အခန်း ၂၉၉
Vol. 30 Ch. 299
299 01
Chapter 299 ကျွန်တော် ပြိုင်ဘက်နဲ့တစ်ခါမှမဆုံဖူးဘူး။
Extra Chapter 9: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။
အိမ်စာပြီးတော့ ယွီယွီဟာ မြောက်ပိုင်းကို အောက်တိုဘာမှာ သွားခဲ့တယ်။
နန်ကော စုဟွေးကို ရှင်းမပြနိုင်တာမို့ သူမဟာ သူ့ကို လိပ်စာအတိအကျတော့ မပေးဘူး။ဒါပေမဲ့ အဲ့တာက ယွီယွီ့အတွက် ပြဿနာမဟုတ်ဘူး။သူ သူ့သူငယ်ချင်းကို လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့စားသောက်ဆိုင်တိုင်းကို ရှာခိုင်းခဲ့တယ်။
အလွန်အမင်းနာမည်ကြီးတဲ့ စားသောက်ဆိုင်ဆိုင်ခွဲတွေဟာ အရှေ့ပိုင်းက နယ်၃ခုလုံးမှာရှိတယ်။ပြီးတော့ သူတို့ရဲ့ဒေသစားသောက်ကုန်တွေကြောင့် ပြည်တွင်းမှာ ပိုကျော်ကြားတယ်။
အပေါ်ကအခြေအနေအားလုံးနဲ့ ကိုက်ညီတဲ့စားသောက်ဆိုင်၂ဆိုင်ပဲရှိတယ်။
အဲ့နောက်မှာတော့ အရမ်းကို ပိုရိုးရှင်းသွားပြီ။သူ ဒီကုမ္ပဏီ၂ခုကို ဘယ်သူပိုင်လဲဆိုတာ ဒေသခံတွေကို ဒီတိုင်း လိုက်မေးကြည့်လို့ရတယ်။ယွီယွီမှာ စကားကြွယ်တဲ့ ပါးစပ်ပေါက်ရှိတာမို့ ဒေသခံဦးလေးတွေ၊အန်တီကြီးတွေနဲ့ အမြန်ပဲ အဆင်ပြေပြေရှိတယ်။သူဟာ လိုချင်တဲ့အချက်ကို စကားလုံးအနည်းငယ်နဲ့တင် သိလိုက်ရတယ်။ “စုမိသားစုက ဒီနေရာကို ပိုင်တယ်ဆိုတာ သေချာလားဗျ”
“ဒါပေါ့ သူတို့မိသားစုက ဖွင့်ထားတာ ရာစုနှစ်ချီနေပြီ။ မျိုးဆက်၃ဆက်ရှိပြီ ။ကြားတာတော့ အငယ်ဆုံးသမီးလေးက လက်လွှဲယူဖို့ပြန်ရောက်လာပြီတဲ့”
“ကျေးဇူးပါဗျ” ယွီယွီဟာ သူ့ကိုကျေးဇူးစကားဆိုပြီး မေးတယ်။ “သူတို့က များသောအားဖြင့် အဓိကဆိုင်ကြီးမှာပဲလားဗျ”
“ဟုတ်တယ်။ သူဌေးက များသောအားဖြင့် အဓိကဆိုင်ကြီးမှာပဲ။ မင်းကံကောင်းရင် အဖိုးကြီးရဲ့လက်ရာတွေကို စားကောင်းစားရလိမ့်မယ်”
အဖိုးစုဟာ အနားယူသွားပြီးကတည်းက မီးဖိုချောင်ထဲ၀င်တာ ခပ်ရှားရှား။သူဟာ ရံဖန်ရံခါမှ အချို့ရင်းနှီးတဲ့ဖောက်သည်တွေကိုပဲ သူရဲ့အရည်အချင်းတွေကို ချပြတော့တယ်။
