အခန်း ၂၈၇
Vol. 29 Ch. 287
287 01
Chapter 287 ကျေးဇူးပြုပြီး ပိုပြတ်သားပေးပါ။
Extra Chapter 11: အစ်ကိုကြီးရဲ့ဇာတ်လမ်း။
ဒီနှစ်တွေထဲ ချီယန်ဟာ ဘ၀အထိ နာခဲ့ရတယ်။သူမရဲ့အကျင့်စရိုက်ဟာ ကျန်းမြို့မှာ နေတုန်းကထက်စာရင် တက်ကြွမှု လျော့နည်းသွားတယ်။သူမ အလုပ်စလုပ်တုန်းက မတရားခံရတဲ့အခါမျိုးဆို သူမ အများကြီး သတိထားခဲ့ရတယ်။အံကြိတ်ပြီးသာ မျိုသိပ်ခဲ့တယ်။
ဒါကို မကောင်းတဲ့အရာလို့ သူမ မထင်ပါဘူး။လူတိုင်း ရင့်ကျက်လာဖို့ လိုတယ်လေ။ပြီးတော့ သူမက ဒီလိုအတွေ့အကြုံတွေကို ကြုံရတဲ့ တစ်ယောက်တည်းသောလူမှ မဟုတ်တာ။
ဒါပေမဲ့ ဒါက သူမ ပြားပြား၀ပ်ပြီး ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ခံနေရမယ်လို့ မဆိုလိုဘူး။
“တံခါးက ဟိုနားမှာပါ။ ကျွန်မ လိုက်မပို့တော့ဘူး” ချီယန်ဟာ လက်ယမ်းပြပြီး သူမတို့ကို မြန်မြန်ထွက်သွားဖို့ လက်ဟန်ပြတယ်။
သူမတို့သာ ကြာကြာဆက်နေရင် သူမ ဆဲမိတော့မှာ။
နန်ကော အရမ်းစိတ်ဆိုးသွားတာလည်း မထူးဆန်းပါဘူး။ဒီမိသားစုကိုက ဩချလောက်စရာကိုး။
ဒုတိယအဒေါ်ဟာ တစ်ခုခု ပြောချင်သေးပေမဲ့ မိန်းမအိုကြီးဟာ လက်မြှောက်ကာ၀င်တားတယ်။
ချီယန် ခုနက ပြောလိုက်တဲ့ စကားတွေကြောင့် မိန်းမအိုကြီး ဒေါသထွက်နေမယ်ဆိုတာ သိသာပါတယ်။ဒါပေမဲ့ သူမဟာ အပြင်လူဖြစ်တဲ့အတွက်မလို့ သင်ခန်းစာ ပြတာမျိုးတော့ မလုပ်ခဲ့ဘူး။
“မနက်ဖြန် မင်းတို့ ခရီးအတူတူ ထွက်ကြမှာမလား။ သွားတဲ့လမ်းမှာ ငါပြောတဲ့ကိစ္စကို မင်း စဉ်းစားကြည့်လို့ရတယ်။ နည်းနည်း စိတ်မချမ်းသာစရာဆိုပေမဲ့လည်း အဓိပ္ပာယ်တော့ ရှိနေတာပဲ။ မင်းနဲ့နန်ကျဲ့ အဆုံးထိရောက်နိုင်မှာ မဟုတ်ဘူး။ အချိန်တွေ ထပ်ဖြုန်းဖို့မလိုဘူး။ မင်း ဆက်ပြီးခေါင်းမာနေမယ်ဆို ငါ မင်းမိဘတွေကို ကိုယ်တိုင် ဖုန်းခေါ်ရလိမ့်မယ်”
နောက်ဆုံးစာကြောင်းဟာ ချီယန့်ရဲ့အားနည်းချက်ကို သွားထိတယ်။သူမရဲ့အသက်ရှူနှုန်း တစ်ခဏ ရပ်တန့်သွားပြီး အသက် မရှူနိုင်တော့လုနီးနီး ဖြစ်သွားတာဟာ အရမ်းနာကျင်စရာ ကောင်းတယ်။မိန်းမအိုကြီးဟာ သူမရဲ့စကား အလုပ်ဖြစ်သွားမှန်းကို သိပြီး ကြာကြာ ဆက်မနေခဲ့ဘူး။
