အခန်း ၂၇၉
Vol. 28 Ch. 279
279 01
Chapter 279 အဆက်အသွယ်ပြတ်သွားတယ်။
Extra Chapter 3: အစ်ကိုကြီးရဲ့ဇာတ်လမ်း။
ဒါဟာ ချီယန်နဲ့နန်ကျဲ့တို့ ပထမဆုံးအကြိမ် ခရီးထွက်ဖူးတာ ဖြစ်တယ်။
နှစ်ယောက်သား အနီးအနားကမြို့တွေမှာ ၃ရက်တိတိ လည်ပတ်ကစားခဲ့တယ်။သူတို့ ပြန်လာတော့ ညဘက် နောက်ကျနေပြီ။ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ဟာ မည်းမှောင်လျက်ရှိတယ်။ချီယန်ဟာ လမ်းညွှန်ကို လှမ်းကြည့်ပြီး သူမတို့ ဟိုက်မြို့ကို ပြန်ရောက်တဲ့အချိန်ဆို ၂နာရီ၀န်းကျင်လောက် သွားဖြစ်မယ်လို့ ခန့်မှန်းမိတယ်။
အစကတော့ သူမတို့နှစ်ယောက် မနက်ဖြန်မနက်မှ ပြန်ဖို့ စီစဉ်ထားတာ။ဒါပေမဲ့ မနက်ဖြန်မနက်မှာ သူမရှုတင်တစ်ခု ရှိတယ်။အရမ်းနောက်ကျသွားမှာကို စိုးပြီး သူမနဲ့အဆင်ပြေအောင် ညှိပေးဖို့ နန်ကျဲ့ဟာ ဒီညပြန်မယ်လို့ ပြောတယ်။
သူမ မနားတမ်း သန်းနေတာကို မြင်တဲ့အခါ နန်ကျဲ့ကပြောတယ်။ “နင်ပင်ပန်းတယ်ဆို ခဏလောက် အိပ်လိုက်။ အိမ်ပြန်ရောက်ရင် ငါ နင့်ကိုနှိုးပေးမယ်”
“ရပါတယ် မလိုပါဘူး” ချီယန်ဟာ ခေါင်းခါတယ်။ “ငါ နင်နဲ့ စကားပြောမယ်”
နန်ကျဲ့လည်းပဲ ဒီနေ့ အလွန်ပင်ပန်းနေခဲ့တယ်။နောက်ပြီး အခုဟာ အတော်လေး နောက်ကျနေပြီ။သူကားမောင်းရင်း ပင်ပန်းမှာကို စိုးရိမ်တာမို့ သူမဟာ သူနဲ့စကားပြောရင်း သူ့ကိုတက်ကြွအောင် လုပ်ပေးချင်တယ်။
ဒါပေမဲ့ ကြည့်ရတာ သူမ အတွေးလွန်မိတယ် ထင်ပါတယ်။
နန်ကျဲ့ဟာ ညဘက်တွေ မကြာခဏ အပြင်ထွက်သောက်ပြီး ပျော်ပါးတတ်တယ်။အခုချိန်မျိုးဆိုတာ သူ့ညပိုင်းဘ၀ စရုံလေးပဲရှိ သေးတယ်။
“စကားမစပ် နင် ပြီးခဲ့တဲ့တစ်ခေါက်က ဘာလို့တိဘက်ကို မသွားလိုက်တာလဲ။ ငါ နင် အခြားလူတွေနဲ့ သွားမယ် မှတ်တာ”
“နင် မသွားဘူးဆို ငါက ဘယ်သူနဲ့ သွားရမှာလဲ” နန်ကျဲ့ဟာ ကားစတီယာတိုင်ကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း မျက်လုံးထောင့်ကနေ သူမဘက်ကိုလှမ်းကြည့်တယ်။ “နင် ဗိုက်ဆာနေပြီလား။ ငါ့မှာ စားစရာရှိတယ်”