“ဒီတော့ မာစတာကြီးစုက စားဖိုးမှူး ဖြစ်နေတုန်းပေါ့နော်”
“ဟုတ်တယ် ဟုတ်တယ်။ အရင်တုန်းက သူဌေးရဲ့အဖေက အရမ်းနာမည်ကြီးတာ။ အဖိုးကြီးက ပြည်နယ်ပွဲတွေအတွက် ချက်ပြုတ်ပေးနေကျ။ ဒါပေမဲ့ အိမ်နဲ့ အရမ်းဝေးတယ်ခံစားရလို့ဆိုပြီး ပြန်လာ၊စားသောက်ဆိုင်ဖွင့်တယ် သူ့စီးပွားရေးကို ပိုပိုတိုးပွားလာမယ်လို့ မထင်ထားဘူး။ သူက ဒီက အချမ်းသာဆုံးလူတောင် ဖြစ်သွားခဲ့တယ်”
“တကယ်ကြီးလားဗျ”
“အဲ့တာအမှန်ပဲ။ စားသောက်ဆိုင်အပြင်မှာ တန်းစီနေတဲ့လူတွေက နေ့တိုင်းပဲ။ ဆိုင်ခွဲတိုင်းနော် မင်း ဒီကလမ်းကို မြင်လား။ မင်းခြေထောက်အောက်က လမ်းဆိုတာ သူ့မိသားစုက ငွေနဲ့ပံ့ပိုးထားတာ မြို့အလယ်မှာ သူတို့အိမ်ပိုင်တချို့ရှိတယ်။ သူ့သမီးက အခုမှဘွဲ့ရပြီးခါစ ဖြစ်ပုံရတယ်။ တစ်ယောက်ယောက်သာ သူ့ကိုလက်ထပ်နိုင်ရင် အဲ့လူရဲ့တစ်ဘ၀လုံးတော့ ပူစရာမလိုတော့ဘူး”
အသက်ကြီးကြီးနဲ့အဖိုးစကားဆုံးတာနဲ့ သူ့ဘေးကအန်တီကြီးဟာ နှာရှံ့တယ်။ “သူက ဘယ်လိုလုပ် သူ့တစ်ဦးတည်းသော သမီးလေး လက်ထပ်တာကို ခံစားနိုင်မလဲ။ သူ ဇနီးဘက်ကအိမ်မှာ လိုက်နေတဲ့ သားမက်လောင်းမျိုးကို ရှာလိမ့်မယ်”
အသက်ကြီးကြီးနဲ့အဖိုးဟာ ခေါင်းညိတ်တယ်။ “အဲ့တာ ဟုတ်တယ်”
ယွီယွီဟာ တွေးကြည့်ပြီး ဒါကို သူ့မိသားစု သဘောမတူလောက်မှာကို တွက်ချက်ကြည့်တယ်။
သူလည်းပဲ တစ်ဦးတည်းသောသားလေ။
သူသာ ဇနီးအိမ်မှာ လိုက်နေတဲ့ သားမက်လောင်းလေးဖြစ်လာရင် အဖိုးတစ်ယောက် ဒေါသထွက်လွန်းလို့ လမ်းလျှောက်တုတ်ကြီးကို လွှတ်ပစ်ပြီး သူ့အနောက် လမ်း၃လမ်းခြားတောင် လိုက်လာလိမ့်မယ်။
ဒါပေမဲ့လည်း ဒါတွေက အနာဂတ်မှာပါလေ။အခုလောလောဆယ် သူ့မှာ ဇနီးအိမ်မှာလိုက်နေတဲ့ သားမက်လောင်းလေး ဖြစ်လာဖို့ အခွင့်အရေး မရှိသေးပါဘူး။
“အဖိုး သူ့တို့သမီးကို မြင်ဖူးလားဗျ”
