← Chapters

အခန်း ၃၀၁

Vol. 30 Ch. 301

အခန်း ၃၀၁

Vol. 30 Ch. 301

301 01

Chapter 301 အများကြီးသောက်ခဲ့သေးလို့လား။(၂)။

“မိသားစုအတွင်းလက်ထပ်ပြီး ကိစ္စတွေကို မှန်အောင်ထားတာ”

မစ္စတာစုဟာ ပြန်ဖြေတယ်။ “အဲ့တာ ဟုတ်တယ်။ ဒါဆိုအဆင်ပြေပြီနော်ကွ။ လာ သားမက်လောင်းလေး နောက်တစ်ခွက် ထပ်သောက်ကြစို့”

“ကောင်းပါပြီ အစ်ကိုကြီး ကျွန်တော့်စကားတွေကိုရော ပြင်သင့်လား”

“အင်း အင်း အင်း” မစ္စတာစုဟာ အားကြိုးမာန်တက်ခေါင်းညိတ်တယ်။သူတော့ အရူးလုပ်ခံလိုက်ရပါပြီ။ “မင်း ငါ့ကို ခမည်းခမက်လောင်းလို့ ခေါ်ရမယ်”

“ခမည်းခမက်လောင်း”

“အင်း”

၂ယောက်သား ခွက်ချင်းတိုက်ပြီး သူတို့စိတ်တွေ ကျေနပ်တဲ့အထိ နင်းကန် သောက်ကြတော့တယ်။

စုဟွေးရောက်တဲ့အချိန် ၂ယောက်လုံး သတိမေ့နေကြပြီ။

နောက်နေ့ရောက်တော့ မစ္စတာစုဟာ ဒီကိစ္စကို လုံး၀ငြင်းပယ်ပေမဲ့ ယွီယွီက ဗီဒီယို ရိုက်ယူထားတယ်လေ။

ဒီသက်သေနဲ့အတူ မစ္စတာစုရဲ့မျက်နှာဟာ ရဲတက်သွားတယ်။

မစ္စတာစုဟာ ကတိတည်တဲ့လူဆိုပေမဲ့ ဒီကိစ္စကိုတော့ လက်မခံချင်ဘူး။သူရှောင်ထွက်ချင်ပေမဲ့ ယွီယွီတစ်ယောက် ဗီဒီယိုရိုက်ယူထားမယ်လို့ ဘယ်သူက ထင်ပါ့မလဲ။

ဒါအဆုံးသတ်ပဲ။

သူ့ရဲ့မာနတရားအတွက် မစ္စတာစုမှာ ကျဉ်ဆန်ကိုက်ပြီးသာ စုဟွေးကို ဒီအကြောင်းပြော ရတယ်။ “သမီးက ဘာပဲဖြစ်ဖြစ် လူလွတ်ပဲဟာ သမီးမားလည်း အခုတလော သမီးကို ဘလိုင်းဒိတ် လိုက်ရှာပေးနေတာ။ အပြင်က ယောက်ျားတွေထက်စာရင် ညီငယ်ယွီက ပိုပြီးအားကိုးမှီခိုလို့ရတယ်လို့ ပါးထင်တယ် သမီးဘယ်လိုထင်လဲ”

စုဟွေးဟာ မျက်နှာသေနဲ့ ပြုံးပြတယ်။ “ဘယ်လိုထင်လဲ”

“ဒါပေမဲ့ ပါး သူ့ကို ကတိပေးပြီးနေပြီ။ စကားပြန်ပြင်လို့မရဘူး။ ဘာလို့ သမီး အရင်မစမ်းကြည့်တာလဲ။ ဒါပေါ့ သမီးတို့တွဲဖို့ မလိုပါဘူး။ အရင်ဆုံးသူငယ်ချင်းပဲ လုပ်ကြပါ။ တကယ်လို့မလိုက်ဖက်ဘူးဆိုလည်း မေ့လိုက်လေနော် ဟုတ်ပြီလား”

ဘာပဲဖြစ်ဖြစ် ဘလိုင်းဒိတ်ဆိုလည်း တူညီတဲ့လုပ်ငန်းစဉ်ပဲဖြစ်မှာပဲ။မစ္စတာစုဟာ လူတိုင်း လက်ခံနိုင်မယ်လို့ထင်မိတယ်။

“သမီးလေး ပါး တောင်းဆိုနေတာပါ။ ဝူးဝူး သမီးလက်မခံဘဲ သမီးမားကို အဖေ ထပ်သောက်နေတာ သိခွင့်ပေးလိုက်ရင် အဖေ ဒီည အိမ်ပြန်မရတော့ဘူး ဝူးဝူး”

