← Chapters

အခန်း ၃၀၆

Vol. 30 Ch. 306 - End

အခန်း ၃၀၆

Vol. 30 Ch. 306 - End

306 01

Chapter 306 ဇာတ်သိမ်း

Extra Chapter 3: အရံဇာတ်ကြောင်း။

တူညီတဲ့နှစ်ရဲ့အဆုံးမှာပဲ နန်ကောဟာ သူမနေလို့မကောင်းမှန်းကို ရုတ်တရက် သတိထားမိလိုက်တယ်။သူမ စားသောက်လို့ မ၀င်တော့သလို တက်တက်ကြွကြွလည်း မရှိတော့ဘူး။အရေးကြီးဆုံးက သူမရဲ့ရာသီလာတာဟာ နောက်ကျနေတာ အတော်ကြာပြီ။

သူမဟာ နေလို့မကောင်းတာမို့ ဒီနေ့အလုပ်မသွားဘူး။ရှန်ရန်ချင်းဟာတော့ ကုမ္ပဏီမှာရှိနေတုန်း။

လိုရမယ်ရ သူမဟာ လျှို့ဝှက်ပြီးအော်ဒါမှာကာ ကိုယ်၀န်စမ်းသပ်ကိရိယာမျိုးစုံကို ၀ယ်လိုက်တယ်။

အကုန်လုံး သူမကို ကိုယ်၀န်ရှိနေကြောင်း ညွှန်ပြနေတော့မှ သူမဟာ ရှန်ရန်ချင်းကို ဖုန်းဆက်လိုက်တယ်။

ဒါပေမဲ့လည်း သူမဟာ စိတ်ကူးထားသလို တည်ငြိမ်မနေခဲ့ဘူး။

“ရှင် အလုပ်များနေလား”

သူမဟာ အတတ်နိုင်ဆုံး အသံကိုတည်ငြိမ်အောင် လုပ်တယ်။

ရှန်ရန်ချင်းအနောက်ကအသံတွေဟာ နည်းနည်းတော့ဆူညံနေတယ်။ “ကိုယ် အပြင်ဆိုင်ကို လာစစ်နေတာ”

“အော် အိုကေ” သူမဟာ အကြိမ်အနည်းငယ် အသိမှတ်ပြုလိုက်ပြီး တွန့်ဆုတ်စွာနဲ့ပြောတယ်။ “ရှင် ဘယ်အချိန်ပြန်လာမှာလဲ။ အချိန်ပို ဆင်းဖို့လိုလား”

“ဒီနေ့ မလိုဘူး။ ကိုယ် အချိန်မှန် ပြန်ရောက်မှာ” ရှန်ရန်ချင်းဟာ ဂရုတစိုက်နဲ့မေးတယ်။ “ဘာဖြစ်လို့လဲ။ ကိုယ် စောစော ပြန်လာပေးရမလား”

“မလိုဘူး မလိုဘူး။ ကျွန်မ ဒီတိုင်းပျင်းလို့ မေးကြည့်တာ”

“မင်း ဒီနေ့ရုံးမသွားဘူးပေါ့”

“မသွားဘူး...ကျွန်မ ဒီနေ့ ရုတ်တရက်ကြီး မသွားချင်တော့လို့ အိမ်မှာ‌ နားနေတယ်” နန်ကောဟာ ဒီကိစ္စကို ဖုန်းနဲ့ ပြောမရဘူးလို့ ခံစားရတယ်။ရှန်ရန်ချင်း အိမ်ပြန်ရောက်လာတဲ့အထိစောင့်တာ ပိုကောင်းပါတယ်လေ။

ဖုန်းချပြီးတဲ့နောက် နန်ကောဟာ အိပ်ရာပေါ်မှာ ငူငူငိုင်ငိုင်နဲ့ ထိုင်နေမိတယ်။သူမဟာ မလှုပ်ရဲဘဲ သူမ ဘာလို့မနက်စာ မစားခဲ့လဲဆိုတာကိုပါ ပြန်သုံးသပ်နေမိတယ်။

