← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

282 01

Chapter 282 ရသစုံရှိုး။

Extra Chapter 6: အစ်ကိုကြီးရဲ့ဇာတ်လမ်း။

နောက်တစ်နေ့မနက်မှာတော့ ချီယန်ဟာ တိတ်တိတ်လေး အိပ်ရာ ကခိုးထပြီး နန်ကျဲ့ကိုမနှိုးခင် မနက်စာ လုပ်တယ်။

နိုးလာတဲ့အခါ နန်ကျဲ့ဟာ ငူငူငိုင်ငိုင် ဖြစ်နေတုန်း။

သူ့မှာ မနက်ပိုင်း စိတ်မကြည်တာမျိုး ရှိတယ်။သူ့အရှေ့ကလူကို ရှင်းရှင်းလင်းမြင်တဲ့အခါ သူဟာ မီးထမတောက်မိဘူး။

အဲ့အစား သူ အိပ်ရာဘေးကလူကို သူ့ရင်ခွင်ထဲ လှမ်းဆွဲလိုက်တယ်။ “ငါ ဒီရက်တွေထဲ ကောင်းကောင်း မအိပ်ခဲ့ရဘူး။ မထချင်သေးဘူး”

ချီယန်ဟာ ဟန်ချက်ပျက်သွားတာမို့ သူ့ကို အောင်မြင်ခွင့် ပေးလိုက်တယ်။သူမဟာ မရုန်းကန်ဘဲ သူ့ပုခုံးကိုသာ ဖွဖွ‌လေးပုတ်ပေးတယ်။ “နင် အိပ်ရာထဲမှာ နည်းနည်းလောက် ထပ်နေလိုက်ဦး။ ပြီးမှ မနက်စာထစား။ ခဏနေ ငါတို့ ဟိုက်မြို့ကို သွားကြမယ်”

“ရောက်လို့ရှိရင် နန်ကောနဲ့ ကောင်းကောင်း စကားပြောပြီး နင့်‌စိတ်ကိုထိန်း”

အဲဒါကိုပြောပြီးတော့မှ နန်ကျဲ့ နန်ကောကို အနိုင်ကျင့်တတ်တယ်ဆိုပေမဲ့ အခုလိုအခြေအနေမှာ သူ နန်ကောအပေါ် သိပ်တော့ မကြမ်းလောက်ပါဘူးဆိုတာကို သူမ သတိရသွားတယ်။

သူမ သေချာတွေးကြည့်ပြီးပြီ။ဒါပေမဲ့ နန်ကျဲ့နာကျင်မှာကို သူမ စိုးရိမ်တယ်။မောင်နှမနှစ်ယောက်ဟာ တူညီတဲ့ ပတ်၀န်းကျင်မှာ ကြီးပြင်းလာပုံ‌ရပေမဲ့ အမှန်က ကြားမှာ ကြီးမားတဲ့ကွာဟမှုကြီး ရှိခဲ့တယ်။

နန်ကောဟာ အခုထိ သူမရဲ့ဒေါသကို ဖိနှိပ်ထားခဲ့တာ။ယုတ္တိကျကျပြောရရင် အခုချိန်ဆို သူမဟာ နန်မိသားစုက လူတိုင်းကို အပြစ်တင် သင့်နေပြီ။ဒီကိစ္စနဲ့ ပတ်သက်ပြီး နန်ကျဲ့ဟာ ဘာမှမသက်ဆိုင်ဘူးဆိုပေမဲ့လည်း သူ့ကြောင့်ပဲ နန်ကောဟာ ထပ်ခါထပ်ခါ နှိုင်းယှဉ်ခံခဲ့ရတာလေ။

တွေ့ဆုံတဲ့အခါကျရင် နန်ကော နန်ကျဲ့ကို နာကျင်စေတာ တစ်ခုခုပြောမှာကို ချီယန် စိုးရိမ်မိတယ်။

နန်ကျဲ့ဟာ နန်ကောကို အရမ်းဂရုစိုက်တာ။ဒီတော့ အခြားလူတွေရဲ့ အေးစက်စက်စကားတွေကို သူ စိတ်ထဲ မထားပေမဲ့ သူ့ညီမအရင်းဆီကသာဆိုရင်တော့...

