အခန်း ၂၉၄
Vol. 30 Ch. 294
294 01
Chapter 294 ကိုယ့်ဟာကိုယ်အချိုသွေးတာ။
Extra Chapter 4: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။
တစ်လကျော်သွားပြီးနောက် ယွီယွီဟာ စုဟွေးကို တကယ် ထပ်မမြင်ရတော့သလို သူမနဲ့ပတ်သက်ပြီး ဘာသတင်းမှလည်း မကြားရတော့ဘူး။သူ နန်ကောကို သွယ်ဝိုက်ပြီး မေးကြည့်ချင်ပေမဲ့ တွေးကြည့်ပြီး မမေးဖို့ဘဲ ဆုံးဖြတ်လိုက်တယ်။
သူတို့၂ယောက်ဆုံတဲ့ နောက်တစ်ကြိမ်ဟာ နန်ကော လက်ထပ်တဲ့အချိန် ဩဂုတ်လမှာ ဖြစ်တယ်။
စုဟွေးဟာ သတို့သမီးအရံ ဖြစ်တာမို့ ၃ရက်စောရောက်လာတယ်။
သူတို့၂ယောက်ထပ်ဆုံတော့ နည်းနည်း ကို့ရို့ကားယားနိုင်တယ်။
နန်ကော အ၀တ်စမ်း၀တ်ဖို့အတွက် အပေါ်ထပ်တက်သွားတော့ ယွီယွီကို ထားခဲ့တယ်။စုဟွေးဟာ ရှင်းရှင်းလင်းလင်းကိုပဲ သူနဲ့၂ယောက်တည်း မနေချင်ဘဲ လစ်ထွက်သွားချင်နေတယ်။
“ဟေး” ယွီယွီဟာ သူမကို တားတယ်။ “မင်းက တကယ်ရက်စက်တာ။ပဲ မင်း ငါ့ကို အဲ့လိုကြီး ဘလော့သွားတယ်”
ဒါကိုကြားတော့ စုဟွေးဟာ အနောက်လှည့်ပြီး လက်ပိုက်ရင်း မောက်မောက်မာမာနဲ့ ပြန်ပြောတယ်။ “ရှင့်ကို ဘလော့တာ ဘာပြဿနာရှိလို့လဲ။ တရားမ၀င်လို့လား။ ဘာလို့ ရှင့်ကို ကျွန်မစာရင်းထဲ သိမ်းထားရမှာလဲ”
ထင်ထားတဲ့အတိုင်း သူမရဲ့စကားတွေဟာ စိတ်မချမ်းမြေ့စရာ ဖြစ်မြဲဖြစ်ဆဲ။
ယွီယွီဟာ ပါးစောင်ကို လျှာနဲ့ထိုးပြီး အပြုံးကို ညှစ်ထုတ်တယ်။ “အနည်းဆုံးတော့ ငါတို့သူငယ်ချင်း ဖြစ်လို့ရတယ်လေ”
စုဟွေးဟာ သူ့အရှေ့မှာ လက်ညိုးထောင်ပြီး ခါပြတယ်။ “နိုး နိုး ဟင့်အင်း”
“ကျွန်မတို့အချင်းချ င်းမဆက်သွယ်တာက အကောင်းဆုံးပဲ မဟုတ်ရင် နောက်ဆို ကျိန်းသေပေါက် ပြဿနာတွေ အများကြီးရှိမှာ”
“ဘာလို့လဲ။ မင်းက ငါ မင်းကိုနှောင့်ယှက်မှာ ကြောက်တာလား”
“ကောင်းပြီ ကျွန်မက ကျွန်မ ရှင့်ကိုနှောင့်ယှက်မိမှာ ကြောက်တာ ဟုတ်ပြီလား” စုဟွေးဟာ မျက်လုံးကို လှည့်တယ်။ “ရှင်သာ ဆက်ပြီး ကျွန်မနဲ့ဆက်သွယ်နေရင် ရှင် အနာဂတ်မှာ ဘယ်လိုချစ်မိပြီး ဘယ်လို လက်ထပ်မှာတုန်း။ ရှင့်မိန်းမက ကျွန်မဖုန်း အဆက်အသွယ်ကိုစစ်ပြီး ရှင့်ကို မေးရင် ရှင်ဘယ်လိုရှင်းပြမှာတုန်း။ ကျွန်မက ဖုန်းပြင်တဲ့လူလို့ ပြောမှာလား”
