← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

295 01

Chapter 295 အမိန့်ကိုစောင့်နေတာ။

Extra Chapter 5: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။

မစ္စယွီဟာ ယွီယွီကို တမင်တကာကြီး လှောင်ပြောင်ချင်နေတဲ့ ရည်ရွယ်ချက် မရှိဘူး။

အခြားအမေတွေဆို သူတို့ကလေးတွေကို မိခင်မေတ္တာကြောင့် သဘာ၀အတိုင်း ကြည့်ပေးကြလိမ့်မယ်။

ဒါပေမဲ့ မစ္စယွီကတော့ မဟုတ်။

သူမရဲ့အမြင်မှာတော့ ယွီယွီဟာ မထူးချွန်ဘူး။ငယ်ငယ်ကတည်းက စာဆိုလည်း အဆင့်မမြင့်ခဲ့သလို ရုပ်လည်း‌ မချောဘူး။ဒါကြောင့် သူမရဲ့အမြင်မှာ ယွီယွီကို မိန်းကလေးတွေက ဘာလို့သဘောကျနေသေးတာလဲ။

ချမ်းသာတဲ့ဒုတိယမျိုးဆက်ဆက်ခံသူဆိုတဲ့ သူ့အနေအထားကို ဖယ်လိုက်ရင် သူနဲ့ပတ်သက်ပြီး ဘာဆွဲဆောင်မှုမှ တကယ်မရှိဘူး။

အရင်က သူ့ဆက်ဆံရေးတွေမှာ သူကပဲစပြီး လိုက်လျောပေးနေရတာ ဖြစ်လောက်မယ်။မဟုတ်ရင် သူ့ဂုဏ်သတင်းနဲ့ ကန်းမနေဘဲနဲ့တော့ ဘယ်မိန်းကလေးမှ သူ့ကို ကြိုက်မှာမဟုတ်ဘူး။

တကယ်တော့ မစ္စယွီဟာ သူမကိုယ်သူမလည်း အပြစ်တင်မိတယ်။ယွီငယ်ငယ်တုန်းကသာ သူမ ပိုပြီးတင်းကြပ်ခဲ့ရင် သူ မိန်းမတွေ အများကြီးကိုတွဲပြီး သူမတို့ရဲ့ခံစားချက်တွေကို နာကျင်စေမှာ မဟုတ်ဘူး။

ဒါကြောင့် ယွီယွီတွဲပြီးလို့ မိန်းကလေးကို လမ်းခွဲကြေးပေးတဲ့အခါတိုင်း သူမဟာ သူမရဲ့ပံ့ပိုးမှုကိုဖော်ပြပြီး မူရင်းကြေးကို နည်းနည်းပိုထည့်ထည့်ပေးတယ်။

မိန်းကလေးတွေမှာ ငယ်ရွယ်တဲ့နှစ်တွေဆိုတာ အနည်းငယ်ပဲ ရှိတာလေ။ယွီယွီနဲ့ လအနည်းငယ်လောက် တွဲတယ်ဆိုတာ ငယ်ရွယ်တဲ့လအနည်းငယ်ကို ဖြုန်းတီးရာကျပြီး သူမလေးတို့အတွက်လည်း လွယ်ကူမှာမဟုတ်ဘူး။

“မားက တကယ် ကျွန်တော့်ရဲ့အမေရင်းလား” ယွီယွီဟာ အသက်ပြင်းပြင်း တစ်ချက်ရှူရပြီး စားတောင်မစားနိုင်ဘူး။

မစ္စယွီဟာ သူ့ကို စိုက်ကြည့်တယ်။ “ငါက နင့်အမေရင်း ဟုတ်လား၊မဟုတ်လားက အရေးကြီးတာ မဟုတ်ဘူး။ ငါ နင့်ကို သတိပေးနေတာ နင် ရော့ရော့ရဲ့သတို့သမီးအရံလေးကို သွားရှုပ်လို့မရဘူး နင် သူ့ကိုအသည်းခွဲပြီး ရော့ရော့ကို အလယ်မှာ ဆန်းဝှစ်ရှ်လို ကြားညှပ်စေရင် ရော့ရော့ ဘယ်လိုလုပ်မလဲ။ နင့်ကြောင့်နဲ့ ကလေးမလေး ရော့ရော့နဲ့ပြတ်ပြီး မပျော်ရွှင်စရာဇာတ်ကြောင်း ဖြစ်လာလို့ကတော့ ငါ နင့်ကို အပိုင်းပိုင်းဖြတ်ပစ်မှာ”

