အခန်း ၂၉၀
Vol. 29 Ch. 290
290 01
Chapter 290 ထပ်ကြိုးစားကြည့်ရအောင်။
Extra Chapter 14: အစ်ကိုကြီးရဲ့ဇာတ်လမ်း။
နန်ကျဲ့နဲ့ယွမ်ချီဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြီး ရွယ်တူတွေကြားမှာ ဆက်ဆံရေးအကောင်းဆုံး ဖြစ်တယ်။သူတို့ တကယ်အတူကြီးပြင်းလာပြီး သမိုင်းကြောင်းတွေလည်း ရှိခဲ့တယ်ဆိုတာ ချဲ့ကားပြောတာ မဟုတ်ဘူး။သူတို့ငယ်ငယ်တုန်းက သူတို့ပြဿနာ အများကြီး ရှာခဲ့တယ်။
နန်ကျဲ့ သူ့စိတ်ထဲမှာ ချီယန်ရှိရှိ၊မရှိရှိ ယွမ်ချီ့မျက်လုံးတွေကနေ မလွတ်မြောက်နိုင်ဘူး။
ယွမ်ချီရဲ့စကားတွေဟာ အကျိုးအကြောင်း ဆီမလျော်တာ မဟုတ်ဘူး။အဆုံးသတ်ကျ နန်မိသားစုပြီးရင် သူကပဲ နန်ကျဲ့အကြောင်းကို အကောင်းဆုံးသိတာ။
“ဟေး အစ်ကိုကြီးနန် ငါ သူ့ကို ငါ့လက်ထပ်ပွဲကိုဖိတ်လို့ရှိရင် မင်း အခွင့်အရေးကို ဖမ်းဆုပ်လို့ရတယ်”
ယွမ်ချီဟာ ဒီအတွဲကို အောင်သွယ်ပေးမယ်လို့ စိတ်ဆုံးဖြတ်ထားပြီးပြီ။သူ နန်ကျဲ့ရဲ့ဘက်တော်သားဖြစ်ဖို့ အတတ်နိုင်ဆုံးကြိုးစားမယ်။ “မင်း အနာဂတ်မှာ လက်ထပ်လို့ရှိရင် မင်း ငါ့ကို အဓိကစားပွဲမှာ ထိုင်ခိုင်းလို့မရဘူးနော်။ မင်း ငါနဲ့ငါ့ဇနီးအတွက် စားပွဲသက်သက် လုပ်ပေးရမယ်!”
နန်ကျဲ့ဟာ ပြုံးတယ်။သူ သူ့ရဲ့လုပ်ရပ်တွေကို သဘောမတူပေမဲ့ တားလည်းမတားဘူး။
ယွမ်ချီရဲ့အမြင်မှာတော့ ဒီအပြုအမူဟာ အသံတိတ် သဘောတူနေတာပဲ။
ယွမ်ချီ့ရဲ့လက်ထပ်ပွဲဟာ မေလအလယ်မှာ ဖြစ်တယ်။သူဟာ ချီယန့်ဆီကို ဖိတ်စာ ချက်ချင်းပို့လိုက်တယ်။
ဖိတ်စာကို လက်ခံရရှိတဲ့ချီယန်ဟာလည်း အရမ်းအံ့သြသွားခဲ့တယ်။ယွမ်ချီဟာ သူမ မလာမှာကိုစိုးပြီး သူမကို ဖုန်းတွေပါ ခေါ်ကာ ခဏခဏသတိပေးတယ်။ “ငါ့ကောင်ယန် မင်း လာရမယ်နော်”
“မပူပါနဲ့ ငါ သေချာပေါက် လာပါမယ်”
“အော် ဟုတ်သား မင်းမှာ အချိန်ရှိတယ်ဆို ငါ သတို့သားအရံ လိုနေသေးတယ် မင်း ဘာလို့ ငါ့ကို မကူတာလဲ”
ချီယန့်ကို သတို့သားအရံ လုပ်ခိုင်းတာနဲ့ပတ်သက်ပြီး ယွမ်ချီဟာ တစ်ခုခု မှားတယ်လို့ မထင်ဘူး။ဘယ်လိုပဲဖြစ်ဖြစ် အရင်ကလည်း သူ သူမကို သူငယ်ချင်းကောင်းအနေနဲ့ ဆက်ဆံခဲ့တာပဲလေ။
