← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

289 01

Chapter 289 မြက်ခင်းကို မီးတောက်စေနိုင်တယ်။

Extra Chapter 13: အစ်ကိုကြီးရဲ့ဇာတ်လမ်း။

ဒီခရီးစဉ်လေးဟာ စောစောပြီးဆုံးသွားတယ်။ချီယန်ဟာ နန်ကျဲ့ကို ဘယ်လိုမျက်နှာချင်း ဆိုင်ရမလဲမသိဘူး။ဒီတော့ သူမ လေယာဉ်လက်မှတ်၀ယ်ပြီး အရင်ပြန်ခဲ့တယ်။

အဲ့နေ့ကစပြီး သူမတို့၂ယောက် လုံး၀အဆက်အသွယ် ပြတ်သွားခဲ့တယ်။

နန်ကျဲ့ဟာ အဲ့မှာ တစ်ယောက်တည်း အကြာကြီး ထပ်နေခဲ့တယ်။ကြာလွန်းလို့ သူ့မိသားစုကတောင်မှ သူနဲ့အဆက်အသွယ် ပြတ်တယ်ထင်ပြီး လူလွှတ်ရှာခိုင်းရတယ်။

နန်ကျဲ့ဟာ သူနဲ့ချီယန် လမ်းခွဲလိုက်တဲ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောဘူး။ကျန်းမြို့ကိုပြန်ရောက်တော့ သူဟာ ဘာမှမဖြစ်ခဲ့သလိုမျိုး ဆက်ပြီးအလုပ်လုပ်တယ်။လမ်းခွဲထားတဲ့ လူတစ်ယောက်နဲ့တူမနေဘူး။

နန်ကောဟာ နန်ကျဲ့ကို သူပြန်ရောက်ပြီး တစ်ပတ်နေတော့ တွေ့တယ်။

နန်ကျဲ့ဟာ ဟိုက်တက္ကသိုလ်ကိုလာပြီး သူမကို တစ်ခုခု လာပို့ပေးတာ။သူမတို့တွေ့တဲ့အခါ သူဟာ ပုံမှန်အတိုင်း စကားတွေပြောပြီး ရယ်ရယ်မောမောပဲ။

ဒါပေမဲ့ တစ်ခုခု မှားနေတယ်ဆိုတာကို နန်ကောဟာ သတိထားမိတယ်။

တစ်ခဏလောက်အောင့်အီးပြီး နောက်ဆုံးမှာတော့ သူမဟာ မေးလိုက်တယ်။ “အစ်ကို နင် အခုတလော ဘယ်လိုနေလဲ”

“ဘာလဲ” နန်ကျဲ့ဟာ မျက်ခုံးပင့်တယ်။

“အာ နင်နဲ့ အစ်မချီယန် လိုင်းပေါ်မှာ ထရန်းဖြစ်သွားသေးတယ်လို့ ငါကြားတယ်။ ငါ အခုတလော အရမ်းအလုပ်ရှုပ်နေလို့ မသိလိုက်ဘူး”

“ကိစ္စသေးသေးလေးပါ။ ပြီးပြီးသွားပြီ” သူ့ကြည့်ရတာ ဂရုစိုက်ပုံ မပေါ်ဘူး။

သူအခြေအနေ ကောင်းနေတာကိုမြင်ရတော့ နန်ကောဟာ ကျန်တဲ့စကားလုံးတွေကို တိတ်တဆိတ်မျိုချပြီး ရှည်ရှည်ဝေးဝေး ထပ်မမေးတော့ဘူး။

နောက်ရက်တွေမှာ နန်ကျဲ့ဟာ ချီယန့်အကြောင်းကို လုံး၀မပြောတော့ဘူး။သူ့မိသားစုဖြစ်ဖြစ်၊သူငယ်ချင်းတွေပဲဖြစ်ဖြစ် သူတို့လမ်းခွဲလိုက်ပြီဆိုတာကို ခန့်မှန်းမိကြပေမဲ့ ဘယ်သူကမှ သူ့ကို ဒီကိစ္စအကြောင်း မပြောရဲဘူး။နန်ကောတောင်မှ မမေးရဲဘူး။ချီယန်နဲ့ပတ်သက်ပြီးက နှစ်ကုန်ခါနီးလောက်မှာ သူမရဲ့နိုင်ငံခြားက ပိုစ့်တွေကို ဝီချက်မှာ နန်ကော တွေ့ရတယ်။

အောက်ကနေ သူမကို နိုင်ငံခြားမှာ ရိုက်ကူးနေတာလားဆိုပြီးမေးထားတဲ့ ယွမ်ချီ့ဆီက မှတ်ချက်လည်းရှိတယ်။

