Chapters

အခန်း ၃၀၂

Vol. 30 Ch. 302

အခန်း ၃၀၂

Vol. 30 Ch. 302

302 01

Chapter 302 အများကြီးသောက်ခဲ့သေးလို့လား။(၃)။

ယွီယွီက ပြောတယ်။ “ငါ ခုံတွေကို သုတ်ထားတာမို့ သန့်သွားပြီ။ မပူဘဲနဲ့ထိုင် ဒီမှာ ဘာအရသာရှိလဲဆိုတာ မင်း ငါ့ကို မပြောရသေးဘူး။ ဒီမှာထိုင် ငါ တန်းသွားစီလိုက်ဦးမယ်”

နာရီ၀က်နီးနီးလောက် ယွီယွီဟာ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေတယ်။သူဟာ မုန့်၀ယ်ပြီး စုဟွေးဆီ ပြန်လာပို့တယ်။အဲ့နောက် နောက်ထပ်တစ်ဆိုင်ကို သွားပြန်တယ်။

နောက်ဆုံးမုန့်ကို ၀ယ်ပြီးလို့ သူပြန်လာတဲ့အခါ စုဟွေးဟာ တူကိုမထိရသေးမှန်း သူ သတိထားမိလိုက်တယ်။

“ဘာလို့မစားတာလဲ” သူဟာ မျက်မှောင်ကြုတ်ပြီး မုန့်အများစု အေးသွားပြီဖြစ်တာကို သိရတယ်။

စုဟွေးဟာ လက်ကိုယှက်ထားပြီး အမူအရာမဲ့လျက်နဲ့ အေးတိအေးစက် ပြောတယ်။ “ကျွန်မ ရှင့်ကို စောင့်မယ်”

ယွီယွီဟာ အံ့ဩသွားပြီး သူမျက်လုံးတွေလည်း ခဏဝေဝါးသွားတယ်။ “မင်းဟာကိုပဲစားပါ၊ ငါ့အတွက် နည်းနည်းပဲ ချန်ထား”

“ချန်ထားတဲ့ဟာ။ သခင်ငယ်လေးက တစ်ယောက်ယောက်ရဲ့ ကျန်တဲ့ဟာကို စားလို့လား”

“မင်းက တကယ် တစ်ခုခုပဲ”

စုဟွေးဟာ ဘာမှမပြောဘဲ သူ့ကို အမြန်စားခိုင်းတယ်။

စားနေရင်း သူမဟာ အကဲခတ်နေတယ်။ယွီယွီ ဘာပြဿနာမှ ရှာမနေဘူး။သူဟာ ပတ်၀န်းကျင်နဲ့ ဒီကမုန့်တွေကို စိတ်ထဲထားမနေဘူး။သူဟာ အတည်ပေါက်ကြီး စားနေပြီး သူမအတွက် အရသာရှိတာတချို့တောင် ရွေးပေးလိုက်သေးတယ်။

“ဝေါင်း ဒါက အရသာရှိတယ် ဒါကိုစား”

ခဏခဏ သူဟာ လေးစားမှုအပြည့်နဲ့ အသံမျိုးစုံကို ထုတ်လွှင့်နေလိမ့်မယ်။

“ရှင် အခုတလော ၀တ်စားတဲ့ပုံစံ ပြောင်းသွားပုံရတာကို ကျွန်မသတိထားမိတယ်” ညစာစားပြီးတဲ့အခါ စုဟွေးဟာ ရုတ်တရက်ကြီးပြောလာတယ်။

“ဟုတ်တယ်မလား” ယွီယွီဟာ ဆံပင်ကိုလှန်တင်ပြီး အလွန်အမင်း ဘ၀င်မြင့်သွားပုံရတယ်။ “နန်ကောပြောတာ မင်းက လတ်ဆတ်ပြီးသန့်ရှင်းတဲ့ပုံစံကို ကြိုက်တယ်ဆိုလို့ ဒီတော့ ငါ ဒီပုံစံကို ပြောင်းလိုက်တာ၊ ငါနဲ့ အရမ်းလိုက်ဖက်တယ်လို့တော့ ပြောရမယ်”