သူဟာ ပြောပြောဆိုဆိုနဲ့ လက်ကို အနောက်ဆန့်ထုတ်ပြီး အကြာကြီး ဟိုဟိုဒီဒီ လိုက်စမ်းကာ အနောက်ကနေ စက္ကူအိတ်တစ်အိတ်ကို ထုတ်လာတယ်။မထွက်ခင် သူ ၀ယ်ခဲ့တဲ့မုန့်တွေ ရှိတယ်။အထူးသဖြင့် သူမအတွက် ပြင်ဆင်ပေးထားတာ။
သူဟာ အိတ်ကို သူမလက်ထဲ ထည့်ပေးတယ်။ “အဲ့တာတွေအကုန် နင့်အကြိုက်တွေချည်းပဲလို့တော့ ငါ ထင်တာပဲ။ နင် ဒီည သိပ်အများကြီး စားခဲ့တယ် မထင်လို့”
“ငါ ဒီည ဝိတ်ချနေတာလေ” သူမဟာ ဒီလိုပြောလိုက်ပေမဲ့လည်း အိတ်ကိုတော့ ဖွင့်တယ်။ပြတင်းပေါက်အပြင်ဘက်က လမ်းမီတိုင်ရဲ့ အလင်းရောင် အကူအညီနဲ့ သူမ အထဲက မုန့်တွေကို မြင်ရတယ်။တကယ်ကြီး သူမအကြိုက်ဆုံး မုန့်တွေ။
“ဘာချစရာရှိလို့လဲ။ နင် ပုံမှန်အလေးချိန်မှာ ရှိနေပြီးသားပဲဟာကို”
“ငါ တစ်နေ့လုံး မော်ဒယ်တွေ၊အနုပညာရှင်တွေနဲ့ ပတ်သက်ရတာ သူတို့ကမှ ပိန်တဲ့လူတွေ”
“နင် ဘာလို့သူတို့နဲ့ နှိုင်းယှဉ်နေတာလဲ။ သူတို့က ၀က်နံရိုးလို ပိန်နေတာ။ အဲ့လောက်ကြီး ကြည့်ကောင်းမနေဘူး”
ချီယန်ဟာ သူ့ကြောင့် နည်းနည်း ရွှင်မြူးသွားတယ်။သူမဟာ အားလူးကြော်ထုပ်ကို ဖောက်ကာ သူ့ကို တစ်ခုပေးတယ်။
နန်ကျဲ့ဟာ တစ်ချက် ငုံ့ကြည့်ကာ မရွေ့ဘူး။
စက္ကန့်အနည်းငယ်လောက်ကြာတော့ ချီယန်ဟာ သူ့နားတိုးပြီး အားလူကြော်ကို သူ့နှုတ်ခမ်းနား တေ့ပေးလိုက်တယ်။
သူ စားပြီးတာကိုမြင်တော့မှ ချီယန်ဟာ လက်ကိုပြန်ရုတ်ကာ စကားလမ်းကြောင်း လွှဲတယ်။
“နှစ်ကုန်ကျ တိဘက်ကို ငါ နင်နဲ့အတူ လိုက်ပေးရင်ရော”
“နှစ်ကုန်ကျ နင့်မှာ အချိန်ရှိလား”
“မသေချာသေးဘူး။ အတတ်နိုင်ဆုံးတော့ အားအောင် ကြိုးစားကြည့်မယ်။ နင် အဲ့မှာ ဘယ်လောက် ကြာကြာနေချင်လဲ”
“ငါတို့မှာ အချိန်လုံလုံလောက်လောက် ရတယ်ဆိုရင် ငါ့ဟာငါ ကားမောင်းချင်တယ်။ ပိုတော့ကြာမယ်။ အချိန် မလောက်ဘူးဆိုရင်တော့ လေယာဉ်ပဲ စီးလို့ရတယ်။ တစ်ပတ်လောက်ပဲ”
သူ့စကားကိုကြားတော့ ချီယန်ဟာ ခေါင်းငုံ့ပြီး နှစ်အကုန်၀န်းကျင်က သူမရဲ့အလုပ်အကြောင်းကို စဉ်းစားကြည့်တယ်။
နန်ကျဲ့ပြောပုံအရဆို ကားမောင်းရင် တစ်လလောက်ကြာ လိမ့်မယ်။
“ငါတော့ ငါ့ဟာငါ ကားမောင်းလို့ရမယ် မထင်ဘူး ဘာလို့...”