ဒါဟာ ကိစ္စကြီး မဟုတ်ဘူး။
တုံ့ဆိုင်းမှုမရှိဘဲ ချီယန်ဟာ သဘောတူတယ်။ “ကိစ္စမရှိဘူး ငါအခုတလောအားတယ် လုပ်ပေးနိုင်တယ်။ ငါဘာလုပ်ပေးရမလဲ”
“မနက်ဖြန် ငါတို့အ၀တ် သွားစမ်း၀တ်ကြည့်ရင်ရော”
“သေချာပေါက်ပေါ့”
နောက်တစ်နေ့နေ့လည်မှာ ချီယန်ဟာ ကျန်းမြို့ကို ကျည်ဆန်ရထားစီးသွားတယ်။သူမ ဘူတာရုံကနေ ထွက်မလာခင် ယွမ်ချီဆီက စာကို ရတယ်။ဘူတာရုံကားပါကင်ရဲ့လိပ်စာ ဖြစ်တယ်။သူမကို လာကြိုဖို့ သူ လူလွှတ်လိုက်တယ်။
အမှတ်အသားကြောင့် ချီယန်ဟာ တည်နေရာကို အမြန်ရှာတွေ့သွားတယ်။
290 02
ဒါပေမဲ့ သူမ အနားကို ချဉ်းကပ်သွားလိုက်တော့ သူမဟာ ရုတ်တရက် အေးခဲသွားသလိုမျိုး နေရာမှာတင်ရပ်လိုက်မိတယ်။သူမဟာ ရင်းနှီးနေတဲ့အနက်ရောင် Mercedes-Benz ကို ငေးစိုက်ကြည့်မိတယ်။
သူမရဲ့မှတ်ဉာဏ်ထဲမှာ နန်ကျဲ့ဟာ ဒီလိုနိမ့်တဲ့ကားတွေကို မကြိုက်ဘူး။ဒါပေမဲ့ သူ သူမကို အလုပ်လာကြိုတဲ့အချိန်တိုင်း အထူးသဖြင့် ရိုက်ကူးရေးလုပ်တုန်းက သူ ဒီကားကို မောင်းမောင်းလာတတ်တယ်။
လွန်ခဲ့တဲ့နှစ်တွေထဲ သူမ နန်ကျဲ့ရဲ့လှုပ်ရှားမှုတွေကို အမြဲသိရတယ်။တစ်၀က်ဟာ နန်ကောရဲ့ဝီချက်ပုံရိပ်တွေဆီကဖြစ်ပြီး ကျန်တစ်၀က်ဟာ ယွမ်ချီဆီက။သူမပါးရဲ့ကိစ္စဟာ အဲ့တုန်းက ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခဲ့တယ်။နောက်ဆုံးတော့ အမှန်တရား ပေါ်ပေါက်လာတဲ့အခါ လူတိုင်းဟာ သက်ပြင်း ချကြတယ်။သူမကသာ နန်ကျဲ့ ဒီကိစ္စကို ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့လဲဆိုတာ သိချင်တဲ့တစ်ယောက်သောသူ။
သူမ နန်ကျဲ့ကိုကျေးဇူးတင်ဖို့ အခွင့်အရေးကို အမြဲရှာချင်နေခဲ့ပေမဲ့ မလုပ်ရဲခဲ့ဘူး။
ကားတစ်စီးဟာ သူမအနောက်ကနေ၀င်လာပြီး သူမက လမ်းပိတ်နေတာကိုမြင်တဲ့အခါ အကြိမ်ရေအနည်းငယ် ဟွန်းတီးတယ်။
ကားပါကင်ဟာ ဘာမှမရှိတော့ဘူး။ဟွန်းတီးသံဟာ ချီယန့်ကို လန့်သွားစေလွန်းလို့ သူမဟာ ပုခုံးလေး ကျုံ့၀င်သွားပြီး ဘေးကို ဖယ်ပေးလိုက်တယ်။
