အခန်း ၂၉၂
Vol. 30 Ch. 292
292 01
Chapter 292 ငါ့ကို လာမထိနဲ့။
Extra Chapter 2: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။
ယွီယွီဟာ မသိစိတ်ကနေ သူမကို ဆက်နေဖို့အတွက် နားချချင်တယ်။ဒါပေမဲ့ သူမရဲ့ဘယ်လိုမှ မနေတဲ့ အမူအရာကို မြင်တဲ့အခါ သူ သူ့ကိုယ်သူ တားလိုက်တယ်။
သူဟာ သဘောတူညီမှုကို ချိုးဖောက်ပြီး ယိုင်နဲ့တဲ့အတွေးတွေ ရှိခဲ့တယ်။
ဒါပေမဲ့ စုဟွေးကတော့ မဟုတ်ဘူး။သူမဟာ သူ့ကို အရင်လိုမုန်းတီးနေတုန်းပဲ။
နီးစပ်ဖို့ တကယ် မဖြစ်နိုင်တော့တဲ့ပုံဘဲ...။
သူ ခံစားနေရတာကို သူ မဖော်ပြနိုင်ဘူး။စားပြီးလို့ ဟိုတယ်ကို ပြန်ရောက်တဲ့အထိ ယွီယွီဟာ စိတ်လွင့်နေခဲ့တယ်။သူ့ရဲ့ဝိဉာဏ် ခန္ဓာကိုယ်ကနေ ထွက်သွားပြီး အခွံလွတ်ကြီးသက်သက်ကိုသာ ချန်ထားခဲ့သလိုမျိုး။
သူသိပ်မပျော်ဘူးဆိုတာကို စုဟွေးလည်း သတိထားမိတယ်။သူမဟာ သူ့ကို တံတောင်နဲ့တွတ်ကာ မေးတယ်။ “ရှင် ဘာတွေးနေတာလဲ”
“ဟင့်အင်း” ယွီယွီဟာ ဘာမှမဖြစ်သလိုပြုမူတယ်။သူဟာ အနောက်လှည့်ပြီးမေးတယ်။ “စကားမစပ် မင်း ဘယ်တော့ ပြန်မှာလဲ”
“ရှင် ဒါကို ဘာလို့ အရမ်းတွေးပူနေလဲ” စုဟွေးဟာ သူထပ်မေးလာမယ်လို့ မထင်ထားဘူး။
“ကျွန်တော်တို့ ဆက်ဆံရေးက အဲ့မှာပြီးမှာလေ။ နောင်ဆို အချင်းချင်း တွေ့ရတော့မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် မင်းကို လိုက်ပို့ပေးရမှာပေါ့”
သူ့စကားတွေက အဓိပ္ပာယ်ရှိတာမို့ စုဟွေးဟာ သိပ်မတွေးတော့ဘူး။ “ဘွဲ့ယူပြီးနောက်တစ်နေ့ အဲ့နေ့ ကျွန်မ နန်ကောရယ်၊အခြားလူတွေရယ်နဲ့ အတူစားကြသောက်ကြမှာ။ ညဉ့်နက်တဲ့အထိ လည်ဖြစ်မယ်ထင်တယ်။ လေယဉ်လက်မှတ်ကို နောက်တစ်နေ့ နေ့လည်အတွက် ၀ယ်ထားတယ်”
“ဒါဆို ကျွန်တော် မင်းကို လေဆိပ် လိုက်ပို့ပေးမယ်”
“ရတယ်လေ” စုဟွေးဟာ သဘောတူလိုက်တယ်။
ဘွဲ့ယူဓာတ်ပုံရိုက်ပြီးတဲ့နောက် နန်ကောနဲ့အခြားလူတွေဟာ နေ့လည်စာစားဖို့အတွက် ကန်တင်းကို သွားကြတယ်။ညစာအတွက်ကတော့ လူတိုင်းဟာ အနီးအနားက အကင်ဆိုင်ကို ရွေးလိုက်ကြတယ်။ဒါပေါ့။ဒါနဲ့တင် မပြီးသေးဘူး။
ချန်ရှားနဲ့ဖုန်းယွမ်ယွမ်တို့ နိုက်ကလပ် မသွားဖူးသေးတဲ့အတွက် စုဟွေးနဲ့နန်ကောဟာ အနာဂတ်မှာ သူမတို့ ဘာအခွင့်အရေးမှမရှိမှာကို စိုးရိမ်တယ်။ဒီလိုနဲ့ စုဟွေးနဲ့နန်ကောဟာ သူမတို့၂ယောက်လုံးကို နာမည်အကြီးဆုံး နိုက်ကလပ်ကို တန်းခေါ်သွားပေးလိုက်ကြတယ်။