“ရပါတယ်။ နင့်ဟာနင် မောင်းဖို့ဆိုတာကိုက ခက်ခဲနေပြီ။ နင် ကားထဲမှာ ထိုင်ရတာလည်း သက်တောင့်သက်သာရှိတာ မဟုတ်ဘူး” သူမစကား မဆုံးခင် နန်ကျဲ့ဟာ သူမကို အလိုလို ထွက်လမ်း ရှာပေးပြန်တယ်။
279 02
“ဒါဆို နှစ်အကုန်ကျ အတူတူသွားရအောင်”
“ငါ သဘောတူတယ်”
နန်ကျဲ့ဟာ ခေါင်းညိတ်ပြကာ အခြားဘာမှ ဆက်မပြောဘူး။
“နင် ဘာလို့ ငါ အဲ့ကို သွားချင်တာလဲလို့ မမေးတာလဲ”
“ဘာလို့လဲ” ချီယန်ဟာ မနေနိုင်ဘဲ သူ့ကိုမော့ကြည့်ကာ ခန့်မှန်းကြည့်တယ်။ “ယောက်ျားလေးတွေက စိတ်လှုပ်ရှားတက်ကြွမှုနဲ့ စွန့်စားခန်းတွေကို ကြိုက်လို့လား။ ဒါမှမဟုတ် နင် အမှန်တကယ် လွတ်လပ်မှုကို ရှာချင်လို့လား”
သူမရဲ့စကားကိုကြားတော့ နန်ကျဲ့ဟာ အော်ရယ်တယ်။ “ကျစ် ငါက အတော်လေး အိုနေပါပြီ။ စိတ်လှုပ်ရှားစရာ ဘာရှိမှာလဲ”
“နင့်အသက်က ဘယ်လောက်မို့တုန်း။ နင့်က နင့်အသက်၂၀၀န်းကျင်မှာ ငယ်ပါသေးတယ်။ ငါတို့က ရွယ်တူပဲဟာ။ အခု နင်ပြောခါမှ ငါတောင် နည်းနည်း စိတ်ညစ်ချင်သွားပြီ” ချီယန်ဟာ တမင်တကာ ပြောတာ ဖြစ်တယ်။
နန်ကျဲ့ဟာ ပြုံးပြီး အသက်နဲ့ ပတ်သက်လို့ ပြဿနာ လုပ်မနေတော့ဘူး။
သူ အသံတိတ်သွားတာကို မြင်တော့ ချီယန်ဟာ သူဘာ လို့သွားချင်လဲဆိုတာကို အတင်း ဆက်မေးတယ်။
နန်ကျဲ့ဟာ ပုခုံးတွန့်တယ်။သူ သူမကို လှည့်ကြည့်တဲ့အခါ သူ့မျက်လုံးထဲမှာ လက်နေတယ်။ “ငါ အခုပြောပြလို့ မရသေးဘူး။ ရောက်မှ ပြောကြတာပေါ့”
ချီယန် “.....”