ကားထွက်သွားတဲ့အခါ သူမ အသက်ကိုပြင်းပြင်းရှူကာ အရှေ့ကို လျှောက်သွားတယ်။
ဒေါက် ဒေါက်။သူမဟာ ခါးကိုင်းပြီး ဒရိုင်ဘာပြတင်းပေါက်ကို ခေါက်လိုက်တယ်။တစ်အောင့်ကြာတော့ အထဲကလူဟာ ပြတင်းပေါက်မှန်ကိုချကာ ရင်းနှီးတဲ့ မျက်နှာလေးဟာ ပေါ်လာတယ်။
“အစ်ကိုနန်”
သူ့မျက်နှာမှာ ဘာအမူအရာမှ ရှိမနေဘူး။သူ့အကြည့်ဟာ သူမမျက်နှာဆီ တစ်စက္ကန့်လောက် ရပ်နားသွားပြီး အမြန်ပဲ ရှောင်ဖယ်သွားတယ်။သူဟာ ကားစက်နှိုးရင် သူမကို စကားပြောတယ်။ “ယွမ်ချီက မအားဘူး။ သူ ငါ့ကို နင့်ကို လမ်းမှာ ၀င်ခေါ်ခိုင်းလို့ အထဲ၀င်”
“အိုကေ” ချီယန်ဟာ သူမကိုယ်သူမ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားခဲ့ပြီးသား။သူမ ကားကို ပတ်လျှောက်လိုက်ပြီး ခရီးသည်ခုံမှာ ၀င်ထိုင်တယ်။
ကားပါကင်ထဲကနေ အပြင်ကိုရောက်ဖို့ ၅မိနစ်၊၆မိနစ်လောက် ကုန်ဆုံးသွားတယ်။ကားထဲမှာ ဘယ်သူမှ စကားမပြောကြဘူး။ချီယန်ဟာ တွေးကြည့်ပြီး သူ့ကိုနှုတ်ဆက်တာ ပိုကောင်းမယ်လို့ခံစားရတယ်။
အရင်ကရှိခဲ့တဲ့ဆက်ဆံရေးကို ဘေးဖယ်ထားရင် သူမတို့နှစ်ယောက်ဟာ အတန်းဖော်ဟောင်းတွေ။ “အစ်ကိုနန် နင် လွန်ခဲ့တဲ့နှစ်တွေထဲ ဘယ်လိုလဲ”
ပုံမှန်လုပ်ထုံးလုပ်နည်းတွေ အရဆိုရင်တော့ တစ်ဖက်လူဟာ သေချာပေါက် “မဆိုးပါဘူး” ဒါမှမဟုတ် မေးခွန်းထည့်မမေးခင် “မဆိုးပါဘူး” ဆိုပြီးပြောလိမ့်မယ်။
ဒါပေမဲ့ နန်ကျဲ့တို့ကတော့ ငြင်းဆန်တယ်။သူဟာ သူမကို မျက်လုံးထောင့်ကနေ လှမ်းကြည့်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာတယ်။ “ငါ ကောင်းလားမကောင်းလားဆိုတာ နင် မပြောနိုင်ဘူးလား”
ပြန်စတွေ့ကတည်းက ချီယန် တကယ်တော့ သူ့ကိုပေါ်တင်ကြီး မကြည့်ရဲခဲ့ဘူး။သူ့စကားကိုကြားတော့ ချီယန်မနေနိုင်ဘဲ သူ့ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။