သူမတို့ ထွက်သွားတဲ့အခါ ချီယန်ဟာ စိတ်သက်သာအောင် ခဏတာ ပြန်လုပ်ယူလိုက်ရတယ်။
သူမဟာ ခွေးခြေခုံပေါ်မှာပြန်ထိုင်ပြီး တစ်၀က်ပြင်ဆင်ပြီးဖြစ်တဲ့ခရီးဆောင်အိတ်ကို ငေးစိုက်ကြည့်နေတယ်။
ရိုးရိုးသားသားပြောရရင် သူမ နန်ကျဲ့နဲ့အနာဂတ်ကို တစ်ခါမှ မတွေးကြည့်ခဲ့ဖူးဘူး။သူမတို့နှစ်ယောက် ဘယ်အထိသွားနိုင်မလဲဆိုတာ သူမ မသိဘူး။
သူမတို့၂ယောက်ကြားက အခြေအနေကွာခြားမှုကို အခြားလူတွေထက် သူမ ကောင်းကောင်းသိပါတယ်။တစ်နေ့ကျရင် သူမတို့၂ယောက်လုံး အမှန်တရားကြောင့် တိုက်စားခံရမဲ့အကြောင်း သူမ စိတ်ကူး ကြည့်ခဲ့ဖူးတယ်ဆိုတာ သူမ တစ်ခါမှ မမေ့ခဲ့ဖူးဘူး။
287 02
စင်ဒရဲလားလေးက ချမ်းသာတဲ့မိသားစုထဲကို လက်ထပ် ၀င်သွားတယ်ဆိုတဲ့ဇာတ်ညွှန်းဟာ သူမရဲ့ရွေးချယ်မှုဖြစ်မှာ မဟုတ်ဘူး။
သူမတို့၂ယောက် အတူတွဲဖြစ်တဲ့ကိစ္စအတွက်ကို ၂ယောက်လုံး နောင်တရမှာ မဟုတ်ဘဲ ကိုယ့်ဇာတ်ကိုယ်ရေးကြမှာလို့ပဲ ပြောနိုင်တယ်။
သူမတို့ လမ်းခွဲသင့်လား။ ဒီအတွေးဟာ လွန်ခဲ့တဲ့၂ရက်က သူမရဲ့စိတ်ထဲ ဖြတ်ခနဲပေါ်လာခဲ့တယ်။
ဒါပေမဲ့ အခုအချိန်မှာ သူမ ရုတ်တရက်ကြီး ရွေးချယ်မှုကို မလုပ်ချင်ဘူး။
အစကနေအဆုံးထိ နန်ကျဲ့ဟာ သူမကို ဘာမှအကြွေးတင်ခဲ့တာ မဟုတ်ဘူး။ဆန့်ကျင်ဘက်အနေနဲ့ သူကသာ ဒီဆက်ဆံရေးထဲ ပိုအားစိုက် ထုတ်ထားတဲ့လူ။
နန်ကျဲ့ရဲ့သူမအပေါ်ရှိတဲ့ ခံစားချက်ကို သူမ သံသယ၀င်တာ မဟုတ်ဘူး။ဒါကြောင့်လည်း ရွေးချယ်မှုက သူမလက်ထဲမှာ မဟုတ်တာလေ။
ပြီးသွားပြီလို့ သူမ သူ့ကို ပြောလို့မရနိုင်ဘူး...။
၂ယောက်သား ပစ္စည်းပစ္စယတွေကို ကားထဲရွှေ့ကာ ၉နာရီမှာ စထွက်ခဲ့ကြတယ်။
ဟိုက်မြို့ကနေ ထွက်လာခါနီးတော့ နန်ကျဲ့ကို ဒီအကြောင်း မပြောခင် ချီယန်ဟာ ထပ်ခါထပ်ခါ တွန့်ဆုတ်နေခဲ့တယ်။
“မနေ့ကနေ့လည်တုန်းက နင့်အဖွားနဲ့ဒုတိယအဒေါ် ငါ့ကိုလာရှာသွားတယ်”