မသက်မသာဖြစ်မှုကို ကြိတ်ခံရင်း သူမဟာ အာဟာရပြည့်၀တဲ့အစားစာတွေကို အော်ဒါ မှာလိုက်တယ်။ဒါပေမဲ့ ၂ကိုက်လောက်ကိုက်ပြီးတဲ့အခါ သူမဟာ နည်းနည်း မအီမသာ ဖြစ်လာတယ်။

ရှန်ရန်ချင်း ပြန်မရောက်ခင် သူမဟာ ကိုယ်၀န်ဆောင်ခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေနေခဲ့တယ်။

ရှာနေရင်း သူမဟာ အိပ်ချင်စိတ်ကိုမခုခံနိုင်ဘဲ ဆိုဖာပေါ်မှာ အိပ်ပျော်သွားတော့တယ်။

သူမ ဖုန်းခေါ်တာမှာ နောက်ထပ်ရည်ရွယ်ချက်ရှိဦးမယ်လို့ ရှန်ရန်ချင်းဟာ ခံစားရတယ်။သူဟာ သူမ တစ်ခုခုဖြစ်မှာကို စိုးရိမ်တာမို့ ချက်ချင်းလက်ငင်း အပြေးအလွှား ပြန်လာခဲ့တယ်။

နန်ကောအိပ်ပျော်နေတာကိုမြင်တော့ သူဟာ သူမကိုနှောင့်ယှက်မိအောင် ဘာအသံမှမလုပ်ဘူး။သူဟာ စောင်ပါးပါးလေးကိုကောက်ကာ သူမကိုခြုံပေးတယ်။

သူ ခြေတစ်လှမ်း ဆုတ်လိုက်တာနဲ့တစ်ပြိုင်နက် တစ်ခုခုကို တက်နင်းမိသွားပြီး အသံထွက်လာတယ်။သူဟာ အသံနောက်ကိုလိုက်ပြီး ကြမ်းပေါ်က အော်ဒါမှာထားတဲ့ဟာကို ကောက်ယူလိုက်တယ်။

ထုတ်ကုန်တွေရဲ့အမျိုးမျိုးသောဘရန်းတွေဟာ လက်ဖဝါးအရွယ်စာရင်းမှာ ပေါ်လာတယ်။

ဒါပေမဲ့ သူတို့မှာ တူညီတာဆိုလို့တစ်ခုပဲရှိတယ်: ကိုယ်၀န်စမ်းသပ်ကိရိယာတွေ။

နန်ကောနိုးလာတဲ့အခါ ရှန်ရန်ချင်းဟာ မလှမ်းမကမ်းမှာထိုင်နေတာကို တွေ့ရတယ်။

“မင်းနိုးပြီလား”

နန်ကောဟာ မဖြေဘဲ သတိလက်လွတ်နဲ့ အချိန်ကိုကြည့်တယ်။ “ကျွန်မ အကြာကြီး မအိပ်လိုက်ပါဘူး။ ရှင် ဘာလို့ ပြန်ရောက်နေတာလဲ”

ညဘက်ရောက်နေပြီလို့ သူမ ထင်လိုက်ပေမဲ့ သူအလုပ်ဆင်းတဲ့အချိန်တော့ မဟုတ်သေးဘူး။

“ကိုယ်ပြီးတာနဲ့ စောစော ပြန်လာလိုက်တာ” သူဟာ ရှည်ရှည်ဝေးဝေး မရှင်းပြဘူး။သူမကို ထဖို့ကူညီပေးရင်းနဲ့ သူကမေးတယ်။ “မင်းနေလို့ မကောင်းဘူးလား”