နှစ်တွေအများကြီး သူ့ကိုမတွေ့ရတဲ့နောက်ပိုင်းမှာ နန်ကျဲ့ဟာ ပိုပြီးရင့်ကျက်လာပုံ ပေါ်တယ်။သူ့ရဲ့ဘေးတိုက်မျက်နှာအရ အရင်တုန်းကနဲ့ယှဉ်ရင် သူ ဝိတ်အတော်ကျသွားပုံလည်း ရတယ်။
အရင်တုန်းက ငယ်ရွယ်မှုကို သူ့မျက်ခုံးတွေကြားမှာ မမြင်ရတော့ဘူး။အပိုဆောင်းအနေနဲ့ ဘာမှမထူးမခြားနားခြင်း ခပ်ရေးရေးလေးတွေ ရှိတယ်။
290 03
၆နှစ်ဟာ မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားခဲ့တာ။
သွားတဲ့လမ်းမှာ သူမတို့၂ယောက်ဟာ ထပ်ပြီးစကား မပြောဖြစ်တော့ဘူး။ဟိုကိုရောက်တော့ နန်ကျဲ့ဟာလည်း သတို့သားအရံတွေထဲက တစ်ယောက်ဖြစ်ကြောင်းကို ချီယန်သိလိုက်ရတယ်။
အစကတည်းက သူမရဲ့ဦးနှောက်ကို မသုံးမိတဲ့ သူမကိုယ်သူမပဲ အပြစ်တင်နိုင်တော့တယ်။သူတို့ သူငယ်ချင်းဆက်ဆံရေးနဲ့ကို ဘယ်လိုလုပ် နန်ကျဲ့က သတို့သားအရံ မလုပ်ဘဲနေပါ့မလဲလို့။
ယွမ်ချီရဲ့ဇနီးဖြစ်သူဟာ မြောက်ပိုင်းကဖြစ်တယ်။သူတို့နှစ်ယောက်ကို အကျိုးစီးပွားအရ အိမ်ထောင်ရေးလို့ သတ်မှတ်လို့ရပေမဲ့ သူတို့အချင်းချင်း မရင်းနှီးတာမျိုးတော့ မဟုတ်ဘူး။သူတို့ဟာ အချစ်မှာ ပျော်၀င်နေတဲ့ တက်သစ်စအတွဲလေးနဲ့တောင် တူသေးတယ်။ကြည့်ရတာ နှစ်ဖက်လုံးဟာ တစ်ယောက်ကို တစ်ယောက် အရမ်းကျေနပ်အားရပုံပေါ် တယ်။
ညရောက်တော့ အဖွဲ့ဟာ အနီးအနားက ပင်လယ်စာ သွားစားခဲ့ကြတယ်။စားပြီးတဲ့အခါ ယွမ်ချီနဲ့အခြားလူတွေဟာ ဆင်ခြေတွေပေးကာ နန်ကျဲ့နဲ့ချီယန်ကိုထားခဲ့ပြီး အရင်ပြန်သွားကြတယ်။
နောက်နှစ်ရက်လုံး ချီယန်ဟာ ဟိုက်မြို့ကို ပြန်ဦးမှာ မဟုတ်ဘူး။သူမ လောလောဆယ် သူမရဲ့မိဘတွေနဲ့နေဖို့ စီစဉ်ထားတယ်။
“ဒါဆို ငါအရင်ပြန်တော့မယ် အစ်ကိုနန်” ညစာစားနေတဲ့အချိန်အတွင်းမှာလည်း နန်ကျဲ့ဟာ အရမ်းအေးတိအေးစက်နဲ့။နောက်မှပဲ သူနဲ့ စကားကောင်းကောင်းပြောဖို့ အခွင့်အရေးကို ရှာတော့မယ်ဆိုပြီး ချီယန်ဟာ စိတ်ကူးလိုက်တယ်။နန်ကျဲ့ဟာ အခွင့်အရေးကို ယူပြီး မေးလာတယ်။ “ဘယ်မှာနေမှာလဲ။ ငါလိုက်ပို့ပေးမယ်”
“မလိုဘူး ဒီကနေဆို တက္ကစီငှားလို့အဆင်ပြေပါတယ်”
“ယွမ်ချီ ငါ့ကို နင့်ပြန်လိုက်ပို့ ခိုင်းထားတယ်”