ချီယန်ဟာ အကြာကြီးနေမှ စာပြန်ထားတယ်: [မဟုတ်ဘူး။ငါ နိုင်ငံခြားကို ပညာလာသင်တာ။]

ဒါကိုမြင်တော့ နန်ကောဟာ သူမရဲ့သီးသန့်မက်ဆေ့ခ်ျကို အမြန်ဖွင့်လိုက်တယ်။အကြိမ်အနည်းငယ်လောက် စဉ်းစားပြီးတဲ့နောက်မှာ နိုင်ငံခြားကို သွားတဲ့အကြောင်း သူမ ချီယန်နဲ့ စကားပြောကြည့်တယ်။

ချီယန်က ပြောတယ်: [ခေါင်းဆောင်က ရှိုးကိုကြည့်ပြီးတော့ နှမြောစရာကောင်းလို့ဆိုပြီး သူ အစ်မကို နိုင်ငံခြားသွားပြီး အတူတူသင်ယူဖို့ အခွင့်အရေးပေးတာ။]

နန်ကောကမေးတယ်: [ဒါဆို အစ်မပြန်လာဖို့က ဘယ်လောက်လောက် ကြာမှာလဲ။ အစ်မ တကယ်ကြီး နှစ်အနည်းငယ်လောက်နေဖို့ လိုတာလား?]

289 02

ချီယန်က ပြန်ဖြေတယ်: [အင်း။အနည်းဆုံး၃နှစ်။]

[ညီမအစ်ကို သိလား...]စာရိုက်လို့ဆုံးတော့ နန်ကောဟာ ခဏတုံ့ဆိုင်းသွားပြီး ပြန်ဖျက်ကာ ဆုမွန်ကောင်းအဖြစ် ပြောင်းလိုက်တယ်။

အဲ့ကတည်းကစပြီး ချီယန့်ရဲ့ဝီချက်ပုံရိပ်တွေဟာ ထပ်တက်မလာတော့ဘူး။နန်ကောနဲ့သူမ နှစ်သစ်ကူးပွဲတော်မှာပဲ အချင်းချင်း နှုတ်ဆက်ဖြစ်ခဲ့ကြတယ်။

နန်ကော လက်ထပ်တဲ့အခါ ချီယန်ဟာ သတင်းရတာနဲ့ချက်ချင်း သူမကို အမ်ပေါင်း ပို့ပေးကာ ပျော်ရွှင်ဖို့အတွက် ဆုတောင်းပေးတယ်။

သူတို့ တကယ်လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းဟာ နန်ကောရဲ့ဘွဲ့လွန်ပြီးမှ သေချာသိရတော့တယ်။

သာမန်စကားဝိုင်းတစ်ခုအတွင်း နန်ကောမှာ နောက်ဆုံးတော့ မေးရဲသွားတယ်။

နန်ကျဲ့ဟာ အေးအေးဆေးဆေးပဲရှိပုံပြုမူကာ သူတို့ တကယ်လမ်းခွဲခဲ့ကြောင်း ၀န်ခံတယ်။

“ဒါဆို သူ နိုင်ငံခြား ထွက်သွားတာရော နင်သိလား”

နန်ကျဲ့က ပြန်ဖြေတယ်။ “ယွမ်ချီ ငါ့ကို ပြောတယ်”

အကြောင်းတချို့ကြောင့် ဒီအဖြေဟာ ၀မ်းနည်းစရာကောင်းလွန်းတယ်လို့ နန်ကော ခံစားရတယ်။

နန်ကော ငိုတော့မှာကိုမြင်တော့ သူမ သိချင်နေတယ်ဆိုတာ နန်ကျဲ့ သိလိုက်တယ်။ဒီတော့ သူ သူမကို လက်ထပ်ခွင့်တောင်းတဲ့ကိစ္စအကြောင်း ပြောပြလိုက်တယ်။

“နင်ရုတ်တရက် လက်ထပ်ခွင့်တောင်းလိုက်တာက သူ့ကို လန့်သွားစေတာလား”

နန်ကျဲ့ဟာ ခေါင်းခါပေမဲ့ ဘာမှတော့ဆက်မပြောဘူး။

သူ့မိသားစု ချီယန့်မိဘတွေကို လိုက်ရှာခဲ့တယ်ဆိုတာ အကြာကြီးနေမှ သူသိခဲ့ရတာ။

ကြာလွန်းလို့...သူတို့အဖွား ဆုံးပါးသွားပြီးတဲ့အချိန်မှ...

