်”
“ဟုတ်ပြီ ဟုတ်ပြီ”
မြို့တော်ရောက်နေတဲ့မစ္စတာနန်ဟာ အိမ်အကူကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်။
သူ ပြောနေတာကို နားလည်သွားတဲ့အခါ အိမ်ကအိမ်အကူဟာ သူမရဲ့ရှုပ်ထွေးမှုကို ဖော်ပြလာတယ်။
“မဟုတ်ဘူး အခုတလော နန်ကောက အရမ်းလိမ္မာတယ်။ မနက်စာနဲ့ညစာကိုလည်း အချိန်မှန်စားတယ်။ စားတဲ့နေရာမှာလည်း ပြဿနာမရှိသလို ချန်တာလည်း မရှိဘူး။ သူ့စားချင်စိတ်က အမြဲကောင်းမွန်နေခဲ့တာ”
အိမ်အကူဟာ မလိမ်လောက်ဘူးဆိုတာကို သူယုံ ကြည်တယ်။
ဒါဆို အဲ့မှာ ပြဿနာရှိပြီ။
276 02
နန်ကော ဘာလို့ အများကြီး စားနေတာလဲ။
“ဒီလိုဆိုရင်ရော။ ပြီးရင် ငါ့ဆီကို နောက်ဆုံးအပတ်က အိမ်က မီနူးစာရင်းကို ပို့ထားပေး။ နန်ကျဲ့ ကျောင်းက ပြန်ရောက်ရင် ငါ့ကိုဖုန်းခေါ်ဖို့ ပြောလိုက်”
“ဟုတ်ကဲ့ပါ ဆရာ” ဖုန်းချပြီးတော့ အိမ်အကူဟာ အမြန်မီနူးစာရင်းကိုလုပ်ကာ မိနစ်အနည်းငယ်အတွင်း မစ္စတာနန်ဆီ ပို့ပေးလိုက်တယ်။
ဖတ်ပြီးတဲ့အခါ မစ္စတာနန်ဟာ ထပ်ပြီးအတွေး များသွားရပြန်တယ်။
မီနူးက နန်ကော အကြိုက်ဆုံးဟင်းတွေနဲ့ ပြည့်နေတာပဲ။အာဟာရပညာရှင်တွေလည်း သဘောတူထားတယ်။
ဒီတော့ ဘာမှားတာလဲ။
နောက်တော့ ကျောင်းကပြန်ရောက်တဲ့အခါ နန်ကျဲ့ဟာ အိမ်အကူညွှန်ကြားချက်အရ မစ္စတာနန်ကို ဖုန်းခေါ်တယ်။
“ကျဲ့လေး ဒီနေ့ကျောင်းမှာ ဘယ်လိုလဲ။ ကောင်းမွန်တဲ့ကိစ္စတွေ ဘာတွေ ကြုံလာရသေးလား”
“ဒီနေ့။ မနေ့ကနဲ့ အတူတူပါပဲ ဘာမှ ပျော်စရာ မရှိပါဘူး” နန်ကျဲ့ဟာ ဆိုဖာပေါ်ထိုင်ပြီး နန်ကောနဲ့ ကာတွန်းကြည့်နေရင်း သူမရဲ့ကျစ်ဆံမြီးကို တစ်ချက်ဆွဲတယ်။သူ့သားရဲ့အခြေအနေကို မေးပြီးတဲ့အခါ မစ္စတာနန်ဟာ နန်ကောအကြောင်းကို မေးကြည့်တယ်။
“မင်းညီမရော”
“သားဘေးမှာ ပေါင်မုန့် စားနေတယ်”
သူတို့ ဘာလို့ စားနေပြန်တာတုန်း။မစ္စတာနန်ဟာ မျက်မှောင် ကြုတ်လိုက်ပြီး မေးတယ်။ “မင်း အခုတလော မင်းညီမနဲ့အတူ မနက်စာ စားနေတာလား”
“အင်း” နန်ကောဟာ အိမ်အကူ ခွံ့ကျွေးတာကို မကြိုက်ဘူး။မနက်တိုင်း သူမနိုးပြီဆိုရင် သူမဟာ သူမနဲ့မနက်စာအတူစားဖို့ နန်ကျဲ့ကို စောင့်နေတတ်တယ်။
တစ်ခါတလေ သူမ မလှုပ်ချင်တဲ့အချိန်ဆို နန်ကျဲ့က ခွံ့ကျွေးပေးတယ်။
