← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

278 01

Chapter 278 ငါတို့က အရင်ကအတန်းဖော်တွေလေ။

Extra Chapter 2: အစ်ကိုကြီးရဲ့ဇာတ်လမ်း။

နန်ကျဲ့နဲ့ စတွဲကတည်းက ချီယန်ဟာ အလုပ်ကို ပိုကြိုးစားပြီး အလုပ်တွေကလည်း အရင်ကထက်တောင်မှ ပိုများလာတယ်။

အကြောင်းအရင်းကို သိတဲ့တစ်ယောက်တည်းသောသူဆိုလို့ သူမစတူဒီယိုက စုန့်ဟွမ်ဆိုတဲ့လုပ်ငန်းရှင်အမျိုးသမီးသာ ရှိတယ်။

သူမတို့နှစ်ယောက်ဟာ တက္ကသိုလ်ကတည်းက အချင်းချင်း သိလာကြတာဖြစ်တယ်။စုန့်ဟွမ်ဟာ သူမရဲ့စီနီယာ။စစပိုင်း သူမ စတူဒီယို စထောင်တုန်းက ကိစ္စတွေဟာ မချောမွေ့ခဲ့ဘူး။စုန့်ဟွမ် သိသွားတဲ့အခါမှာ သူမဟာ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ငွေတစ်စုရင်းနှီးမြှုပ်နှံကာ သူမနဲ့အတူ စီးပွားရေးစခဲ့တယ်။သူမဟာ သူမကို ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာလည်း ကူညီပေးခဲ့တယ်။

သူမတို့နှစ်ယောက်ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်လာကြတာကြာပြီ။

အဲ့အချိန်ကာလတွေမှာ စုန့်ဟွမ်ဟာ သူမရဲ့ခန္ဓာကိုယ် မခံနိုင်လောက်ဘူးထင်ကာ သူမကို ရပ်ဖို့ ပြောခဲ့တယ်။

“နင် ဒီပုံအတိုင်း ဆက်သွားလို့ မရဘူး။ အလုပ်သရဲရဲ့ ရက်နည်းနည်းလောက် အနားယူလိုက် နင် ဥက္ကဌနန်နဲ့ သွားဒိတ်လို့ရတယ်”

သူမတို့နှစ်ယောက်ကြားက ကွာဟချက်ဟာ အချိန်တိုလေးအတွင်း နီးကပ်နိုင်မဲ့ဟာမျိုး မဟုတ်ဘူး။စုန့်ဟွမ်ဟာ ချီယွမ်အတွက် စိတ်မကောင်း ဖြစ်မိတယ်။

“နင်တို့၂ယောက် နောက်ဆုံးတွေ့ခဲ့တာ ဘယ်တုန်းကလဲ”

ပစ္စည်းတွေကို သိမ်းနေရင်း ချီယန်က ပြန်ဖြေတယ်။ “ငါ သူ့ကို မနေ့ကမှ တွေ့ခဲ့တာ”

“ဟမ်။ ဥက္ကဌနန် စတူဒီယိုကို လာတာ ငါ ဘာလို့ မသိလိုက်တာလဲ” မနေ့ကတစ်နေ့လုံး စုန့်ဟွမ်ဟာ စတူဒီယိုမှာ ရှိနေခဲ့တာဖြစ်ပြီး နန်ကျဲ့ ရောက်လာကြောင်းကို မကြားလိုက်မိပါဘူး။

ဘာပဲဖြစ်ဖြစ် နန်ကျဲ့လာတဲ့ အချိန်အတိုင်း စတူဒီယိုတစ်ခုလုံးဟာ တက်ကြွ လွန်းတတ်ကြတယ်လေ။

“မနေ့က ငါ အချိန်ပိုဆင်းခဲ့တယ် မဟုတ်ဘူးလား။ သူ ငါ့ကိုလာကြိုပြီး ငါတို့ ညစာအတူစားခဲ့တာ အဲ့တာကို ဒိတ်လို့ သတ်မှတ်လို့ ရတယ်လေ”