မနေ့ညက သူ လသာဆောင်မှာထိုင်ပြီး ဆေးလိပ် သောက်နေတုန်းကဆိုရင် သူဟာ ဖြေရှင်းနည်းကို စဉ်းစားနေခဲ့တာ ဖြစ်လောက်မယ်။ဒီကာလအတွင်းမှာ သူဟာလည်းပဲ အပြစ်ရှိစိတ်ကို ခံစားရပြီး သူ့ကိုယ်သူ အပြစ်တင်နေမိတာ။သူနဲ့သူ့မိဘတွေ နန်ကောကို စာတွေပို့ခဲ့ကြပေမဲ့ ပြန်စာတစ်စက်မှ မရဘူး။သူမ အရာအားလုံးကို ဘေးကနေ ရှင်းရှင်းလင်းလင်း မြင်ရတယ်။

“မပူပါနဲ့ သူက ငယ်ပါသေးတယ်။ ဒီနေ့ ငါတို့တွေ့လို့ သူတစ်ခုခုပြောရင် စိတ်ထဲမထားနဲ့။ ဒီကိစ္စမှာ သူက နစ်နာသူလေ။ နှစ်တွေ အများကြီးကြာပြီဆိုတော့ သူ သူ့ဒေါသကို ဖွင့်ထုတ်ဖို့ လိုတယ်”

“ငါ နားလည်ပါတယ်” နန်ကျဲ့ဟာ အိပ်ပျော်သွားသလိုမျိုး မျက်လုံးကို မှိတ်တယ်။တစ်အောင့်လောက်ကြာတော့ သူက ဆက်ပြောတယ်။ “ငါ စိတ်ပြင်‌ဆင်ထားပါတယ်။ သူ့အကျင့်အရဆို ဒီတစ်ခေါက် သူ အလွယ်တကူ ညှိနှိုင်းမှာမဟုတ်ဘူး”

“သူ နင်နဲ့ မညှိနှိုင်းချင်ဘူးဆိုတာ မသေချာသေးပါဘူး၊ သူ့ကိုယ်သူနဲ့ အရင်ညှိုနှိုင်းဖို့ သူ အချိန်လိုတယ်လေ”

“အစ်ကိုကြီးတစ်ယောက်အနေနဲ့ နင် အကောင်းဆုံး လုပ်ပြီးပါပြီ၊ ပြန်တွေးကြည့်ရင် နင့်ကြောင့်သာ မဟုတ်ရင် နန်ကောရဲ့၀မ်းကွဲ၂ယောက်ကလည်း အနားမှာရှိနေခဲ့မှာပဲ။ နှစ်တွေကြာလည်း သူ့ရဲ့အခြေအနေက အများကြီး ပြောင်းလဲမသွားဘူး၊ ပြီးတော့ ဒီနှစ်တွေထဲ နင်က သူ့ကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ”

“မိန်းကလေးတွေက ထိလွယ်ရှလွယ်ပြီး ခံစားလွယ်တယ်။ ဒီတစ်ခေါက် အဆင်မပြေလည်း ကိစ္စမရှိဘူး။ သူ့ကို ပြန်ကောင်းဖို့ရယ်၊အနားယူဖို့ရယ် အချိန်ပေးလိုက်ပါ။ သူ့ဘေးမှာ ဥက္ကဌရှန်လည်း ရှိတယ်မဟုတ်လား။ အရမ်းကြီး စိတ်မပူပါနဲ့။ နင် သူ့ကို တကယ်တွေ့ချင်တယ်ဆို သွားသွား ချောင်းကြည့်ပေါ့”

“သူ ဟိုက်တက္ကသိုလ်မှာ တက်နေတာမလား။ ငါ့စတူဒီယိုနဲ့ သိပ်မဝေးဘူး။ ငါ သွားပြီး သူ့ကိုအဖော် လုပ်ပေးလို့ရပါတယ်”

သူမ စကားတွေ အများကြီး ပြောတာကိုကြားတော့ နန်ကျဲ့ဟာ ပြုံးလိုက်မိတယ်။ “စိတ်မပူပါနဲ့၊ ငါ အဆင်ပြေတယ်၊ သူ့ ငါ့ကိုစိတ်ဆိုးတယ်ဆိုတာ ဆိုးခွင့်ရှိပါတယ်။ ငါ့ရဲ့ခံနိုင်ရည်က အဲ့လောက် မဆိုးပါဘူး”