ဟိုက်မြို့ကို ပြန်ရောက်တော့ ချီယန်ဟာ တစ်ဖန် အလုပ်စရှုပ်ပြန်တယ်။နန်ကျဲ့လည်း အတူတူပဲ။ဒါပေမဲ့ ဒီကာလအတွင်းမှာ သူတို့၂ယောက်လုံး အဆက်အသွယ်ကို ထိန်းထားကာ တစ်ယောက်ကိုတစ်ယောက် နေ့တိုင်း ဖုန်းခေါ်ကြတယ်။
ချီယန်ဟာ ဒီလိုဆက်သွယ်မှုကို တဖြည်းဖြည်း ကျင့်သားရလာတယ်။နေ့တိုင်း သူမဟာ သူမ လုပ်ခဲ့သမျှ အရာအားလုံးကို နန်ကျဲ့ဆီ “တင်ပြ”တယ်။ဆင်တူစွာပဲ နန်ကျဲ့ဟာလည်း အတူတူပဲ။
နှစ်တစ်၀က် ရောက်လို့ သိပ်မကြာဘူး။သူမ နန်ကျဲ့နဲ့ အဆက်အသွယ် ပြတ်သွားမှန်းကို ချီယန် သတိထားမိလိုက်တယ်။
သူမ ပို့ထားတဲ့ စာတွေကို ပြန်စာ မရတော့ဘူး။
ခေါ်တဲ့ဖုန်းကိုလည်း ဘယ်သူမှ မကိုင်ဘူး။
တစ်ရက်ကြာတော့ နန်ကျဲ့ဟာ ဖုန်းပြန်ခေါ်လာတယ်။
အဲ့အချိန်မှာ ချီယန်ဟာ အလုပ် ရှုပ်နေခဲ့တယ်။သူမဖုန်း လာနေတယ်လို့ သူမရဲ့လက်ထောက်ဆီက ကြားရတဲ့အခါ နန်ကျဲ့ဖြစ်မယ်ဆိုတဲ့ ခံစားချက်ကို သူမ ရလိုက်တယ်။သူမ ပစ္စည်းကိရိယာတွေကို အမြန်ချပြီး ဖုန်းဖြေဖို့ အပြင်ထွက်လာလိုက်တယ်။
ခေါ်ဆိုသူ အိုင်ဒီကို ကြည့်ပြီး သူမဟာ စိတ်သက်သာရာ ရသွားကာ ဖုန်းကိုင်လိုက်တယ်။ “မနေ့က နင် ဘာဖြစ်တာလဲ။ တစ်ခုခု ဖြစ်လို့လား”
ဖုန်းတစ်ဖက်ကလူဟာ အချိန်တစ်ခုအထိ တိတ်ဆိတ်နေခဲ့တယ်။သူဟာ သက်ပြင်း ချလိုက်ပုံရပြီး ပုံမှန်စိတ်အခြေအနေမှာ ရှိမနေသလိုဘဲ။
ချီယန်ဟာ မတ်တပ်ထရပ်ပြီး ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။ “နင် အခုဘယ်မှာလဲ။ ကျန်းမြို့”
“အင်း” သူမရဲ့ရည်ရွယ်ချက်ကို ခံစားမိလို့ ဖြစ်နိုင်ပါတယ်။နန်ကျဲ့ဟာ ရှင်းပြတယ်။ “ဘာမှ မဟုတ်ပါဘူး။ ငါ မနေ့က ဖုန်းအားသွင်းဖို့ မေ့သွားတာ”
ချီယန်ဟာ သူ့ကို အလွတ်မပေးဘဲ သေချာမေးဖို့ လုပ်တယ်။သူ့လေသံနဲ့တင် သူ အခြေအနေ မကောင်းဘူးဆိုတာကို သူမခံစားလို့ သိနိုင်တယ်။
“နင် ဖျားနေတာလား”
သူ့ဘက်က မဖြေတဲ့အခါ သူမဟာ ကျယ်ပြန့်တဲ့ ခန့်မှန်းချက်တွေကို စတင်တော့တယ်။
“မဟုတ်ပါဘူး။ ငါ့ခန္ဓာကိုယ်က ဘာဖြစ်နိုင်မှာမလို့လဲ” သူဟာရယ်ပေမဲ့ ပျော်မနေဘူးဆိုတာကို သူမ သိတယ်။
သူမ မျက်မှောင် ကြုတ်မိတယ်။ “နန်ကျဲ့”
ချီယန်ဟာ သူ့ကို နာမည်အပြည့်အစုံ ခေါ်တာရှားတယ်။
“ငါ ရှိတယ်”
279 03
သေချာသာ နားထောင်မယ်ဆို အဲဒါဟာ ပေါ့ပေါ့ပါးပါး ရှိဟန်ဆောင်ဖို့ ကြိုးစားမှုတစ်ခု ဖြစ်တယ်။