“ကျွန်မ ရှင့်အတွက်နဲ့ အပြစ်တင်ခံရတာမျိုး၊ဆဲဆိုခံရတာမျိုးမ လိုချင်ဘူး ရှင်းရှင်းလင်းလင်း ဖြတ်ချလိုက်တာ ပိုကောင်းတယ်။ ဘယ်သူကမှ ဘယ်သူ့ကိုမှ နှောင့်နှေးစေမှာ မဟုတ်ဘူး”
ယွီဘက်က ပြန်မပြောနိုင်ခင်မှာဘဲ စုဟွေးဟာ ပဟေဠိဆန်စွာမေးပြီး အရှေ့ကို တိုးလာတယ်။ “ဟေး ရှင် အခုလတ်တလောမှာ လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ ကျွန်မ ကြားတယ်”
ယွီယွီက မေးတယ်။ “နန်ကော ပြောပြတာလား”
“မဟုတ်ပါဘူး အမှန်ပဲလား”
စုဟွေးဟာ အလွန်အမင်း သိချင်နေတယ်။
“မင်း ဂရုစိုက်လို့လား”
“ကြည့်ရတာ မှန်ပုံပဲ...ဒါဆို ရှင် ဘာလို့ ကျွန်မနဲ့ ဆက်ပြီး ဆက်သွယ်ချင်နေရတာလဲ။ ရှင်က တကယ်သိက္ခာမဲ့တာပဲ။ ကျွန်မကိုပါ ရှင့်နဲ့ဆွဲမချနဲ့။ လွှတ်ထားပေး”
သူမတို့၂ယောက်လုံးသာ လူလွတ်တွေဖြစ်ရင် ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့က အခက်အခဲကြီး မဟုတ်လောက်ဘူးလို့ စုဟွေး ထင်တယ်။လိုအပ်တာကိုပဲ သူမတို့ လုပ်လိုက်လို့ရတယ်။
ဒါပေမဲ့ တစ်ဖက်လူက ရည်းစားရှိနေပြီ ဒါမှမဟုတ် လက်ထပ်မဲ့ပါတနာရှိနေပြီကို သူမရဲ့အဆက်အသွယ်ကို သိမ်းထားချင်သေးတယ်ဆို...ကျစ် ကျစ် ကျစ်။သူတို့မှာ မဖြူစင်တဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုတာ ၈၀ရာခိုင်နှုန်းလောက် သေချာနေပြီ။
တခြားဘာလို့ ဒီလိုဖြစ်ရမှာလဲ။သေချာပေါက် သူက လိင် ဆက်ဆံချင်တာပေါ့။ဟုတ်တယ်မလား။
ယွီယွီ ဘယ်လိုပဲ ကစားကစား အရေးမကြီးဘူး။ဘာတွေပဲဖြစ်နေဖြစ်နေ သူမ ပါ၀င်ပတ်သက်မှာ မဟုတ်ဘူး။
သူမဟာ စနစ်တကျရှိတဲ့ မိန်းမငယ်လေးတစ်ယောက်။မယားငယ် မလုပ်ချင်ပါဘူး။
သူမမှာ အခြေခံအကျဆုံး စည်းရှိပြီး သူမကိုယ်သူမ အရှက်မခွဲချင်ပါဘူး။
နောက်ပြီး ယောက်ျားတွေက အများကြီးပဲဟာ။ဘာလို့ သူမက ဒီတစ်ယောက်ကို စွဲလန်းပြီး သူ့ကြောင့်နဲ့ ပြဿနာ အတက်ခံရမှာလဲ။
ဘာအကြောင်းမှမရှိဘဲ အပြောဆိုခံလိုက်ရတော့ ယွီယွီဟာ နည်းနည်း ဒေါသထွက်သွားတယ်။
“အဲ့တာ မိသားစုက လိုချင်တာ။ ငါ သဘောမတူထားဘူး။ မင်း သေချာရော မေးခဲ့ရဲ့လား”
294 02