“အရင်က မြင်ဖူးတယ်။ သူက လှလည်းလှပြီး ဆက်ဆံရေးလည်း ကောင်းတယ်။ အရင်တစ်ခေါက် သွားစားတုန်းက သူ အဖိုးတို့ကို အစားအသောက်ပန်းကန်တွေတောင် ပိုပေးခဲ့သေးတယ်”
“သူ့မိဘတွေကရော ဘယ်လိုလဲဗျ”
“သူတို့အကုန် ပေါင်းသင်းရလွယ်တဲ့လူတွေပါပဲ။ ဒါပေမဲ့ သူတို့သမီးက သူတို့စကားကို အရမ်းနားထောင်တယ်။ လူ၃ယောက် မိသားစုလေးက သိပ်ပျော်စရာ ကောင်းပါတယ်လေ”
299 02
ဒါကိုကြားတော့ ယွီယွီဟာ စိတ်လှုပ်ရှားစွာနဲ့ မျက်ခုံးပင့်မိတယ်။ရုတ်တရုက်ကြီး သူ စုဟွေးရဲ့မိဘတွေနဲ့ ရင်ဆိုင်နိုင်လောက်မယ်လို့ ခံစားလိုက်ရတယ်။စုဟွေးလည်း သူနဲ့တွဲဖို့ ပိုအဆင်သင့် ဖြစ်လိမ့်မယ်။
နေ့လည်၄နာရီ စုမိသားစုစားသောက်ဆိုင်ရဲ့ အဓိကစားသောက်ဆိုင်ကြီးမှာ။
ဒီအချိန်ကြီးလာတာက သူ့အတွက် အရမ်းစောလွန်းနေတယ်လို့ ယွီယွီခံစားရတယ်။သူ ညစာအတွက် တန်းစီချင်တယ်ဆို အကြာကြီး မစီရလောက်တော့ဘူး။
ဒါပေမဲ့ သူ ဆိုင်ကိုရောက်တော့ ဦးလေးတွေ၊အန်တီကြီးတွေပြောတာထက်တောင်မှ ပိုအကျယ်တ၀င့် ရှိနေမယ်လို့ သူ မထင်ထားမိဘူး။
၄နာရီပဲရှိသေးတာကို တန်းစီးတာက ထောင့်ချိုးနား ရောက်နေပြီ..၊.
အားလပ်ရက်မို့ ဒီကိုလာတဲ့ခ ရီးသွားတွေရဲ့ပထမဆုံးရွေးချယ်မှုဟာ စုမိသားစုစားသောက်ဆိုင် ဖြစ်တယ်။ယွီယွီ ဒါကိုမေ့သွားတယ်။
သူသာ ဆက်ပြီးတန်းစီမယ်ဆို စုဟွေးကို တွေ့ရလောက်မှာ မဟုတ်ဘူး။ယွီယွီဟာ ခဏတွေးကြည့်ပြီး တန်းစီတဲ့လိုင်းရဲ့အရှေ့နားကို တည့်တည့် လျှောက်သွားလိုက်တယ်။သူဟာ ပြောရဆိုရလွယ်မဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို ရွေးလိုက်တယ်။ “ညီကို နည်းနည်းလောက် ဆွေးနွေးရအောင်”
“ဘာလိုချင်လို့လဲ” တန်းစီတဲ့လိုင်းရဲ့အရှေ့နားက ကောင်လေးဟာ သူ့ကို သတိတထားနဲ့ ကြည့်လာတယ်။
တစ်ဖက်လူရဲ့မျက်လုံးဟာ ကြည်လင်ပြီး တုံးအတယ်။သူ လူရွေး မှန်သွားပြီဆိုတာကို ယွီယွီသိလိုက်တယ်။
