အခန်း ၂၈၆
Vol. 29 Ch. 286
286 01
Chapter 286 ကျွန်မ ရှင့်ကို ပါးချမိနေလောက်ပြီ။
Extra Chapter 10: အစ်ကိုကြီးရဲ့ဇာတ်လမ်း။
ဧည့်ခန်းထဲမှာတော့ ချီယန်ဟာ စားပွဲပေါ်လက်ဖက်ရည်တင်ပေးတယ်။ “အဖွား ရေနည်းနည်းသောက်ပါ။ ဒုတိယဒေါ်ဒေါ်...”
“မင်းကိုယ်မင်း ဒုက္ခခံဖို့မလိုပါဘူး” ဒုတိယအဒေါ်ဟာ သူမကိုထိုင်ဖို့လက်ဟန်ပြတယ်။
“သခင်မနန်နဲ့ငါ ဒီကို လက်ဖက်ရည်သောက်ဖို့ လာတာမဟုတ်ဘူး။ ထိုင် စကားပြောကြမယ်”
“ဟုတ်” ချီယန်ဟာ သူမတို့နဲ့ဆန့်ကျင်ဘက်က ခွေးခြေခုံအပုလေးမှာ ထိုင်တယ်။
သူမ ငှားထားတဲ့တိုက်ခန်းဟာ သိပ်မကြီးဘူး။ပြီးတော့ ဆိုဖာဟာ သေးတာမို့ ဧည့်သည်တွေ ထိုင်ဖို့အတွက်ပဲ လုံလောက်တယ်။ဒီအမြင့်မှာ သူမ နေရထိုင်ရ အဆင်ပြေမနေဘူး။တရားခွင်ကို စောင့်နေတဲ့အပြစ်သားလိုမျိုး သူမဟာ မသက်မသာ ခံစားရတယ်။
“မင်းနဲ့နန်ကျဲ့က အရင်က အတန်းဖော်တွေ ဖြစ်ခဲ့တာလား” နောက်ဆုံးတော့ မိန်းမအိုကြီးဟာ စကားစပြောတယ်။
“ဟုတ် ဂျူနီယာအထက်တုန်းက ကျွန်မတို့က အတန်းဖော်သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်”
“ဒါဆို ငါ မင်းကို မှတ်မိတယ်”
“တကယ်လား” ချီယန်ဟာ နည်းနည်း အံ့ဩသွားတယ်။
အစကနေအဆုံးထိ မိန်းမအိုကြီးရဲ့မျက်နှာမှာ ဘာအမူအရာမှမရှိဘူး။သူမဟာ အထူးတည်တံ့နေတယ်။ “ဂျူနီယာအထက်တန်းတုန်းက ကျဲ့ငယ်က ပြဿနာတော် တော်များများထဲ ပါဖူးတယ်။ သူ့မိဘတွေ အကြိမ်ပေါင်းမနည်း အခေါ်ခံရတယ်။ ငါမှတ်မိတာသာ မှန်မယ်ဆိုရင် မင်းက သူနဲ့အတူ အမြဲပြဿနာရှာတဲ့ တစ်ယောက်မလား”
ချီယန် “.....”
သူမဟာ ပါးနပ်တဲ့သဘောတူနည်းနဲ့ ကို့ရို့ကားယား ရယ်လိုက်ရတယ်။
သူမ သူမတို့အပေါ် ထင်မြင်ချက်ကောင်း ချန်ထားနိုင်ခဲ့မယ်ထင်တာ။ဒါပေမဲ့ ဖြစ်ချင်တော့ ဒီဟာတွေ...