“အာ နည်းနည်း” သူမရဲ့မျက်နှာဟာ ဖြူဖတ်သွားပြီး အားမရှိတော့ပုံ ပေါ်တယ်။

306 02

“ဆေးရုံကို သွားရအောင်။ ကိုယ် ‌ဆရာ၀န်နဲ့ချိန်းထားတယ်” နန်ကောဟာ ရေသောက်တာကို ရပ်မိတယ်။ “ရှင် ဘယ်တုန်းက ချိန်းလိုက်တာတုန်း”

“ခုဏတုန်းက”

“ကျွန်မ ဆရာ၀န်နဲ့တွေ့ဖို့ မလိုပါဘူး” သူအထင်လွဲသွားမှာကိုစိုးပြီး နန်ကောဟာ အမြန်ပြောတယ်။ “ကျွန်မ ဘာလို့နေလို့ မကောင်းလဲဆိုတာ ကျွန်မသိတယ် ထင်တယ်။ ကျွန်မ...”

ရှန်ရန်ချင်းဟာ ပြုံးပြီးခေါင်းညိတ်တယ်။ “ကိုယ်သိတယ်”

“ဟမ်”

“မကြောက်ပါနဲ့။ ဆေးရုံကို အရင်သွားပြီး ရိုးရိုးဆေးစစ်ချက်လေးအရင်လုပ်ရအောင် အမှန်လားဆိုတာ အတည်ပြုကြမယ်။ မဟုတ်ဘူးဆို နောက်ဆရာ၀န်ဆီကို သွားမယ်။ အိုကေ။ ကိုယ်တို့ အခုလိုအချိန်ဆွဲထားမယ်ဆို မင်းရဲ့ကျန်းမာရေးက ယိုယွင်းလာလိမ့်မယ်”

ကိုယ်၀န်ရပြီးတဲ့နောက် နန်ကောဟာ အိမ်မှာနေပြီး ပြန်လည်သက်သာစ ပြုလာတယ်။

ရှန်ရန်ချင်းဟာလည်း သူမကို တတ်နိုင်သမျှ အဖော်လုပ်ပေးဖို့အတွက် ကုမ္ပဏီကအလုပ်တွေကို အိမ်ကို သယ်လာတယ်။

အိမ်မှာက အိမ်အကူတွေ ပိုများတယ်။သူမနဲ့စကားပြောဖို့ရယ်၊သူမရဲ့ပျင်းရိမှုကိုလျော့စေဖို့ရယ်အတွက် ရှန်ရန်ချင်းဟာ အထူးတလည် အသက်ငယ်တဲ့ အိမ်အကူလေးတွေကို ခန့်ပေးတယ်။ဒါမှ သူတို့စကားပြောဖို့ အကြောင်းအရာတွေ ရှိအောင်လို့။

အမြွာလေးတွေမို့ နန်ကောဟာ အစောပိုင်းအခြေအနေတွေမှာ သူမရဲ့ကျန်းမာရေးကို ပိုပြီးအထူးအာရုံစိုက်ရတယ်။နန်မိသားစုနဲ့ရှန်မိသားစုရဲ့လူကြီးတွေဟာလည်း သူမဆီကို နေ့တိုင်း လာလည်ကြတယ်။

သတ်မှတ်ရက် နီးလာတဲ့အခါ နန်ကောဟာ ဆေးရုံစောတက်ခဲ့တယ်။သူမဟာ ညတိုင်းနီးပါး အိပ်မပျော်နိုင်ဘဲ ကြောက်လွန်းလို့ ရှန်ရန်ချင်းကို တောက်လျှောက် ဖက်ငိုခဲ့ရတယ်။

ကံကောင်းစွာနဲ့ ကလေး၂ယောက်ဟာ ပိုအသိတရားရှိကာ သူမကို အများကြီး မရုန်းကန်စေခဲ့ရဘူး။အရာအားလုံးဟာ ချောချောမွေ့မွေ့ရှိခဲ့တယ်။