“ဘယ်သူ” ကံကောင်းစွာနဲ့ ကားဟာ မီးနီအရှေ့မှာ ရပ်တန့်သွားတယ်။နန်ကျဲ့ဟာ အံ့ဩသွားပုံရတယ်။ “သူတို့ နင့်ကိုရှာဖို့ ဟိုက်မြို့ကို လာတာလား”
“အင်း” ချီယန်ဟာ ခေါင်းညိတ်တယ်။
နန်ကျဲ့ဟာ အကြည့်ပြန်ရုတ်ပြီး အသက်ပြင်းပြင်း ရှူသွင်းတယ်။တစ်အောင့်ကြာတော့ သူ့အနောက်ကနေ ဟွန်းတီးသံ ထွက်လာတယ်။သူဟာ မတ်မတ်ထထိုင်ပြီး အရှိန်တင်လိုက်တယ်။အဝေးပြေးလမ်းကို ရောက်တဲ့အခါ သူက မေးတယ်။ “နင် ငါ့ကိုထားခဲ့အောင်လို့ သူတို့ နင့်ကိုဘာတွေပြောခဲ့လဲ”
သူမရဲ့ခြေဖဝါးကိုအသုံးပြုပြီး စဉ်းစားရင်တောင်မှ ဒီအကြောင်းအရာကို ရှောင်လွှဲလို့ မရနိုင်ဘူးဆိုတာ သူမ သိတယ်။
“အာဟာ” ချီယန် ဆက်ပြီး ခေါင်းညိတ်တယ်။
“ငါ သူတို့အစား တောင်းပန်ပါတယ်။ မနေ့ကတစ်နေ့လုံး ငါကုမ္ပဏီ ရောက်နေလို့ပါ။ ငါသာသိခဲ့ရင် သူတို့ကို မလာခိုင်းပါဘူး။ နင်လည်း သိပါတယ်။ ဒီအချိန်မှာက အရင်တစ်ခေါက် အမွေခွဲတဲ့ကိစ္စနဲ့ အဖွားက ဒုတိယဦးလေးအိမ်မှာနေနေတာ ငါသူတို့ကို မတွေ့ဖြစ်ဘူး”
“ငါတို့ဆက်ဆံရေးကို လျှို့ဝှက်ထားခဲ့ရတယ်မလား။ ငါ ငါ့မိသားစုကို မပြောခဲ့ပါဘူး။ သတင်းတွေ့တော့ အဖွားက ငါ့ကို ဖုန်းခေါ်တယ်။ ငါ နင်နဲ့တွဲနေတာ နည်းနည်းကြာပြီလို့ပြောတော့ အဲ့တုန်းက သူ ငါကိုဘာမှသိပ်မပြောခဲ့ဘူး? အဲ့တာနဲ့ ငါလည်း စိတ်ထဲ မထားလိုက်တာ”
“ဒုတိယအဒေါ်ကတော့...” ဒီလူရဲ့အကြောင်းကိုပြောတဲ့အခါ နန်ကျဲ့ဟာ အံကြိတ်မိတယ်။
“ငါ ပြီးမှ ဒုတိယဦးလေးကို ဖုန်းခေါ်လိုက်မယ်။ ဘာမှမဟုတ်တာအတွက်နဲ့ ငါ နင့်ကို အနိုင်ကျင့်ခံမှာ မဟုတ်ဘူး”
“သူတို့က တစ်ခါမှ ကောင်းတဲ့စကားဆို ပြောတတ်တာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ ဒီလိုပဲရှိလာခဲ့တာ သူတို့က အရမ်းချုပ်ချယ်လွန်းတယ်”
287 03
“စိတ်မဆိုးပါနဲ့။ ငါတို့ လမ်းခွဲဖို့ကိစ္စကို ငါက ဘယ်လိုလုပ် သူတို့ကို ဆုံးဖြတ်ခွင့် ပေးရဲမှာလဲ။ ငါ့ဘ၀မှာ ငါတစ်ခါမှ စကားနားမထောင်ဖူးဘူး၊ ငါ့ကို ဘာလုပ်ဖို့ဆိုတာ သူတို့ပြောဖို့မလိုဘူး”