“ဒါဆို မင်း မင်းညီမကို 'အနိုင်ကျင့်'သေးလား။ မင်းညီမ မနက်စာကို ၀အောင် မစားဘူးလား။ ဘာလို့ သူ အခုတလော ကျောင်းမှာ အများကြီး စားနေတာလဲ”
မစ္စတာနန်ဟာ သူ့ကိုအပြစ်တင်ဖို့ ဒါကိုတမင်တကာ ပြောတာမျိုးမဟုတ်ဘူး။
အဓိကအကြောင်းအရင်းဟာတော့ ဒီလိုအခြေအနေဟာ အရင်ကဖြစ်ခဲ့ဖူးတာမို့။
ဘာလို့လဲဆိုတော့ နန်ကျဲ့က ခွံ့ကျွေးမှသာ နန်ကောဟာ ကောင်းကောင်း စားတယ်။အရင်က နန်ကျဲ့ဟာ သူမကို အကြိမ်အနည်းငယ်လောက် တမင်တသက်သက်စပြီး ခွံ့မကျွေးဘဲ နေဖူးတယ်။သူမ ငိုတော့မှသာ သူက ခွံ့ကျွေးတယ်။ဒါကြောင့် မစ္စတာနန်ဟာ ထပ်ဖြစ်ပြန်ပြီလို့ထင်မိတာ။
ဒီမေးခွန်းကိုကြားတော့ နန်ကျဲ့ဟာ သူ့ကိုယ်သူ ပြန်သံသယ၀င်သွားတယ်။သူဟာ သူတို့ရဲ့မနက်စာဝိုင်းကို ပြန်တွေးကြည့်လိုက်တယ်။
သူ နန်ကောကို “အနိုင်ကျင့်”ခဲ့လားဆိုတာ မမှတ်မိတော့ဘူး။
ဘာပဲဖြစ်ဖြစ် သူ့အမြင်မှာတော့ ဒါက ပြဿနာကြီး မဟုတ်ဘူး။တစ်ခါတလေ သူ စဉ်းတောင်မစဉ်းစားမိဘဲ သတိလက်လွတ်နဲ့ သူမကို အနိုင်ကျင့်မိတာမျိုး ရှိတယ်။
ဒါကြောင့် နန်ကျဲ့ဟာ နည်းနည်းတော့ အပြစ်ရှိသလို ခံစားရကာ တွန့်ဆုတ်စွာနဲ့ ဖြေတယ်။
မစ္စတာနန်အတွက်တော့ သူ့အပြုအမူဟာ ၀န်ခံနေတာပဲ။
ဒါကြောင့် မစ္စတာနန်ဟာ နောက်နေ့မှာ မြို့တော်ကနေပြန်လာပြီး နန်ကျဲ့ကို သင်ခန်းစာ ပေးခဲ့တယ်။
နောက်တော့ တစ်မိသားစုလုံးနဲ့ ဆရာမတွေဟာ အချိန် အတိုင်းအတာတစ်ခုအထိ ဆက်အကဲခတ်ခဲ့ကြတယ်။အဆုံးမှာတော့ နန်ကောကသာ အစား များနေတာဖြစ်ကြောင်း သူတို့ အတည်ပြုခဲ့ရတယ်။
အမှန်တရားကို သိရတဲ့အခါ နန်ကျဲ့ဟာ ဒေါသထွက်လွန်းလို့ အရှေ့နဲ့အနောက်ကို ခေါက်တုံ့ခေါက်ပြန် နန်ကော အောက်ထပ်ကို ဆင်းလာတာ မြင်တော့ သူ့မှာ တကယ်ဒေါသထွက်ရလွန်းလို့ ဒေါသဖြေဖို့ ရိုက်မယ်ဆိုပြီး သူမဆီကို သွားတယ်။
မထင်မှတ်ဘဲ မစ္စတာနန်ဟာ အလုပ်ကနေ ပြန်ရောက်လာတယ်။သူ အထဲ၀င်လိုက်တာနဲ့ နန်ကျဲ့တစ်ယောက် ဧည့်ခန်းထဲမှာ နန်ကောအနောက် ပြေးလိုက်နေတာကို တွေ့ရတယ်။
ဘန်း!နန်ကောဟာ စားပွဲနဲ့ ခလုတ်တိုက်မိကာ မေးရိုးကို ထိသွားတယ်။အသားကုန် အာခေါင်ခြစ်ငိုပါလေရဲ့။
