← Chapters

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း ၂၉၇

Vol. 30 Ch. 297

297 01

Chapter 297 အသစ်ကနေပြန်စ။

Extra Chapter 7: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။

စုဟွေးဟာ ဘာမှသိပ်များများစားစားမတွေးမိတာမို့ အမှန်တိုင်းပြောတယ်။ “မရှိသေးပါဘူး”

မစ္စယွီဟာ အံ့ဩချင်ယောင်ဆောင်တယ်။ “ဟွေးဟွေးလိုမိန်းမလှလေးက ကောင်လေးရှိနေပြီလို့ အန်တီမှတ်တာ”

စုဟွေးဟာ လက်ခါတယ်။ “မဟုတ်ဘူး မဟုတ်ပါဘူး”

“ပြောခါမှ အန်တီ့သားလည်း ကောင်မလေးမရှိဘူး။ ဒါပေမဲ့ လောလောဆယ် ကြိုက်နေတဲ့ ကောင်မလေးရှိပုံရတယ်။ ကောင်မလေးက သူ့ကိုကြိုက်လားတော့ အန်တီလည်း မသိပေမဲ့ သားက အခုတလော နည်းနည်း၀မ်းနေတာ သမီးနဲ့ကရွယ်တူပဲ ဟွေးဟွေး ဘာဖြစ်နေတယ်လို့သမီးထင်လဲ။ အန်တီ သူ့အတွက် တကယ်စိတ်ပူနေတာ”

ယွီယွီမှာ သူကြိုက်တဲ့ ကောင်မလေးရှိတယ်။စုဟွေးတစ်‌ယောက် မျက်မှောင် ကြုတ်မိတယ်။ “အဆင်ပြေတယ်လို့တော့ သမီးထင်ပါတယ်။ သူ ကောင်မလေးကိုကြိုက်တယ်ဆိုရင် တိုက်ရိုက်သာ ပြောလိုက်ပါ။ ရှက်စရာ မဟုတ်ပါဘူး။ တစ်ဖက်လူက ကြိုက်လား၊မကြိုက်လားဆိုတာကတော့ မေးကြည့်မှရမယ်”

“သမီးပြောတာမှန်တယ်” မစ္စယွီဟာ လက်ခံတယ်။ “ဒါဆို သမီးအမြင်အရ အန်တီ့သားက ဘယ်လိုနေလဲ”

သူမ အများကြီးတွေးမှာကိုစိုးရိမ်ကာ မစ္စယွီဟာ ထပ်ဖြည့်ပြောတယ်။ “သမီးတို့က ရွယ်တူတွေဆိုတော့လေ သမီးလိုအရွယ်မိန်းကလေးတွေ ယွီယွီကိုကြိုက်ပါ့မလားလို့ အန်တီသိချင်တာ”

“သမီးတော့ မသိလောက်ဘူး။ နန်ကောက ယွီယွီ့ဘေးမှာ ငယ်ငယ်ကတည်းက ရှိခဲ့တဲ့ တစ်ယောက်တည်းသောမိန်းကလေး။ ဒါပေမဲ့ သူတို့က မောင်နှမတွေလိုပဲ။ နန်ကောက တစ်ခါမှ ဒါမျိုးအတွေးမရှိတာမို့ အန်တီ သူ့ကိုမေးလို့မရဘဲ သမီးကိုမေးရတာ”

မစ္စယွီဟာ တကယ်ကို ယွီယွီရဲ့အမေပါပဲ။သူမမှာ စွမ်းရည်ရှိတယ်။

“သမီးအထင်တော့ သူ့မှာ နောက်ခံကောင်းရှိတယ်။ သူ့ရုပ်ရည်အသွင်အပြင်နဲ့ မိသားစုနောက်ခံအကုန် အားသာချက်ရှိတယ်။ မပူပါနဲ့ သူ မိန်းကလေးတွေကြား အတော်နာမည်ကြီးမှာပါ”

အမေဖြစ်သူရှေ့မှာ စုဟွေးဟာ မကောင်းတာမျိုး ပြောလို့မရဘူး။ဒါပေမဲ့ သူမ ပြောခဲ့တဲ့ဟာကလည်း အမှန်ပါပဲ။