“နင်ကတော့ ဂရုမစိုက်လောက်ပေမဲ့ မိသားစုက လုံး၀ဂရုစိုက်တယ် ဒီလိုဖြစ်လာလို့ရှိရင် ငါတို့က ရော့ရော့ကို ဘယ်လိုရှင်းပြရမလဲ။”

“ဟင့်အင်း အဲ့လိုကိစ္စဖြစ်လာမှာ မဟုတ်ဘူး” သူ့ရဲ့မား တဖြည်းဖြည်း အတည်ပေါက်ကြီး ဖြစ်လာတာကို မြင်တော့ ယွီယွီဟာ သူမကို အလျင်အမြန် တားတယ်။ “မားက ကျွန်တော့်ကို အဲ့လိုတွေးတာလား။ ပြီးတော့ ချစ်တယ်၊မချစ်ဘူးဆိုတာ ပုံမှန်ကိစ္စပဲ မဟုတ်ဘူးလား။ အဲ့တာက နန်ကောကို သွားငြိမှာမှ မဟုတ်တာ”

မစ္စယွီဟာ ဒေါသထွက်လွန်းလို့ သူ့ပုခုံးကိုရိုက်ကာ အံကြိတ်တယ်။ “ကောင်းကောင်းနေစမ်း။ နင် သူ့ကို တကယ်သွားရှုပ်ရဲရင် ငါ နင့်ကို အိမ်ပေါ်ကနေ ဆင်းခိုင်းမှာ။ နင့်အတွက် တကယ်ပြီးသွားလိမ့်မယ်နော်”

ယွီယွီက ပြန်ခံပြောတယ်။ “မယုံပါဘူး”

“မားကြိုးစားကြည့်ရင်တောင် အဖိုးက ခွင့်ပြုမှာ မဟုတ်ဘူး။ ကျွန်တော်က သူရဲ့တစ်ဦးတည်းသော အဖိုးတန်မြေးလေးလေ”

“ဟက်” မစ္စယွီဟာ မျက်လုံးလှည့်ကာ “နင့်ကို ငါ ကန်ချလိုက်ရင် နောက်တစ်ယောက် ထပ်မွေးမှာပေါ့။ ငါ နင့်ကို ဂရုမစိုက်ပါဘူးနော်”

“အိုကေ အိုကေ အိုကေ”

ကူကယ်ရာမဲ့စွာနဲ့ပဲ ယွီယွီဟာ သူ့မားကို ပြီးစလွယ် ပံ့ပိုးပေးလိုက်တယ်။

“မရဘူး ကျိန်ပြ”

‌အမေနဲ့သားကြားက အခြေခံအကျဆုံး ယုံကြည်မှုဟာ ပျောက်သွားတာကြာပြီ။ဒါ ယွီယွီ အရင်ကလုပ်ခဲ့တဲ့ ရူးကြောင်ကြောင်ကိစ္စတွေရဲ့ကျေးဇူးလေ။

“ကျွန်တော်...” ယွီယွီဟာ ဆွံ့အသွားတယ်။သူ ဘယ်လိုလုပ်ကျိန်ရမှာတုန်း။

သူ စုဟွေးနဲ့ပတ်သက်ပြီး ဘာခံစားချက်မှမရှိဘူးလို့ ပြောသင့်လား။ဒါပေမဲ့ သူ့မှာ ရှိနေတယ်လေ

“ကဲ” သူက ဒီလိုမျိုးပဲဆိုတာ မစ္စယွီသိနေတယ်။

စဉ်းစဉ်းစားစား တွေးကြည့်ပြီးတဲ့နောက်မှာတော့ ယွီယွီဟာ အမှန်တိုင်းသာ ပြောပြလိုက်ရတယ်။ “ကျွန်တော်တို့ အရင်က အချင်းချင်းသိပြီး ဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးတယ်”