“အဲ့ကတည်းက တွဲနေကြတာလား”
“မဟုတ်ဘူး မဟုတ်ပါဘူး” ချီယန်ဟာ လက်ကို အကြိမ်ကြိမ်ခါတယ်။ “အဲ့တုန်းက ကျွန်မတို့ မတွဲသေးဘူး။ သာမန်သူငယ်ချင်းတွေသက်သက်ပဲ။ ကျွန်မတို့မိသားစု မြောက်ပိုင်းကို ပြောင်းသွားတော့ နန်ကျဲ့နဲ့ကျွန်မ အဆက်အသွယ်ပြတ်သွားတယ်။ အခု ကျွန်မတို့ အချင်းချင်း ပြန်အဆက်အသွယ်ရတယ်ဆိုတာ တကယ်တို က်ဆိုင်မှုတစ်ခုပါပဲ”
“သိပြီ” မိန်းမအိုကြီးဟာ လက်တစ်ဖက်ကို လမ်းလျှောက်တုတ်အပေါ်ထောက်ပြီး မြေကြီးကို အသာခေါက်တယ်။ “မင်းအဖေက ချီယွဲ့”
“ဟုတ်”
မိန်းမအိုကြီးက နားလည်တယ်။ “တကယ်တော့ နန်ကျဲ့ရဲ့အရင်ကောင်မလေးတွေ ထက်စာရင် ငါ မင်းကို ပိုသဘောကျတယ်”
“ကိုယ်ရေးကိုယ်တာအရပဲဖြစ်ဖြစ်၊အလုပ်သဘောအရပဲဖြစ်ဖြစ် အပြင်က ကြုံရာမိန်းကလေးတွေထက်တော့ သာတယ်။ သူ့အရင်မိန်းကလေးမျိုးရိုးနာမည်က ချီထင်တယ်။ ဘာပဲဖြစ်ဖြစ် သူက နာမည်ခံအနုပညာရှင်အသေးစားလေး ငါ တစ်ခါမှ သဘောမတူခဲ့ဘူး”
အံ့ဩစွာနဲ့ ချီယန်ဟာ နောက်ဆုံးတော့ မိန်းမအိုကြီး ပြောနေတာ ဘယ်သူလဲဆိုတာကို သိသွားတယ်။ “နန်ကျဲ့ပြောတာတော့ သူတို့တစ်ခါမှမတွဲခဲ့ဖူးဘူးတဲ့”
မိန်းမအိုကြီးဟာ ဘာမှမပြောပေမဲ့ ဒုတိယအဒေါ်ဟာ ပြုံးတယ်။ “မင်း ယောက်ျားတွေ ပြောသမျှကို ယုံတာလား။ မင်း အရင်က ဘယ်သူနဲ့မှ မတွဲခဲ့ဖူးဘူးလား”
ချီယန်ဟာ ပြောစရာစကား ပျောက်သွားတယ်။
286 02
“မင်းအတွက် သနားစရာပဲ” ဒုတိယအဒေါ်ဟာ မိန်းမအိုကြီးရဲ့လက်ကိုကိုင်ကာ မိန်းမအိုကြီး ကိုပြောတယ်။ “အဲ့တုန်းက သူ့အဖေသာ ဘာမှမဖြစ်ခဲ့ရင် မိသားစုက ဒီအိမ်ထောင်ရေးကို လက်ခံမှာပါ။ သူတို့ကို ယှဉ်လို့မရဘူးဆိုပေမဲ့လည်း အဖွားပြောသလိုပဲ သရုပ်ဆောင်ကို လက်ထပ်တာထက်စာရင်တော့ သာပါတယ် ဟူး”
အဆုံးနားမှာ အမျိုးသမီးဟာ သက်ပြင်းချပြီး ချီယန်ကို လေးနက်တဲ့နောင်တနဲ့ ကြည့်တယ်။
“အဲ့တုန်းက ကျွန်မအဖေ အဲ့လိုကိစ္စ မလုပ်ခဲ့ပါဘူး။ သူ...”
