အခန်း ၃၀၄
Vol. 30 Ch. 304
304 01
Chapter 304 လူကြီးမဟုတ်သေးဘူး(၂)။
ဒါကို သိတော့ သူမဟာ မျက်မှောင်ကြုတ်ပြီး သူ့ကို အမြန်လွှတ်လိုက်တယ်။
“ကျွန်မခြေထောက် အဆင်ပြေပါတယ်”
မိန်းမငယ်လေးဟာ ညာနေတာ မဟုတ်ဘူး။သူမရဲ့ခံစားချက်တွေဟာ သူမမျက်နှာပေါ်မှာ အကုန်ရေးထွင်းထားတယ်။အမျိုးသားဟာ အမြန်တောင်းပန်တယ်။ “ကိုယ် တခြားဘာမှမဆိုလိုပါဘူး။ ဒီတိုင်း မင်းက အရမ်းစကားနားထောင်တတ်တဲ့ပုံ ပေါ်တယ်လို့ တွေးမိတာပါ။ မင်းက ငယ်မယ်ထင်တယ်”
နန်ကောရဲ့မျက်နှာမှာ မယုံကြည်မှုအပြည့်။
အမျိုးသားဟာ နည်းနည်း ကူကယ်ရာမဲ့သွားတယ်။ “ဒါ တကယ်အမှန်ပါ။ မင်းက...မင်းက ကိုယ် အရင်ကမြင်ဖူးတဲ့ အကောင်သေးသေးလေးနဲ့တူတယ်။ ကိုယ် သေချာပေါက် မင်းကို စော်ကားတာမျိုး မဟုတ်ပါဘူး”
“အကောင်လေး။ ဘာကောင်လဲ။ ကြောင်လား”
“ပင်ကွင်း” သူကပြောတယ်။ “ပင်ကွင်းပေါက်သေးသေးလေး ဘာလို့လဲဆိုတော့ ကိုယ် အရင်က ခပ်ဆင်ဆင် မှတ်တမ်းရုပ်ရှင်လေးတစ်ပုဒ်ကြည့်ဖူးတယ်။ ခုဏက တချို့တစ်လေ ဒါမှမဟုတ် မင်းရဲ့အပြုအမူလေးတွေက အဲ့ထဲက ပင်ကွင်းလေးနဲ့ အတော်တူတယ်။ အဲ့တာကြောင့် ကိုယ်ဒီလိုပြောတာပါ”
“ဟမ်”
သူဟာ ဆက်ရှင်းပြတယ်။ “ပင်ကွင်းပေါက်လေးတွေလေ။ ပြီးတော့ မင်းနားမလည်တဲ့ပုံ ပေါ်လို့”
“အာ ကျွန်မလည်းကလေးပဲကိုး”
အမျိုးသားဟာ သဘောတူတဲ့သဘောနဲ့ ခေါင်းညိတ်ပြတယ်။ “အင်း”
နန်ကောဟာ ခေါင်းကုတ်မိတယ်။ “ကျွန်မပြောချင်တာက...ကျွန်မနာမည်ပြောင်ကလည်း နည်းနည်းတော့ ဆင်တယ် အဲ့တာ ကလေး ရော့ရော့တဲ့ ကျွန်မနာမည်ပြောင်က ရော့ရော့မလို့ လူကြီးတွေ ကျွန်မကို အဲ့လိုခေါ်တယ်”
နန်ကောဟာ သူ့မျက်နှာပေါ်က ဖြတ်ခနဲအံ့ဩမှုလေးကို မြင်လိုက်တယ်။အဲ့နောက် မျက်မှန်အောက်က သူ့မျက်လုံးတွေဟာ ကွေး၀င်သွားတယ်။ “အရမ်းချစ်စရာ ကောင်းတယ်”
“အိုး တကယ်တော့ အခြားလူတွေ ကျွန်မနာမည်ပြောင်ကို သိတာ၊ ကျွန်မ သိပ်ကြိုက်တာ မဟုတ်ဘူး”
“ဒါဆို ကိုယ် မင်းပြောတာကို မကြားခဲ့ဖူးလို့ဘဲ မှတ်လိုက်ပါမယ်” သူဟာ အရမ်းနားလည်ပေးတာပဲ။
“ဘယ်လိုလုပ်အဲ့ လိုလုပ်လို့ရမှာလဲ”
အမျိုးသားဟာ ခဏစဉ်းစားကြည့်တယ်။ “ကိုယ်တို့ နာမည်ပြောင်တွေ လဲလှယ်ရင်ရော”
