← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

296 01

Chapter 296 သမီးမှာကောင်လေးရှိလား။

Extra Chapter 6: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။

ယွီယွီတစ်ယောက် မတားလိုက်ရဘဲ မစ္စယွီဟာ စုဟွေးကို ဝေးဝေး ဆွဲခေါ်သွားပြီးနေပြီ။သူမရဲ့လှုပ်ရှားမှုဟာ မြန်လွန်းလို့ အကြိမ်ပေါင်းမနည်း လေ့ကျင့်ထားတဲ့အလား။

သူ့မျက်နှာထား မူမမှန်တာကိုမြင်တော့ နန်ကောဟာ သဘောပေါက်သွားတယ်။

ဘယ်သူကမှ အာရုံစိုက်မနေတဲ့အချိန် သူမဟာ အနားကို တိတ်တိတ်လေး သွားလိုက်တယ်။ “အန်တီ သိတာလား”

ယွီယွီဟာ ခုံပေါ်ထိုင်ချပြီး ကူကယ်ရာမဲ့စွာနဲ့ ခေါင်းညိတ်တယ်။

နန်ကောဟာ အံ့ဩသွားတယ်။ “ထင်သားပဲ”

မစ္စယွီတက်ကြွနေတာ အံ့ဩစရာ မရှိတော့ပါဘူး။

မစ္စယွီဟာ တကယ်တော့ နွေးထွေးတဲ့လူဆိုပေမဲ့လည်း ဒီလိုပွဲအခမ်းအနားမျိုးမှာ အနားမှာ စားပွဲထိုးတွေ အများကြီးရှိတယ်။မစ္စယွီအတွက် သူမ မသိတဲ့မိန်းကလေးကို အထူးတလည် ခေါ်သွားပေးစရာမလိုဘူး။

“ဒါဆို နင် အပေါ်တစ်ချက် တက်ကြည့်မလား။ အဲ့တာ ဒုတိယထပ်မှာ ငါ မင်္ဂလာ၀တ်စုံလဲ‌တဲ့နေရာ”

“အင်း အင်း အင်း” ယွီယွီဟာ အိပ်မက်ကနေ နိုးထလာပုံရပြီး အမြန်အနောက်ကနေ လိုက်သွားတယ်။

ဒုတိယထပ်က ဧည့်သည်ခန်းမှာတော့။

မစ္စယွီဟာ စုဟွေးဂါ၀န်ပေါ်ကကိတ်တွေကို စိတ်အားထက်သန်စွာနဲ့ သုတ်ပေးတယ်။ဒါပေမဲ့ ခရင်မ်ဟာ နည်းနည်းခြောက်နေပြီမို့ မစ္စယွီမှာ လက်လျှော့လိုက်ရတယ်။ “မိန်းကလေး ကျေးဇူးပြုပြီး နောက်ထပ်တစ်စုံလဲ လိုက်ပါ”

တကယ်တော့ စုဟွေးလည်း ၀တ်စုံအသစ်လဲဖို့ တက်လာတာ။နန်ကော ဂါ၀န်အပိုတစ်ထည် ပြင်ပေးထားတယ်။ဒါပေမဲ့ မစ္စယွီဟာ အရမ်းစိတ်ထက်သန်နေတော့ သူမမှာ ပြောဖို့ကို အားနာနေမိတာ။

“ဟုတ်ကဲ့ အန်တီ သမီးသွားလဲလိုက်ဦးမယ်”

“ဟုတ်ပြီ သွား သွား” မစ္စယွီဟာ ဂရုတစိုက်နဲ့ သူမကို အိပ်ခန်းတံခါးတောင်မှ ကူဖွင့်ပေးသေးတယ်။