“ကောင်းပြီ” မိန်းမအိုကြီးဟာ လက်ကိုဝှေ့ယမ်းကာ သူမရဲ့ရှင်းပြချက်ကို နားမထောင်ချင်ဘူး။
“ဒီကိစ္စကို ငါ ဒီကိုမလာခင် တစ်ယောက်ကို ရှင်းခိုင်းခဲ့ပြီးသား။ ဒီနေ့ ကျန်းမြို့ကနေ မင်းကို လာရှာတယ်ဆိုတာ အကြောင်းတစ်ခုပဲ ရှိတယ်”
“မင်းမိသားစုအခြေအနေကို မင်းအကောင်းဆုံးသိပါတယ်။ မင်း ကျဲ့ငယ်နဲ့တွဲနိုင်တယ် ဒါပေမဲ့ မင်းတို့၂ယောက်ကြား ဖြစ်နိုင်ခြေ မရှိဘူးဆိုတာကို မင်း နားလည်မယ်လို့ ငါ မျှော်လင့်တယ်”
“မင်းရဲ့မတော်တဆကိစ္စက အခုတလော ကုမ္ပဏီကို ဘယ်လို သက်ရောက်သွားလဲဆိုတာ မင်းသိလား။ မင်းရဲ့ရှိုးကိစ္စကတော့ ကလေးကစားနေသလိုပဲ။ ဒီရှိုးက အစကတည်းက မရိုက်နိုင်ခဲ့ဘူးလို့ ငါကြားတယ် ကျဲ့ငယ် ရော့ရော့ကောင်လေးကို ဖုန်းခေါ်တော့မှသာ ဒီအခွင့်အရေးကို မင်းရတာ”
“အကုန် မင်းအဖေရဲ့အမှားဆိုတာ ငါသိတယ်။ မိသားစုက ဒီလိုအစွန်းအထင်းနဲ့ မိန်းကလေးကို ၀င်ခွင့်ပြုမှာ မဟုတ်ဘူး။ မင်း သူ့ကို တကယ်ကြိုက်တယ်ဆိုရင် အစကတည်းက မစခဲ့သင့်တဲ့ ဒီဆက်ဆံရေးကို အမြန်ဆုံးအဆုံးသတ်ပြီး သူ့ဆုံးရှုံးမှုကိုလျော့ ပါးစေလိုက်တာ အကောင်းဆုံးပဲ။ ဒါ မင်းကောင်းဖို့အတွက်ဆိုလည်း ဟုတ်တယ်”
“တတ်နိုင်သမျှ အမြန်ဆုံးလမ်းခွဲကြပါ။ အနာဂတ်မှာ မင်း သင့်တော်တဲ့ လက်တွဲဖော်ကို ရှာနိုင်ပါသေးတယ်”
“လျော်ကြေးအနေနဲ့ကတော့ ကြိုက်သလောက် တောင်းလို့ရတယ်။ ရှက်ဖို့မလိုဘူး။ အဲ့တုန်းက ကျဲ့ငယ် အဲ့အမျိုးသမီးသရုပ်ဆောင်နဲ့လမ်းခွဲတုန်းကလည်း သူ့ကို အေအဆင့်ထိတိုးအောင် လုပ်မပေးခဲ့ဘူးလား။ မင်းနဲ့ ထိုက်တန်တာကို မင်းလိုချင်တယ်ဆို နန်မိသားစုက မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာ မဟုတ်ပါဘူး”
မိန်းမအိုကြီးနဲ့အဒေါ်ဖြစ်သူဟာ အချင်းချင်း သံယောင်လိုက်နေကြကာ တစ်ချိန်လုံး ချီယန့်ကို စကားပြောခွင့် မပေးဘူး။