သူဟာ ဦးနှောက်မပါတဲ့ ယင်ကောင်လိုဘဲ။တစ်ခဏလောက် သူ ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိခဲ့ဘူး။အကြာကြီး တွေးကြည့်ပြီးတဲ့အခါမှာ သူ့ကိုယ်သူ အပြစ်အတင်သင့်ဆုံးလို့ သူခံစားရတယ်။

ချီယန်ဟာ နိုင်ငံခြားမှာ ၆နှစ်နေခဲ့တယ်။

ဒီအချိန်အတောအတွင်း သူမဟာ ဟိုက်မြို့ကစတူဒီယိုကို ပြန်ပြီး သူမရဲ့မိဘတွေဆီ သွားလည်ခဲ့တယ်။ဒါပေမဲ့ အကြာကြီးတော့ မနေဘူး။တစ်ယောက်ယောက်ကို တမင်တကာ ရှောင်နေတဲ့အလား။

သူမ နိုင်ငံခြားမှာကျော်ကြားလာခဲ့ပြီး ခေါင်းဆောင်ရဲ့သီးသန့်တပည့် ဖြစ်လာခဲ့တယ်။နန်ကျဲ့ဟာလည်း အဲ့အကြောင်းကို အဲ့အသိုင်းအဝိုင်းထဲက သူ့သူငယ်ချင်းတွေဆီက သိရတယ်။သူ့သူငယ်ချင်းတွေက ချီယန့်ရဲ့ “တန်ဖိုး” ဟာလည်း အများကြီး တိုးလာခဲ့ကြောင်းပြောတယ်။နိုင်ငံခြားမှာ သူမ တွဲလုပ်တဲ့လူတွေဟာ အကုန်အေအဆင့်အနုပညာရှင်တွေဖြစ်ပြီး ထိပ်တန်းဇိမ်ခံဘရန်းတွေ ဖြစ်တယ်။သူသာ အခုချိန် နောက်ထပ်ရှိုးတစ်ခုကိုလုပ်ခဲ့ရင် ချီယန်က နည်းပြတောင် လုပ်လို့ရနေလောက်ပြီ။

သူမ ပြန်ရောက်လာတဲ့သတင်းကိုလည်း နန်ကျဲ့ဟာ ယွမ်ချီဆီက ကြားသိရတယ်။

ပိတ်ရက်ညမှာ ကျင်းပတဲ့ပါတီဟာ ပုံမှန်အတိုင်းပါပဲ။ယွမ်ချီတစ်ယောက် နောက်ကျတယ်။သူဟာ သီးသန့်အခန်းတစ်ဝိုက်ကို ဟိုကြည့်ဒီကြည့်လုပ်ပြီး သူ့ဆီ လာတယ်။နန်ကျဲ့အနားမှာ ထိုင်နေတဲ့လူမရှိဘဲ လွတ်နေတဲ့ခုံတွေလည်း အများကြီးပဲ။သူ့နဲ့ ဆန့်ကျင်ဘက်က ဆိုဖာနဲ့ယှဉ်ရင် သူ့နေရာဟာ တိတ်ဆိတ်နေတယ်။

289 03

“ချီယန် ပြန်လာပြီ!” ယွမ်ချီဟာ ဖင်ထိုင်ချလိုက်တာနဲ့ သူ့ကို သတင်းကောင်းပြောဖို့ မစောင့်နိုင်ဘူး။ “ကံကောင်းတယ် ပြောရမယ်မလား။ ငါ ဒီကိုလာတော့ သူနဲ့လမ်းမှာ တွေ့တာ!”

နန်ကျဲ့ဟာ တုံ့ပြန်မှုမရှိဘူး။သူဟာ ခေါင်းငုံ့ရင်းသာ အဆက်မပြတ် သောက်နေတယ်။

“ကြည့် အစ်ကိုကြီးနန်! ဒီမှာ ငါ သူ့ဓာတ်ပုံ ခိုးရိုက်လာတယ် ကြည့်!”

သူ မလှုပ်မယှက် ရှိနေတာကိုမြင်တော့ ယွမ်ချီဟာ သူ့ကို တံတောင်နဲ့တောင်တွတ်ပြီး ဖုန်းကို စဉ်းစဉ်းစားစားနဲ့ ကမ်းပေးတယ်။

သူ သူမကို ကြည့်တော့မှပဲ ယွမ်ချီတစ်ယောက်ရပ်တော့မှာ။

မျက်လုံးထောင့်ကနေ သူ စခရင်ကို မြင်ရတယ်။နန်ကျဲ့ဟာ တစ်ချက်ကြည့်တယ်။သူ့မျက်လုံးတွေ တည်ငြိမ်လျက်။

သူ ထပ်ကြည့်တယ်။ပုံဟာ သိပ်မရှင်းဘူး။တကယ်ကို ခိုးရိုက်လာတာပဲ။

တစ်ဖက်လူဟာ ဘေးကိုလှည့်နေပြီး ချီယန်ဆိုတာကို သူ ယောင်ဝါးဝါးပဲ သတိထားမိတယ်။

ဒါပေမဲ့...