“ကိုယ့်မှာ နာမည်ပြောင်မရှိဘူးဆိုပေမဲ့ ကိုယ့်မှာ နာမည်တော့ ရှိသေးတယ်လေ” အမျိုးသားဟာ လက်ကမ်းပေးကာ ယဉ်ကျေးပြူငှာတဲ့လေသံနဲ့ပြောတယ်။ “မင်္ဂလာပါ ရော့ရော့ ကိုယ့်နာမည်က ရှန်ရန်ချင်းပါ”
ဒီနှစ် ၁၈နှစ်ပြည့်တော့မဲ့နန်ကောဟာ ၂၆နှစ်ရှန်ရန်ချင်းနဲ့တွေ့ဆုံခဲ့တယ်။
ပွဲပြီးခါနီးတော့ နန်ကောဟာ ခပ်လှမ်းလှမ်းကနေ လူအုပ်ကြား ရှန်ရန်ချင်းကို တောက်လျှောက် ကြည့်နေမိတယ်။
“ရော့ရော့ မားတို့ပြန်သင့်ပြီ” သူမရဲ့မားဟာ သူမကိုရှာတွေ့တယ်။
“လာပြီ”
နန်ကောဟာ တံခါးဆီကို သူမမားအနောက်ကနေ လိုက်သွားတယ်။ရှန်ရန်ချင်းအနားကနေ ဖြတ်သွားတဲ့အချိန် သူမဟာ မနေနိုင်ဘဲ ရှန်ရန်ချင်းကို ထပ်ကြည့်မိတယ်။
ဒီတစ်ခါ သူမဟာ လူမိသွားတယ်။
အခြားလူတွေဟာ အသေအချာကိုပဲ သူ့ကိုစကားပြောနေတာဖြစ်ပြီး သူလည်း စိတ်ရှည်ရှည်နဲ့တုံ့ပြန်ပေးနေပေမဲ့ သူ့အကြည့်ဟာတော့ သူမဆီမှာ။
နန်ကောဟာ ရပ်လိုက်မိပြီး သူ့ကိုကြည့်တယ်။တစ်ခုခုပြောချင်ပေမဲ့ တုံ့ဆိုင်းနေမိတယ်။
304 02
အဆုံးမှာတော့ သူမဟာ အကြံကိုလက်လျှော့လိုက်ပြီး အကြည့်ကိုပြန်ရုတ်ကာ သူမမားအနောက်ကို လိုက်သွားလိုက်တယ်။
စင်္ကြန်လမ်းမှာတော့ မားဟာ အိမ်သာ၀င်နေတာမို့ သူမတစ်ယောက်တည်း စောင့်နေခဲ့တယ်။
သူမဟာ ခေါင်းငုံ့ပြီး ကြမ်းပြင်ပေါ်ကမီးပဒေသာရဲ့ရောင်ပြန်ဟပ်တာကို ကြည့်နေတယ်။အကြောင်းတချို့ကြောင့် သူမ ပျော်မနေဘူး။
သူမ သူ့ကို သေချာတွေ့ခဲ့ပြီးပြီ။သူမ သူမရဲ့ပန်းတိုင်ကို သေချာခူးဆွတ်ခဲ့ပြီးပြီ။သူမ ပျော်နေသင့်တာ။ဒါပေမဲ့ အကြောင်းတချို့ကြောင့် ဒီအခိုက်အတန့်မှာ သူမ နည်းနည်း၀မ်းနည်းနေမိတယ်။
သူမရဲ့ခြေဖျားထိပ်လေးတွေဟာ ပျင်းပျင်းရိရိနဲ့ ကြမ်းပြင်ကိုကုတ်ခြစ်နေပြီး ဘေးကနေလည်း ခြေသံတွေကို ကြားရတယ်။အသံကိုနားထောင်ကြည့်ရသလောက် ဒေါက်ဖိနပ်သံ မဟုတ်တာမို့ သူမရဲ့မားမဟုတ်ဘူး။
သူမ မော့လည်း ကြည့်မနေချင်တာမို့ သတိလက်လွတ်ပဲ ငေးစိုက်ကြည့်နေမိတယ်။
သူမ စိတ်ဓာတ်ကျနေတဲ့အချိန်မှာပဲ အရိပ်တစ်ရိပ်ဟာ သူမအရှေ့က ကြမ်းပြင်ပေါ်မှာ ရုတ်တရုက် ပေါ်လာတယ်။တလက်လက်ထနေတဲ့ ကျောက်သလင်းမီးပဒေသာရဲ့ ရောင်ပြန်ဟပ်မှုကို ဖုံးအုပ်သွားတယ်။
တစ်ဖက်လူဟာ သူမရဲ့အရှေ့မှာရပ်နေပြီး သူမကို သိလိုစိတ်နဲ့ ခေါင်းညိတ်သွားစေတယ်။
သူမဟာ ဒီတိုင်းမော့ကြည့်လိုက်တာမှာ အမျိုးသားရဲ့ပြုံးနေတဲ့မျက်လုံးတွေထဲ ပြုတ်ကျသွားတယ်။