စုဟွေးဟာ လက်မြှောက်ပြီး မျက်ခုံး၂ခုံးကြားက‌နေရာကို ဖိပွတ်တယ်။ “သိပြီ သမီး သူနဲ့ အရင်နည်းနည်း အချိန်ဖြုန်းကြည့်လိုက်မယ်”

“ကောင်းပြီ”

ဒီလိုနဲ့ပဲ စုဟွေးနဲ့ယွီယွီဟာ ရယ်စရာကောင်းစွာ အချည်နှောင်ခံရတယ်။

ယွီယွီဟာ ဒီအခွင့်အရေးကို တန်ဖိုးထားတယ်။သူဟာ အပတ်တိုင်းပိတ်ရက်ဆို လေယာဉ်နဲ့‌ရောက်ရောက်လာပြီး တနင်္လာနေ့ဆို ကျောင်းကို ပြန်ပြန်သွားတယ်။မစ္စစုဟာ ရင်ထဲ ထိသွားတယ်။

စုဟွေးရဲ့နှလုံးသားဟာ တဒုတ်ဒုတ်ခုန်တယ်။ဒါပေမဲ့ နည်းနည်းလေးပါပဲ။

ဒါပေမဲ့ သူမဟာ ဒါကို အစပဲရှိဦးမယ်လို့ မထင်ထားဘူး။

ယွီယွီဟာ သူမကို စိတ်ပြင်ဆင်ဖို့အတွက် အချိန်ပေးတယ်။သူဟာ အကွက်ကြီးမရွှေ့ခင် သူမကို နေသားကျစေဖို့ စောင့်ပေးတယ်။

လက်ဆောင်အမျိုးအစားစုံဟာ စုဟွေးရဲ့အိပ်ခန်းထဲအပြည့်။

ဒါပေမဲ့ စုဟွေးဟာ သိပ်ဂရုမစိုက်ဘဲ ဖွင့်တောင် ဖွင့်မကြည့်ခဲ့ဘူး။

ယွီယွီက‌‌နေ သူကိုယ်တိုင် အဲ့ပစ္စည်းတွေကိုပြင်ဆင်တာဖြစ်ပြီး အပိုင်းတွေခွဲပြီးလည်း လုပ်ခဲ့တယ်လို့ ပြောမလာခင်အထိပေါ့။အဲ့တော့မှ စုဟွေးဟာ ပစ္စည်းတွေကို ပြန်သွားဖွင့်ကြည့်တယ်။ပစ္စည်းတွေကိုမြင်တော့ စုဟွေးဟာ ဘာပြောရမယ်မှန်းမသိဘူး ဖြစ်သွားတယ်။

သူ သူမဆီပြန်လာခဲ့တယ်။ဒီတစ်ခါ သူ တကယ်စိတ်ရင်းနဲ့ ရည်ရွယ်တာလား။

မိန်းကလေးတွေအများကြီး ဒီလူ့စိတ်ကို မပြင်နိုင်ခဲ့ပေမဲ့ သူမက ပြင်နိုင်ခဲ့တယ်။

စုဟွေးဟာ တစ်ခဏတာ ယိမ်းယိုင်သွားမိပြန်တယ်။

ရိုးရိုးသားသား ပြောရရင် သူ့အချစ်ရေးဇာတ်လမ်းတွေကလွဲရင် သူမအမြင်မှာ ယွီယွီဟာ ဘာပြစ်ချက်မှ သိပ်မရှိဘူး။သူဟာ သူမရဲ့ကောင်လေးဖြစ်ဖို့ အရမ်းသင့်တော်တယ်။ရှေ့ဆက်ပြီးသွားဖို့အတွက် ဘာပြဿနာမှ မရှိဘူး။

ဒါပေမဲ့ ထပ်ပြီး တစ်ခဏတာပဲဖြစ်မှာကို သူမ ကြောက်တယ်။

301 02

အချိန်ကျရင် သူမဟာ သူမရဲ့နှလုံးသားကိုပေးပြီး သူကတော့ အနောက်လှည့်ပြီး တုံ့ဆိုင်းခြင်းမရှိ ထွက်သွားလိမ့်မှာ။ဒီလိုသာဆို သူမဟာ တုံးအပြီး အချစ်ကိုပဲ ဂရုစိုက်သလို ဖြစ်မသွားဘူးလား။

သူမ အခုတလော စိတ်မကြည်တာကို မစ္စတာစုဟာ သတိထားမိတာမို့ မေးကြည့်တယ်။

စုဟွေးဟာ သူမတို့ရဲ့အရင်ဆက်ဆံရေးကို ထည့်မပြောဘူး။သူမဟာ သူမကို ဖောက်ပြန်သွားတဲ့ငပွေတစ်ကောင်နဲ့ တွေ့ခဲ့ပြီး နောက်ထပ်ဆက်ဆံရေးတစ်ခုကို စဖို့ ကြောက်နေမိကြောင်းကိုသာ ပြောပြတယ်။