နောက်ဆုံး သူမတို့စကား ပြောတာဆုံးသွားတော့မှ ချီယန်ဟာ ပြုံးလိုက်တယ်။ “ရှင်တို့နှစ်ယောက် ဒါကိုပြောဖို့အတွက်နဲ့ ကျွန်မဆီ အထူးတလည်လာရတာ ပင်ပန်းသွားပါပြီ၊ဦ ဒါပဲပြောမယ်ဆိုလည်း တကယ်တော့ အထူးတလည်ကြီး ခရီးထွက်လာစရာ မလိုပါဘူး။ ရှင်တို့ ကျွန်မရဲ့ဖုန်းနံပါတ်ကို ရှာနိုင်ကြမှာပါ။ ဖုန်းထဲက ပြောလည်း ရပါတယ်”
“အရင်ဆုံးအနေနဲ့ ကျွန်မ ထပ်ပြောပါရစေ။ အစကတည်းက နန်ကျဲ့ ကျွန်မကို အဲ့အမျိုးသမီးအနုပညာရှင်အကြောင်း ပြောပြထားပြီးသားပါ။ သူတို့မတွဲခဲ့ဘူးဆိုရင် သူတို့မတွဲခဲ့လို့ဘဲ။ ဒါက ကျားမဘာညာနဲ့လည်း ဆိုင်တယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့၂ယောက်လုံး ဒီဆက်ဆံရေးကို အလေးအနက် ထားလို့ပါ။ အခြားလူတွေထက် ကျွန်မ သူ့ကို ပိုယုံကြည်ဖို့ ဆန္ဒရှိပါတယ်။ သူတို့ မတွဲခဲ့ကြဘူး။ ဒါအမှန်တရား ကျန်တာကတော့ ကျွန်မက အခြေခံအကျဆုံး အကဲခတ်မှုရှိတဲ့ လူကြီးတစ်ယောက်ပါ”
“နောက်တစ်ခုကတော့ ဒီအတောအတွင်း ဖြစ်သွားတာတွေနဲ့ ပတ်သက်ပြီး နန်မိသားစုကုမ္ပဏီကို ဘယ်လောက် ထိခိုက်သွားလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ပြီးတော့ ဒါ နောက်ပြန်လှည့်လို့ မရဘူးဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ကျွန်မ တောင်းပန်ချင်ပါသေးတယ်။ ကျွန်မ အလွန်အမင်း သာမန်ကျလွန်းတဲ့ပရိုဂရမ်မှာ ပါ၀င်ခဲ့မိပါတယ်။ ဒီကိစ္စက အရမ်းရုတ်တရက် ဆန်သွားတာပါ။ နန်ကျဲ့နဲ့ကျွန်မလည်း ဒါတွေကို မမျှော်လင့် ထားခဲ့ပါဘူး”
“အနာဂတ်မှာ ကျွန်မတို့ အတူရှိမလား၊မရှိမလားကတော့ ဒါက ကျွန်မတို့ရဲ့ကိစ္စပါ။ လူကြီးတွေ စိတ်ပူဖို့မလိုပါဘူး။ ရှင် ပြောသွားတဲ့လျော်ကြေး ကျွန်မတို့က သာမန်လွတ်လပ်တဲ့ ဆက်ဆံရေးထဲမှာပါ။ နာမည်ခံ ငွေပေးငွေယူ လုပ်နေတာမဟုတ်ဘူး”
286 03
သူမဟာ ပြောရင်းနဲ့ မတ်တပ်ထရပ်လိုက်ပြီး “လူကြီးတွေ လက်ဖက်ရည် မကြိုက်ဘူးဆိုမှတော့ ထားလိုက်ပါ။ နောက်ကျနေပြီ ရှင်တို့ကို လာခေါ်ဖို့ ကျွန်မ နန်ကျဲ့ကို ခေါ်ပေးရဦးမလား”
“အခုခေတ်မိန်းကလေးတွေ ပိုပိုပြီးရဲတင်းလာကြတာပဲ” မိန်းမအိုကြီးဟာ အမျိုးသမီးရဲ့အကူအညီနဲ့ မတ်တပ်ထရင်း အဓိပ္ပာယ်ပါပါ ပြောတယ်။