အဲ့ညက သူမတို့ မူးနေခဲ့တယ်။ယွီယွီ အပြေးရောက်လာတဲ့အချိန် ရှန်ရန်ချင်းဟာလည်း အဲ့ကို ရောက်နေပြီ။
သိသိသာသာပဲ ရှန်ရန်ချင်းဟာ သူ့ကိုတွေ့ရတော့ အံ့ဩသွားတယ်။
၂ယောက်သား အချင်းချင်းကြည့်ကြပြီး ယွီယွီဟာ ကို့ရို့ကားယားပြုံးပြတယ်။သူဟာ ဝိုင်ပုလင်းကို ဖက်ထားရင်း ဆိုဖာမှာ ထိုင်ဆဲနေတဲ့စုဟွေးကို လက်ညိုးထိုးပြကာ “ကျွန်တော် သူ့ကို လာခေါ်တာ”
ရှန်ရန်ချင်းဟာ သူလက်ညှိုးထိုးပြတဲ့ဘက်ကိုကြည့်ပြီး မျက်ခုံးပင့်သွားတယ်။
“မင်းတို့...”
“ဟီးဟီးဟီး” ယွီယွီဟာ ပြုံးပဲ ပြုံးပြတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဆက်ဆံရေးကို ဘယ်လိုရှင်းပြရမလဲဆိုတာ သူ မသိဘူးလေ။သူတို့က လိင်ဆက်ဆံဖော်တွေလို့ ပြောဖို့ကလည်း မသင့်တော်ဘူး။
သူက နန်ကောရဲ့သူငယ်ချင်းဆိုပေမဲ့လည်း ရှန်ရန်ချင်းဟာ သူ့ကို စိတ်ချလို့တော့ မရဘူး။ညဉ့်နက်နေပြီဖြစ်ပြီး ယောက်ျားလေး တစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို ခေါ်သွားချင်နေတယ်။
ဘယ်သူပဲကြည့်ကြည့် နည်းနည်းတော့ မလုံခြုံတာဘဲ။
ဒါကြောင့် သူ သူတို့ရဲ့ဆက်ဆံရေးကို ဆက်မေးလိုက်တယ်။
“အာ” ယွီယွီဟာ ခဏတွေဝေနေမိပြီး “သူငယ်ချင်းတွေပါ”
သူ စိုးရိမ်နေတာကိုမြင်တော့ ယွီယွီဟာ သူ့ဖုန်းထဲက စာရိုက်ထားတဲ့ဟာတွေကိုပါ ပြလိုက်တယ်။ “ဥက္ကဌရှန် ကြည့်ပါ ကျွန်တော်တို့ တကယ်အချင်းချင်း သိပါတယ်။ ကျွန်တော်တို့က...နည်းနည်း ပတ်သက်မှုရှိတယ်။ ကျွန်တော် သူ့ကိုခေါ်သွားရမယ်။ မနက်ဖြန် ကျွန်တော် သူ့ကို လေဆိပ်လိုက်ပို့ဖို့ ရှိသေးတယ်”
သူဟာ အတတ်နိုင်ဆုံး ရှင်းပြလိုက်တယ်။ရှန်ရန်ချင်းဟာ အမြန်တုံ့ပြန်ပြီး “ဒါဆိုလည်း သူ့ကိုခေါ်သွားတော့ ကျွန်တော်က သူတို့ကို လိုက်ပို့ပေးလိုက်ဦးမယ်”
“ကောင်းပြီ ကောင်းပြီ” ယွီယွီဟာ စိတ်သက်သာရာရကာ သက်ပြင်းချတယ်။
ဟိုတယ်မှာတော့ ယွီယွီဟာ စုဟွေးကို တစ်၀က်ဆွဲ၊တစ်၀က်သယ်နဲ့ ဆိုဖာပေါ် တင်ရတယ်။
သူ အနောက်လှည့်ပြီး သူမအတွက် ဖိနပ်အပါးတစ်ရံ သွားယူပေးမလို့ လုပ်လိုက်တဲ့အချိန်မှာ ရုတ်တရက်ကြီး သူ့အနောက်ကနေ တစ်ယောက်သောသူရဲ့ ညည်းတွားသံကို ကြားလိုက်ရတယ်။
“ယွီယွီ”
292 02
ယွီယွီ့ခမျာ လန့်သွားရလွန်းလို့ တစ်ကိုယ်လုံးပါတုန်သွားတယ်။သူဟာ အနောက်လှည့်ပြီး ဆဲလိုက်မိတယ်။
“မင်း ရူးနေလား”