တဖြည်းဖြည်း ကလေး၂ယောက်ဟာ မူကြိုအရွယ်ကို ရောက်လာတယ်။

နန်ကောဟာ အနည်းငယ်တုံ့ဆိုင်းနေပြီး ကလေး၂ယောက် နေသားမကျမှာကို စိတ်ပူတယ်။အထူးသဖြင့် သူမရဲ့ဒုတိယသားလေးယွမ်ယွမ်။သူဟာ နည်းနည်း တွယ်ကပ်တတ်ပြီး ငြိမ်တယ်။ယှဉ်ကြည့်လိုက်ရင် အကြီးကောင်လေးထွမ်ထွမ်ဟာ ပိုပြီးအသိတရား ရှိတယ်။

ဒါပေမဲ့ မထင်မှတ်ထားဘဲ ကျောင်းတက်ရမဲ့နေ့မှာ ကလေး၂ယောက်ဟာ ဆရာမရဲ့လက်ကို ဆွဲပြီး တုံ့ဆိုင်းခြင်းအလျင်းမရှိ လိုက်ပါသွားတယ်။သူတို့ဟာ ပျော်လွန်းအားကြီးလို့ အနောက်လှည့်ပြီး တံခါးအပြင်က သူတို့ရဲ့မိဘတွေကို နှုတ်ဆက်ဖို့တောင်မှ မေ့သွားခဲ့ကြတယ်။

နန်ကော “.....”

သူမ ထင်ထားတာ ယွမ်ယွမ်တော့ အနည်းဆုံး ငိုမယ်ဆိုပြီး။မထင်မှတ်ဘဲ အဆုံးမှာ နန်ကောပဲ ငိုလိုက်ရတယ်။

ရှန်ရန်ချင်းဟာ ယွမ်ယွမ့်ကိုချော့နေကျ သကြားလုံးကို အိတ်ကပ်ထဲကနေ ထုတ်ပြီး သူမကို နှစ်သိမ့်ပေးတယ်။အဲ့တော့မှပဲ နန်ကောဟာ သိပ်၀မ်းမနည်းတော့ဘဲ ဖြစ်သွားတယ်။

မူကြိုမှာက မိဘ-ကလေးလှုပ်ရှားမှုတွေ အများကြီးရှိတယ်။ပြီးတော့ သူတို့ဟာ အနည်းဆုံးတော့ မိဘတစ်ယောက်ကို ပါ၀င်ဖို့ ဖိတ်ခေါ်တယ်။ငယ်ငယ်တုန်းက ရှန်ရန်ချင်းမှာ စိတ်ဒဏ်ရာ တချို့ရှိခဲ့တာကို သူမ သိတယ်။နောက်ပြီး အမြွာလေးတွေနဲ့လည်း သူ တူညီတဲ့အမှားမျိုးမလုပ်ချင်တာကို သူမ သိတယ်။နန်ကောဟာ သူမရဲ့အလုပ်သစ်ကို တန်းဘေးဖယ်ပြီး နိုင်ငံခြားကနေ တမင်သက်သက် ပြန်လာကာ ရှန်ရန်ချင်းနဲ့အတူ ပါ၀င်ပေးတယ်။

၂ယောက်လုံးဟာ အမြွာလေးတွေကို ပြီးပြည့်စုံတဲ့ကလေးဘ၀ကို ပေးဖို့မျှော်လင့်ထားတယ်။

မိဘ-ကလေးအစီအစဉ်မှာ ၄ယောက်မိသားစုလေးဟာ မူကြိုကပြင်ပေးထားတဲ့မိဘ-ကလေး၀တ်စုံကို လဲ၀တ်ကြတယ်။

ရှန်ရန်ချင်း ထွက်လာတာကို နန်ကောမြင်တော့ သူမဟာ ကလေးနှစ်ယောက်ကိုဖက်ပြီး အကြာကြီး ရယ်မောနေခဲ့တယ်။