စုဟွေးဟာ သူ့ကိုသေချာကြည့်ပြီး ခေါင်းအသာ စောင်းတယ်။ “ရှင့်မိသားစုကလိုလူတွေက အိမ်ထောင်ရေးနဲ့ ပတ်သက်လာရင် လွတ်လပ်မှု မရှိဘူး။ အခုလောလောဆယ်မှာ စီစဉ်ထားတဲ့ အိမ်ထောင်ရေး မရှိဘူးဆိုရင်တောင်မှ အချိန်တစ်ခုပဲ ကြာမှာလေ၊ ဟုတ်တယ်မလား။ ပိုဆိုးတာက ရှင့်ကြည့်ရတာ တစ်ဦးတည်းသောကလေးပါ၊ ရှင့်လူကြီးတွေရဲ့ဆန္ဒကို ရှင်က ဆန့်ကျင်မှာမလို့လား”
“အဲ့တာက လူတိုင်းအတွက် မှန်တယ်လို့ မင်း ဆွဲတွေးလို့မရဘူး။ ငါ့မိသားစုက လူကြီးတွေအကုန် အမြင်ကျယ်ကြတယ်။ အဲ့လိုကိစ္စမျိုးတွေ မရှိဘူး”
နန်ကောဆင်းလာတဲ့အခါ သူတို့ဒီအကြောင်း ပြောနေတာကို သူမ ကြားလိုက်ရတယ်။သူမဟာ ယွီယွီအတွက် စကားကောင်း ၀င်ပြောပေးလိုက်တယ်။ “ငါ ဒါကို သက်သေ ခံပေးလို့ရတယ်”
နန်ကောဟာ လိမ်နေတာ မဟုတ်သလို ယွီယွီလည်း လိမ်မနေဘူး။
ယွီမိသားစုမှာ သားတစ်ယောက်တည်း ရှိတဲ့အတွက်ကြောင့် သူတို့ဟာ ယွီယွီ့ကို အလျှော့အတင်းအနေနဲ့ အိမ်ထောင်ရေးကို အသုံးချပြီး တစ်ခုခုနဲ့လဲလှယ်တဲ့ကိစ္စရပ်မျိုးကို မလိုချင်ဘူး။
လက်ထပ် ပူးပေါင်းမယ်ဆိုတဲ့သတင်း ထွက်လာရတဲ့အကြောင်းအရင်းကလည်း ဘာလို့လဲဆိုတော့ အဖိုးယွီဟာ တကယ်ကို အိုနေပြီမို့။သူ အသက်ရှင်နေတုန်းမှာ ယွီယွီ လက်ထပ်တာကို သူ မြင်ချင်တာ။ယွီယွီ့အတွက် လက်တွဲဖော်ရှာရတယ်ဆိုတာ လွယ်ပေမဲ့ လက်ထပ်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ မစ္စယွီက ထင်တယ်။
အဲဒါကြောင့် မစ္စယွီဟာ ယွီယွီကို စီစဉ်ပေးတဲ့အိမ်ထောင်ရေးထဲ ၀င်စေချင်တာ ဖြစ်တယ်။
မိသားစုရဲ့အမြင်မှာတော့ ယွီယွီဟာ မိန်းကလေးတွေအ များကြီးကို တွဲခဲ့ပေမဲ့ တစ်ခါမှ အလေးအနက် မထားဖူးဘူး။ဒီလိုဆိုမှတော့ မိသားစုကပဲ သူတို့သိတဲ့ထဲက နောက်ခံရှင်းတဲ့ မိန်းကလေးကို ကူရွေးပေးလိုက်တာ ပိုကောင်းတယ်။ယွီယွီတစ်ယောက် သူ စစ်မှန်စွာချစ်တဲ့ မိန်းကလေးရှိမယ်လို့ သူတို့က မထင်ဘူး။
သူတို့အရင် ယွီယွီ့အတွက် မိန်းမ ရှာပေးရမယ်။တကယ်လို့ အချိန်ကြာလာတာနဲ့အမျှ သူ သူမကို ချစ်မိသွားရင်ရော။
