အခန်း ၂၉၃
Vol. 30 Ch. 293
293 01
Chapter 293ယောက်ျားတွေက လူလိမ်တွေ။
Extra Chapter 3: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။
ယွီယွီ အိပ်ပျော်သွားပြီး မကြာဘူး။စုဟွေး နိုးလာတယ်။
နိုးလာတာထက် သူမ မအိပ်ရသေးတာဆို ပိုမှန်မယ်။
သူမ မူးနေတယ်ဆိုပေမဲ့ ပြန်လာတဲ့တစ်လမ်းလုံး လေတိုက် ခံလာရတာ။သူမရဲ့ခေါင်း နည်းနည်း ရီဝေဝေရှိတယ်ဆိုပေမဲ့ ဘာကိုမှ မခွဲခြားနိုင်လောက်တဲ့အထိတော့ သူမ အရမ်းမမူးခဲ့ဘူး။
သူ အများကြီးတွေပြောပြီးတာကို ကြားပြီးတဲ့အခါ သူမ အိပ်ချင်မနေတော့တာ။သူမ သူ ဘာပြောလဲသိချင်တာမလို့ သူ့ကို လစ်လျူရှု ထားခဲ့တာ။
သူမ လှည့်ပြီး ယွီယွီကို ရှုပ်ထွေးတဲ့အကြည့်နဲ့ အကဲခတ်ကြည့်တယ်။
ဒီလူ ခုဏက တော်တော်များများပြောခဲ့တာပဲ။အမှန်တိုင်း ပြောနေတာလား။
သူမ ဘာလို့မယုံမိတာလဲ...။
ယောက်ျားတွေက လူလိမ်တွေ။ဒါကြောင့် ယွီယွီလည်း လိမ်တဲ့နေရာမှာ ပိုကျွမ်းကျင်လိမ့်မယ်။
သူ့ကို မှီခိုလို့မရဘူးလို့ သူမ ခံစားရတယ်။
ဒါပေမဲ့ ဒီလူ သူမ မူးနေတာကို ရှင်းရှင်းလင်းလင်း သိတယ်။ဒီတော့ လိမ်နေတာတော့ မဟုတ်လောက်ဘူး။
တစ်ခဏလောက် စုဟွေးဟာ ရှုပ်ထွေးသွားတယ်။သူ ဘာလုပ်ချင်လဲဆိုတာကို သူမ မသိဘူး။
သူမတို့ အတူတွဲသင့်လား။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါ သူမရဲ့အစီအစဉ်မှ မဟုတ်တာ။
ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူ့အပေါ် သူမရဲ့အမြင်ဟာ တကယ် ပြောင်းလဲသွားခဲ့ပါတယ်။သူ အရင်ကလောက် စိတ်ရှုပ်စရာ မကောင်းတော့ဘူးလို့ သူမ ခံစားရတယ်။အရင်က ရည်းစာတွေ အများကြီး ထားခဲ့ဖူးတာကလွဲလို့ သူ အခြားဘာအမှားမှ မလုပ်ခဲ့ဘူး။လမ်းခွဲပြီးတော့လည်း သူ သူ့ရည်းစားဟောင်းတွေကို ကောင်းကောင်း ဆက်ဆံပေးပြီး ကောင်းမွန်တဲ့ ဂုဏ်သတင်းချန်ခဲ့တယ်။
ဒါပေမဲ့ သူ့ကိုတွဲဖို့ဆိုတာက နည်းနည်းတော့ စွန့်စားရာကျတယ်။သူမရဲ့ဦးနှောက် မြည်းဆီကနေ အကန်ခံရတော့မှပဲ သူမ ဒီအကြောင်း စဉ်းစားမိလိမ့်မယ်။