ဆောင်းဦးညလေးမှာ ၂ယောက်သားဟာ လာခဲ့တဲ့လမ်းအတိုင်း ပြန်လျှောက်လာကြတယ်။

၂ယောက်လုံး စုမိသားစုအိမ်ကို ရောက်တော့ ယွီယွီဟာ သူမကို လက်ပြနှုတ်ဆက်တယ်။ “ငါအပေါ်တက်ပြီး မထိုင်တော့ဘူး၊ အန်ကယ်နဲ့အန်တီကို ငါ နှုတ်ဆက်တယ်လို့ပြောပေး၊ ဒီည အမြန်ပြန်ရမှာမို့ ငါ အခုတလော သူငယ်ချင်းတစ်ယောက်နဲ့ ကုမ္ပဏီထောင်ထားပြီး အရေးတကြီး ကိုင်တွယ်စရာလေး ပေါ်လာတယ်”

“ဒါဆို ရှင် ဘာလို့ဒီရောက်နေသေးလဲ”

“ဘာလို့မရောက်ရမှာလဲ။ ငါတို့ စားပြီးတွေ့ဖို့အချိန်တော့ ရှိပါသေးတယ်၊ ဝေးတာမှမဟုတ်တာ”

“၂၀၀၀ကီလိုမီတာက မဝေးဘူးလား”

“မဝေးဘူး ငါတို့ အချိန်မရွေးတွေ့လို့ရတယ်၊ မင်း ငါ့ကိုဖုန်းခေါ်နေသရွေ့ ဖြတ်ခနဲ ဖြတ်ခနဲ ရောက်လာမှာ” ယွီယွီဟာ လက်ကိုဝှေ့ယမ်းရင်း ရူးကြောင်ကြောင် လက်ဟန်ကို လုပ်ပြတယ်။

စုဟွေးဟာ မနေနိုင်ဘဲ ရယ်မိသွားရတယ်။

လှောင်တာမဟုတ်ဘဲ သူမရဲ့စိတ်ထဲကနေ လာတာ။သူမရဲ့ပုခုံးဟာ ပြေလျော့သွားပြီး သက်ပြင်းချရင်း သူမဟာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။

“ဒါဆို ကျွန်မ ရှင့်ကို လေ‌ဆိပ်လိုက်ပို့ပေးမယ်”

“မလိုပါဘူး။ ဒီကနေ လေဆိပ်ကို‌အဝေးကြီးပဲ ငါ တက္ကစီငှားသွားလို့အဆင်ပြေတယ် မင်းတစ်ယောက်တည်း ကားမောင်းပြီး ပြန်ဖို့က မလုံခြုံဘူး” ယွီယွီဟာ မတုံ့ပြန်ဘဲ သူမကို အပေါ်တက်ဖို့ တိုက်တွန်းတယ်။ “အပူချိန်ကျသွားပြီ အပေါ်တက်တော့”

“မရဘူး ကျွန်မ တစ်ခါမှ ရည်းစားကို လေဆိပ် လိုက်မပို့ဖူးဘူး၊ ဒါပထမဆုံးအကြိမ်ပဲ ရှင် ကျွန်မကို အခွင့်အရေး ပေးရမယ်”

“ရည်း...ရည်းစား” ယွီယွီဟာ မျက်မှောင်ကြုတ်ကာ အနည်းငယ် မရေရာစွာနဲ့ “မင်း ငါ့ကိုပြောနေတာလား။ ဟုတ်တယ်မလား”

“ဘယ်သိမှာလဲ” စုဟွေးဟာ နှာတစ်ချက်ရှုံ့တယ်။ “ကျွန်မကားသွားယူလိုက်မယ် ဒီမှာစောင့်နေ”

302 02

“ဘာကိုဆိုလိုတာလဲ။ မင်းတွဲဖို့ကို သဘောတူတာလား။ အတည်ကြီးလား။ မင်းအများကြီး သောက်ထားသေးလား။ မဟုတ်ဘူး ငါတို့ ခုဏ ကမသောက်ခဲ့ပါဘူး၊ ဒါလည်း မဟုတ်သေးဘူး မင်း ဝိုင်ကောက်ညှင်းဆန်လုံးပဲစားခဲ့တာ၊ သေစမ်း စုဟွေး မင်း တကယ် အများကြီး သောက်ခဲ့သေးလို့လား”

“ယွီယွီ ရှင်က အရမ်းစိတ်ရှုပ်ဖို့ ကောင်းတာပဲ”

“မင်းမူးနေလား။ မမူးနေဘူးလား။ မင်း တကယ်ဆိုလိုတာလား။ ငါ ဗီဒီယိုရိုက်ပြီး သက်သေယူထားမယ် လာ လာ ထပ်ပြောပါဦး”

“...ဒိုးလိုက်တော့...”

******