ချီယန်ဟာ ခေါင်းညိတ်ပြပြီး သူ့ကို ဖော်မနေတော့ဘူး။မနေ့ညက ဆေးလိပ်တစ်ပါကင်လုံး သောက်လိုက်တာ ဘယ်သူလဲဆိုတာ သူ မမှတ်မိတော့ဘူးဘဲ။

ထင်ထားတဲ့အတိုင်း နန်ကျဲ့ဟာ ဒီတစ်ခေါက်မှာ နန်ကောကို မတွေ့သေးဘူး။

ချီယန်ဟာ သူ့ကို ဖြည်းဖြည်း အချိန်ယူဖို့ အကြံပေးကာ ရှန်ရန်ချင်းဟာလည်း နန်ကောကို အချိန် နည်းနည်းပေးဖို့ ပြောတယ်။

282 02

ရှန်ရန်ချင်း အိမ်ထဲကနေထွက်လာတော့ နန်ကျဲ့ရဲ့မျက်နှာဟာ အမူအရာ မဲ့လျက်။ဒါပေမဲ့ သူ ကားထဲကိုမ၀င်ခင် အသာရပ်ပြီး ရင်းနှီးတဲ့အထပ်ကို မော့ကြည့်လိုက်တယ်။ကံမကောင်းစွာဘဲ ပြတင်းပေါက်ဟာ လစ်ဟာနေခဲ့တယ်။

သူ စိတ်အခြေအနေ မကောင်းဘူးဆိုတာ ချီယန်သိတယ်။အစကနေအဆုံးထိ သူ့ဘက်က ထုတ်မပြဘူးဆိုပေမဲ့လည်းပေါ့။

“နင် ဘေးမှာနေမလို့လား” သူမဟာ စကားလမ်းကြောင်းလွှဲ တယ်။ “အပေါ်တက်ပြီး နည်းနည်းလောက် အိပ်မလား”

နန်ကျဲ့ဟာ အကြည့်ကိုပြန်ရုတ်ပြီး အချိန်ကိုကြည့်တယ်။ “ဘာလို့ ဒီအချိန်ကြီးအိပ်မှာတုန်း။ တစ်ခုခုသွားစား‌ရအောင် စားပြီးရင် ငါ နင့်ကို စတူဒီယိုဆီ ပြန်လိုက်ပို့ပြီး အဖော်လုပ်ပေးမယ်”

“အိုကေ”

အဲ့ကတည်းကစပြီး နန်ကျဲ့ဟာ အချိန်တစ်ခုအထိ ဟိုက်မြို့ကို မလာခဲ့ဘူး။သူ အလုပ်ရှုပ်နေတာကိုသိတာမို့ ချီယန်ဟာ သူမကို လာတွေ့ဖို့အတွက် သူ့ကို မတိုက်တွန်းဘူး။

သခင်ကြီးဟာ ဆုံးပါးသွားပြီဖြစ်ပြီး မစ္စတာနန်ဟာလည်း အငြိမ်းစား ယူသွားပြီ။နန်ကျဲ့ဟာ အာဏာဇက်ကြိုးတွေကို တစ်ယောက်တည်း စတင်တာ၀န်ယူရပြီ။‌ထပ်ဖြည့်ပြောရရင် အမွေခွဲတာဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ခဲ့ဘူး။သူ တစ်ခဏလောက်တော့ အလုပ်ရှုပ်နေမှာပဲ။

ဒီအချိန်ကာလတွေမှာ ချီယန်ဟာ သူ့ကိုတွေ့ဖို့အတွက် အချိန်ယူကာ ကျန်းမြို့ကို ၃ကြိမ် သွားခဲ့တယ်။ဒါပေမဲ့လည်း ၂ယောက်သားမှာ ချိန်းတွေ့ဖို့အချိန်တော့ မရကြဘူး။အကြိမ်တိုင်း သူတို့ထမင်းသာ အတူတူစားဖြစ်ကြတယ်။