“...ဒါဆို နင်တို့နှစ်ယောက် ဒီလထဲ အချင်းချင်း ဘယ်နှစ်ကြိမ် တွေ့ဖြစ်ကြလဲ”

“မနေ့ညကိုပါ ထည့်ရင် ၅ကြိမ် ဒီလောက်ကလည်း မဆိုးပါဘူး” သူမတို့ ၄ရက်တစ်ခါတိုင်း တွေ့ကြတယ်။

“နင်က လွယ်လွယ်နဲ့ ကျေနပ်လွယ်တာပဲ အဲ့လိုတွေ့ဖြစ်တယ်ဆိုတာ ဥက္ကဌနန်က နင့်ကို လာရှာလို့လေ။ နင့်ဘက်က အစပျိုးဦးမှပေါ့” စုန့်ဟွမ်ရဲ့အမြင်မှာတော့ နန်ကျဲ့ရဲ့အခြေအနေအရ သူ့အနားတစ်ဝိုက်မှာ မိန်းကလေးဆိုတာ ရှားမှာမဟုတ်ဘူး။

ဒါဟာ ချီယန်ရဲ့ပထမဆုံးအကြိမ် တစ်ယောက်ယောက်နဲ့တွဲ ဖူးတာ။ချီယန် နာကျင်ခံစားရမှာကို သူမစိုးရိမ်တာမို့ ချီယန့်ကို နန်ကျဲ့အပေါ်လည်း တစ်ချက် ဂရုထားစေချင်တယ်။

“စကားမစပ် နင် အရင်တစ်ခေါက်က ဥက္ကဌနန်အတွက် ရပ်တည်ပေးခဲ့တယ် မဟုတ်လား။ ဒါ ပြီးပြည့်စုံတဲ့အချိန်ပဲ နင်တို့၂ယောက် အချိန်နည်းနည်းယူပြီး ခရီးထွက်လို့ ရတယ်။ ကြာဖို့ မလိုဘူး။ ကျိန်းသေပေါက် ရက်နည်းနည်းပဲ သွားလည်းရတယ်”

ချီယန်ဟာ နည်းနည်းတော့ ပျော့ချင်သွားတယ်။ဒါပေမဲ့ အလုပ်အကြောင်း တွေးမိပြန်တော့ တွန့်ဆုတ်သွားတယ်။

ဘာပဲဖြစ်ဖြစ် သူမတို့ဟာ သူငယ်ချင်းကောင်းတွေ။ချီယန် မျက်မှောင်ကြုတ်တာနဲ့ စုန့်ဟွမ်ဟာ သူမ ဘာတွေးနေပြီလဲဆိုတာကို သိလိုက်တယ်။ “စိတ်မပူဘဲ စတူဒီယိုကို ငါဆီ အပ်ခဲ့လိုက် ၂ရက်၊၃ရက်ပဲဟာ ဘာဖြစ်မှာမလို့လဲ”

“ဒါက ဆက်ဆံရေးတစ်ခုနော်။ တွဲနေတယ်ဆိုကတည်းက အပြန်အလှန်ဆိုတာ ရှိရမယ်။ မဟုတ်ရင် နင် အနာဂတ်မှာ ငိုရလိမ့်မယ်‌”

“အိုကေ ငါ နားလည်ပါတယ်” ချီယန်ဟာ သူမစကားကို စိတ်ထဲ မှတ်သားထားလိုက်တယ်။

အဲ့ညက အိမ်ပြန်ရောက်တော့ သူမ နန်ကျဲ့ဆီကို စာပို့လိုက်တယ်။ “အစ်ကိုနန် နင် အခုတလော အလုပ်ရှုပ်နေလား”

သူ့ဘက်က အကြာကြီး စာပြန်မလာတာကိုမြင်တော့ ချီယန်ဟာ အချိန်ကို တစ်ချက်ကြည့်ပြီး ရေအရင် သွားချိုးလိုက်တယ်။