“.....” ထပ်ပြီး ယွမ်ချီဖြစ်ပြန်ပြီ။
ဒီနေရာဟာ သူမမိဘတွေနေတဲ့နေရာနဲ့ နည်းနည်းဝေးတယ်။အဲ့ကိုမောင်းဖို့ဆို မိနစ်၅၀ထက် ပိုကြာမှာ။
လမ်းခရီးမှာ ခုနကလိုပဲ ကို့ရို့ကားယားနိုင်နေလိမ့်မယ်လို့ သူမ ထင်ခဲ့တာ။
မထင်မှတ်ဘဲ သူမ ကားထဲ၀င်ပြီး သိပ်မကြာဘူး။ချီယန်ဟာ သူ့ဘက်ကနေစပြီး စကားလမ်းကြောင်း လွှဲတာကို ကြားလိုက်ရတယ်။ “နောင်လည်း နင်နိုင်ငံထဲမှာပဲ ရှိမှာလား”
“အင်း ငါထပ်ထွက်ရင် ငါ့မိဘတွေလည်း သဘောမတူတော့ဘူး ငါ နိုင်ငံခြားမှာနေတာ ကြာသွားတယ်လေ”
“အတော်ကြာကြာပဲ” နန်ကျဲ့ဟာ ရုတ်တရက် ထရယ်တယ်။
သူ့ရဲ့ရယ်သံကိုကြားတော့ ချီယန့်ရဲ့အကြည့်ဟာ ဝေ့ဝဲသွားပြီး အဆုံးမှာ ပြတင်းပေါက်အပြင်ဆီ ရောက်သွားတယ်။
“ဒီလောက်နှစ်တွေ အကြာကြီးကို နင်ကောင်လေး မရသေးဘူးလား”
ချီယန်ဟာ သူ ဒါကိုမေးမယ်မထင်ထားဘူး။တစ်ခဏတာ သူမရဲ့အသက်ရှူနှုန်း ချိနဲ့သွားတယ်။
သူမအတွက် တုံ့ပြန်ဖို့ကို အချိန်တစ်ခု ယူရတယ်။
290 04
“နင် သင့်တော်တဲ့လူကိုမတွေ့တာ ဒါမှမဟုတ် တွဲချင်စိတ် မရှိတာလား” ခဏနားပြီးတော့ သူဟာ သူမဘက်ကို စောင်းငဲ့ကြည့်တယ်။ “ဒါမှမဟုတ် နင် ငါ့အကြောင်းကို တွေးနေတုန်းလား” ချီယန်ဟာ အံ့အားသင့်သွားတယ်။
ချီယန်ဟာ ရုတ်တရက်မော့ကြည့်ပြီး ကားပြတင်းပေါက်မှန်မှာ ရောင်ပြန်ဟပ်နေတဲ့ မျက်နှာအစိတ်အပိုင်းတွေကို မြင်လိုက်ရတယ်။သူ့အကြည့်ဟာ သူမနဲ့ လာဆုံတယ်။
သူမဟာ မဖြေခဲ့သလို နန်ကျဲ့ဟာလည်း ထပ်မမေးဘူး။
အဲ့တာဟာ သူ သူငယ်ချင်းဟောင်းကို ဒီတိုင်းစနောက်နေသလိုမျိုးပဲ။သူက သာမန်ပဲဆိုပေမဲ့ သူမကတော့ မတည်ငြိမ်နိုင်ဘူး။
ကျန်တဲ့လမ်းခရီးတစ်ခုလုံး ချီယန်ဟာ ဂနာမငြိမ် ဖြစ်နေခဲ့တယ်။
အကြောင်းတစ်ခုခုကြောင့် သူမရဲ့ရင်ထဲကနေ အရေးတကြီး ပေါက်ကွဲထွက်တော့မလို ခံစားရတယ်။သူမ နိုင်ငံခြားကိုရောက်သွားကတည်းက တစ်ခါမှမခံစားခဲ့ရတဲ့ခံစားချက်တစ်ခု။
သူမဟာ အကြာကြီးတွေးကြည့်ခဲ့ပြီး နောက်ဆုံးမှာတော့ ကားရပ်သွားတဲ့အခါ အဖြေရလိုက်တယ်။