“ရှင်ကိုး” နန်ကောဟာ သူမရဲ့လေသံထဲ ပျော်ရွှင်မှုတွေနဲ့ပြည့်နေမှန်း သတိမထားမိလိုက်ဘူး။
“ရှင်ရော...ပြန်တော့မှာလား”
“ကိုယ်က ခဏလောက်တော့ နေရဦးမယ်” ရှန်ရန်ချင်းဟာ ပြီးမှသာပြန်လို့ရမယ်။သူဟာ ပြောပြောဆိုဆိုနဲ့ အိတ်ကပ်ထဲကလုပ်ငန်းကတ်ကို ထုတ်ပြီး သူမကို ကမ်းပေးတယ်။
နန်ကောဟာ ကတ်ကို လက်နှစ်ဖက်နဲ့ယူပြီး ဂရုတစိုက်ကြည့်တယ်။
ဒါ သူ့လုပ်ငန်းကတ်ပဲ။
သူဘာဆိုလိုချင်လဲဆိုတာကို သူမ သိပ်နားမလည်ဘူး။ “ဒါက”
“မင်း ကိုယ့်အင်တာဗျူးကို နားထောင်ပြီး ဟိုက်တက္ကသိုလ်ကို၀င်ခဲ့တယ်လို့ မင်း မပြောခဲ့ဘူးလား။ တကယ်တော့ ကိုယ် အဲ့အင်တာဗျူးမှာပြောခဲ့တာက လူတိုင်းအတွက် မဟုတ်ဘူး။ အကြောင်းအရာကလည်း ပြုပြင်ပြီးသွားပြီ ဒီတော့ အာရုံအရ ကိုယ့်ရဲ့လုပ်ရပ်အတွက် ကိုယ်တာ၀န်ယူရမယ်လေ”
“ဟမ်”
“မင်းရဲ့စာကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိရင် ကိုယ့်ကို အချိန်မရွေး ခေါ်လိုက်လို့ရတယ်”
“တကယ်လား”
“အင်း”
ပျော်ရွှင်မှုဟာ ရုတ်တရက်ကြီး ရောက်လာတာမို့ နန်ကောမှာ တစ်ခဏလောက် မတုံ့ပြန်နိုင်ဘဲ ဖြစ်သွားတယ်။
ခုဏက သူမ သူ့ကို ဖုန်းနံပါတ် မေးချင်နေခဲ့တာ။ဒါပေမဲ့ အငြင်းခံရမှာကို ကြောက်တာမို့ သွားမမေးရဲခဲ့ဘူး။
ပြန်တဲ့လမ်းမှာ နန်ကောဟာ ရှန်ရန်ချင်းရဲ့ဖုန်းနံပါတ်ကို တိတ်တိတ်လေး သိမ်းလိုက်ပေမဲ့ သူ့ကို ဖုန်းတော့ မခေါ်လိုက်ဘူး။
တက္ကသိုလ်ကို၀င်ပြီးတဲ့အခါမှာတော့ ရှန်ရန်ချင်း ဘာလို့အဲ့လိုပြောခဲ့လဲဆိုတာကို နန်ကော သိလိုက်ရပြီ။
တစ်ဖက်မှာ သူဟာ အဲ့တုန်းက သူမရဲ့ရည်ရွယ်ချက်ကို မြင်တာမို့ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် သင့်တော်တဲ့ အကြောင်းအရင်းကို ရှာလိုက်တာ။တစ်ဖက်မှာတော့ အဲ့တာက...တကယ်ကြီး ခက်လို့ပဲ
စာသင်နှစ်တစ်၀က် ရောက်တော့ နန်ကောဟာ သူမ အဲ့တုန်းက ဆုံးဖြတ်ခဲ့တဲ့ရွေးချယ်မှုကို တကယ် နောင်တရမိတယ်။
နောက်ဆုံးစာမေးပွဲကြီးမတိုင်ခင် တစ်ပတ်လိုသေးတယ်။နန်ကောမှာ မထုံထိုင်းသွားခင်အထိ ပြန်လေ့လာလိုက်ရတယ်။စာကြည့်တိုက်ထဲမှာ သူမဟာ ဖုန်းကိုထုတ်ပြီး သူမ တစ်ခါမှ မရိုက်ခဲ့ဖူးတဲ့ နံပါတ်ကို နှိပ်လိုက်တယ်။
ဖုန်းဟာ တစ်စက္ကန့်လောက် မြည်သွားပြီး သူမ အမြန်ဖုန်းချကာ စာပြောင်းပို့လိုက်တယ်။