278 02

သူမ ပြန်ထွက်လာတဲ့အခါ နန်ကျဲ့ရဲ့ပြန်စာကို တွေ့ရတယ်။

“ဘာလို့လဲ။ နင် ငါ့ကို တွေ့ချင်လို့လား”

တစ်ဖက်မှာတော့ နန်ကျဲ့ဟာ ကုမ္ပဏီရဲ့ အစည်းအဝေးခန်းထဲမှာပဲ ရှိသေးတယ်။သူဟာ အချိန်ပိုဆင်းရတာ ကြိုက်တဲ့လူ မဟုတ်ဘူး။သူဟာ သေချာပေါက် အလုပ်ကို အရင်ဆုံး ဆင်းတတ်တဲ့လူ။ကုမ္ပဏီမှာ ဒီအချိန်ထိ နေတယ်ဆိုတာ သူ့အတွက် အရမ်းအရေးကြီးလို့ နေလိမ့်မယ်။

သူ့ရဲ့စာကိုမြင်တော့ ချီယန်ဟာ တုံ့ဆိုင်း မနေဘူး။၀န်ခံပြီးတဲ့နောက် သူမဟာ အဓိကအချက်ကို တန်းသွားလိုက်တယ်။ “ငါ ၃ရက်လောက် အနားယူဖို့ စီစဥ်ထားတယ်။ နင် အချိန်ရှိရင် ငါတို့အတူလျှော က်လည်လို့ရတယ်”

၃ရက်ဆိုတာ အရှည်ကြီး။ကံကောင်းစွာနဲ့ အနားတစ်ဝိုက်ကမြို့တွေဟာလည်း ထူးထူးခြားခြား ရှိလို့။

ဒီလောက် နှစ်တွေကြာတာတောင် သူမဟာ နေရာတွေအများကြီးကို သိပ်မရောက်ဖူးဘူး။လက်တစ်ဖက်တည်းနဲ့တောင် ရေလို့ ရတယ်။ဟိုက်မြို့ရဲ့အနီးတစ်ဝိုက်ဆို သူမဟိုက်မြို့ဆီကိုသာ သွားဖူးတာမို့ နည်းနည်းတော့ အသစ်အဆန်း ဆန်နေတုန်း။နန်ကျဲ့ သွားချင်လားဆိုတာကိုပဲ သူမ မသိတာ။

သူဓာတ်လှေကားထဲကနေ ထွက်လာတော့ အတွင်းရေးမှူးလက်ထဲက ဖုန်းဟာ တုန်ခါလာတယ်။နန်ကျဲ့ဟာ စာရွက်စာတမ်းတွေကို ဖတ်နေတာမို့ သူ ဖုန်းကို အရင်ကူဖွင့်ပေးလိုက်တယ်။

ဝီချက်မက်ဆေ့ခ်ျကို တစ်ချက်ကြည့်ပြီး အတွင်းရေးမှူးဟာ စိတ်ထဲ မထားဘူး။သူ ပရောဂျက်အကြောင်းကို နန်ကျဲ့နဲ့ ဆက်ဆွေးနွေးမလို့ လုပ်မဲ့အချိန်မှာပဲ နန်ကျဲ့ဟာ သူ့လက်ကို အားစေလိုက်ကာ သူ့အရှေ့လက်ဖြန့်တယ်။

အတွင်းရေးမှူးဟာ ကြောင်သွားတယ်။သူ အသိပြန်၀င်လာတော့မှ ဖုန်းကို နန်ကျဲ့လက်ထဲထည့်ပေးလိုက်တယ်။

နန်ကျဲ့ဟာ မက်ဆေ့ခ်ျကိုဖတ်ဖို့ အလျင်မလိုဘူး။သူဟာ လက်မှတ်ထိုးပြီးတဲ့ စာရွက်စာတမ်းကို သူ့ဆီ လှမ်းပေးတယ်။ “နောက်ကျနေပြီ။ အလုပ်ဆင်းရအောင်”