“အစ်ကို့လေယာဉ်က ဒီညပါ၊ အခုတန်းစီဖို့က အရမ်းနောက်ကျနေပြီမို့ မင်းနဲ့နေရာလေး လဲချင်လို့ပါ”
“အိုကေ ဘယ်နားလဲ” ကောင်လေးဟာ သူ့ကို သိပ်မဝေးလောက်ဘူး ထင်သွားတယ်။ယွီယွီ သူ့အနောက်ကို လက်ညိုးမထိုးပြခင်အထိ။ “ထောင့်နားလေးမှာပါပဲ ဟိုးထောင့်နားလေး”
တန်းစီတဲ့လိုင်းက အရှည်ကြီး။စစကတော့ ဖြောင့်ဖြောင့်တန်းတန်းပါပဲ။နောက်တော့ အခြားဆိုင်တွေကို ပိတ်ရပ်ထားလို့မရတာမို့ လူတွေဟာ အလိုက်သင့် ထောင့်ချိုးလိုက်ရတယ်။
ကောင်လေးဟာ သူ့ကို လာနောက်နေတာလားဆိုတဲ့ အကြည့်ပေးကာ “ကျွန်တော် ခင်ဗျားနဲ့နေရာ မလဲဘူး”
“၁၀၀၀ ဒါ မင်း ဒီည အလကားစားရမယ်ဆိုတဲ့သဘောပဲ”
စုမိသားစုစားသောက်ဆိုင်ကို အဆင့်မြင့်စားသောက်ဆိုင်လို့တော့ ထည့်သွင်း မစဉ်းစားဘူး။သူတို့ဟာ လူတွေ တတ်နိုင်တဲ့ဟင်းပွဲတွေကို အဓိကထား ရောင်းတယ်။၁၀၀၀ ဆိုတာ လူ၂ယောက်အတွက် လိုတာထက်ပိုနေပြီ။တစ်ယောက်ဆို စကားထဲတောင် ထည့်ပြောစရာ လိုမနေတော့ဘူး။
ကောင်လေးဟာ ထူးဆန်းတယ်လို့ထင်တယ်။ “အရှုံးလို့ ခင်ဗျား မထင်ဘူးလား။ ဒီကဟင်းပွဲတွေကို အစောဆုံးစားရဖို့အတွက်နဲ့ ဒေါ်လာ၁၀၀၀။ ဒီဆိုင်ကမဆိုးဘူးလို့ ကျွန်တော်ကြားထားပေမဲ့ ခင်ဗျားအို ဗာတင်းလွန်းမသွားဘူးလား။ လိမ်စားမလို့လား”
ယွီယွီနဖူးပြင်ဟာ ရှုံ့တွသွားရတယ်။ “ငါလိ မ်စားနေတယ်ဆိုရင် ဘာလို့မင်းကို ရွေးရမှာလဲ။ မင်းက ကျောင်းသားလေးပဲဟာကို ဘာပိုက်ဆံရှိမှာလဲ”
“မှန်သားပဲ” ကောင်လေးဟာ လက်ခံတယ်။ “ဒီတော့ ခင်ဗျား ဘာလုပ်နေတာလဲ”
“ငါ ဒီကဟင်းပွဲတွေကို အရမ်းကြိုက်တယ်။ ငါ သူတို့ဂုဏ်သတင်းကြောင့် ရောက်လာတာ ငါစားရဖို့လိုတယ်”
ကောင်လေးက ပြောတယ်။ “ကျွန်တော် ခင်ဗျားကို မယုံဘူး”
ယွီယွီဟာ ပြုံးရင်း လက်ဆန့်ပြတယ်။ “၅၀၀၀”
ကောင်လေးဟာ ဖုန်းကို အမြန်ထုတ်ပေးတယ်။ “ငွေသားလား။ အွန်လိုင်းလား”