သူ ဒီလိုပြောလိုက်တယ်ဆိုပေမဲ့လည်း သူဟာ နာနာခံခံနဲ့ အနားကိုလျှောက်သွားကာ သူမရဲ့ခြေသလုံးကို တစ်ချက်ကန်တယ်။ “ဘာလို့ ငါ့ကို ခေါ်တာတုန်း”
စုဟွေးဟာ မော့တောင်မကြည့်ဘူး။သူမဟာ အိပ်ပျော်သွားသလိုမျိုး ဆိုဖာပေါ် လဲနေတယ်။တစ်အောင့်ကြာတော့ သူမဟာ ဘုရင်မတစ်ပါးလို ပြောလာတယ်။ “ငါ့အတွက် ရေတစ်ခွက် သွားယူပေး”
ထားလိုက်တော့။သူ အမူးသမားနဲ့ ရန်မဖြစ်ချင်ဘူး။
စုဟွေးမူးနေပြီဆိုရင် ဘယ်လိုလဲဆိုတာ တကယ်တော့ ယွီယွီမသိဘူး။
သူ့မှတ်ဉာဏ်ထဲမှာတော့ သူမ မူးတာကို နောက်ဆုံးမြင်ခဲ့တဲ့တစ်ခေါက်ဟာ သူတို့ အိပ်ရာထဲ လူးလှိမ့်ခဲ့ကြတဲ့နေ့ပဲ။ဒါပေမဲ့ အဲ့နေ့က သူလည်းမူးနေခဲ့ပြီး မထူးမခြားနားမို့ တချို့ဖြစ်ရပ်တွေကို သေချာမမှတ်မိဘူး။
“ရော့ ရေသောက်” ယွီယွီဟာ သူ့ကို ရေခွက် လှမ်းပေးပေမဲ့ စုဟွေးဟာ မလှုပ်မယှက်။စက္ကန့်အနည်းငယ်လောက် ကြာတော့ သူဟာ ကံကြမ္မာကို အရှုံးပေးလိုက်ကာ ခန္ဓာကိုယ်ကို ကိုင်းလိုက်တယ်။သူဟာ ရေခွက်ကို သူမနှုတ်ခမ်းနား တေ့ပေးတယ်။ “ပါးစပ်ဟ”
စုဟွေးဟာ သူ့ကိုကြည့်ပြီး မျက်မှောင်ကြုတ်တယ်။
“ဘာကြည့်နေတာတုန်း။ မသောက်တော့ဘူးလား” ယွီယွီဟာ အားတဲ့လက်နဲ့ သူမရဲ့ပါးကို ဆွဲဆိတ်တယ်။ “ငါ မင်းပါးစပ်အနားထိ တေ့ပေးပြီးပြီလေ မတေ့ပေးလို့လား။ ငါ မင်းကို နှုတ်ခမ်းချင်း တေ့တိုက်ရင်ရော”
စုဟွေးဟာ သူ့ကိုစိုက်ကြည့်ကာ “ရှင် အရမ်းရွံစရာ ကောင်းဖို့လိုလား”
သူမ ပါးစပ် ဟလိုက်တဲ့အခါ ယွီယွီဟာ ရေကို သူမရဲ့ပါးစပ်နား ပြန်တေ့ပေးလိုက်တယ်။ “ဒါဆိုလည်း ကိုယ့်ဟာကိုယ် သောက်”
ရေသောက်ပြီးတဲ့အခါ စုဟွေးဟာ သူမရဲ့အနေအထားကိုညှိပြီး သက်တောင့်သက်သာ လဲချတယ်။သူမရဲ့လက်ဟာ ဆိုဖာရဲ့အစွန်းမှာ တဖြည်းဖြည်း ကျသွားတယ်။သူမမှာ သိပ်တော့ အသိစိတ် ရှိမနေဘူး။သူမဟာ တွေးမိသမျှကိုပြောနေပြီး ဆက်တိုက် ပွစိပွစိလုပ်နေတော့တယ်။
“ငါ့မိတ်ကပ်ကို ကူဖျက်ပေး။ ငါ မအိပ်ခင် ရှင်ဖျက်ပေးရမယ် ကြားလား”
“တိတ်စမ်းပါ” ယွီယွီဟာ အ၀တ် လဲနေတာဖြစ်ပြီး သူမကို လစ်လျူရှုလိုက်တယ်။
“ငါ အန်ချင်လာပြီ...” သူမ ပြန်အန်ထွက်တော့မယ်။
ယွီယွီဟာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်တယ်။ “ရေချိုးခန်းထဲသွားပြီး မင်းဟာမင်း ရှင်း”
“ငါ့သစ်သီးပန်းကန်ရော။ ငါ သရက်သီးစားဖို့ ကျန်သေးတယ် ဘယ်လိုလုပ် ပျောက်သွားတာလဲ။ ယွီယွီ ရှင် ငါ့သရက်သီးကို ခိုးသွားတာလား”
ယွီယွီ “.....”