“ဟုတ်ကဲ့ပါ ဥက္ကဌနန်” အတွင်းရေးမှူးဟာ ပြန်လည်တုံ့ပြန်ပြီး သူ့အနောက်ကနေ လိုက်ထွက်လာတယ်။

ရုံးခန်းကို ပြန်တဲ့လမ်းမှာတော့ နန်ကျဲ့ဟာ ဝီချက်ထဲစာကို ကြည့်ဖို့ တစ်ချက် အချိန်ယူလိုက်တယ်။ချီယန့်ရဲ့စာကို မြင်တဲ့အခါ အချိန်ပိုဆင်းရလို့ ထင်ယောင်ထင်မှား မြင်နေတာလို့ သူ တွေးလိုက်မိတယ်။

အတွင်းရေးမှူးဟာ သူ့ခုံ‌ဆီပြန်ကာ အနွေးထည်ကို ယူပြီး ထွက်သွားဖို့ လုပ်လိုက်တယ်။ဒါပေမဲ့ သူ စာရွက်စာတမ်းကို မချနိုင်သေးခင်မှာဘဲ ခပ်လှမ်းလှမ်းက အမျိုးသားဟာ ရုတ်တရက် အနောက်လှည့်ပြီး သူ့ဆီ အမြန်လျှောက်လာတာကို တွေ့ရတယ်။

အတွင်းရေးမှူးဟာ မေးတယ်။ “အခြားကိစ္စရှိသေးလို့လား။ ဒရိုင်ဘာလိုလို့လား”

နန်ကျဲ့ရဲ့အကျင့်အရဆိုရင်တော့ ပုံမှန်အားဖြင့် စုဝေးပွဲတွေဘာညာမရှိရင် သူကိုယ်တိုင်သာ မောင်းတယ်။

နန်ကျဲ့ဟာ လက်ခါပြပြီး သူ့ကို သူ့အကြံအကြောင်း ပြောလာတယ်။ “ငါ့အတွက် နောက်၃ရက်ကို အချိန်အားအောင် လုပ်ပေးထား။ ငါ လုပ်စရာရှိလို့”

အတွင်းရေးမှူးဟာ သူ့အချိန်ဇယားကို ကြည့်လိုက်ပြီး အနည်းငယ် ခက်ခဲတဲ့အနေအထားထဲ ရောက်သွားတယ်။သူဟာ တစ်ခုခုပြောချင်ပေမဲ့ တွန့်ဆုတ်နေတယ်။

သူ့ရဲ့မျက်နှာထားကိုကြည့်ပြီး နန်ကျဲ့ဟာ စားပွဲကိုမှီကာ မျက်ခုံးပင့်တယ်။ “ဘာလဲ”

“ဥက္ကဌနန် ရှင်းပေကဆိုင် သဘက်ခါ ဖွင့်မယ်ဆိုတာကို မေ့သွားပြီလား။ မင်း ပွဲတက်ရမယ်”

နန်ကျဲ့ဟာလည်း တွန့်သွားတယ်။ “အခြားရှိသေးလား။ အရေးကြီးတာတွေကို ရွေးထုတ်ကြည့်”

“လာမဲ့၃ရက်အတွင်း မင်းတခြားဟာတွေကို ဖျက်လို့ရတယ် ဒါပေမဲ့ ရှင်းပေ...”