ပန်းရောင်နဲ့ မျက်စိဖမ်းစားစရာ “ပါပါး” ဆိုတဲ့စကားလုံးဟာ ရှန်ရန်ချင်းရဲ့အသွင်အပြင်နဲ့ မလိုက်ဖက်ဘူး။

သူမရဲ့အစ်ကိုသာ ဒီမြင်ကွင်းကိုမြင်ရင် သူ သူမထက်တောင်မှ ပိုပြီးကျယ်ကျယ် အော်ရယ်ဦးမယ်ဆိုတာ နန်ကောသိနေတယ်။

ရှန်ရန်ချင်းဟာ လက်သီးဆုပ်ပြီး ချောင်းအသာဟန့်ကာ သူ့ရဲ့မျက်နှာပူမှုကို ဖုံးကွယ်ဖို့ ကြိုးစားတယ်။ “အဆင်ပြေတယ်မလား”

ဒါပေါ့။သူ့အသံသာ သိပ်မတုံ့ဆိုင်းနေခဲ့ဘူးဆိုရင်။

“ပါပါးက ချောတယ်” ယွမ်ယွမ်ဟာ သူ့ကိုချီးကျူးတဲ့ ပထမဆုံးလူ။

ထွမ်ထွမ်ဟာ ခဏတုံ့ဆိုင်းနေပြီး သဘောတူတဲ့အနေနဲ့ခေါင်းညိတ်တယ်။

306 03

နန်ကောဟာ တတ်နိုင်သမျှ ရယ်ချင်စိတ်ကို ထိန်းပြီး ကလေး၂ယောက်လို သူ့ကို လက်မထောင်ပြတယ်။ “ပါပါးက အရမ်းချောတာပဲ”

ရှန်ရန်ချင်း “.....”

ပထမဆုံးမိဘ-ကလေးလှုပ်ရှားမှုဟာ နန်ကောကို အမောဖောက်သွားစေလွန်းလို့ သူမမှာ ဟောဟဲ လိုက်နေတော့တယ်။

အခြားကလေးတွေရဲ့မိဘတွေဟာ တစ်ခါပဲဆော့ရတယ်။ဒါပေမဲ့ သူမမိသားစုမှာက...ကလေး၂ယောက် ရှိတယ်လေ။

ဂိမ်းတိုင်း ၂ခါစီ ဆော့ရတော့တယ်။

ရှန်ရန်ချင်းဟာ ယောက်ျားမို့ ခံနိုင်တယ်။သူမမှာတော့ အခုတလော လေ့ကျင့်ခန်း မလုပ်ထားတာမို့ အမှီမလိုက်နိုင်ဘူး။

ဂိမ်းအနည်းငယ် ဆော့ပြီးတဲ့အခါ သူမမှာ မတတ်နိုင်ဘဲထိုင်ချကာ ထွမ်ထွမ်ပေးတဲ့ သစ်သီးဖျော်ရည်ကို သူမပုံရိပ်ကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ သောက်လိုက်ရတယ်။

“ဘာလို့ အခုခေတ်ဂိမ်းတွေက အရမ်းခက်ခဲရတာလဲ” မလာခင်တုန်းက သူမဟာ ဒီတိုင်းအပြန်အလှန် အကျိုးပြုဂိမ်းလေးတချို့လို့ပဲ ထင်ခဲ့တာ။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မောပန်းစေတဲ့အပိုင်း ပါလိမ့်မယ်လို့ ဘယ်သူက သိပါ့မလဲ။သူမဟာ ပိန်ပိန်ပါးပါးလေး။ခုဏက လွန်ဆွဲကစားနည်းတုန်းကဆို သူမနဲ့ဆန့်ကျင်ဘက်က မိဘတွေကြောင့် သူမမှာ လေထဲ လွင့်ထွက်သွားတော့မလို့။