သူ ခုဏကပြောခဲ့တာတွေကို ကြားတော့ သူမရဲ့ရင်ထဲ အနည်းငယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။နည်းနည်းပါပဲ။
သူမရဲ့အသက်အရွယ်မှာ သူမဟာ ယောက်ျားတစ်ယောက်ရဲ့စကားချိုချိုတွေနဲ့ လှည့်စားခံရမဲ့ မိန်းမငယ်လေး မဟုတ်တော့ဘူး။
ဒါကြောင့် သူမတို့ရဲ့ဆက်ဆံရေးကို ဒီမှာတင် အဆုံးသတ်ရမယ်။
နောက်တစ်နေ့မနက်ကျ ယွီယွီဟာ စုဟွေးကို လေဆိပ် လိုက်ပို့တယ်။လေယာဉ်ထွက်ဖို့ စောသေးတာမို့ ယွီယွီဟာ သူမကို အဖော်ပြုပေးဖို့ ခဏလောက် နေပေးတယ်။
“မင်း မနေ့ညက ဟာတွေကို မှတ်မိသေးလား” သူက ဒီတိုင်းပဲမေးလာတယ်။
ဒီအချိန်မှာ စုဟွေးက ဘယ်လို၀န်ခံရမှာတုန်း။သူမ သူနဲ့ ထပ်မပတ်သက် ချင်တော့ဘူး။
“ဟင့်အင်း တစ်ခုခု ဖြစ်သေးလို့လား”
ယွီယွီဟာ နှုတ်ခမ်းကိုသာဖိကာ ဘာမှမပြောဘူး။
သိပ်မကြာဘဲ နန်ကောနဲ့အခြားလူတွေဟာလည်း စုဟွေးပြန်တာကိုလိုက်ပို့ဖို့ အပြေးအလွှား ရောက်လာကြတယ်။
စုဟွေး လေယာ ဉ်ထွက်ခွာသွားတဲ့နောက် ယွီယွီဟာ နန်ကောနဲ့အဖော်လုပ်ပြီး သူမရဲ့အခြားအခန်းဖော်၂ယောက်ကို ကျည်ဆန်ရထားဘူတာရုံဆီ လိုက်ပို့ပေးတယ်။
ပြီးတော့မှ သူ နန်ကောနဲ့အတူပြန်လာခဲ့တယ်။
လမ်းမှာ နန်ကောဟာ ဂရုတစိုက်နဲ့ မေးကြည့်တယ်။ “နင်နဲ့စုဟွေးကြား တကယ်ပြီးသွားပြီလား”
“အင်း” ယွီယွီဟာ နှုတ်ခမ်းကိုဖိရင်း “ငါ တခြားဘာလုပ်နိုင်မှာလဲ။ ငါ လေဆိပ်က ထွက်လာတော့ သူ ငါ့ကို ဘလော့တောင် ပြီးသွားပြီ”
“ခစ်...” နန်ကောဟာ မနေနိုင်ဘဲ ရယ်မိတယ်။
“အေးပါ အေးပါ။ နင် ရယ်လို့ပြီးပြီလား”
နန်ကောဟာ မျက်လုံးထောင့်က မျက်ရည်ကိုသုတ်ရင်း “အဲ့တာ တကယ်ကို စုဟွေး လုပ်တတ်တဲ့ပုံစံပဲ။ မြန်မြန်လေးသာ အခြားအတွေးတွေကို လက်လျှော့လိုက်တော့”
“သိပြီ” ယွီယွီဟာ ချက်ချင်း စကားလမ်းကြောင်းလွှဲပစ်တယ်။ “နင် လက်ခံစာ မရသေးဘူးလား”