အ၀တ်လဲနေရင်း စုဟွေးဟာ ယွီယွီကိုဖုန်းခေါ်ပြီး ဘာတွေဖြစ်နေလဲလို့ မေးချင်တယ်။ဒါပေမဲ့ ဖုန်းကိုဖွင့်လိုက်တော့ သူမ ယွီယွီကို ဘလော့ပြီး ဖျက်လိုက်တာကြာပြီဖြစ်ကြောင်း သတိရသွားတယ်။သူနဲ့ပတ်သက်လို့ ဘာဆိုဘာမှ မရှိတော့ဘူး။

အချိန်တိုတိုလေးနဲ့တော့ သူ့ကိုဆက်သွယ်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။

အ၀တ်လဲနေရင်း သူမရဲ့စိတ်ကူးယဉ်မှုဟာ စတင်နက်နဲသွားတယ်။မစ္စယွီဟာ ယွီယွီ့ဆီက တစ်ခုခု ကြားထားတာဖြစ်မယ်လို့ သူမ ခံစားနေရတယ်။ဒါကြောင့် သူမ မူမမှန်နေတာ။

ယွီယွီ့ပါးစပ်နဲ့ သူ ကောင်းတာမျိုး ပြောမှာမဟုတ်လောက်ဘူး။

“မိန်းကလေး မပြီးသေးဘူးလား။ အန်တီ့ အကူအညီလိုလား”

ဂါ၀န်ရဲ့ဇစ်ဟာ ကျောဘက်မှာ ဖြစ်တယ်။မစ္စယွီဟာ ကလေးမလေးပြောဖို့ ရှက်နေမှာကိုစိုးတာမို့ အချိန်ကိုက် တံခါးခေါက်ပြီး မေးကြည့်လိုက်တာ။

စုဟွေးဟာ သူမအနောက်ကဇစ်ကို ဆွဲဖို့ကြိုးစားနေတာ ဖြစ်တယ်။ဒါကိုကြားတော့ သူမဟာ အမြန်ပြန်ဖြေတယ်။ “အန်တီ သမီးကို ကူညီပါဦး”

တံခါးဟာ လော့မချထားဘူး။မစ္စယွီဟာ တံခါးကိုတွန်းဖွင့်ကာ သူမကို ဇစ်ကူတပ်ပေးဖို့ အထဲကို၀င်တယ်။သူမဟာ သူမရဲ့ခါးကကြိုးကိုလည်းပဲ ကူညှိပေးတယ်။ “ဟေး မိန်းကလေး နာမည် ဘယ်လိုခေါ်လဲ”

“အန်တီ သမီးနာမည်က ရှားစောင်းလက်ပတ်ဆိုတဲ့ စုဟွေးပါ”

“ဘုရား ကောင်းလိုက်တဲ့နာမည်လေး သမီးက သိပ်လှတာပဲ။ သမီးရဲ့မျက်နှာလေးရော၊ခန္ဓာကိုယ်လေးရော ပြီးပြည့်စုံတယ်”

မစ္စယွီဟာ လူတွေကို ချီးကျူးတဲ့နေရာမှာ နောကြေနေပြီ။သူမဟာ လူတွေကို အလွယ်တကူချီးကျူးဖို့အတွက် စဉ်းစားနေစရာတောင်မလိုဘူး။

ဘယ်သူက ချီးကျူးခံရတာကို မကြိုက်မှာလဲ။စုဟွေးလည်း ခြွင်းချက်မရှိဘူး “သမီးက ဘယ်ကလဲ။ မြောက်ပိုင်းကလား”

“ဟုတ်တယ် သမီးက မြောက်ပိုင်းက”

“တိုက်ဆိုင်လိုက်တာ”

296 02

စုဟွေးဟာ အံ့ဩသွားတယ်။ “အန်တီရောလား”

“အန်တီလည်း မြောက်ပိုင်းကပဲ”

“ဒီလိုကိုး အန်တီလည်း မြောက်ပိုင်းကပဲကိုး”