“ရှင်းပါတယ်။ အခြားတစ်ယောက်ယောက်ကို သွားခိုင်းလိုက်” နန်ကျဲ့ဟာ ဖုန်းကိုပွတ်ကာ သင့်တော်မဲ့လူစားထိုးကို အမြန်ရှာလိုက်တယ်။ “ငါ နန်ရှီနဲ့ ဆွေးနွေးလိုက်ပြီး ငါ့အစား သူ့ကိုသွားခိုင်းလိုက်မယ်”

“...ဒါပေမဲ့ မင်း ဒုတိယသခင်ငယ်လေးကို သွားခိုင်းရင် သခင်ကြီးကို မင်း ရှင်းပြနိုင်မှာလား”

အတွင်းရေးမှူးဟာ နန်ကျဲ့အနောက်ကနေလိုက်လာတာ နှစ်တွေကြာလှပြီ။သူတို့ဟာ တူညီတဲ့အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေဆိုတဲ့ အချက်ကိုပါ တွဲလိုက်ရင် သူဟာ အခြေခံအားဖြင့်တော့ နန်မိသားစုနဲ့ပတ်သက်ပြီး တစ်ခုခုကို သိထားတယ်။

278 03

သခင်ကြီးနန်ဟာ အိမ်ရှေ့မင်းသား‌လေးနန်ကျဲ့ ကုမ္ပဏီကိုထိန်းချုပ်တဲ့နေရာမှာ ကူညီဖို့ကို စိတ်ဆုံးဖြတ်ထားတယ်။သူဟာ ပူးပေါင်းဆောင်ရွက်မှုမှာ နန်ကျဲ့ကို နန်ကျန်းနင်းနဲ့ အစားထိုးခွင့်တောင်မှ ပေးခဲ့တယ်။နန်ကျဲ့ရဲ့ဦးလေး၂ယောက်ဟာ အပေါ်ယံမှာတော့ ဘာငြင်းဆိုခြ င်းတစ်စုံတစ်ရာမှမရှိပေမဲ့ သူတို့ဟာ ရည်မှန်းချက် မရှိတဲ့လူတွေတော့လည်း မဟုတ်ဘူး။နန်ရှီလည်း အပါအ၀င်ပေါ့။အတွင်းရေးမှူးဟာ သူတို့ အခြေအနေကို အခွင့်ကောင်း ယူသွားမှာကိုစိုး ရိမ်တယ်။

“ဘာတွေ ခက်ခဲနေလို့လဲ” နန်ကျဲ့ဟာ တစ်ခုခုကိုတွေးမိပုံရကာ ခပ်ထေ့ထေ့ လုပ်တယ်။ “မင်းယုံလား။ ဒီနေ့ ငါ နန်ရှီကို နေရာ ပေးလိုက်ရင်တောင် သူ ထပ်တက်လာရဲမှာ မဟုတ်ဘူးဆိုတာ”

နန်မိသားစုကလူတွေ အပေါ်ယံမှာ ဘယ်လိုပုံစံရှိပြီး နောက်ကွယ်မှာ ဘယ်လိုပုံစံရှိလဲဆိုတာ နန်ကျဲ့ ကောင်းကောင်းသိပါတယ်။

နန်ရှီဟာ ဘွဲ့ရရုံသာရှိသေးပြီး ဘာအရည်အချင်းမှ မရှိဘူး။

“ဒါဆို မင်းက ဘယ်သွားမှာလဲ။ ကျွန်တော် မင်းအတွက် အဲ့တာကို စီစဉ်ပေးဖို့လိုလား” နန်ကျဲ့တစ်ယောက် အလုပ်က သူ့ရဲ့တရား၀င်အကောင့်ကနေ ဒိတ်လုပ်တဲ့ သင်ခန်းစာတွေ ကြည့်နေတာကို ပြန်သွားတွေးမိတော့ သူ ဒီတစ်ခါ ဒိတ်သွားလုပ်မယ်လို့ အတွင်းရေးမှူးဟာ ခန့်မှန်းမိတယ်။

နန်ကျဲ့ဟာ ဘာအစီအစဉ် မရှိသေးသလို ချီယန် ဘယ်သွားချင်လဲဆိုတာကိုလည်း မသိဘူး။

“အော် ဟုတ်သား” သူဟာ တစ်ဖန်ပြန်လှည့်လာပြီး ယဉ်ကျေးပြူငှာစွာနဲ့ အကြံဉာဏ် တောင်းတယ်။ “အနီးအနားမှာ ပိုပျော်စရာကောင်းတဲ့ နေရာမျိုး ရှိလား”