ဒုတိယအဒေါ်က ဆက်ပြောတယ်။ “နော်? ရော့ရော့ဆိုလည်း အတူတူပဲ။ ယဉ်ယဉ်ကျေးကျေး ပြောရရင်တော့ သူ့မှာ အကျင့်လေးရှိတယ်ပေါ့။ ရိုင်းရိုင်းပြောရရင်တော့ သူက လူကြီးတွေကို လေးစားမှုတစ်စက်မှ မရှိဘဲ မရင့်ကျက်တာ။ ကျဲ့ငယ်လည်းအတူတူပဲ။ သူ သူ့ညီမကို အလိုလိုက်လိုက်တာ။ အခု သူ့ညီမက အိမ်တောင် ပြန်မလာတော့ဘဲ ဥက္ကဌရှန်ရဲ့အိမ်ကို တန်းပြောင်းသွားတယ်။ အဆုံးကျတော့ သူကိုယ်တိုင်ပါ ရည်းစားရပြီး အတူတူတွေချည်းပဲ”
“ကျွန်မရဲ့အမြင်မှာတော့ သူကို ယွီယွီရဲ့၀မ်းကွဲနဲ့ယှဉ်မရပါဘူး၊ ကျွန်မတို့ ပြန်ပြီး သူတို့အချင်းချင်း မိတ်ဆက်ပေးလိုက်ရင်ရော”
အရိုးသားဆုံးပြောရရင် နှစ်တွေအကြာကြီး ချီယန်ဟာ ဒီလောက် အာရုံနောက်စရာကောင်းတဲ့ လူကို မတွေ့ဖူးဘူး။
တစ်ဖက်လူသာ နည်းနည်းငယ်နေမယ်ဆိုရင် နန်ကျဲ့ရဲ့လူကြီးဖြစ်တာ၊မဖြစ်တာ သူမ ဂရုမစိုက်ဘူး။သူမ အရင် ထရိုက်မိမှာ။
“နန်ကော အိမ်ကနေ ထွက်သွားတာလည်း အံ့ဩစရာမရှိပါဘူး။ နန်မိသားစုက မိန်းကလေးတွေထက် ယောက်ျားလေးတွေကို ပိုမျက်နှာသာပေးပြီး သူတို့ရဲ့မြေးမလေးကို အမြင်မကြည်ဘူးလို့ ကျွန်မကြားတုန်းက တကယ် မဟုတ်ဘူးထင်ခဲ့တာ”
လူတစ်ယောက်ရဲ့အနာပေါ် တုတ်ကျအောင် မလုပ်တတ်တဲ့သူ ရှိပါ့မလား။ သူမ သူမတို့ကို မထိုးနိုင်လောက်ဘူးဆိုပေမဲ့ တစ်ဖက်လူကို ဒီတိုင်းလည်း အလွတ်မပေးချင်ပါဘူး။
ချီယန်ဟာ အကူအညီမဲ့သလိုနဲ့ ပုခုံးတွန့်တယ်။ “အခုတော့ ကျွန်မနားလည်သွားပြီ။ တကယ်က ရှင့်လို အဒေါ်မျိုးရှိနေလို့ နန်ကျဲ့က နန်ကောကို အရမ်းကာကွယ်ပေးရတာ မဟုတ်ရင် နန်ကောလို နုနုရွရွမိန်းကလေးက ရှင့်လို အတင်းတုတ်တတ်တဲ့ မိန်းမမျိုးကြောင့် မတရား အနိုင်ကျင့်ခံနေရမှာလေ”
“မင်း” ဒုတိယအဒေါ်မှာ နင်သွားတယ်။
ချီယန်ဟာ ခြေတစ်လှမ်း ရှေ့တိုးပြီး ကိုယ်ကိုမတ်လိုက်တယ်။ “ရှင် ကျွန်မအကြောင်း ဘာပြောဖို့ရှိလဲ။ ကျွန်မအထင် နန်ကျဲ့က ပုံမှန်ဆို ရှင့်ကို ယဉ်ကျေးတယ်ထင်တယ်။ ကျွန်မသာဆို ရှင် နန်ကောကို ပြောတဲ့ဟာနဲ့တင် ရှင့်ကို ပါးချမိတာကြာပြီ...”
******