မစ္စယွီဟာ တုံ့ပြန်တယ်။ “ဟုတ်တယ် ဟုတ်တယ်။ အဲ့တာကြောင့် အန်တီ သမီးကိုမြင်တော့ အထူးတလည် ရင်းနှီးတယ်လို့ခံစားရတာကိုး။ အန်တီတို့ မြင်မြင်ချင်းပဲ ရင်းနှီးသွားကြသလိုမျိုး အန်တီ့မိသားစုကို ရှာတွေ့သလိုမျိုးပဲ”

ကျန်းမြို့မှာ မြောက်ပိုင်းကလူတွေ သိပ်မရှိဘူး။မစ္စယွီအတွက် တူညီတဲ့ဒေသကလူကို ရင်းနှီးတယ်လို့ခံစားရတာဟာ အဓိပ္ပာယ်ရှိပါတယ်။ဒါပေမဲ့ စုဟွေး နားမလည်ဘူး။သူမကို “မိသားစု” လို့ခေါ်တာကကျ နည်းနည်းချဲ့ကားရာ မကျသွားဘူးလား။

“သမီးမိသားစုက ဘာလုပ်လဲ”

မစ္စယွီဟာ ပုံမှန်မျက်နှာထားနဲ့ ဒီတိုင်းပဲ မေးလိုက်ပုံပေါ်တယ်။

စုဟွေးဟာ ခဏလောက် တုံ့ဆိုင်းသွားတယ်။ထူးဆန်းတယ်လို့ထင်ပေမဲ့လည်း သူမ ယဉ်ကျေးမှုအရဖြေပေးဖို့လိုတယ်။ “F&B သမီးတို့မိသားစုက မြောက်ပိုင်းမှာ ဆိုင်ခွဲတွေနဲ့ စားသောက်ဆိုင်တွေရှိတယ်”

“အော် မြောက်ပိုင်းမှာပဲလား”

“ဟုတ်”

“ကျန်းမှာရော မစမ်းကြည့်ဘူးလား”

“သမီးတို့မိသားစုက ဒေသစားသောက်ကုန်တွေကိုပဲ အဓိကထားတာမို့ အခြားဒေသတွေမှာ စားသောက်ဆိုင်ဖွင့်ဖို့တော့ မစီစဉ်ထားသေးဘူး။ တကယ်တော့ F&B လုပ်ငန်းက လွန်ခဲ့တဲ့၂နှစ်လုံးမှာ ပျမ်းမျှပါပဲ။ အန်တီ ပြန်စဉ်းစားသင့်တယ်”

“ဟုတ်ပြီ အန်တီနားလည်ပြီ ကျေးဇူးပဲ”

ဒီနားမှာ မစ္စယွီဟာ စုဟွေးရဲ့ကြိုးကို ဖဲပြားပုံစံလေး ချည်ပေးတယ်။စုဟွေးအနောက်လှည့်လာတဲ့အခါ သူမဟာ ဖုန်းကိုထုတ်ပြီး “အန်တီတို့ အဆက်အသွယ်လဲထားရင်ရော။ နောင် အန်တီ စားသောက်ဆိုင်ဖွင့်ချင်တယ်ဆို သမီးဆီက အကြံဉာဏ်တောင်းမယ်လေ”

“ဟုတ်ကဲ့” စုဟွေးဟာ ငြင်းမရဘူး။

သူမတို့၂ယောက်လုံး အချင်းချင်းဝီချက်မှာ အပ်လိုက်ကြတယ်။စုဟွေးဟာ မစ္စယွီရဲ့ပရိုဖိုင်ပုံရယ်၊နာမည်ပြောင်ရယ်ကိုကြည့်ပြီး အတွေးစခန်းကျသွားတယ်။

သူမ ကြည့်နေတာကို မစ္စယွီမြင်တော့ သူမဟာ အရှေ့ကိုအသာကိုင်းပြီး အပြုံးနဲ့မေးတယ်။ “ဘယ်လိုလဲ။ အန်တီ့ပရိုဖိုင်ပုံက ကြည့်ကောင်းတယ်မလား”