သူဟာ သွယ်ဝိုက်ပြောတယ်။သူတို့ဟာ အရင်တုန်းက အတွဲတွေဖြစ်ခဲ့တယ်ဆိုပြီး မစ္စယွီ ထင်လိုက်မိတယ်။

သူမ အသိ၀င်လာတော့မှ မစ္စယွီဟာ နည်းနည်းအံ့အားသင့်သွားတယ်။သူမဟာ စပ်စုချင်တဲ့မျက်နှာထားနဲ့ ခုံကို ယွီယွီ့ဘေး အမြန်ရွှေ့တယ်။ “ဒီတော့ နင် သူ့ကို စိတ်မဖြတ်နိုင်သေးဘူးပေါ့လေ”

ယွီယွီဟာ ခေါင်းကို ကို့ရို့ကားယား‌ ကုတ်တယ်။ “ထင်တာပဲ”

“…” မစ္စယွီဟာ စိတ်လှုပ်ရှားတက်ကြွစွာနဲ့ လက်ခုပ် ထတီးတယ်။စားပွဲကအခြားဧည့်သည့်တွေမှာ လန့်သွားပြီး စားလက်စတောင် ရပ်သွားကြတယ်။

“တောင်းပန်ပါတယ်။ အကုန်အဆင်ပြေတယ်”

295 02

မစ္စယွီဟာ သူတို့ကိုဆက်စားဖို့ အမူအရာပြတယ်။သူမဟာ လှည့်ပြီး ယွီယွီကို တိုးတိုးလေး ပြောတယ်။ “မဆိုးဘူး ငါ့သား။ ဒါ ငါ ပထမဆုံးအကြိ မ်မြင်ဖူးတာပဲ...နင် မိန်းကလေးတစ်ယောက်ကို မပြတ်နိုင်တာကို”

သူမဟာ စကားလုံးရှာမတွေ့ခင်အထိ အကြာကြီး အောင့်အီးထားခဲ့တယ်။

ရိုးရိုးသားသားပြောရရင် ယွီယွီ့ရဲ့အမေအနေနဲ့ သူ အရင်က တွဲခဲ့တဲ့လူတိုင်းကို သူမ သိတယ်။အမှန်က သူမ မိန်းကလေးတိုင်းရဲ့နောက်ခံကို စုံစမ်းခဲ့တယ်။

စစပိုင်းတော့ သူမ ပထမမိန်းကလေးအချို့ကို နက်ရှိုင်းတဲ့ ထင်မြင်ချက်ရှိခဲ့တယ်။သူမဘက်ကစပြီးတောင် သူမတို့ကို နေ့ခင်းနေ့လည် လက်ဖက်ရည်သောက်ဖို့ခေါ်ပြီး Hermes အိတ်တွေပေးခဲ့တယ်။ဒါပေမဲ့ ယွီယွီတစ်ယောက် ရည်းစားတွေ အရမ်းပြောင်းမှန်းကို သူမ သိလိုက်ရတာမို့ မိန်းကလေးတွေကို ဆက်သွယ်ဖို့အတွက် သူမ အရမ်းပျင်းရိခဲ့တော့တာပဲ။

အရင်တုန်းက ယွီယွီဟာ ဒီရည်းစားတွေကို အရင်ဆုံး စဖြတ်တတ်တဲ့လူ။သူဟာ တစ်ခါမှ ပြန်မလှည့်ဖူးဘူး။ဒါ ပထမဆုံးအကြိမ်ပဲ။

မစ္စယွီဟာ သူတို့၂ယောက် အခွင့်အရေးရှိတယ်လို့ခံစားရပြီး ယွီယွီ အခြေတကျဖြစ်နိုင်မယ်လို့ မျှော်လင့်တယ်။