“မရသေးဘူး။ ငါ နောက်ရက်ထဲ ကျန်းကို ပြန်ပြီးစောင့်မှာ။ အခုကစပြီး နင့်အစီအစဉ်ကရော ဘာတွေရှိလဲ”
ယွီယွီဟာ ဘွဲ့လွန်ဒုတိယနှစ်ထဲ ၀င်တော့မှာဖြစ်ပြီး သူဘွဲ့ရဖို့ကလည်း သိပ်မကြာတော့ဘူး။သူ ဘာလုပ်ချင်လဲဆိုတာကို နန်ကော တစ်ခါမှ မသိခဲ့ရဘူး။သူမအနားတစ်ဝိုက်က ငယ်သူငယ်ချင်းတွေထဲမှာဆို သူမပြီးရင် ယွီယွီဟာ အကြံဉာဏ်တွေ အများဆုံးလူ။
ဒီရှုထောင့်မှာတော့ သူမတို့နှစ်ယောက်ဟာ နည်းနည်းခပ်ဆင်ဆင် ရှိတယ်။မဟုတ်ရင် သူမတို့ အတူတူပေါင်းသင်းဖြစ်ခဲ့မှာ မဟုတ်ဘူး။
“ငါ မတွေးကြည့်ရသေးဘူး။ ဖြစ်နိုင်တာက ငါစာဆက်သင်ရင်လည်း သင်မယ်”
“နင်က” နန်ကောဟာ အသံပြုမိတယ်။ “နင် PhD ယူနိုင်မယ် ထင်လို့လား။ သတ္တိရှိလှချည်လား နင်”
“ငါ ဘာလို့မယူနိုင်ရမှာလဲ” ဒါပေမဲ့ သူမသေချာဘူး။ “ငါက ဒီတိုင်း ပြောတာပါ။ ဘာဆက်ဖြစ်မလဲဆိုတာ ငါ အတိအကျ ပြောလို့မရသေးဘူး”
“ဒါဆို အန်တီကရော ဘာပြောလဲ”
ယွီယွီ့အမေဟာ ယွီယွီနဲ့ပတ်သက်ပြီး တင်းကျပ်တယ်ဆိုတာကို လူတိုင်း သိတယ်။ကလေးတုန်းက သူ စကား နားမထောင်ရင် မစ္စယွီ သူ့ကိုရိုက်တတ်တာကို နန်ကော အရမ်းကိုမှ ရှင်းရှင်းလင်းလင်း မှတ်မိသေးတယ်။အရမ်းကြီးတော့ မပြင်းထန်ပေမဲ့ ငယ်ငယ်က ယွီယွီ ဆိုဆုံးမခံရတာကို တွေ့ရတဲ့အချိန်တိုင်း သူမ ကြောက်လန့်ပြီး ငိုတတ်တယ်။
293 02
ဒါကြောင့် သူမစိတ်ထဲက မစ္စယွီရဲ့ပုံရိပ်ဟာ အရမ်း”ရှည်”တယ်။ရှည်လွန်းလို့ အခုထိ သူမ မစ္စယွီကိုတွေ့ရင် အနည်းငယ် ကြောက်လန့်မိတုန်း။
ဒါပေမဲ့ ပြောခါမှ စုဟွေးရဲ့အကျင့်စရိုက်ဟာ မစ္စယွီနဲ့ နည်းနည်းသွားဆင်တယ်။၂ယောက်လုံးဟာ သေးငယ်တဲ့သ ဘောထား ကွဲလွဲမှုလေးနဲ့တင် လူတွေကို ရိုက်တတ်တဲ့လူတွေ။
သူမတို့၂ယောက်လုံးဟာ နည်းနည်းစိတ်မြန်လက်မြန်ရှိပြီး ဂရုမစိုက်တတ်ဘူး။
“အော် ဟုတ်သား အန်တီက မြောက်ပိုင်းကမလား” နန်ကော ဒါကိုသွားတွေးမိတယ်။
“အင်း နင် ဒါကို ဘာလို့ ရုတ်တရက်ကြီး မေး”