ဒီဇင်ဘာအစောပိုင်း စုဝေးပွဲတစ်ခုမှာ ဒီလောကရဲ့ထိပ်ဆုံးလို့ ပြောလို့ရတဲ့ တကယ့်အကောင်ကြီးနဲ့ သူမဆုံခဲ့ရတယ်။

အကောင်ကြီးဟာ သူမအကြောင်းကို ကြားထားတာ ကြာပြီဆိုပဲ။သူမကို ချီးကျူးရင်း သူဟာ ထောက်ပြမှုတချို့ကိုတောင် ပေးခဲ့တယ်။

ဒီကိစ္စကြောင့် ချီယန်ဟာ အကြာကြီး ပျော်ခဲ့ရတယ်။တစ်ပတ်လောက်ကြာတော့ အကောင်ကြီးဟာ သူမကို တကယ်ကြီး စဆက်သွယ်လာတယ်။

“ဟယ်လို ချီယန်ပါ။ ဟုတ်တယ် ကျွန်မပါ”

“ဒီလိုပါ မနေ့က ငါ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ညစာစားပြီး စကားပြောဖြစ်ခဲ့တယ်။ ငါတို့၂ယောက်လုံး ချက်ချင်း အကြံတူကြပြီး လုပ်ငန်းခွင်ရသစုံရှိုးလုပ်ဖို့ စီစဉ်ထားတယ်။ မင်း ပါ၀င်ဖို့ စိတ်၀င်စားလား”

“ရသစုံရှိုး၊ ကျွန်မ လုပ်နိုင်မယ် မထင်ဘူးရယ်” ချီယန် ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်တယ်။

“ဟေး မင်းက ငါ ပထမဆုံးဖုန်းခေါ်တဲ့သူပါ အိုကေ။ နားထောင်ပြီးတော့မှ ဝေဖန်လည်း ရပါတယ်။ ငါတို့ နိုင်ငံခြားခေါင်းဆောင်တစ်ယောက်ကို ဒီရှိုးမှာ ဖိတ်ဖို့ စီစဉ်ထားတယ်။ မင်း ဝေ့ဒါကော်ပိုရေးရှင်းအကြောင်း ကြားဖူးမှာပေါ့။ မင်း ရှိုးမှာပါမယ်ဆိုရင် ဝေ့ဒါခေါင်းဆောင်နဲ့ တွေ့ရမှာနော်။ လူတိုင်း ဒီလိုအခွင့်အရေးမျိုးကို ရနိုင်တာ မဟုတ်ဘူး”

ဒီနာမည်ကို ကြားတဲ့အခါ ချီယန့်မျက်လုံးတွေ တောက်ပသွားတယ်။ဖုန်းတစ်ဖက်ကလူဟာ ပြည်တွင်းလောကမှာ အကောင်ကြီးဆို ဝေ့ဒါရဲ့ခေါင်းဆောင်ဟာ ပြည်တွင်းရော၊ပြည်ပမှာပါ ကျော်ကြားတဲ့ ဓာတ်ပုံဆရာတစ်ယောက် ဖြစ်တယ်။သူ့မှာ တစ်ကမ္ဘာလုံး ကိုလွှမ်းမိုးနိုင်တဲ့ တိကျတဲ့ဘွဲ့ ရထားတယ်။တစ်ဖက်လူဟာ ၇၀နီးနီးရှိပြီဖြစ်ပြီး ဒီလောကကနေ အနားယူသွားခဲ့တာ ကြာပြီ။ခေါင်းဆောင်ကို လူကိုယ်တိုင်တွေ့ဖို့ဆိုတာ တကယ်ရှားတဲ့ အခွင့်အရေးတစ်ခုပဲ။

“ဒါဆို ပရိုဂရမ်က ဘာအကြောင်းလဲ”

ချီယန်တစ်ယောက် အရှက်မဲ့စွာနဲ့ဆွဲဆောင်ခံလိုက်ရပြီ။

“မင်း ရှိုးမှာ အလုပ်သင်အနေနဲ့ ပါဝင်ရမှာ။ ဒီလောကထဲက ဆရာတချို့က အလုပ်သင်ပြမဲ့အနေနဲ့ ပါ၀င်လိမ့်မယ်။ ရှိုးအဆုံးကျမှ ခေါင်းဆောင်က ပေါ်လာလိမ့်မယ်။ သူ အလုပ်သင်၇ယောက်ထဲက ၂ယောက်ကို ရွေးပြီး သူတို့ကို ပြင်သစ်ကဝေ့ဒါကော်ပိုရေးရှင်းကို ခေါ်သွားလိမ့်မယ်”