“နောက်ပြီး ငါတို့အခု အတူတူနေနေတာလည်း မဟုတ်ဘူး။ ဒီတော့ သူတို့ ငါ့မိဘတွေလိုလည်း လုပ်လို့မရဘူး။ ငါ့မိဘတွေက နင့်ကို အများကြီး သဘောကျတယ်။ သူတို့ နင့်ရှိုးကို တောက်လျှောက် ကြည့်ပြီး နင့်ကိုချီးကျူးနေတာ။ ငါတို့ဒီ တစ်ခါပြန်ရောက်ရင် ငါ နင့်ကို သူတို့နဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”
“စိတ်မပူပါနဲ့ ငါ့မိသားစုကြောင့်နဲ့ ငါ သေချာပေါက် နင်နဲ့လမ်းခွဲမှာ မဟုတ်ပါဘူး။ ဘယ်သူကမှ ငါ နင့်ကို လက်ထပ်တာကို တားလို့မရဘူး”
ချီယန်ဟာ ရှက်ရှက်နဲ့ သူမရဲ့နှာခေါင်းကိုထိကာ “ငါတို့ ဘာလို့လက်ထပ်မဲ့ကိစ္စအကြောင်း ပြောနေတာလဲ”
နန်ကျဲ့ဟာ ပဟေဠိဆန်စွာသာ ပြုံးပြီး မရှင်းပြဘူး။သူဟာ မျက်လုံးထောင့်ကနေ သူမကို တစ်ချက် လှမ်းကြည့်တယ်။သူ့လေသံဟာ စစနောက်နောက်ရှိပေမဲ့ သူ့မျက်လုံးတွေဟာတော့ တည်ကြည်နေတယ်။ “ဒီတော့ ကျေးဇူးပြုပြီး ပိုပြတ်သားပေး”
အကြောင်းတချို့ကြောင့် ချီယန့်နှလုံးခုန်နှုန်းဟာ မြန်ဆန်သွားတယ်။သူမဟာ နှုတ်ခမ်းကိုဖိကာ လေးပင်စွာနဲ့ ခေါင်းညိတ်ပြတယ်။ “နားလည်ပြီ”
ဟိုက်မြို့ကနေထွက်လာပြီး ၉ရက်မြောက်နေ့မှာ ချီယန့်ဆီကို သူမရဲ့မားဆီက ဖုန်း၀င်လာတယ်။
ဒီတစ်ခါတော့ မားဟာ ဖုန်းထဲမှာ မငိုတော့ဘူး။သူမရဲ့အသံဟာ တည်ငြိမ်နေပေမဲ့ အလွန်တရာမှ အေးစက်နေတယ်။မားဟာ သူမကို စကားပြောခွင့် မပေးဘဲ ပြောတယ်။ “ချီယန် နင် ငါ့စကားကို နားထောင်သေးတယ်ဆိုရင် နန်ကျဲ့နဲ့ ချက်ချင်းလမ်းခွဲလိုက်”
၀န်ဆောင်မှုဧရိယာမှာ ချီယန်ဟာ လေညှင်းခံရင်း ကားအပြင်မှာ တစ်ယောက်တည်း မတ်တပ်ရပ်နေတာ ဖြစ်တယ်။နန်ကျဲ့ဟာ သူမအတွက် စားဖို့သွား၀ယ်မယ်ဆိုပြီး ခုနကတင် ထွက်သွားတယ်။
သူမဟာ နန်ကျဲ့ထွက်သွားတဲ့ဘက်ကို ကြည့်ရင်း ဖုန်းတစ်ဖက်က သူမရဲ့မားကို ပြန်ပြောတယ်။ “မား သမီးနားမလည်ဘူး သမီးတို့က သာမန်အတွဲတွေလိုပါပဲ သမီးတို့ လွတ်လပ်စွာနဲ့ချစ်မိကြပြီး တည်ငြိမ်တဲ့ဆက်ဆံရေးရှိတယ် ဘာလို့ သမီးတို့လမ်းခွဲရမှာလဲ”