ယွီယွီဟာ ဒိကိစ္စကိုအသုံးချပြီး ပိုက်ဆံနဲ့ ရှင်းမရတဲကိစ္စမရှိဘူးဆိုတာကို သက်သေပြတယ်။တကယ်လို့ရှိခဲ့တယ်ဆိုလည်း ပိုက်ဆံက လက်ထဲ မရောက်သေးလို့ ဒါမှမဟုတ် မလုံလောက်လို့ဘဲ။
ညရောက်လို့ စားသောက်ဆိုင်ဖွင့်တဲ့အခါ ယွီယွီဟာ ပထမအသုတ် ဖောက်သည်တွေနဲ့ရောပြီး ဆိုင်ထဲကို အောင်အောင်မြင်မြင် ၀င်လာတယ်။
ထိုင်ခုံနေရာယူပြီးတော့ သူ မီနူးကိုကြည့်လိုက်တယ်။သူ ဘာစားရမလဲမသိဘူး။ဒါကြောင့် အထင်ကရဟင်းပွဲတွေ အားလုံးကိုပဲ ဒီတိုင်းမှာ ချလိုက်တယ်။
စားပွဲထိုးလေးကပြောတယ်။ “ဟင်းတစ်ပွဲဆို လုံလောက်ပါတယ်ဗျ။ ကျွန်တော်တို့၀န်ဆောင်မှုတွေက ရက်ရက်ရောရော ရှိပါတယ်။ လူကြီးမင်း တစ်ပန်းကန်ကို ကုန်အောင်စားနိုင်မှာ မဟုတ်ဘူးဗျ”
“ရတယ် မကုန်ရင် ပါဆယ်ထုတ်သွားမယ်”
299 03
ယွီယွီဟာ တစ်ယောက်တည်းနဲ့ ဟင်း၁၀ပွဲ မှာလိုက်တယ်။စားပွဲထိုးလေးဟာတော့ သူ့ကို အရူးတစ်ယောက်လို ကြည့်တယ်။
ဟင်းပွဲတွေရောက်မလာခင် ယွီယွီဟာထပြီး အဓိကဆိုင်နေရာကိုစစ်ဖို့ စားသောက်ဆိုင်ကို လျှောက်ပတ်ကြည့်တယ်။
ယူနစ်က မကြီးပါဘူး။မိသားစုပိုင်တဲ့ ပထမဆုံးဆိုင်နေရာလို့ ပြောတယ်။အဲ့အချိန်တုန်းက အဖိုးစုမှာ ပိုက်ဆံ သိပ်မရှိခဲ့တာမို့ သူဟာ ဒီနေရာသေးသေးလေးကိုပဲ ၀ယ်ခဲ့တယ်။
ဒီမှာ အထပ်တစ်ထပ်ပဲရှိပြီး ကြပ်ကြပ်တည်းတည်း နေရာလွတ်လေးမှာ ညစာစားပွဲသေးသေးလေး ၁၀လုံးထက် ပိုတယ်။
ခြေလှမ်း အနည်းငယ်လောက် လှမ်းပြီးတဲ့နောက်မှာ သူဟာ လျှောက်ပတ်ကြည့်လို့ပြီး သွားတယ်။
မီးဖိုချောင်ကတော့ သူ တစ်ချက်လှမ်းကြည့်ပြီး အကုန်မြင်ရတယ်။
ဒါပေမဲ့ လျှောက်ပတ်ကြည့်ပြီးတဲ့အခါ သူ စုဟွေးကို မတွေ့ဘူး။
သူဟာ တမင်တကာ အရှေ့စားပွဲဆီကို ချဉ်းကပ်သွားလိုက်တယ်။ထင်ထားတဲ့အတိုင်း ပုံမှန်ဖောက်သည်တစ်ယောက် သူ့အရှေ့က သက်လတ်ပိုင်းလူကြီးတစ်ယောက်နဲ့ စကားပြောနေတာကို ကြားရတယ်။နှစ်ယောက်လုံးဟာ အသံကျယ်တာမို့ ယွီယွီဟာ အရမ်းမနီးလည်းဘဲ သူတို့ကို သေချာကြားရတယ်။