ယွီယွီ့ကိုယ်ပိုင်ဘ၀ဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာ လျှို့ဝှက်ချက် မဟုတ်ဘူး။ဒါကြောင့် စီစဉ်ပေးတဲ့ အိမ်ထောင်ရေးဆိုရင် တစ်ဖက်လူဟာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် မိသားစုရဲ့အမြင်မှာ ယွီယွီဟာ ဒီဘ၀တော့ ဘယ်တော့မှ လေးနက်မှာ မဟုတ်ဘူး။
သူ ဘယ်သူ့ကိုပဲ လက်ထပ်ထပ် အတူတူပဲ။
ဒါဟာ အရာရာကို အရှုံးပေးလိုက်တဲ့ ရှေးဆန်ဆန်အပြုအမူတစ်ခုပါပဲ။
မိသားစုဘက်က လုပ်ပေးနိုင်တာ ဘာမှမရှိဘူး။
မစ္စယွီဟာ အစက သူမသူငယ်ချင်းရဲ့သမီးနဲ့ ယွီယွီ့ကို မိတ်ဆက်ပေးချင်ခဲ့တာ။ဒါပေမဲ့ တစ်ဖက်က ယွီယွီ့နာမည်ကို ကြားတဲ့အခါ တန်းပြီး ငြင်းတော့တယ်။ဘလိုင်းဒိတ် သွားဖို့ အခွင့်အရေးတောင် မပေးရှာဘူး...။
ဒီဟာကြောင့် မစ္စယွီဟာ မျှော်လင့်ချက်လေးရဖို့အတွက်ကို သူ့ရဲ့ကျရှုံးမှုအပေါ် ဒေါပွသွားပြီး ပေါက်ကွဲတောင် ထွက်သွားခဲ့တယ်။သူမ ယွီယွီကို ထပ်မံပြီး ရိုက်လုမတတ်ဘဲ။
နန်ကော ဆင်းလာတာကိုမြင်တော့ စုဟွေးဟာ ယွီယွီနဲ့ဆက်စကား မများချင်တော့ဘူး။သူမဟာ အမြန်ပဲ နန်ကောကို ဝေးဝေးဆွဲခေါ်သွားပြီး ဝေးဝေး သွားပုန်းတယ်။
ယွီမိသားစုက လူကြီးတွေအားလုံးဟာ နန်ကောရဲ့လက်ထပ်ပွဲကို လာခဲ့ကြတယ်။အိမ်ထဲက အိမ်ပြင်မထွက်တာ ကြာပြီဖြစ်ပြီး ကျန်းမာရေး မကောင်းတဲ့အဖိုးယွီတောင်မှ ဝှီးချဲနဲ့ အပြေးအလွှား ရောက်လာခဲ့တယ်။
လုပ်ငန်းစဉ်ပြီးသွားတဲ့အခါ လူတိုင်းဟာ စတင်စားသောက်ကြတယ်။
စားနေရင်း ယွီယွီတစ်ယောက် နန်ကောတို့ရှိတဲ့ဘက်ကို မကြာခဏကြည့်ကြည့်နေတာကို မစ္စယွီဟာ သတိထားမိတယ်။
အစကတော့ မစ္စယွီဟာ စိတ်ထဲ မထားဘူး။သူ နန်ကောကို ကြည့်နေတယ်လို့ပဲ ထင်လိုက်တယ်။ဘာပဲဖြစ်ဖြစ် သူတို့က အတူတူကြီးပြင်းလာတဲ့ ငယ်သူငယ်ချင်းတွေလေ။အခုလို အခိုက်အတန့်မျိုးမှာ သူ ခံစားချက်တွေ ရှုပ်ထွေးနေမှာပေါ့။
“ဟုတ်ပြီ ဟုတ်ပြီ ကြည့်တာရပ်ဦး။ ရော့ရော့က လက်ထပ်ပြီးနေပြီ မြန်မြန်” မစ္စယွီဟာ သင်္ကေတနဲ့တို က်တွန်းတယ်။
ယွီယွီဟာ သူမကို မကြားချင်ဟန် ဆောင်တယ်။ခဏကြာတော့ သူမနေနိုင်ဘဲ ထပ်ကြည့်မိပြန်တယ်။
294 03
အကြိမ်ရေ အနည်းငယ်လောက်ကြာလာတဲ့အခါ မစ္စယွီဟာ နောက်ဆုံးတော့ တစ်ခုခုလွဲနေမှန်းကို သိသွားတယ်။
ယွီယွီ နန်ကောကို ကြည့်နေပုံ မရဘူး။ဒါပေမဲ့ နန်ကောအနောက်က သတို့သမီးအရံ...