လက်ပူးလက်ကြပ် မိတာမို့ နန်ကျဲ့ခမျာ နေရာမှာတင် အဖမ်းခံလိုက်ရရှာတယ်။
276 03
မူကြိုမှာ နန်ကောဟာ ကောင်းကောင်း လုပ်ခဲ့တယ်။သူမဟာ မူလတန်းကို သူမနဲ့ရွယ်တူကလေးတွေထက် တစ်နှစ် စောတက်သွားတယ်။
ဒီအချိန်မှာကျ နန်ကောနဲ့နန်ကျဲ့ဟာ တစ်ကျောင်းတည်း ဖြစ်သွားပြီ။
ဒါပေမဲ့ တစ်ယောက်က ပထမတန်းဖြစ်ပြီး နောက်တစ်ယောက်က ဆဌမတန်း ဖြစ်တယ်။
ကျောင်းတက်ပြီး ရက်အနည်းငယ်လောက်ကြာတော့ နန်ကောဟာ အစ်ကိုကြီးဖြစ်သူ ပြောခိုင်းတဲ့အတိုင်း အတန်းထဲကကလေးတွေကို ဆဌမတန်းမှာ သူမရဲ့အစ်ကိုရှိကြောင်းကို ပြောပြတယ်။
“တကယ်လား”
“ဒါပေါ့! ငါ့အစ်ကိုက အရမ်းမိုက်တယ်။ အတန်းပြီးရင် ဘီစကစ်တွေ လာပို့ပေးမယ်တောင် ပြောသေးတယ်။ ငါ နင်တို့နဲ့အတူ ဝေစားလို့ရတယ်”
“ဝါး ကောင်းလိုက်တာ!”
“ဒါပေမဲ့ ငါ့အစ်ကိုက ပြောတယ်။ နင်တို့ ငါ့ကို အနိုင်ကျင့်လို့မရဘူးတဲ့။ မဟုတ်ရင် အစ်ကိုက စိတ်ဆိုးလိမ့်မယ်။ သူ လူတွေကို ထိုးရင်နာတယ်နော်၊ နင်တို့က သူနဲ့ မကိုက်ဘူး၊ သူ ဂျူနီယာအထက်တန်းကို ရောက်သွားရင်တောင်မှ ဒီကို လာလို့ရသေးတယ်”
အဲ့တုန်းက ဂျူနီယာအထက်တန်းကျောင်းနဲ့ မူလတန်းကျောင်းဟာ အတူတူပဲရှိခဲ့တယ်။
အဲ့လိုနဲ့ပဲ နန်ကျဲ့ရဲ့နာမည်ကို သုံးရင်း နန်ကောဟာ သူမရဲ့မူလတန်းနေ့ရက်တွေမှာ အပူအပင် ကင်းမဲ့ခဲ့ကာ ကလေးတွေနဲ့ ကောင်းကောင်းသင့်မြတ်ခဲ့တယ်။
ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိသေးတယ်။သူမဟာ တဖြည်းဖြည်း တက်ကြွလာတဲ့နောက်မှာ စကားလည်း တကယ်များလာတယ်။
ဒုတိယတန်း ရောက်တော့ အတန်းထဲမှာ သူမဟာ အခြားကလေးတွေကို တိုးတိုးတိုးတိုးနဲ့ ပြောတတ်တယ်။
အကြိမ်အနည်းငယ် ရှိလာတော့ ဆရာမမှာ မတတ်နိုင်ဘဲ သူမရဲ့မိဘတွေကို အခေါ်ပါးရတော့တယ်။
ဒါကို နန်ကျဲ့ကြားတဲ့အခါ သူဟာ ဂျူနီယာဌာနကနေ အပြေးအလွှား ရောက်လာတယ်။
ဆရာမမှာတော့ ကူကယ်ရာမဲ့လို့။ “သူ့ကို ဘယ်နားပဲရွှေ့ရွှေ့ အနားက ကလေးတွေနဲ့ စကားပြောနိုင်တုန်းပဲ။ ပိုဆိုးတာက သူက စကားပြောတာ ရပ်ကိုမရပ်တာ”
“ဒီလိုထပ်ဖြစ်လို့ရှိရင် ကျွန်မ သူ့ကို ထောင့်ဆုံးမှာ ထိုင်ခိုင်းရလိမ့်မယ်”