“ကောင်းတယ် အရမ်း...ချစ်စရာကောင်းတယ်” စုဟွေးမှာ သူမကို ဒီလိုပဲချီးကျူးနိုင်တယ်။သူမရဲ့အရှေ့က ဒီသူဌေးအမျိုးသမီးရဲ့ဝီချက်ပရိုဖိုင်ဟာ ဟိုလို ကြာပန်းတို့၊ရှုခင်းတို့မဟုတ်ဘူးလို့ ဘယ်သူကထင်ပါ့မလဲ။အဲ့တာဟာ လူသုံးနည်းတဲ့ အန်နီမေးပရိုဖိုင်ပုံကြီး ဖြစ်နေတယ်။

စုဟွေးဟာ တကယ်နားမလည်နိုင် ဖြစ်သွားရတယ်။

အခုတ‌လော ဒါက သူဌေးမတွေကြားထဲ ထရန်းဖြစ်နေတာများလား။

ယွီ့မိသားစုက လက်၀တ်ရတနာလုပ်ငန်းထဲမှာဆိုတာကို သူမ သိတယ်။မစ္စယွီရဲ့ပုံရိပ်တွေကိုနှိပ်ကြည့်ပြီးတဲ့နောက် သူမဟာ အကဲခတ်မှုတချို့ကို ပြုလုပ်တယ်။ပထမ ဘာလက်၀တ်ရတနာမှ မရှိဘူး။ဒုတိယ ဘာကြော်ငြာမှလည်း မရှိဘူး။ပြီးတော့ တတိယ သူမရဲ့သူငယ်ချင်းဟောင်းတွေနဲ့ဆယ်ဖီပုံတွေလည်း တစ်စက်မှမရှိဘူး။

ကြက်ကြော်၊နို့လက်ဖက်ရည်၊ဟော့ပေါ့နဲ့ လိုင်းပေါ်က နာမည်ကြီးတဲ့ အမျိုးမျိုးသော ဟော့ပေါ့ပုံတွေနဲ့ ဗီဒီယိုတွေသာရှိတယ်။ပုံနဲ့ဗီဒီယိုတွေက သူမထက်တောင်မှ ပိုပရော်ဖက်ရှင်နယ်ကျသေး။ပုံစံတိုင်းရဲ့မော်ဒယ် ဖြစ်နေရော။

မစ္စယွီဟာ သူမကိုယ်သူမ ကောင်းကောင်းဂရုစိုက်တယ်။သူမမျက်နှာမှာ ဘာအရေးအကြောင်းမှ တကယ်မရှိဘူး။ပြီးတော့ ဆံပင်ဖြူလည်း မရှိဘူး။သူမသာ ဒီနေ့ နန်ကောရဲ့လက်ထပ်ပွဲကို မတက်ရင် မစ္စယွီဟာ ပိုပြီးလူငယ်ဆန်ဆန်နဲ့ ခပ်လန်းလန်းဖြစ်အောင် ၀တ်စားလာမှာ။အဲ့လိုဆို သူမဟာ အသက်၂၀၀န်းကျင် တက္ကသိုလ်ကျောင်းသားရဲ့အမေဆိုတာကို ပြောဖို့တကယ်ခဲယဉ်းလိမ့်မယ်။

သူမရဲ့နေ့စဉ်ဘ၀ဟာ တက္ကသိုလ်ကျောင်းသူလေးလိုပဲ။သူမဟာ သတ်လတ်ပိုင်းအမျိုးသမီးနဲ့ တူမနေဘူး။

သူမ မစ္စယွီနဲ့ပြောဖို့ ‌အကြောင်းအရာစုံကိုတောင် ရှာလို့ရတယ်။မျိုးဆက်ကွာနေတာမျိုးရယ်လို့ မရှိဘူး။