ယွီယွီက သူနဲ့ရွယ်တူတွေကြား ထူးချွန်တယ်ဆိုတာကို မစ္စယွီကိုယ်တိုင်က သတိမထားမိတာ ဖြစ်နိုင်ပါတယ်။ဒီအချက်တွေနဲ့တင် သူက သူနဲ့ရွယ်တူတွေကို ၉၀ရာခိုင်နှုန်းလောက် ကြောနေပြီ။

ယွီယွီဟာ ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်။သူ့အသွင်အပြင်ကို ကြည့်လိုက်ရင် သူ့မှာ ခွေးပေါက်လိုမျက်နှာလေး ရှိတယ်။အခု သူက ဘွဲ့ရကျောင်းသားဆိုပေမဲ့လည်း ဘတ်စကတ်ဘောဂျာစီ၀တ်ပြီး အထက်တန်း ဘတ်စကတ်ဘောကွင်းထဲ ၀င်လိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် သူ နေရာမရဘဲနေမှာ မဟုတ်ဘူး။

ဒါပေမဲ့ သူက ပုံမှန်အားဖြင့် ပိုပြီးကိန်းကြီးခမ်းကြီး လူထင်ကြီးအောင် ၀တ်တတ်တယ်။ရှင်းရှင်းပြောရရင် သူက မလေးနက်ဘူး။သူ့ပုံစံက လူကောင်းနဲ့ မတူဘူး။

ဒါပေမဲ့လည်း ဒါဟာ သူမရဲ့အမြင်သက်သက်ပါပဲ။

တံခါးခေါက်သံဟာ သူမကို တိုက်တွန်းနေတယ်။စုဟွေးသာ အနားမှာမရှိဘူးဆိုရင် မစ္စယွီဟာ ကျိန်းသေပေါက် တံခါးဆီကို အော်မိနေပြီ။

တံခါးနားကို ရောက်တော့ မစ္စယွီဟာ တံခါးကိုဆွဲဖွင့်လိုက်ပြီး ယွီယွီကို စိုက်ကြည့်တယ်။သူမမျက်လုံးတွေထဲ သတိပေးချက်ကအပြည့်။

အနောက်ပြန်လှည့်ပြီး မစ္စယွီဟာ ပြုံးကာ စုဟွေးကို ပြောတယ်။ “နန်ကော သမီးကိုစောင့်နေတယ်။ အောက်ဆင်းပြီး သူ့ကို အရင်သွားရှာလိုက်ပါဦး”

“ဟုတ်ကဲ့ တာ့တာ အန်တီ” စုဟွေးဟာ ပြေးချင်နေတာ ကြာပြီ။လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အခါ သူမဟာ တစ်စက်လေးမှမရပ်ဘဲ ‌ဒေါက်ဖိနပ်တွေနဲ့ ထောင့်နားမှာ ပျောက်သွားတော့တယ်။

297 02

မကြာဘဲ ယွီယွီနဲ့ သူ့မားတို့သာ စင်္ကြန်မှာကျန်ခဲ့တယ်။

ယွီယွီမှာ စကားတစ်လုံးပြောဖို့တောင် အချိန်မရလိုက်ဘူး။သူ ဒီကိုလာတာ သူ့မားကို ဆူမလို့ဆိုပေမဲ့ သူ့မားက သူ့ကို အပြစ်တင်လာမယ်လို့ သူ မထင်ထားလိုက်မိဘူး။

“ဘာလို့ငါ့ကိုလောနေတာလဲ။ နင့်ဦးနှောက်နဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်နေလား။” မစ္စယွီဟာ သူ့ပုခုံးကို ဒေါသတကြီး ပိတ်ထိုးတယ်။ “နင်က မှန်တာတစ်ခုခု ကျမလုပ်နိုင်ဘူး။ ဒါပေမဲ့ အကုန်လုံးကျဖျက်စီးဖို့ တတ်တယ်”

သူအရိုက်ခံရမှာကို ကြောက်တဲ့အချက်ကြောင့်သာ မဟုတ်ရင် ယွီယွီဟာ တကယ်ကို မျက်ဖြူလန်ပစ်ချင်တာ။ “ကျွန်တော် မမေးရသေးဘူး။ သူ့ကိုလိုက်မရှာဘူးလို့ မား ကျွန်တော့်ကို ကတိမပေးထားဘူးလား။ မား ဘာလုပ်နေတာလဲ”