“သမီးတို့ မိုက်မဲတာတစ်ခုခုလုပ်မိလို့လား? လူတိုင်းကျေနပ်ဖို့အတွက်နဲ့ သမီးတို့လမ်းခွဲပေးရမှာလား? ဒီဆက်ဆံရေးက သမီးတို့၂ယောက်အပေါ်မူတည်တာမဟုတ်ဘူးလား”
“ချီယန် နင်အရွယ်ရောက်နေပြီမဟုတ်ဘူးလား? ဒီလိုတွေပြောဖို့ နင့်အတွက် ကလေးကလားဆန်တယ်မထင်ဘူးလား? ဒီနှစ်တွေထဲ ပါးနဲ့မားက နင် မားကို ဒီလိုပြောဖို့သင်ပေးခဲ့တာလား”
ချီယန်ဟာ ခေါင်းခဲသွားရတယ်။ “မား သမီးက ဒီတိုင်း မားကို ဒီအကြောင်းပြောပြချင်ရုံပါ သမီးတို့လမ်းခွဲဖို့လိုတယ်လို့ သမီးမထင်ဘူး”
“နင် မထင်တာ...နင်က ဘာကိုမှ မတွေးတာလေ။ နန်မိသားစုရဲ့ဖုန်းကောလ်က နင့်ပါးရဲ့ရုံးခန်းဆီ ရောက်ပြီးပြီဆိုတာ နင်သိလား”
“ဘယ်လို” ချီယန်ဟာ အံ့ဩသွားတယ်။ “သူတို့...”
“သူတို့ ပြီးခဲ့တဲ့၂ရက်က ဖုန်းခေါ်လာတယ်။ နင့်ပါးက ငါ့ဆီကနေ အဲ့ကိစ္စကို ဖုံးထားတာ။ ဒီနေ့ ဘာလို့ သူတို့ယူနစ်က ရုတ်တရက်ကြီး ၀န်ထမ်းတွေကိုနားခိုင်းလဲ ငါ မသိဘူး။ နာမည်စာရင်းတွေ မထွက်သေးဘူးဆိုပေမဲ့ ဘယ်လိုလုပ် ဒီလိုတိုက်ဆိုင်မှုမျိုးက ရှိနိုင်မှာလဲ။သူတို့ နင့်ပါးကို ခြိမ်းခြောက်နေတာ!”
“သမီး မားတို့ နန်မိသားစုကို စော်ကားလို့မရဘူး။ ပါးနဲ့မားက သမီးကို အလုပ်ကြိုးစားပြီး အနာဂတ်မှာ သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့သာမန်မိသားစုလေးကို ရှာတွေ့ဖို့ပဲ မျှော်လင့်တာပါ။ မားတို့ ဘာလို့နန်မိသားစုကို သွားဆွရမှာလဲ”
“သူဖြစ်ဖို့ လိုလို့လား။ အဲ့လိုမိသားစုမျိုးနဲ့ သူတို့က ဒီရိုးရှင်းတဲ့ ဆက်ဆံရေးလေးအတွက်နဲ့တင် သမီးကို အခုလိုဆက်ဆံနေပြီ။ လက်ထပ်ပြီးရင် သမီး ဘယ်လောက်တောင် အခက်တွေ့ရမလဲဆိုတာ သမီးသိလား”
“သမီးက အဝေးကြီးမှာ လက်ထပ်ပြီး အနိုင်ကျင့်ခံရရင် မားနဲ့ပါးက သမီးကို ချက်ချင်းလာပြီး ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ သမီး ဒါကို တစ်ခေါက်လောက် တွေးကြည့်သင့်တယ်။ သမီးက မားရဲ့တစ်ဦးတည်းသောသမီးလေး...မားက သမီးကို ကောင်းပဲကောင်းစေချင်တာပါ ဟုတ်ပြီလား။ နန်ကျဲ့နဲ့ လမ်းခွဲလိုက်ပါ...”
******