“ငါ ဒီတစ်ခါ နင့်ကို အားပေးတယ်” သူမဟာ သူမရဲ့ ခုဏကအပြုအမူကို ပြင်လိုက်ပြီး ဘေးနားက သူမရဲ့အိတ်ကို ထက်ထက်သန်သန် ဆွဲထုတ်တယ်။သူမဟာ ယွီယွီ့ကို ဘလက်ကတ်တစ်ကတ်ပေးပြီး “သား သွား မား အနောက်ကနေပံ့ပိုးပေးမယ်”

ယွီယွီနှုတ်ခမ်းထောင့်ဟာ မဲ့ရွဲ့သွားတယ်။ “မား မားရဲ့သဘောထားကို တကယ်အမြန်လေး ပြောင်းလိုက်တာပဲနော်”

“ဟေး သားက ဆက်ဆံရေးတွေကို တန်ဖိုးထားတတ်တဲ့လူလို့ မားအမြဲခံစားခဲ့ရပါတယ်။ သား ဒီမိန်းကလေးနဲ့ပတ်သက်ပြီး ဘယ်လောက် အလေးအနက်ဖြစ်နေလဲဆိုတာလည်း မား ခံစားသိနိုင်ပါတယ်”

“အဲ့လိုလား” ယွီယွီ့မျက်လုံးထဲ သံသယအပြည့်နဲ့။

“ဒါပေါ့” မစ္စယွီဟာ အပြစ်ရှိစိတ်ကို မခံစားရတာ။ “သူ့ကို လိုက်စမ်းပါ။ သားက ချောပြီးသား နည်းနည်းလေးပဲ ထပ်အားထုတ်လိုက်ရင် ကောင်မလေးက ကျိန်းသေပေါက် သားနဲ့အတူပြန်ဖြစ်လိမ့်မယ်။ သားမိန်းမအတွက် စေ့စပ်လက်ဆောင်က အဆင်သင့်ပဲ။ သား အချိန်မရွေး လက်ထပ်လို့ရတယ်။ တစ်မိသားစုလုံးက သားမီးစိမ်းပြတာကို စောင့်နေတာ”

ပြောပြောဆိုဆိုနဲ့ မစ္စယွီဟာ မနေနိုင်ဘဲမေးကြည့်တယ်။ “ဒီကောင်မလေးက ဘယ်ကလဲ။ နာမည်က ဘာလဲ။ သူ့မှာ မိသားစုထဲမွေးချင်းတွေရောရှိသေးလား”

“နာမည်က စုဟွေး မြောက်ပိုင်းက တစ်ဦးတည်းသောသမီးဖြစ်ပုံရတယ်”

“အိုး အိုး အိုး” မစ္စယွီဟာ တရစပ်ခေါင်းညိတ်တယ်။ “သူက ရော့ရော့နဲ့အတန်းဖော်တွေလား”

“အင်း သူက ဟိုက်တက္ကသိုလ် စီးပွားစီမံမေဂျာက”

“ဘုရား ဒါဆို သူက စာတော်တဲ့ကျောင်းသူလေး ဖြစ်မယ်”

“ဒါဆို...”

“တော်ပြီ မား ထပ်မမေးနဲ့တော့” သူ့မှာ ကောင်မလေးကို ရတော င်မရသေးပါဘူး။သူ့မား စုဟွေးကို သီးသန့်လိုက်ရှာခြင်းအမှုကနေ တားဖို့အတွက် ယွီယွီဟာ သူမကို သတိပေးတယ်။ “မား သူ့ကိုလိုက်ရှာလို့မရဘူးနော်။ သူ လန့်သွားလိမ့်မယ်”

အမေနဲ့သားရဲ့အခန်းကဏ္ဍဟာ ပြောင်းသွားတယ်။ယွီယွီဟာ သူမကို “သတိတွေ” အများကြီး ပေးနေတယ်။

သူ့မားကို သူနားလည်ရသလောက်တော့ သူမ ကြည့်ရတာ အကွက်ရွှေ့ဖို့ အဆင်သင့်ဖြစ်နေသလိုပဲ။သူမဟာ ခဏနေ စုဟွေးကိုစကားပြောဖို့ အခွင့်အရေး ရှာကောင်းရှာလိမ့်မယ်။မစ္စယွီဟာ လက်ခါတယ်။ “မပူပါနဲ့ မားကိုင်တွယ်ပါ့မယ်”