ချက်ချင်းပဲ ပုံထဲက သူမရဲ့ဆံပင်ကို မြင်လိုက်တဲ့အခါ နန်ကျဲ့ဟာ ဖန်ခွက်ကို ခပ်တင်းတင်းဆု ပ်လိုက်မိတယ်။

“သူ ဆံပင်ထပ်ညှပ်လိုက်ပြန်။ပြီ ဒီနှစ်တွေထဲ သူတစ်စက်မှ မပြောင်းလဲဘူး။ ငါ သူ့ကိုမြင်တုန်းကဆို ငါတို့ အထက်တန်းကို ပြန်ရောက်နေတယ်လို့တောင် ထင်မိတာ။ ဒါပေမဲ့ ကွာတာလေး နည်းနည်းတော့ ရှိတယ်မလား။ သူ့ဆံပင်က ဟိုးအရင်ကထက်တော့ နည်းနည်းလေးရှည်တယ် အရင်ကသူ့ရဲ့ဆံပင် ဒီလောက်ပဲရှိတာကို ငါ မှတ်မိသေးတယ်”

ယွမ်ချီ သူ့ဟာသူ ပြောနေတယ်။နန်ကျဲ့က စကားမပြောတာတောင်မှ သူ့ဟာ သူ့စကားထဲကို လုံး၀အာရုံစိုက်ထားတယ်။

“သူ့မိဘတွေ ကျန်းမြို့ကို ပြန်ပြောင်းလာတယ်။ သူပြောတာ သူ ပြန်ရောက်နေတာ တစ်ပတ်ရှိပြီတဲ့။ ဟိုက်မြို့မှာအလုပ်ရှုပ်နေတာတဲ့ ဒီနေ့မှ သူ သူ့မိဘတွေဆီ လာလည်ဖို့ အချိန်ရတာ”

ဒီနားမှာ ယွမ်ချီဟာ ခဏရပ်လိုက်တယ်။အဲ့နောက် သူဟာ ဖုန်းကိုဖယ်ပြီး နန်ကျဲ့ကို ထူးထူးဆန်းဆန်း ကြည့်တယ်။သူဟာ အသံကိုတိုးပြီး မေးတယ်။ “အစ်ကိုကြီးနန် သူ့အဖေရဲ့ပြဿနာက ဖြေရှင်းပြီးသွားပြီဆိုတာ မင်းသိလား”

“အော်” နန်ကျဲ့ဟာ နောက်ဆုံးတော့တုံ့ပြန်ပေမဲ့ ဘာမှဆက်မပြောဘူး။

ယွမ်ချီက ပြုံးတယ်။ “အဲ့တုန်းက သူ့အဖေ မှားတာဆိုပြီးဖြစ်ခဲ့တာ မဟုတ်ဘူးလား။ အကြောင်းတစ်ခုခုကြောင့် အမှန်တရားက ရုတ်တရက်ကြီး ထွက်လာတာ။ အဲ့တုန်းက ဒီကိစ္စနဲ့ဆက်နွယ်တဲ့လူတွေ ထွက်လာပြီး ဖြေရှင်းကြတာ။ မင်း ထူးဆန်းတယ်မထင်ဘူးလား။ နှစ်တွေအများကြီး ကြာနေပြီကို။ ဒါပေမဲ့ ဒီလူတွေက တကယ်ကြီး အသိတရား၀င်လာတယ်”

ဒါကိုကြားတဲ့အခါ နန်ကျဲ့ဟာ ခေါင်းလှည့်ပြီး သူ့မျက်လုံးနဲ့ဆုံတယ်။

“ကျစ် မင်း ဘာပြောချင်တာလဲ”

ယွမ်ချီဟာရယ်ရင်း လက်ကို သူ့ပုခုံးပေါ် တင်တယ်။ “အစ်ကိုကြီးနန် မင်း အခြားလူတွေကို ဖုံးထားတာကရပါတယ်။ ငါတို့ဆက်ဆံရေး ကျတော့ မင်း ငါ့ကို အမှန်တိုင်း ပြောပြလို့မရဘူးလား”