မြောက်ပိုင်းဒေသိယစကားဟာ နားလည်ဖို့ မခက်ခဲဘူး။မိခင်ဘာသာစကားကနေ နည်းနည်းလေးပဲ ကွဲပြားသွားတာ။ကျန်းမြို့ကဒေသိယစကားနဲ့မတူဘဲ အပြင်လူတွေ နားမလည်တတ်ကြဘူး။နိုင်ငံခြားဘာသာစကားလို့ ထင်ကြတယ်။ဒါကြောင့် ယွီယွီကတော့ နားလည်ဖို့ ပြဿနာမရှိခဲ့ဘူး။
သူတို့ရဲ့စကားဝိုင်းအတွင်း သက်လတ်ပိုင်းလူကြီးဟာ စုဟွေးအဖေဖြစ်ကြောင်းကို ယွီယွီ အကြမ်းဖျ င်းအကဲခတ်မိတယ်။
ယွီယွီဟာ ချောင်းအသာဟန့်ပြီး ရှေ့ကို ခြေအနည်းငယ်လှမ်းကာ သာမန်ခရီးသွားလေးလို ဟန်ဆောင်တယ်။
“မင်္ဂလာပါ အန်ကယ်။ အန်ကယ်က ဒီကသူဌေးလား”
မစ္စတာစုဟာ သူ့ကို မော့ကြည့်ပြီးပြန်ဖြေတယ်။ “ကျုပ်ပါ ကျုပ်ပါ”
“ကျွန်တော် ဒီကို အန်ကယ်တို့ရဲ့ဂုဏ်သတင်းကြောင့် ရောက်လာတာပါ။ အန်ကယ်တို့အစားအစာတွေက အရသာရှိတယ်လို့ ကျွန်တော် အမြဲကြားခဲ့ရတာ။ ဒီတော့ ကျွန်တော် တောင်ပိုင်းကနေ တကူးတက လေယာဉ်နဲ့ လာခဲ့တာပါ”
“မင်း စားဖို့အတွက်နဲ့ ဒီအထိတစ်လမ်းလုံး လာခဲ့တာလားကွ”
“အမှန်ပါပဲ ကျွန်တော် ဒီကို အန်ကယ်တို့ရဲ့ဟင်းပွဲတွေအတွက် ရောက်လာတာပါ။ ကျွန်တော့်မှာ ဒီပန်းတိုင်တစ်ခုပဲရှိပါတယ်။ ကြည့်ပါ ကျွန်တော် အန်ကယ်တို့ရဲ့အထင်ကရဟင်းပွဲတွေအားလုံးကို မြည်းစမ်းကြည့်ဖို့ မှာထားပါတယ်”
“ကျေးဇူးပဲ ကျေးဇူးပဲ။ ဒါပေမဲ့ မင်းအများကြီးမှာရင် အကုန်စားနိုင်မှာမဟုတ်ဘူး အများကြီး မစားနဲ့ဦးကွ”
မစ္စတာစုဟာ အရပ်ရှည်တယ်။သန်မာပြီး အရက်သမားဗိုက်ရှိတယ်။သူ့ပုံစံကြည့်ရတာ အရမ်းကြမ်းတမ်းပေမဲ့ သူတို့စကားပြောဆို ဆက်ဆံကြည့်တဲ့အခါ သူ့အသွင်အပြင်နဲ့ လုံး၀ဆန့်ကျင်ဘက်ပဲ။ဦးလေးတွေနဲ့ အန်တီကြီးတွေပြောခဲ့သလို သူဟာ ပေါင်းသင်းရလွယ်ပြီး ဖော်ရွေတယ်။
စကားဝိုင်းတစ်ခုလုံး သူ့ရဲ့စကားတွေနဲ့ဟာသဟာ လူတွေကို မသက်တောင့်မသက်သာ မဖြစ်စေဘူး။သူ့မျက်နှာမှာ အပြုံးတစ်ခုရှိတယ်။သူဟာ အကြံအစည်များတဲ့လူ မဟုတ်ဘူးဆိုတာ သိသာတယ်။