ဒါကိုကြားတဲ့အခါ မစ္စတာစုဟာ ပြုံးရင်း သူမကို နှစ်သိမ့်တယ်။ “သမီး တသတ်မတ်တည်း သတ်မှတ်ထားလို့မရဘူး။ ညီငယ်ယွီက လူကောင်းဆို ဘယ်လိုလုပ်မလဲ”

“အဲ့တာက တကယ်လို့ ဆိုတာလေ။ သူ အနာဂတ်မှာ စိတ်ပြောင်းသွားရင်ရော ဘယ်လိုလုပ်မလဲ။ ကောင်မလေးကိုရပြီးရင် သူ တန်ဖိုးမထားတော့တာမျိုးလည်း ဖြစ်ချင်ဖြစ်လာနိုင်တယ်”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပါးက သမီးမားကို အရင်တုန်းက အကြာကြီး လိုက်ခဲ့ရတာပါ၊ အခုအရမ်းချစ်မနေကြဘူးလား။ ပြီးတော့ သမီးတို့၂ယောက်က လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင်တောင် အတူတူမမေ့နိုင်တဲ့ အမှတ်တရတွေတော့ ရခဲ့ဦးမှာပဲလေ။ နောက်ပြီး ပါးရဲ့သမီးက အရမ်းထူးချွန်ပြီးတော်တာမို့ သူ သေချာပေါက် လမ်းမခွဲနိုင်ရလောက်အောင် ဖြစ်လိမ့်မယ်လို့ ပါးယုံကြည်တယ်။ ဖြစ်ခါမှဖြစ်ရော သမီးကသာ သူ့ကို ထားခဲ့တဲ့လူဖြစ်မှာ”

“သမီးငယ်ငယ်ကတည်းက သမီး ဘာကိုမှမကြောက်ဖူးပါဘူး၊ အမြဲ ထင်မြင်ယူဆနိုင်ခဲ့တာ အခုကျ ဘာလို့ဒီလိုဖြစ်နေလဲ”

ဟုတ်တယ်။ဘာကြောက်စရာ ရှိလို့လဲ။

ဆက်ဆံရေးလေး တစ်ခုပဲဟာ။အဆင်မပြေဘူးဆိုလည်း မပြေပါစေပေါ့။ဒီတစ်ခုက အဆင်မပြေရင် နောက်တစ်ခုဆီကို သူမ သွားလိုက်မယ်။

ဘာခက်ခဲနေလို့လဲ။အခုခေတ်၊အခုအသက်အရွယ်မှာ တစ်ယောက်ယောက်ကို အရာအားလုံးပေးဖို့ဆိုတာ အရမ်းရှားတယ်။ပြီးတော့ သူမ သူမရဲ့ကျက်သရေကို ယုံကြည်ချက် ရှိပါတယ်။ယွီယွီ သူမကိုထားသွားမှာကို သူမ ဘာလို့ကြောက်နေရမှာလဲ။

ပိတ်ရက်မှာ ယွီယွီဟာ ပုံမှန်လိုပဲ စုအိမ်ကိုလာတယ်။

ဒါပေမဲ့ ဒီတစ်ခါ သူဟာ စုမိသားစုစားသောက်ဆိုင်မှာ မစားရဘူး။စုဟွေးဟာ သူ့ကို အရမ်းညစ်ပတ်ပြီး ချုံးချုံးကျနေတဲ့လမ်းသွယ်လေးမှာ မုန့်စားဖို့ ခေါ်သွားတယ်။

“ကျွန်မကျောင်းက ဒီနားမှာ ငယ်ငယ်က ကျွန်မ ဒါတွေကို နေ့တိုင်းလာစားတတ်တယ်”

ယွီယွီက ခေါင်းညိတ်တယ်။ “အိုး ဘာကအရသာရှိလဲ”

ဒါဟာ မုန့်‌ရောင်းတဲ့ လမ်းတစ်လမ်းဖြစ်တယ်။စားပွဲနဲ့ခုံတွေဟာ အများသူငှာ အသုံးပြုလို့ရတယ်။စားပွဲတွေဟာ အခြားစားသုံးသူတွေ ချန်ခဲ့တဲ့အမှိုက်တွေနဲ့ ပြည့်လျက်ရှိနေတယ်။

ဒါပေမဲ့ ယွီယွီဟာ အခြားဘာမှမပြောဘူး။သူဟာ သွားပြီး သန့်ရှင်းရေး လုပ်တယ်။အဲ့နောက် သူဟာ သူမကို လက်ပြပြီး... “လာ ဒီမှာ လာထိုင်”

******

All Chapters