“ငါ သူ့ကိုလိုက်ရှာတာ မဟုတ်ဘူး။ သူ အကူအညီလိုတာလေ။ နည်းနည်းလေး စိတ်အားထက်သန်မိတာက ဘာမှားလို့လဲ။ လူကြီးတစ်ယောက်အနေနဲ့ နင့်လိုကလေးတစ်ယောက်ကို ကူညီတာက တစ်ခုခုမှားလို့လား”

ယွီယွီ သီးသွားတယ်။ “ဒါပေမဲ့ ကြာဖို့မလိုဘူးလေ ဟုတ်တယ်မလား။ မားတို့ အထဲမှာ ဘာတွေပြောနေကြတာလဲ”

သူ့မားအပေါ်နားလည်မှုအရ ဒီအချိန်အတွင်းမှာ အ၀တ်လဲတာလေးလောက်ပဲ ကျိန်းသေပေါက် မရိုးရှင်းဘူး။သူ့မားဟာ ကူညီဖို့တော့ မတတ်နိုင်ဘဲ စုဟွေးအကြောင်းကိုတော့ မေးမှာပဲ။

“ဒီတိုင်းစကားပြောတာပါ။ ဘာလို့ နင်က အဲ့လောက်စိုးရိမ်နေတာလဲ။ ငါ သူ့ကို ဝါးစားမယ်ထင်လို့လား”

မစ္စယွီဟာ သူ့ကို မကျေသလိုကြည့်တယ်။ “ငါ တက်လာပြီးတောင် ကူညီပေးပြီးနေပြီပဲ။ ငါ သူ့ကို စကား‌မပြောရင် မှားပြီး မယဉ်ကျေးရာကျမယ် မဟုတ်ဘူးလား”

“ဒီတော့ ဘာတွေပြောခဲ့လဲ” ယွီယွီဟာ ဆက်မေးနေတုန်း။

“ငါ သူ့ကို အိမ်က ဘယ်မှာလဲရယ်၊မိသားစုက ဘာလုပ်လဲရယ်မေးခဲ့တာ”

“ကျွန်တော် မားကို အကုန်ပြောပြခဲ့တယ် မဟုတ်ဘူးလား”

မစ္စယွီဟာ အချက်ကျကျပြောတယ်။ “ဒီတော့ ဒါ တကယ် ဒီတိုင်း သာမန်စကားဝိုင်းလေးပဲလေ။ ငါမလိမ်ဘူးဟုတ်”

သူတို့ အောက်ထပ်ကိုဆင်းနေရင်း မစ္စယွီဟာ ချောင်းဟန့်ပြီး အသံတိုးတိုးနဲ့ ဗုံးဖြည်ချတယ်။ “ငါ နင့်အတွက် ဟိုမေးဒီမေးမေး ပေးခဲ့တာ။ ဒီမိန်းကလေးမှာ နင်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ထင်မြင်ချက်ရှိတယ်။ သူ့စကားတွေက နည်းနည်း မြှောက်ပြောတဲ့ပုံပေါက်ပေမဲ့ သူ့စိတ်ရင်းထဲက လာတယ်လို့တော့ ငါထင်တယ်။ နောက်ပြီး ဒီကောင်မလေးက ပိုပြီးရဲရဲတင်းတင်းရှိတဲ့‌ ကောင်လေးတွေကို သဘောကျတာ။ တစ်ချက်ကြည့်တာနဲ့ သူက တည့်တိုးဆန်တဲ့လူဆိုတာ ပြောနိုင်တယ်”

“အဲ့တာကြောင့် နင် နင်ရဲ့နည်းပရိယာယ်ကို ချိန်ညှိရမယ်။ ထောင့်နားမှာ သတ္တိကြောင်မနေနဲ့ အဲ့တာက သူ့မျက်လုံးထဲ အရမ်းနိမ့်ကျလိမ့်မယ် နင့်ဘက်က အရင်အစပျိုးပြီး သူ့ကို တိုက်ခိုက်ယူရမယ်။ နင် သူ့ကို မတိုက်နိုင်ဘူးဆိုတာ ငါမယုံဘူး”