နန်ကောဟာ ခေါင်းသာခါပြီး မဖြေဘူး။သူမ တွေးမိတာဟာ ယွီယွီသာ စုဟွေးကို တကယ်လိုက်နိုင်ခဲ့ရင် အနာဂတ်မှာ သူ သူ့အမေ သူ့မိန်းမနဲ့ သင့်မြတ်ဖို့အတွက်ကို စိတ်ပူနေစရာ မလိုတော့ဘူးဆိုပြီး။မစ္စယွီနဲ့စုဟွေးဟာ ကျိန်းသေပေါက် အဆင်ပြေကြလိမ့်မယ်။
နှမြောစရာပဲ။
ယွီယွီဟာ ဒီအကြောင်း များများစားစားမတွေးဘဲ သူ့အမေရဲ့အတွေးကို အကြမ်းဖျင်း ရှင်းပြတယ်။
ယွီမိသားစုဟာ လက်၀တ်ရတနာစီးပွားရေး လုပ်ကိုင်တာဖြစ်ပြီး နိုင်ငံခြားမှာလည်း တကယ်မိုင်းတွင်းတွေ ရှိတယ်။ဒီမျိုးဆက်မှာ ယွီယွီဟာ တစ်ဦးတည်းသောသား။ဒါကြောင့် သူ့အဖိုးဟာ သူ့ကို အထူးတလည် တန်ဖိုးထားတယ်။ယွီယွီ့မှာ ချို့ယွင်းချက်တွေရှိပြီး အလုပ်ကို သေချာမလုပ်ဘူးလို့ အဖိုးဟာ ပြောတတ်ပေမဲ့ သူ့စိတ်ထဲကနေတော့ ယွီယွီ့ကို အကာကွယ်လွန်ပေးတုန်းပဲ။
မစ္စယွီကသာ ယွီယွီကို ထိလို့ရတဲ့ တစ်ယောက်သောလူ။သူမစိတ်ထဲမှာ ယွီယွီဟာ လျှောက်ပတ်ပြီး အရူးကွက်နင်းတယ်လို့ ခံစားရတာ။
အစက သူမ ထင်ထားတာက မစ္စယွီဟာ ယွီယွီ့ကို ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လေ့လာဖို့အတွက် မိသားစုကုမ္ပဏီဆီ ပြန်လာခိုင်းမယ်ပေါ့။ဒါပေမဲ့ မစ္စယွီမှာ အဲ့လိုရည်ရွယ်ချက် မရှိဘူးဆိုတာကို သူမ မထင်ထားမိဘူး။
“တကယ်ကြီး” နန်ကောဟာ နည်းနည်း အံ့အားသင့်သွားရတယ်။သူက တစ်ဦးတည်းသော သားလေ။ဒါပေါ့။ဒီလိုကြီးမားတဲ့မိသားစုစီးပွားရေးဟာ သူ့ဆီပဲ ချန်ခဲ့ရမှာပေါ့။
“အဲ့တာအမှန်ပဲ ငါ့မားရဲ့မူရင်းစကားတွေက ငါ့ကို အပြင်ထွက်ပြီး ကိုယ့်အားကိုယ်ကိုးဖို့ပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကြောင့် ငါ ထိပ်တန်း ကောလိပ်ကနေဘွဲ့ရတာ။ သေချာပေါက် ငါ့ ငါ့ကိုယ်ငါ တစ်ခုခုလုပ်ရမှာပေါ့။ ငါ တစ်သက်လုံး မိသားစုကို မှီခိုနေလို့မရဘူး”
“ဒါပေမဲ့ အခု ဘွဲ့ရကျောင်းသားတွေက အသုံးမ၀င်တော့ဘူးဆိုတာကို သူ မသိဘူး” ဒါကိုပြောတဲ့အချိန် ယွီယွီဟာ သွေးရူးသွေးတန်းပါ ထဖြစ်တော့မလို့။
နန်ကော “.....”