စုဟွေးဟာ နန်ကောရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တာမို့ နန်မိသားစုအကြောင်းကို နည်းနည်းပါးပါး ကြားဖူးတယ်။နန်ကောနဲ့ သူဌေးအသိုင်းအဝိုင်း တီဗီဇာတ်လမ်းတွဲတချို့ထဲက “လွှမ်းမိုးမှု” ဟာ ဘယ်လောက် ခက်ခဲလဲဆိုတာကို တွေးမိတဲ့အခါ ယွီမိသားစုဟာလည်း နန်မိသားစုနဲ့ ဆင်လိမ့်မယ်လို့ သူမ ထင်ခဲ့တာ။

296 03

ဘာပဲဖြစ်ဖြစ် ဒီမိသားစု၂စုဟာ သူငယ်ချင်းမိသားစုလို့ ပြောလို့ရတယ်လေ။ယွီယွီ့အမေဟာ ဂုဏ်သိက္ခာရှိရှိနဲ့စနစ်ကျတဲ့လူလို့ သူမ အမြဲထင်ခဲ့တာ။သူမ ကြည့်ရတာ သိမ်မွေ့တယ်ဆိုပေမဲ့လည်း အတွင်းမှာတော့ ခက်ထန်လောက်မယ်။ဥက္ကဌရှန်ရဲ့အမေရင်းလိုမျိုးပေါ့။

ဒါပေမဲ့ အခု မစ္စယွီဟာ ဒီထင်မြင်ချက်ကို အကူအညီမပါဘဲ လုံး၀တစ်စစီ လုပ်ပစ်လိုက်ပြီ။

သူ့မား စုဟွေးနဲ့‌ဆက်ပြီး စကားမပြောနိုင်ခင်မှာ တံခါးခေါက်သံတစ်သံ ထွက်လာတယ်။

တကယ်တော့ ယွီယွီဟာ ရောက်နေပြီးသား။ဒါပေမဲ့ စုဟွေး ဒီမှာအ၀တ်လဲနေမယ်ထင်လို့ သူ အပြင်မှာ ခဏစောင့်နေခဲ့တာ။သူတို့ အကြာကြီး ထွက်မလာတာကိုမြင်တော့မှ သူ တံခါးခေါက်ကြည့်လိုက်တာ။

ဒီအသံကိုကြားတဲ့အခါ စားပွဲထိုးမဟုတ်မှန်းကို မစ္စယွီဟာ သိတယ်။သူမဟာ စုဟွေးကို ပြုံးပြတယ်။ “ရပါတယ် အန်တီ့ အဖိုးတန်သားလေးနေမယ်”

အကြောင်းတချို့ကြောင့် မစ္စယွီတကယ်ပြောချင်တာဟာ အဖိုးတန်သားလေးမဟုတ်ဘဲ ကံမကောင်းတဲ့သားလေးလို့ စုဟွေး ခံစားရတယ်။

စုဟွေးဟာ ကို့ရို့ကားယားပြုံးပြီး မစ္စယွီနဲ့အတူ အပြင်လိုက်ထွက်တယ်။

“ဟွေးဟွေး အန်တီ သမီးတို့နေတဲ့ဆီမှာ နှင်းလျှောလာစီးတဲ့အခါကျရင် သမီးအိမ်ကို ညစာစားဖို့လာခဲ့မယ်။ အဆင်ပြေလား”

စုဟွေးဟာ ချက်ချင်းလက်ခံတယ်။ “ကိစ္စမရှိပါဘူး မလာခင် သမီးကိုကြိုပြောလေ ရောက်လာတာနဲ့ သမီး အန်တီ့ကို ညစာလိုက်ကျွေးမယ်”

အခြားဟာတွေအကုန် ဖယ်ထားလိုက်ရင် မြောက်ပိုင်းကလူတွေဟာ နွေးထွေးပြီး ဧည့်၀တ်ကျေကြတယ်။အဲ့တာနဲ့ပတ်သက်ပြီး ဘာမှမမှားဘူး။ “ဟွေးဟွေးက တကယ်တော်တဲ့ကလေးမလေးပဲ...သမီးမှာ ကောင်လေးရှိနေပြီလား”

******

All Chapters