304 03
[ဟယ်လို။ဥက္ကဌရှန်။ကျွန်မက ရှင် အဲ့နေ့ကပွဲမှာတွေ့ခဲ့တဲ့ ဟိုက်တက္ကသိုလ်က ပထမနှစ်လေးပါ။တကယ်တော့ ကျွန်မ တစ်ခုခုအရေးကြီးတာအတွက် ရှင့်ကိုရှာတာ မဟုတ်ပါဘူး။ကျွန်မက အကြံပြုချက်လေးပေးချင်ရုံပါ။နောက်ဆို ရှင် တကယ် ဘာအင်တာဗျူးကိုမှ လက်မခံသင့်ဘူး]
ဒီစာကိုပို့ပြီးတဲ့အခါ နန်ကောဟာ ဖုန်းကိုပိတ်ပြီး စာဆက်လုပ်တယ်။
သူမ စာကြည့်တိုက်ထဲကနေ ထွက်လာတော့ အတော်လေးနောက်ကျနေပြီ။အဲ့တော့မှ နန်ကောဟာ သူ့ပြန်စာကို မြင်တယ်။
ရှန်ရန်ချင်း: [မင်းရဲ့အကြံပြုချက်က အရမ်းကောင်းတယ်လို့ ကိုယ် ထင်ပါတယ်။ဆုချတဲ့အနေနဲ့ ကိုယ် မင်းစာပြန်လေ့လာတာကို ကူညီပေးနိုင်ပါတယ်။]
ဒါကြောင့် နောက်တစ်နေ့အတန်းပြီးတော့ နန်ကောဟာ ဟွားရှန်ရဲ့ရုံးခွဲကို သွားခဲ့တယ်။
သူမ ဥက္ကဌရုံးခန်းထဲကို၀င်သွားတဲ့အခါ သူမဟာ နည်းနည်းတော့ရှုပ်ထွေးနေတုန်း။
အစကတော့ သူမဟာ နည်းနည်းနိုးနိုးကြားကြား ရှိတယ်။ဒါပေမဲ့ သူမဟာ ရှန်ရန်ချင်းရဲ့ညင်သာမှုတွေနဲ့ လှည့်စားခံလိုက်ရတယ်။
ဒါပေမဲ့လည်း သူဟာ အမြဲလူကြီးလူကောင်းဆန်ခဲ့ပြီး တစ်ချိန်လုံး စည်းမကျော်ဘူး။သူမ ငယ်ငယ်တုန်းက သူမရဲ့မိသားစု ခန့်ပေးခဲ့တဲ့ကျူရှင်ဆရာလိုပဲ။
သူမက တုံးတယ်ဆိုရင်တောင်မှ သူဟာ စိတ်မဆိုးခဲ့ဘူး။
ပြီးခဲ့တဲ့တစ်ပတ်လုံး နန်ကောဟာ ဟွားရှန်မှာ စာကြိုးစား လေ့လာခဲ့တယ်။ထင်ထားတဲ့အတိုင်း သူမရဲ့နောက်ဆုံးရလဒ်ဟာ သူမ စိတ်ကူးထားတာထက် ပိုစိတ်လှုပ်ရှားဖို့ ကောင်းခဲ့တယ်။သူမရဲ့အစ်ကိုသိတော့ သူဟာ သူမကို အမ်ပေါင်းအကြီးကြီး ပေးခဲ့တယ်။သူမ ပထမဆုံးလုပ်ချင်တဲ့အရာဟာ ရှန်ရန်ချင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းလိုက်ကျွေးချင်တာပဲ ဖြစ်တယ်။
ရှန်ရန်ချင်းဟာလည်း မငြင်းဘူး။ဒီထမင်းတစ်နပ်အတွင်း သူတို့၂ယောက်ကြားက အကွာအဝေးဟာ ပိုပြီးကျုံ့သွားပုံ ရတယ်။
ပွဲက သာမန်စကားဝိုင်းကနေတစ်ဆင့် သူမဟာ ကျန်းမြို့မှာရှိတဲ့နန်မိသားစုက အငယ်ဆုံးသမီးဆိုတာကို ရှန်ရန်ချင်း သိလိုက်ရတယ်။
သူ သူမကို ပွဲမှာတွေ့တုန်းက သူမဟာ သာမန်မိန်းကလေး မဟုတ်ဘူးဆိုတာကို သူ သိပါတယ်။ဒါပေမဲ့ သူမဟာ မစ္စတာနန်ကျန်းနင်းရဲ့ အငယ်ဆုံးသမီးဖြစ်မယ်လို့တော့ သူ မထင်ထားဘူး...။
******