ဒီခံစားချက်ဟာ နန်ကျဲ့ သူမကို အတူတူရှိဖို့ မေးခဲ့တုန်းက ခံစားချက်နဲ့ တစ်ထပ်တည်းပဲ။
မြင်ကွင်းဟာ အခုထိ သူမစိတ်ထဲ လတ်ဆတ်နေတုန်းပဲ။အဲ့တုန်းက သူ့ရဲ့လေသံကိုတောင်မှ သူမ မှတ်မိတယ်။သူမကို ကြည့်တဲ့အချိန် သူ့မျက်လုံးထဲက တဟုန်ထိုးခံစားချက်တွေကိုရော။
တစ်ခဏလောက် ချီယန်ဟာ ဒီခံစားချက်ကို ဆုပ်ကိုင်ထားချင်မိတယ်။ဒါပေမဲ့ သူမရဲ့ဆင်ခြင်တုံတရားဟာ ပြန်၀င်လာတယ်။အဲ့တုန်းက သူမဟာ လမ်းခွဲဖို့ကို အရင်စပြောခဲ့တဲ့လူဆိုတာကို သတိပေးနေတယ်။
အခု သူမတို့ဟာ ၂၀အရွယ်မှာ ကမူးရှုးထိုး ဆန်ခဲ့ကြတဲ့အသက်အရွယ် မဟုတ်တော့ဘူး။
သူမ အသိပြန်၀င်လာတော့ ချီယန်ဟာ ခါးပတ်ကိုဖြုတ်ကာ သူ့ကို ကျေးဇူးတင်စကားဆိုတယ်။ “အစ်ကိုနန် လမ်းမှာဂရုစိုက်ပါ”
ပြောပြီးတဲ့အခါ သူမဟာ တံခါးဖွင့်ပြီး ကားထဲကထွက်ဖို့ လုပ်တယ်။
သူမရဲ့လက်က မလှမ်းရသေးခင်မှာဘဲ ကားထဲမှာ ရုတ်တရက် လော့ကျသွားတဲ့အသံ ထွက်လာတယ်။
သူမဟာ အလန့်တကြားနဲ့ ခေါင်းလှည့်ကြည့်တော့ ခုံမှာ ပျင်းရိပျင်းတွဲနဲ့ မှီထိုင်နေတဲ့နန်ကျဲ့ကို တွေ့ရတယ်။သူဟာ ခေါင်းငုံ့ပြီး ဆေးလိပ်ဘူးထဲက ဆေးလိပ်တစ်လိပ် ထုတ်တယ်။သူဟာ ဆေးလိပ်ကို ငွေရောင်နှင်းဆီပါတဲ့ မီးခြစ်နဲ့ ဖြည်းဖြည်းချင်း မီးညှိတယ်။
သူ တကယ်ကြီး သိမ်းထားသေးတာပဲ...။
အဲ့အခိုက်အတန့်မှာ ချီယန်ဟာ သူမရဲ့ရင်ခုန်သံတွေ မြန်ဆန်လာလွန်းလို့ အခြားဘာအသံကိုမှ မကြားရတော့တဲ့အထိ ဖြစ်သွားတယ်။
နန်ကျဲ့ပြောတဲ့ဟာကို ကြားတော့ သူမ မှားကြားတယ်လို့ထင်မိတာ။ “နင် ငါ့မေးခွန်းကိုမ ဖြေရသေးဘူး”
ခုနကမေးခွန်း။
နိုင်ငံခြားကိုထွက်ပြီး အကြာကြီးနေခဲ့တာတောင် သူမမှာ ဘာလို့တွဲနေတဲ့လူ မရှိတာလဲ။
“နင်ကရော” ချီယန်ဟာ မဖြေတော့ဘဲ ခပ်ရဲရဲပဲ မေးလိုက်တယ်။ “နင်ကရော ဘာလို့ မတွဲခဲ့တာလဲ”
290 05
သူမနိုင်ငံခြားကို ရောက်ကတည်းက ယွမ်ချီဟာ နန်ကျဲ့ လူလွတ် ဖြစ်နေတုန်းဆိုတာကို နှစ်တိုင်း သူမကို သွယ်ဝိုက်ပြီး ပြောပြတတ်တယ်။