သိသိသာသာကိုပဲ နန်ကျဲ့ဟာ သူ့ကိုမပြောပြချင်ဘဲ ဆက်သောက်တယ်။ယွမ်ချီဟာ အားလုံးကိုသိတဲ့အတိုင်း ပုခုံးတွန့်တယ်။

289 04

“မင်းမပြောဘူးဆိုတောင် ငါခန့်မှန်းမိပါတယ်၊ ကမ္ဘာပေါ်မှာ ဘယ်လိုလုပ် လူကောင်းတွေ အများကြီးရှိနိုင်မှာလဲ။ မင်း အချိန်အကြာကြီး ပြင်ဆင်ခဲ့ရမှာပဲ။ မင်း ဘာမှမလုပ်ဘဲမနေခဲ့ပါဘူး။ မင်း ပြဿနာကို အမြစ်ကနေ ဖြတ်ဖို့ ကြိုးစားခဲ့တယ်”

ဒါပေမဲ့လည်း ဒီပြဿနာဟာ မရိုးရှင်းဘူး။လူတွေ အများကြီး ပါ၀င်ပတ်သက်နေတာ။အလွယ်တကူ ဖြေရှင်းလို့ရမဲ့ဟာမျိုး မဟုတ်ဘူး။ “အစ်ကိုကြီးနန် မင်းတွေးဖူး...”

နန်ကျဲ့ဟာ ချက်ချင်း ပြန်ပြောတယ်။ “ဟင့်အင်း”

“ဟူး” သူတို့၂ယောက်အတူရှိနိုင်ဖို့ကို ယွမ်ချီဟာ မျှော်လင့်မိတုန်း။သူဟာ နန်ကျဲ့ကို အမြန်နားချတယ်။ “မင်းက အခုလူလွတ်ဖြစ်ပြီး မင်းကို တားမဲ့မိသားစုလည်း မရှိဘူး။ သူ့အဖေရဲ့ပြဿနာလည်း‌ ဖြေရှင်းပြီးပြီ။ သူ့မှာ အောင်မြင်တဲ့ အလုပ်အကိုင်လည်းရှိနေပြီ။ သူ့မှာ ကောင်လေးမရှိမှန်းတောင် ငါ မင်းအတွက် ကူစုံစမ်းပေးခဲ့သေးတယ်။ ဒါကြောင့် အားလုံးပျော်လို့ရပြီ ဘာလို့ မင်းတို့အချင်းချင်း နှိပ်စက်နေမှာလဲ။ မင်းတို့၂ယောက်လုံး အရိုက်ခံချင်နေတာလား”

“မင်းက မငယ်တော့ဘူး။ ငါတောင် လက်ထပ်တော့မယ်။ မင်းတို့၂ယောက်က အတူမရှိသေးဘူး။ မင်းက အဆင်မပြေတဲ့ ဆက်ဆံရေးထဲမှာရှိနေတာ။ မင်းရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါရပ်ကြည့်မနေနိုင်ဘူး”

နန်ကျဲ့ဟာ သူ့ရဲ့ပွစိပွစိတွေကြောင့် နည်းနည်းစိတ်ရှုပ်လာတယ်။

“မင်းမှာ အောင်သွယ်တော် လုပ်လို့ရတဲ့အရည်အချင်း ရှိတယ်ဆိုတာ ငါ ဘာလို့မသိခဲ့ပါလိမ့်”

ယွမ်ချီ ကပြောတယ်။ “ဒီနှစ်တွေထဲ မင်းသာ နောက်တစ်ယောက်နဲ့တွဲခဲ့ပြီး သူ့အကြောင်း သိပ်တွေးမနေဘူးဆို ငါ ဒါကို ‌ကျိန်းသေပေါက် မင်းအရှေ့မှာ ပြောမှာမဟုတ်ဘူး။ ငါတို့အားလုံးကညီအစ်ကိုတွေလေ ငါ ဘာလို့မင်းကို အခက်တွေ့အောင် လုပ်ရမှာလဲ”

“ငါ ဒါကိုပြောရတယ်ဆိုတာက မင်းတို့၂ယောက်အတွက် အခွင့်အရေး ရှိသေးတယ်ထင်လို့ပဲ အဲ့တုန်းက မင်းတို့၂ယောက်ကြားမှာ မီးပွားလေးတွေ ကျန်ခဲ့ပါတယ်။ မရှိသလိုပုံ ပေါ်ကောင်းပေါ်နိုင်ပေမဲ့ လေပြင်းတစ်ချက်က မြက်ခင်းကို မီးတောက်စေနိုင်တယ်...”

******

All Chapters