နောက်တော့ နန်ကောဟာ စကားနာခံကာ မူလတန်းမှာ စကားပြောတာ နည်းသွားတယ်။ဂျူနီယာအထက်တန်းရောက်လို့ ဆယ်ကျော်သက်တွေ ဖြစ်တာနဲ့အညီ ကျောင်းတွင်း အကြမ်းဖက်မှုဟာ ပျံ့နှံလာတယ်။တချို့လူတွေဆို အသက်ငယ်ငယ်လေးနဲ့ အချစ်မှာ ကျရှုံးကုန်ကြတယ်။
အထူးသဖြင့် နေ့လည်ကျောင်းဆင်းတဲ့အချိန်၊ကျောင်းက ပြန်တဲ့အချိန်ဆို တစ်ချို့ခပ်ဆိုးဆိုး ကျောင်းသားတွေဟာ ပိုပိုအရဲတင်းလာကြတယ်။
ကျောင်းနဲ့ပိုနီးတာမို့ သူမဟာ ကလေး မဟုတ်တော့ဘူးလို့ နန်ကော ခံစားရတယ်။ဒါကြောင့် အိမ်ကိုလည်း လာမကြိုခိုင်းခဲ့ဘူး။ဘာပဲဖြစ်ဖြစ် မိနစ်အနည်းငယ်လောက် လမ်းလျှောက်ရုံနဲ့ သူမ အိမ်ကို ပြန်ရောက်မှာပဲလေ။
အဲ့အချိန်ပေါ့။ခပ်ဆိုးဆိုးကျောင်းသားတွေ သူမလမ်းရှေ့က ပိတ်ပြီး သူမကို စော်ကား ပြောဆိုခဲ့တာတွေ။
စကားလုံးတွေပဲဆိုရင်တောင်မှ နန်ကောဟာ နည်းနည်းတော့ ကြောက်မိတုန်းပဲ။
နောက်တော့ နန်ကျဲ့ ဒီအကြောင်း သိသွားမှန်းကို သူမ မသိလိုက်ဘူး။သူဟာ ကျောင်းကိုလာပြီး ခပ်ဆိုးဆိုးကျောင်းသားရဲ့ကော်လံကို ဆွဲတယ်။
“မင်း ရည်းစားလိုချင်တယ်မလား။ မင်းက နည်းနည်းစွမ်းသားပဲ ငါနဲ့ လာဒိတ်လေ လာ!”
အဲ့ကစပြီး အချိန်ကျပြီဆိုတာနဲ့ နန်ကျဲ့ဟာ အတန်းလစ်ပြီး နန်ကောကို ကျောင်းမှာ လာလာကြိုတယ်။
မိသားစုက သိသွားတဲ့အခါ မစ္စနန်ဟာ နည်းနည်းဒေါသထွက်မိပေမဲ့ နန်ကျဲ့ သူ့ညီမကောင်းဖို့အတွက် လုပ်နေတာကိုတော့ သူမ သိတယ်။
နန်ကျဲ့ရဲ့မားဟာ နန်ကျဲ့ကို စာကြိုးစားပြီး အတန်း ထပ်မလစ်တော့ဖို့ ပြောခဲ့တယ်။အဲ့နောက် မိသားစုထဲက အခြားတစ်ယောက်ယောက်ဟာ သူမကို လာလာကြိုပေးခဲ့တယ်။
အဲ့ဒီ့နောက်ပိုင်းမှာတော့ နန်ကျဲ့ဟာ စာလေ့လာဖို့ နိုင်ငံခြား ထွက်သွားခဲ့ပြီး နန်ကောရဲ့အထက်တန်းကျောင်းဘ၀မှာ သိပ်ပါ၀င်ခြင်း မရှိတော့ဘူး။
ကျန်တဲ့တစ်မိသားစုလုံး ၀င်ပါလာတယ်ဆိုတာ အဲဒီ၂နှစ်အတွင်းပေါ့။နန်ကောရဲ့ဘ၀ဟာ အရင်ကထက် ပိုခဲယဥ်းခဲ့တယ်။
ကံကောင်းစွာနဲ့ နန်ကျဲ့ဟာ စေ့စေ့စပ်စပ်ရှိတာမို့ ဒီအကြောင်းကို သိသွားတော့ ချက်ချင်းအချိန်မှီ ပြန်ရောက်လာခဲ့တယ်။အဆုံးမှာတော့ သူဟာ အခြေအနေကို ပြောင်းပြန် လှန်လိုက်နိုင်ပြီး သူတို့ဟာ နောင်တတွေတပုံကြီးနဲ့ ဆက်မနေခဲ့ရဘူး...။
******