“‌ဒါပေါ့ ငါ အရယူလို့ပြောတာက အတင်းကြီး မဆိုလိုဘူး။ နင် အားထုတ်ရမယ်” မစ္စယွီဟာ လက်မြှောက်ကာ သူ့ရင်ဘတ်ကို ပုတ်တယ်။သူမဟာ သူ့ကို သတိပေးတယ်။ “မိန်းကလေးတွေက သဘာ၀အရကို ခံစားလွယ်တယ်။ သူတို့က ရိုမန့်တစ်ဆန်တာကို ကြိုက်တယ်။ အသေးစိတ်လေးတွေကို ဂရုစိုက်တယ်”

“နင် ဒီဆက်ဆံရေးကို အရင်ကလို ငွေနဲ့တိုင်းလို့မရဘူး။ လက်ဆောင်တွေကို သေချာရွေးဖို့လိုတယ်။ ပြီးစလွယ် မရဘူး။ ဥပမာ နင်ဒိတ်လုပ်ရင် အရာရာကို တလေးတနက် ဂရုစိုက်ဖို့လိုတယ်။ ပြီးတော့ နင် တစ်ဖက်လူနဲ့ တကယ့် အတည်ဆက်ဆံရေးကို တည်ဆောက်ချင်တယ်ဆို နင် မိန်းကလေးကို နင့်ရဲ့စိတ်ဆုံးဖြတ်ထားမှုနဲ့ သဘောထားကို မြင်အောင်ပြရမယ်”

“အပြူအမူသဘောထားဆိုတာ အရမ်းရေးကြီးတယ်နော်”

“နင့်အနားမှာ မိန်းမတရုန်းရုန်းနဲ့ကို နင် သူ့ကို ကြိုက်တယ်ပြောပြီး လိုက်လို့ မရဘူး။ ဒါမျိုးမရဘူး နင်ဆုံးဖြတ်လိုက်ပြီဆို ကျစ်လစ်တဲ့လုပ်ရပ်ကိုဆောင်ရမယ်။ ဖုန်းထဲက နင်နဲ့ဆန့်ကျင်ဘက်လိင်တွေရဲ့.အဆက်အသွယ်တွေကို ဖျက်။ ငါ့ကိုပါဖျက်လည်း ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် စွန့်စားတာထက် အကုန်လုံးကို ရှင်းထားလိုက်တာက ပိုကောင်းတယ်”

“နောက်ပြီး နောက်ဆို ဟိုလိုသီးသန့်စုဝေးပွဲတွေကို မသွားနဲ့တော့။ သွားတာက ရတယ်။ ဒါပေမဲ့ ဘယ်ဆန့်ကျင်ဘက်လိင်ကိုမှ နင့်အနား အကပ်မခံနဲ့”

မစ္စယွီဟာ သူ့ကို သတိပေးတဲ့ အကြည့်တစ်ချက်နဲ့ ကြည့်တယ်။သူမ “ဆန့်ကျင်ဘက်လိင်” ဆိုတဲ့စကားစုကိုသုံးတယ်ဆိုတာ ကြင်ကြင်နာနာလေး ပြောပေးနေပြီးပြီဖြစ်တယ်။

“အတို့ချုံ့ပြောရရင် ဖြတ်သင့်တာ အားလုံးကိုဖြတ်။ နင် သူ့ကိုလိုက်ချင်တယ်ဆို ကောင်းကောင်းလုပ်။ ရက်နည်းနည်းလောက်ပဲ ကြိုးစားပြီး လက်လျှော့ဖို့ စိတ်မကူးနဲ့နော်။ နင် ပုံမှန် မိန်းမတွေနဲ့ ဘာလုပ်လဲဆိုတာကိုတွေး။ နင် သူ့ကိုဖြတ်ထားတာမို့။ သူကတော့ နင့်ကို လက်လျှော့ထားပြီးသားဖြစ်မှာပဲ ၂ရက်၊၃ရက်တည်းနဲ့ သူက ဘယ်လိုလုပ်နင့်ဘေးကို ပြန်ရောက်လာမှာလဲ”