သူမရဲ့မိတ်ကပ်ကို ကူဖျက်ပေးပြီးတဲ့အခါ ယွီယွီဟာ သူမကိုသယ်ကာ အိပ်ရာပေါ် ပစ်တင်လိုက်တယ်။
သူ သူမကို မင်းသမီးလေးလို သယ်တာမို့ သူ့လက်ဟာ သူ့မရဲ့ခါးမှာ နေရာယူထားတယ်။အိပ်ရာကို ထိတာနဲ့ စုဟွေးဟာ အငြိမ်မနေဘဲ ကွန်ပလိန်းတက်တယ်။ “ငါ့ကို လာမထိနဲ့ ငါ အခု မုဒ်မ၀င်ဘူး”
“မင်းစိတ်ထဲ ဘာလို့ အဲ့လိုအကြောင်းအရာတွေပဲ အချိန်ပြည့် ရှိနေရတာလဲ”
“ရှင် ဘယ်သူ့အကြော င်းပြောနေတာလဲ” ယွီယွီဟာ လက်မြှောက်ပြီး သူမရဲ့ခေါင်းကို လက်ညှိုးနဲ့ တို့တယ်။ “မင်းကမှ လိုချင်တဲ့လူ မဟုတ်ဘူးလား။ ငါ မင်းကြောင့်နဲ့ ခြောက်ကပ်ပြီး ကျန်ခဲ့တော့မယ်” စုဟွေးဟာ ရွှင်မြူးသွားတယ်။သူမဟာ ဘေးလှည့်ပြီး ခေါင်းအုံးကိုဖက်ကာ ရေရွတ်တယ်။
“ရှင့်မှာတောင်မှ ခံနိုင်ရည် မရှိဘူးကိုး”
တစ်ခဏလောက် ယွီယွီဟာ ဒီလူ မူးနေလား၊မမူးနေလားဆိုတာကို မပြောနိုင်ဘူး ဖြစ်သွားရတယ်။ဒီစကားဝိုင်းဟာ အရမ်းချောမွေ့ပြီး ဒေါပွစေမိတုန်း။
သူမမှာသာ ပိုပြီး အသိစိတ်ရှင်းလင်းနေခဲ့ရင် သူ သူမကို လွယ်လွယ်လေး အလွတ်ပေးမှာ မဟုတ်ဘူး။
သူမအတွက် သူအလုပ်ဖြစ်ပေးရတာက ရတယ်။ဒါပေမဲ့ အလှောင်ပါ ခံရသေးတယ်။
ဘယ်သူက ဒါမျိုးကို သည်းခံမှာတုန်း။
“ဟေး မင်းအိပ်ပြီလား”
“ဘာလုပ်နေတာလဲ...” စုဟွေးဟာ သူမရဲ့မျက်နှာမှာ ယားယံမှုကိုခံစားရပြီး ခေါင်းဖယ်ကာရှော င်တယ်။ “ငါ့မျက်နှာကိုမထိဖို့ ငါ ရှင့်ကို ဘယ်နှစ်ကြိမ် ပြောရမလဲ”
ယွီယွီ “…”
ယွီယွီဟာ အိပ်ရာဘေးမှာထိုင်ပြီး သူ့လက်ချောင်းတွေဟာတော့ သူမရဲ့ပါးပြင်ပေါ်မှာရှိနေဆဲ။သူဟာ ပါးလေးကို ညင်သာစွာပွတ်သပ်ပြီး ခပ်တိုးတိုးမေးတယ်။ “မင်း အနာဂတ်မှာ ငါ့ကိုဆက်သွယ်ဖို့ တကယ် စိတ်မကူးထားဘူးလား”