မကြာဘူး။နန်ကော၊ရှန်ရန်ချင်းနဲ့ အခြားလူတွေဟာ ဆန္ဒပြုသောက်ဖို့အတွက် ယွီမိသားစုစားပွဲဆီကို ရောက်လာတယ်။စုဟွေးလည်း လိုက်ပါလာတယ်။

မစ္စယွီဟာ ဝိုင်ခွက်ကို အပြုံးလေးနဲ့ယူတယ်။နန်ကောရဲ့အနောက်မှာ စုဟွေးကိုမြင်တော့ သူမမျက်နှာက အပြုံးဟာ ကျယ်ပြန့်သွားပြီး တစ်ခဏ အကြည့်မလွှဲဘဲနေတယ်။

တောက်လောက်နေတဲ့ အကြည့်ကိုခံစားမိတော့ စုဟွေးဟာ လှမ်းကြည့်ပြီး လန့်သွားတယ်။

သူမ အခုလေးတင် နန်ကောနဲ့ဒီအမျိုးသမီးရဲ့စကားဝိုင်းကို နားထောင်ခဲ့ပြီးပြီမို့ ဒါ ယွီယွီ့ရဲ့သမိုင်း၀င်မေမေကြီးဆိုတာကို အကြမ်းဖျင်းသိတယ်။

သူမ လှမ်းကြည့်တော့ မစ္စယွီဟာ သူမကို ခေါင်းတောင်မှ ညိတ်ပြသေးတယ်။

295 03

စုဟွေးလည်း ခေါင်းညိတ်ပြီး ပြုံးပြလိုက်တယ်။အပြင်ပိုင်းမှာတော့ သူမဟာ တည်ငြိမ်နေပုံပေါ်ပေမဲ့ တကယ်တော့ သူမ ကြောင်နေတာ။

မစ္စယွီဟာ သူမ စိတ်ကူးထားသလောက် ဆိုးဝါးပုံ မပေါ်ပါဘူး။အဲ့အစား သူမဟာ ဖော်ရွေတယ်။နောက်စားပွဲက သူဌေးမတွေထက်စာရင် သူမဟာ ပိုပြီးအဆင်ပြေဖို့လွယ်သလိုပဲ။သူမဟာ စိတ်နှလုံးသားနူးညံ့တဲ့လူဖြစ်မယ်။

ဒါပေမဲ့ မစ္စယွီဟာ သူမနဲ့ယွီယွီရဲ့အရင်ကဆက်ဆံရေးကိုသိထားတယ်လို့ စုဟွေး သံသယ၀င်မိတယ်။အဲ့တာကြောင့် အခုလို ဖြစ်နေတာ။

“ဟေး မိန်းကလေး မင်းဂါ၀န်မှာ ကိတ်နည်းနည်းပေ‌နေပုံပဲ” သူတို့ ထွက်သွားတော့မဲ့အချိန်မှာပဲ စုဟွေးရဲ့ဂါ၀န်မှာ ညစ်ပတ်နေတာကို မစ္စယွီဟာ သတိထားမိသွားတယ်။

နန်ကောဟာလည်း တစ်ချက်ကြည့်ပြီး စွန်းနေတာကိုတွေ့တယ်။ “ဟွေးဟွေး အရင်သွားသုတ်လိုက်ဦး။ ငါ တစ်ယောက်ယောက်ကို နင့်ကို ခေါ်သွားခိုင်း...”

မစ္စယွီဟာ တက်ကြွဖြတ်လတ်စွာနဲ့ထရပ်တယ်။ဘယ်သူကမှ မတုံ့ပြန်နိုင်ခင်မှာဘဲ သူမဟာ စုဟွေးကို ဆွဲခေါ်သွားတယ်။ “အန်တီခေါ်သွားလိုက်မယ် လာ လာ အပေါ်ထပ်ကိုသွားစို့” ဘေးမှာရပ်နေတဲ့ ယွီယွီ့မှာတော့ ရှုပ်ထွေးသွားသလို ခံစားလိုက်ရတယ်...။

******

All Chapters