မကြာလိုက်ဘဲ ယွီယွီဟာ မစ္စတာစုနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ပြီး ကျန်တဲ့အပတ်တွေမှာလည်း ဒီကို ညစာစားဖို့ လာမယ်လို့ပြောခဲ့တယ်။မစ္စတာစုဟာလည်း သူ မနက်ဖြန် ကိုယ်တိုင်ချက်မှာဖြစ်ပြီး ယွီယွီ့ကို သူ့လက်ရာ ပေးမြည်းမယ်လို့ ပြောတယ်။
အဲ့နောက် ယွီယွီဟာ စားဖို့ သူ့နေရာသူ ပြန်လာတယ်။မစ္စတာစုဟာ အသီးပန်းကန်ကိုတောင် အထူးတလည် ယူလာပေးတယ်။ “ကျုပ် မင်းရဲ့အခြားဟင်းပွဲတွေကို အရင်ဖယ်ထားလိုက်မယ်၊ မနက်ဖြန်မှ စားဖို့ပြန်လာခဲ့၊ အသီး နည်းနည်းစားဦး၊ မင်းတစ်ခုခုသောက်မလား။ ဒါမှမဟုတ် အရက်”
“ကျွန်တော်တစ်ယောက်တည်းမ သောက်နိုင်ဘူး ပျင်းစရာကောင်းလို့” ယွီယွီဟာ လက်ခါတယ်။ “အဖော်လုပ်ပေးမဲ့သူရှိရင်တော့ ကျွန်တော် ချေးမများပါဘူး။ ကျွန်တော် တစ်ခါမှ ထိုက်တန်တဲ့ပြိုင်ဘက်နဲ့ မဆုံခဲ့ဖူးသေးဘူး”
“ဘုရား မင်းက နည်းနည်းရဲတာပဲ။ မဟုတ်ဘူး။ ကျုပ် မင်းနဲ့သောက်ရမှာပေါ့”
သူဟာ တကယ်ကို ပေါင်းရသင်းရလွယ်ကူတဲ့လူပဲ။
တကယ်တော့ ယွီယွီဟာ မလာခင်ကတည်းက မစ္စတာစု သောက်ရတာကြိုက်မှန်း သိထားခဲ့ပြီးသား။ဒါကြောင့်လည်း တမင်တကာ ဒီအကြောင်းကို ပြောတာ။
“ဒီနေ့မလုပ်သေးရအောင် ကျွန်တော် မနက်ဖြန်လာခဲ့မ။ယ် အန်ကယ်က ချက်ပြုတ်ပြီး ကျွန်တော်က အန်ကယ့်ကို ကျွန်တော်တို့ဆီက ယူလာတဲ့ဝိုင် ပေးမြည်းမယ်။ အန်ကယ့်တို့ဆီကနဲ့ ကွာတယ်”
“ကောင်းပြီ ကောင်းပြီ။ ဒါဆို ဒီလိုပဲစီစဉ်လိုက်ပြီကွ” မစ္စတာစုရဲ့မျက်နှာဟာ အထင်းကြီးကို စိတ်လှုပ်ရှားနေတယ်။
သူဟာ ယွီယွီ့ထက်တောင်မှ မနက်ဖြန်ကို ပိုမျှော်နေသလိုမျိုးပဲ။
နောက်တော့ မစ္စစုဟာ အခုတလော အရမ်းတင်းကြပ်ပြီး မစ္စတာစုကို သောက်ခွင့် မပေးဘူးဆိုတာကို ယွီယွီသိရတယ်။မစ္စတာစုအတွက် အခွင့်အရေးရဖို့ဆိုတာ ရှားတာကို သူ ဘယ်လိုလုပ် မပျော်ဘဲ နေပါ့မလဲ။
******