“ရိုးရိုးသားသားပြောရရင် ငါတို့က တွဲနေတာ မဟုတ်ဘူးဆိုပေမဲ့ မင်းက ငါ့ဘေးမှာ အကြာကြီး နေခဲ့တဲ့ တစ်ယောက်တည်းသောလူပဲ။ မင်းက ငါ တကယ်မခွဲနိုင်တဲ့ တစ်ယောက်တည်းသောလူဆိုလည်း ဟုတ်တယ်”
“ငါ မင်းကို စကားပြောနေတယ်”
စုဟွေးဟာ မျက်မှောင် ကြုတ်တယ်။သူမ မကြားတာ ဖြစ်နိုင်ပါတယ်။သူမဟာ ဘေးကို လှည့်ပြီး ရှောင်တယ်။
သူ သူမကို တမင်တကာစနေရင်း ယွီယွီ့လက်ဟာ သူမအနောက်လိုက်ပြီး သူမပါးကို ဒဏ်ပေးသလို ဆွဲညှစ်တယ်။ “ငါတို့၂ယောက်လုံးက လူလွတ်တွေ ဘာလို့ ငါတို့ဒီတိုင်းတွဲကြည့်ပြီး ဘာဖြစ်လာမလဲ မကြည့်တာလဲ။ မင်း အမြဲ ငါနဲ့ပတ်သက်ပြီး စိတ်ကျေနပ်နေခဲ့တာပဲ မဟုတ်ဘူးလား”
“အနာဂတ်မှာ နည်းနည်း ဝေးဦးမယ်ဆိုပေမဲ့ ငါ့အိမ်မှာ ကိုယ်ပိုင်လေယာဉ်ရှိတယ်။ ငါအား တဲ့အချိန်မရွေး မင်းကို လာတွေ့လို့ရတယ်”
292 03
“အရမ်းလိုက်ဖက်နေမှတော့ လက်လျှော့လိုက်ဖို့က နှမြောစရာကောင်းတယ်လေ မင်းမထင်ဘူးလား။ မင်း တကယ် ငါနဲ့ခွဲမယ်ဆိုရင် နောက်ဆို ငါ့လိုလူကို မင်း ဘယ်သွားရှာမှာလဲ။ ငါ့ထက်ပိုကောင်းတဲ့လူတောင် မင်းမရှာနိုင်ပါဘူး”
“မင်းရဲ့စကားတွေက အဆင်မပြေဘူးလို့ ငါတွေးခဲ့ဖူးပေမဲ့ ငါ မင်းကို ရိုက်တော င်ရိုက်ချင်ခဲ့ဖူးပေမဲ့ အခု ငါ အဲ့တာတွေကို နေသားကျသွားပြီထင်တယ်”
“ငါ့ကို တစ်ခုခုပြောဦး မင်းထွက်သွားရင်လည်း ငါ့ကို ဘလော့ဖို့ လောမနေနဲ့ဦး။ တကယ်လို့...”
“တကယ်တော့ ငါလည်း ပြန်သုံးသပ်ကြည့်ခဲ့ပါတယ်။ ဟိုတစ်ခါ ဖြစ်ခဲ့တာကြောင့် မင်း ငါ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံတာလား။ ငါ မင်းကို ဘာမှမလုပ်ခဲ့ပါဘူး။ အဲ့တုန်းက ငါ မင်းကို မတောင်းပန်ခဲ့ဘူးလား”
“မင်းက ဘာလို့အရမ်းဒဏ်ရာ ပေးချင်ရတာလဲ။ မင်းက ငါ့ကို မင်းအပေါ် ချစ်ခြင်း၊မုန်းခြင်းတွေ ဖြစ်စေတယ်”
“ငါ့ကိုဖြေဦး မင်းကြားလား”
“မင်း တကယ် အိပ်ပျော်သွားတာလား”
******