“အနီးအနားမှာ”

အတွင်းရေးမှူးဟာ ခေါင်းကုတ်တယ်။ “မင်းက ကျွန်တော့်အတွက် ခက်ခဲအောင် လုပ်နေတာပဲ။ ကျန်းမြို့က တည်နေရာတွေကို မင်းက ကျွန်တော့်ထက် ပိုကောင်းကောင်း မသိဘူးလား”

“ကျစ်… ငါ မေးတာက အနီးအနားကမြို့တွေ ‌အဝေးကြီး မဟုတ်ဘူး”

“ဒါဆို ချွမ်မြို့ ရှုခင်းနေရာတွေ အများကြီးရှိတယ်။ ကျန်းမြို့နဲ့လည်း ၂၀၀ကီလိုမီတာပဲ ဝေးတယ်။ ၃ရက်ဆိုတာ လုံလောက်တာထက်ကို ပိုနေပြီ”

“ဟုတ်ပြီ” နန်ကျဲ့ဟာ သူ့ကို ကျေးဇူးတင်တယ်။ “ငါ ပြန်လာရင် မင်းအတွက် အထူးလက်ဆောင်လေးတွေ ၀ယ်လာပေးမယ်”

“ကြိုပြီး ကျေးဇူးတင်ထားလိုက်ပါတယ် ဥက္ကဌနန်” သူ အရမ်းပျော်နေတာကို မြင်တော့ အတွင်းရေးမှူးဟာ မနေနိုင်ဘဲ မေးလိုက်မိတယ်။ “မင်းကောင်မလေးနဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတာ စိတ်မရှိရင် ကျွန်တော် မေးကြည့်လို့ ရနိုင်မလား”

သူ နန်ကျဲ့ရဲ့လက်ရှိအချိန်ဇယားကို သိပါတယ်။သူ ဘယ်လိုကနေဘယ်လို အချစ်နဲ့ တွေ့သွားတာလဲ။

နန်ကျဲ့တစ်ယောက် သီးသန့်စုဝေးပွဲတွေအများကြီးကို တက်ရောက်ခဲ့တယ်ဆိုပေမဲ့ ပွဲတွေမှာ ဆန့်ကျင်ဘက်လိင် လူအရေအတွက် သိပ်မရှိခဲ့ပါဘူး။အားလုံးဟာ ရင်းနှီးတဲ့ မျက်နှာတွေချည်းပဲ။

သူ ကောင်မလေးကို ဘယ်ကနေ ရလာတာလဲ။

“ငါတို့က အတန်းဖော်တွေ”

“အော်… မင်း နိုင်ငံခြားမှာပညာသင်တုန်းက သူ့နဲ့တွေ့ခဲ့တာကိုး” အတွင်းရေးမှူးဟာ သူ နားလည်ကြောင်း ဖော်ပြတယ်။

သူ ဒီလိုတွေးတယ်ဆိုတာ နိုင်ငံခြားမှာ ပညာသွားသင်နိုင်တယ်ဆိုတဲ့မိသားစုတွေဟာ များသောအားဖြင့်ကတော့ သိပ်မဆိုးဘူးလေ။ဒါကြောင့် သူမဟာ နန်ကျဲ့နဲ့ ထိုက်တန်တယ်။

ဒါပေမဲ့ သူ နန်ကျဲ့ကနေ ဒီလိုပြောလာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ “သူက ငါ့တက္ကသိုလ်အတန်းဖော်လို့ မင်းကို ဘယ်သူပြောလဲ။ သူက ငါ့ဂျူနီယာအထက်တန်း အတန်းဖော်”

အတွင်းရေးမှူး “.....”

******

All Chapters