297 03

“အရာအရာက လုပ်ငန်းစဉ်အပေါ်မှာပဲ မူတည်တယ်။ တစ်ခါတလေ လုပ်ငန်းစဉ်က ရလဒ်ထက် ပိုအရေးပါတယ်”

“ငါပြောတာကို မှတ်ထား။ မိန်းကလေးတစ်ယောက်ကို လိုက်တဲ့နေရာမှာ ပြောစရာစကားတစ်လုံးပဲ ရှိတယ်။ စိတ်ရင်းအမှန်”

“သူ့နှလုံးသားကိုရဖို့အတွက် နင် စိတ်ရင်းနဲ့ဖြစ်ရမယ်”

“ငါပြောတာ ကြားလား”

“ရှင်းရှင်းလင်းလင်းကို ကြားပါတယ်” ယွီယွီ တကယ် နား‌ထောင်နေခဲ့တာ။

မစ္စယွီဟာ စိတ်သက်သာရာရပြီး သူ့ခေါင်းကိုပွတ်ပေးတယ်။ “လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကသာ သားမှာ ဒီလိုသိမြင်မှုရှိခဲ့ရင် မား သားကို ‌အသေအချာ လေးလေးနက်နက် သင်ပေးခဲ့မှာ။ ဒါပေမဲ့ အခုလည်း အရမ်းတော့ မနောက်ကျသေးပါဘူး။ သားသာ အသစ်ကပြန်စမယ်ဆို သားက မားရဲ့လိမ္မာတဲ့ကလေးလေး ဖြစ်နေတုန်းပါပဲ”

အမေဖြစ်သူနဲ့ သားဖြစ်သူကြား ဒီလိုနွေးထွေးတဲ့အခြေအနေရှိဖို့ဆိုတာ ရှားတယ်။

သူ့မား သူ့ကို ညင်ညင်သာသာရှိတဲ့ နောက်ဆုံးအကြိမ်ဆိုလို့ မူလတန်းတုန်းကဆိုတာကို ယွီယွီဟာ အခုထိ ယောင်ဝါးဝါးလေး မှတ်မိသေးတယ်။

အဲ့တုန်းက သူ သူ့မားကို ချီးကျူးတဲ့အက်စေး ရေးခဲ့တာထင်တယ်။သူ့မားက ရင်ထဲထိသွားခဲ့တာ။ဒါပေမဲ့ အဲ့လောက်ပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အချိန်အများစုမှာတော့ သူဟာ အရမ်းပုန်ကန်ပြီး မနာခံတတ်ဘူး။သူ့မားက သူ့ကို သင်ပြဆုံးမခဲ့ပေမဲ့ သူကိုက ပြင်ဖို့ကို ငြင်းဆန်ခဲ့တာ။တဖြည်းဖြည်း မားကလည်း လက်လျှော့သွားတယ်။ပြောတာတော့ သူမ ဒေါသထွက်သေမှာစိုးလို့ သူနဲ့ပတ်သက်ပြီး ‌ဒေါသထွက်တာကို ရပ်လိုက်တယ်တဲ့။

သူ့မား အခုလိုဖြစ်နေတာကို သူ မမြင်ခဲ့ရတာကြာပြီ။ယွီယွီဟာ ခံစားချက်အပြည့် ဖြစ်သွားရတယ်။သူ အရမ်းနွေးနွေးထွေးထွေး ခံစားလိုက်ရပြီး လေထုနဲ့အညီ လိုက်ငိုဖို့လုပ်မဲ့အချိန်မှာပဲ သူ့မားပြောတာကို သူ ကြားလိုက်ရတယ်။

“သား သူ့နောက်ကိုလိုက်။ သားဘက်တော်သားဖြစ်ဖို့အတွက် သား ဘယ်သူ့ကိုမှမလိုဘူး။ သားသူငယ်ချင်းတွေက ကလေးသာသာတွေ။ ဒီတော့ သုံးစားမရဘူး။ ဒီတစ်ခါ မားကိုယ်တိုင် သားကို ကူညီပေးမယ်”

ယွီယွီ့ခမျာ ဘာပြန်ရမယ်မှန်းတောင်မသိတော့...။

******

298 01

All Chapters