နန်ကျဲ့ဟာ ခေါင်းငုံ့ပြီး ဆေးလိပ်သောက်တယ်။ခဏကြာတော့ သူကပြောတယ်။ “သင့်တော်တဲ့လူကို မတွေ့လို့”
သူ့ရဲ့မျက်နှာအစိတ်အပိုင်းတွေကို ဆေးလိပ်ငွေ့တွေက ကွယ်ထားတာမို့ သူ့မျက်နှာပေါ်က အမူအရာကို ချီယန် မမြင်ရဘူး။ဒါပေမဲ့ သူ လိမ်နေတယ်ဆိုတာကိုတော့ သူမ ပြောနိုင်တယ်။
၂ယောက်ကြားမှာ အရမ်းကိုမှရှည်လျားတဲ့ အသံတိတ်ငြိမ်သက်မှုကြီး ရှိနေခဲ့တယ်။သူ သူမဘက်က စကားပြောဖို့ကို စောင့်နေတာ။
သူ စိတ်တိုတိုနဲ့ ဒုတိယဆေးလိပ်ကို မီးညှိဖို့လုပ်တော့ ချီယန်ဟာ သူ့လက်ကို ဖိချတယ်။ “ငါ သင့်တော်တဲ့လူကို ရှာမတွေ့ခဲ့ဘူးပြောရင် နင် ငါ့ကို ယုံမှာလား”
နန်ကျဲ့ဟာ မော့ကြည့်ပြီး အေးတိအေးစက် ခနဲ့တယ်။ “ဒါဆို နင့်လိုအပ်ချက်တွေက မြင့်သားပဲ။ ငါကကျ မသင့်တော်ဘူး။ နိုင်ငံခြားက ယောက်ျားတွေထဲမှာ ကျပြန်တော့လည်း နင် တစ်ယောက်ယောက်နဲ့ မတွေ့နိုင်ခဲ့ဘူး။ နင်က ဘယ်လိုလူကို ရှာနေတာလဲ။ ငါ နင့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရင်ရော”
ရင်းနှီးတဲ့ခပ်ရွဲ့ရွဲ့လေသံမှာ ချီယန်ဟာ သက်ပြင်း အသာချမိတယ်။
“မိတ်ဆက်ပေးဖို့ မလိုဘူး” သူမဟာ ပြုံးပါပြုံးလိုက်မိတယ်။ပြုံးရယ်ပြီးတဲ့နောက် သူမဟာ တည်ငြိမ်ချင်ဟန် ဆောင်တယ်။ “ဒါကိုပြောဖို့က နည်းနည်း လွန်ရာကျပေမဲ့လည်း နင်က အသင့်တော်ဆုံးလို့ ငါထင်တယ်”
သူ မျက်ခုံးပင့်မိတယ်။ “နင် အဲ့မှာနေခဲ့တာ ၆နှစ်ကို ငါကအကောင်းဆုံးလို့ နင် ထင်သေးတယ်ပေါ့ ကျစ် ဆုတောင်းလေ”
သူမဟာ နောက်ဆုံးတော့ စကားကို ပြင်လိုက်တယ်။ “အဲ့မှာ ယောက်ျားတွေ အများကြီးရှိပေမဲ့ ငါ သူတို့နဲ့ တွဲချင်စိတ်မရှိဘူး။၊ ငါက အရှက်မရှိ နင့်ကိုပဲ တွေးနေမိတုန်း”
“အဲ့တော့” ဒီတစ်ခေါက် နန်ကျဲ့ဟာ ပုံမှန်ဆို သူ့ရဲ့ဦးဆောင်တတ်မှုကိုပြင်ပြီး သူမကို စိတ်ရှည်ရှည်နဲ့ လမ်းကြောင်းပေးတယ်။
ခဏလောက်ကြာတော့ နန်ကျဲ့ဟာ အဆုံးမှာ သူ ကြားချင်ခဲ့တဲ့စကားကို ကြားလိုက်ရတယ်။ “ငါ ဒီတစ်ခါ သေချာပေါက် စစ်ပြေး မလုပ်တော့ပါဘူး။ နန်ကျဲ့ ထပ်ကြိုးစားကြည့်ရအောင်...”
******