“ကျွန်မတို့ ဝေ့ဒါဌာနချုပ်ကို သွားလို့ရတာလား”

“ဒါပေါ့ နောက်ပြီး စပရိုက်တစ်ခုလည်း ရှိသေးတယ်။ မင်းမှာ ‌ကမ်းလှမ်းခံရတဲ့အရည်အချင်းရှိရင် ခေါင်းဆောင်က မင်းကို သီးသန့်ခေါ်သွားလိမ့်မယ်။ မင်း ခေါင်းဆောင်ဆီကသင်ယူဖို့ ဝေ့ဒါကိုသွားလို့ရတယ်။ သူ ဘယ်တုန်းကမှ ပေါက်စတွေကို ခေါ်မသွားဖူးဘူးဆိုတာ မင်းလည်း ကောင်းကောင်းသိပါတယ်။ မင်း နိုင်ငံကို ပြန်လာတဲ့အခါကျရင် ဒီလောကထဲက လူတိုင်းက မင်းကိုသိကြလိမ့်မယ်။ ချီယန်” ရှင်းရှင်းပြောရရင် ဒါဟာ ရွှေလိုအခွင့်အရေးမျိုး။

“ကောင်းပြီ ကျွန်မစဉ်းစားကြည့်ပါမယ်၊ ပြီးရင် ကျွန်မ သေချာပေါက် အဖြေပေးပါမယ်” ဖုန်းချပြီးတဲ့အခါ ချီယန်ဟာ အစ်မဟွမ်ဆီကို အမြန်သွားပြောတယ်။

282 03

“ဒါပေါ့ ဘာလို့မလုပ်ရမှာလဲ” အစ်မဟွမ်ဟာ သူမရဲ့ခေါင်းကိုပုတ်ပြီး “ဘာလို့ ဒီလိုအခွင့်အရေးကို နင်က စဉ်းစားနေရသေးတာလဲ။ လက်ခံလိုက်!”

“ရှိုးမှာပါတယ်ဆိုတာက ဓားသွားနှစ်ဖက်လို ဖြစ်နေပေမဲ့ နင့်မှာ အရည်အချင်းရှိတယ်ဆို ဘာကြောက်စရာရှိလဲ။ အဆုံးမှာ နင် နိုင်ငံခြားထိ သွားသင်ယူနိုင်ရင် ပိုတောင်ကောင်းသေးတယ်။ နင်ပြန်လာတဲ့အခါကျရင် ဇာတိမှာ ဗီလာ၀ယ်ရုံတင် မကဘူး။ ဟိုက်မြို့‌မှာတောင် အိမ်၀ယ်လို့ရတယ်”

“နောက်ပြီး နင့်အခြေအနေက နန်ကျဲ့နဲ့ မယှဉ်နိုင်မှာကို နင် အမြဲစိုးရိမ်နေခဲ့တာ မဟုတ်ဘူးလား သူ့လက်အောက်က အမျိုးသမီးသရုပ်ဆောင်ကိုတောင်မှ နင်ကြိတ်ပြီး သ၀န်တိုဖူးသေးတာပဲ။ နင် ပြန်ရောက်လာရင် အဲ့အမျိုးသမီးသရုပ်ဆောင်က နင့်ကိုလက်တွဲဖို့ လာပြောရလိမ့်မယ်။ နင့်အခြေအနေက ဒီကနေဒီကို ပြောင်းသွားမှာ” အစ်မဟွမ်ဟာ မြေကြီးကိုညွှန်ပြကာ လက်ကို ‌ခပ်မြှင်မြှင့် မြှောက်ပြတယ်။

“ဒါ ရှားပါးအခွင့်အရေးပဲ ချဲ့ပြောရရင် တစ်သက်မှာတစ်ခါပဲရတဲ့အခွင့်အရေး...ချီယန် နင်ဘာတွေ စဉ်းစားနေသေးတာလဲ”

******

All Chapters