“ငါ အခု နင့်ကို လာရှာမယ်။ နင် အိမ်မှာလား။ အလုပ်မှာလား”
နန်ကျဲ့အိမ် ဘယ်မှာလဲဆိုတာ သူမ သိတယ်။ဂျူနီယာအထက်တန်းကတည်းက သိခဲ့တာ။ဒါပေမဲ့ တစ်ခါမှ မသွားဖူးဘူး။
နန်ကျဲ့လည်း မပြောင်းလောက်သေးဘူး။
“ငါ အဆင်ပြေပါတယ်။ အဲ့တာက ဒီတိုင်း လူအိုကြီးရဲ့ကျန်းမာရေးက သိပ်မကောင်းလို့ပါ။ ငါ သူ့ကို ဆေးရုံ စောင့်ပေးနေတာ အတည်” နောက်ဆုံးတော့ နန်ကျဲ့ဟာ အမှန်တိုင်း ပြောပြလိုက်တယ်။
“ငါ တစ်ချက် လာကြည့်ရမလား” ဘာပဲဖြစ်ဖြစ် နန်ကျဲ့ရဲ့အဖိုးလေ။
“မလိုဘူး” သူမ အလုပ်ရှုပ်နေတယ်ဆိုတာ နန်ကျဲ့ သိတယ်။ “အဖိုးက အခုအရေးပေါ်ခန်းထဲမှာ လာရင်တောင်မှ နင် သူ့ကို တွေ့လို့ရမှာ မဟုတ်ဘူး။ ခဏလောက် စောင့်ကြည့်တာပေါ့”
“ကောင်းပြီ” ချီယန်ဟာ သဘောတူပြီးတဲ့နောက် သူ့ကို စတင် နှစ်သိမ့်ပေးတယ်။
သူမရဲ့မှတ်ဉာဏ်ထဲမှာတော့ နန်ကျဲ့ဟာ သူ့အဖိုးနဲ့ အရမ်းရင်းနှီးတယ်။သူတို့အနားမှာ ကြီးပြင်းလာပုံ ရတယ်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါ အဆင်ပြေပါတယ်” သူမစကား ပြောတာကို တစ်ခဏလောက် နားထောင်ပြီးတော့ နန်ကျဲ့ဟာ ပိုနေလို့ ကောင်းသွားတယ်။ “နင် ဒီနေ့ အလုပ်မများဘူးလား”
ဒါကိုကြားတော့မှ ချီယန်ဟာ သူမရဲ့အလုပ်ကို သတိရသွားတယ်။သူမဟာ အနောက်လှည့်ပြီး မော်ဒယ်ကို မှန်အကြည်ကနေတစ်ဆင့် တစ်ချက် လှမ်းကြည့်လိုက်တယ်။ကြည့်ရတာ သိပ်စိတ်မရှည်တော့ပုံဘဲ။
ခဏလောက် တိတ်ဆိတ်နေပြီးတဲ့နောက် သူမဟာ ကူကယ်ရာမဲ့စွာနဲ့သာ ပြောရတယ်။ “ငါ ဒီမှာ ဓာတ်ပုံ ရိုက်နေတုန်း ရှိသေးတယ်။ ညကျ ဖုန်းခေါ်လိုက်မယ်။ အရမ်း ၀မ်းမနည်းပါနဲ့။ အစားစားဖို့လည်း သတိရဦး”
နန်ကျဲ့ဟာ ပြုံးပြီး လက်ခံတယ်။ “ဟုတ်ပြီ ဟုတ်ပြီ”
တစ်ဖက်မှာ ဆေးရုံအရေးပေါ်ခန်းရဲ့ စင်္ကြန်လမ်းမှာတော့ ဖုန်းချလိုက်တာနဲ့ နန်ကျဲ့မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားတယ်။
ရှည်လျားတဲ့ သက်ပြင်းတစ်ချက်ကိုချပြီး သူ အနောက်လှည့်တံခါး တွန်းဖွင့်ကာ လမ်းလျှောက် ထွက်လာခဲ့တယ်။
သူ ပြန်ရောက်လာတော့ နန်ကောနဲ့ သွားတိုးတယ်။နန်ကျဲ့ဟာ နည်းနည်း အံ့ဩသွားတယ်။ “နင် ဘာလို့ ဒီရောက်နေပြန်တာလဲ”
နန်ကောဟာ မနက်စောစောက တစ်ခါလာခဲ့ပြီးပြီ။
“နင့်အတွက် စားဖို့ ယူလာပေးတာ” သူနဲ့ယှဉ်ရင် နန်ကောဟာ ပိုအဆင်ပြေနေပုံ ပေါက်တယ်...။
******