သူမ ဘွဲ့လွန်မ သင်ရသေးဘူးဆိုပေမဲ့ အဲဒါဟာ တကယ်အမှန်ပဲ။
အခုလက်ရှိနှစ်တွေမှာ လူအများကြီးဟာ ဘွဲ့လွန်ဆက်သင်ကြတယ်။အရင်ကဆို တက္ကသိုလ်သွားတဲ့လူတွေတောင်မှ ခပ်ရှားရှား။အခု ၁၀ယောက်မှာ ၇ယောက်လောက်က ဘွဲ့လွန်ဆက်တက်ပြီး ၃ယောက်လောက်ကသာ ကောလိပ်လေးပဲ ရောက်ဖို့အထိ တုံးအကြတာ။
ယွီယွီဟာ အားနည်းချက်ကို သက်သေပြခြင်းဖြစ်တဲ့ နန်ကောနဲ့ခပ်ဆင်ဆင်မေဂျာကို ယူထားတာ။ကဏ္ဍအကြီးကြီးလို့ သတ်မှတ်လို့ ရတယ်။မိသားစုထဲမှာ အဆက်အသွယ်မရှိဘဲ အလုပ်ထွက်လုပ်တဲ့လူဆို များသောအားဖြင့် သူတို့ အလုပ်ကောင်းကို ရှာနိုင်မှာ မဟုတ်ဘူး။
ဒါမှမဟုတ် ကိုယ်ပိုင်ကုမ္ပဏီထောင်ပေါ့။
ကြည့်ရတာ မစ္စယွီဟာလည်း တူညီတဲ့အကြံရှိပုံ ပေါ်တယ်။
“ဒါပေမဲ့ ကုမ္ပဏီတစ်ခုထောင်ဖို့ဆိုတာ မလွယ်ဘူး။ နင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ။ မစ္စယွီ ဘယ်လောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားလဲ”
“ငါ့ဖင်ကို မြှုပ်နှံ” ဒါကိုကြားတော့ ယွီယွီတစ်ယောက် ခေါင်းပါ ထိုးကိုက်သွားတယ်။ “သူပြောတာ သူ၀င်မပါဘူးတဲ့။ စပွန်ဆာဖြစ်ဖြစ်၊ရင်းနှီးမြှုပ်နှံတာဖြစ်ဖြစ် သူ ငါ့ကို ငါ့ဟာငါရှာဖို့ လွှတ်ထားတာ”
“သူ ဘယ်လိုလု ပ်အဲ့လိုလုပ်နိုင်ရတာလဲ”
ယွီယွီဟာ ပုခုံးသာ တွန့်ပြတယ်။ “ငါ့မားက ပြောတယ်။ နန်ကျဲ့ဆို တက္ကသိုလ်ကနေ ဘွဲ့ရပြီးမကြာဘဲ ကိုယ်ပိုင်ကလပ်နဲ့ ကုမ္ပဏီတွေအများကြီးကို ထောင်တယ်တဲ့ ကုမ္ပဏီအကြီးကြီး မဟုတ်ပေမဲ့ သူ ပိုက်ဆံ အများကြီးရတယ်တဲ့”
သူဟာ မစ္စယွီရဲ့လေသံကို လိုက်တုပပြီး တမင်တကာ သူ့အသံကို ပြောင်းတယ်။ “နင် နေ့တိုင်း သူ့အနောက်ကို တကောက်ကောက် လိုက်နေတာပဲ။ နင် လျှို့ဝှက်ပြီး အများကြီး သင်ယူခဲ့ရမှာပေါ့”
293 04
နန်ကောဟာ အစကမရယ်ချင်ဘူး။ဒါပေမဲ့ ဒါကိုကြားတဲ့အခါ သူမဟာ မနေနိုင်ဘဲ ထရယ်မိတယ်။
“ဟွန့် အစ်ကိုကြီးနန်က အခု ငါ့တို့အတွက် အိပ်မက်ဆိုးပဲ” ယွီယွီခမျာ ပူဆွေး၀မ်နည်းတဲ့ မျက်နှာထားလေးနဲ့။
စံပြကလေးနန်ကျဲ့ အနားမှာရှိနေတဲ့အတွက် သူတို့အားလုံးဟာ နှိုင်းယှဉ်ခံရပြီး နေ့တိုင်း စိတ်ရှုပ်ရတယ်။သူတို့မိသားစုတွေဟာ သူတို့ နန်ကျဲ့ဆီကနေ အသုံး၀င်တာ တစ်ခုခု သင်ယူလာဖို့ကို မျှော်လင့်ကြတယ်။တကယ်လို့ သူတို့ နန်ကျဲ့ရဲ့အင်အားနဲ့ အောင်မြင်မှုတွေကို ပြီးပြည့်စုံစွာ ပုံတူကူးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့..။
******