ဒါကိုမြင်တော့ မစ္စယွီဟာ ဒေါသထွက်သွားတယ်။သူမဟာ ဘေးကဇွန်းကိုယူပြီး သူ့လက်ဖမိုးကို ခေါက်တယ်။သူမဟာ အသံကိုတိုးပြောတယ်။ “ယွီယွီ ငါ နင့်ကို ဒီမှာ ရိုက်ချင်အောင်တွန်းအားမပေးနဲ့”
“…” ယွီယွီခမျာ အံ့ဩဆွံ့အသွားရတယ်။ “ဘာ”
ဘာဖြစ်လို့တုန်း။သူ ဘာမှ မလုပ်မိပါဘူး...။
မစ္စယွီကပြောတယ်။ “နင် ဘယ်ကို ကြည့်နေလဲ။ နင်က အရင်တိုင်းပဲဆိုတာ ငါ သဘောပေါက်သွားပြီ။ နင်က အပျိုလေးတွေဆီကနေ မျက်လုံးမခွာနိုင်ဘူးဘဲ နင့်ဘ၀မှာ မိန်းမတွေကို တစ်ခါမှမမြင်ဖူးဘူးလား။ နင် ပိုပြီးယဉ်ကျေးပေးလို့ ရမလား။ ဘာလို့ထောင့်နားလေးကို ကျုံ့ကျုံ့လေးသွားပြီး ကိုယ့်ဟာကိုယ် စားပွဲမှာ ထိုင်မနေတာလဲ။ ငါနဲ့ထိုင်ပြီး နင့်ကိုယ်နင် အရှက်ခွဲမနေနဲ့”
“ကျွန်...ကျွန်တော် ဘယ်သူ့ကိုမှမကြည့်ပါဘူး” သူဟာ ၀န်ခံဖို့ငြင်းဆန်တယ်။
“နင့်မားက ကန်းနေတယ်လို့ ထင်နေလား။ နင့်မျက်လုံးက သူ့ဆီမှာ ကပ်ပါသွားတော့မတတ်ဘဲ ငါသိချင်တယ်။ ငါ ဘာလို့ နင့်လိုသားကို မွေးမိတာပါလိမ့်။ မိန်းကလေးကိုမြင်ပြီဆို နင်က အရိုးကို မြင်တဲ့ခွေးလိုပဲ”
“ယွီယွီ နင် ဘယ်အချိန် ရင့်ကျက်မှာလဲ။ မိသားစုက နင်တွဲတာတွေကို မတားဘူး။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ပတ်ပြီး အရူးကွက် နင်းနေတာကို ရပ်ပေးလို့ရမလား။ အပြင်က ကမ္ဘာကြီးက နင့်ကို ဘယ်လိုတွေးလဲဆိုတာ ဘာလို့တစ်ချက် မကြည့်ကြည့်တာလဲ။ ပုံမှန်အားဖြင့် နင် ရော့ရော့နဲ့ထွက်လည်ရင် ငါလေ နင် ရော့ရော့ရဲ့ဂုဏ်သိက္ခာကို ဖျက်စီးမိမှာ စိုးရိမ်တယ် ဟူး ငါသာ ရော့ရော့ဆိုရင်လေ နင့်ကိုသိပြီး နင်နဲ့ သတိမထားဘဲ သူငယ်ချင်းလုပ်မိတာကို သေချာပေါက် နောင်တရနေပြီ”
“ငါ တကယ်သိချင်တာပါ။ နင့်မှာ အခု တကယ်သူငယ်ချင်းရောရှိလား။ ပြောပြစမ်းပါဦး နင် မိန်းကလေးတွေကိုရဖို့အတွက် သူတို့ကို နင့်ဟာနင် ဘယ်လိုအချိုသွေးလဲဟေ”
******