ရှန်ရန်ချင်းဟာ ဆောင့်ကြောင့်ထိုင်ချပြီး သူမကို ချွေးသုတ်ပေးတယ်။ “နောက်ဂိမ်းတွေအတွက် ကိုယ်သွားလိုက်မယ်။ ဒီမှာ နည်းနည်းလောက် ထပ်နားလိုက်ဦး”

နန်ကောဟာ လက်ခါတယ်။ “ကျွန်မ နည်းနည်းလောက် ရပါသေးတယ်” သူမ ဒီကိုရောက်နေပြီဆိုမှတော့ ဘယ်လိုလုပ် ရှောင်ထွက်လို့ရမလဲ။

သူမမှာ အနိုင်ရချင်စိတ်လေး နည်းနည်းကျန်ပါသေးတယ်။

“ဒါပေမဲ့ ကျွန်မတို့ ဗျူဟာတချို့သုံးရမယ်။ ဒီလိုဂိမ်းမျိုးမှာ အားနဲ့တင် မလုံလောက်ဘူး။ ဦးနှောက်ကိုလည်း သုံးဖို့လိုသေးတယ်”

အဲ့နေ့မှာ နန်ကောဟာ ရှန်မိသားစုကို မိဘ-ကလေးလှုပ်ရှားမှုမှာ ပထမနေရာအနိုင်ရအောင် ဦးဆောင်ခဲ့တယ်။

မူလတန်းကစပြီး ယွမ်ယွမ်တစ်ယောက်ဟာ ပုန်ကန် တတ်လာတယ်။သူဟာ စာလုပ်ရတာမကြိုက်ဘဲ ထွမ်ထွမ်နဲ့ဆို အဝေးကြီး နောက်ကျကျန်ခဲ့တယ်။

မူလတန်းရဲ့ပထမဆုံးစာမေးပွဲကြီးမှာ ယွမ်ယွမ်ဟာ နောက်ဆုံးအဆင့်ရတယ်။

မိဘ-ဆရာအစည်းဝေးပွဲမှာ ဆရာဟာ ယွမ်ယွမ့်မိဘတွေ ဘယ်သူလဲဆိုတာကို မေးပြီး သူတို့ကို “ဝေဖန်” လုနီးနီးပြောဆိုခဲ့တယ်။နန်ကောဟာ ငယ်ငယ်ကတည်းက ဆရာကို ကြောက်ပြီးသား။သူမဟာ အခုကျောင်းသူ မဟုတ်တော့ဘူးဆိုပေမဲ့ ထိုင်လိုက်တဲ့အချိန် မသိစိတ်ကနေ ခေါင်းညွတ်လိုက်မိတုန်းပဲ။သူမဟာ စားပွဲအောက်မှာ ၀င်ပုန်းတော့မဲ့အတိုင်း။

သူမဟာ ဘေးက ရှန်ရန်ချင်းကို ဆက်တိုက်တို့ပြီး “ရှင် ရှင် ရှင်”

ရှန်ရန်ချင်းဟာ သူမကို စိတ်ချထားဖို့ လက်ဟန်ပြကာ ဆရာ့ကိုတုံ့ပြန်ဖို့အတွက် မတ်တပ်ထရပ်တယ်။

ဆရာဟာ သတ်လတ်ပိုင်း လူတစ်ယောက်ဖြစ်တယ်။သူဟာ ရှန်ရန်ချင်းကို ကြည့်ပြီးမေးတယ်။ “ကျွန်တော် မေးချင်တာက မင်းမှာ အခုတလော ရှန်ရှီရဲ့ကျောင်းစာတွေကို ကြီးကြပ်ပေးဖို့ အချိန်မရှိတာလား”

“မင်း ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကလေးရဲ့အခြေအနေကိုတော့ ပိုတွေးပေး‌သင့်တယ်လေ။ အလုပ်က ကလေးထက် အရေးကြီးနေတာလား”

နန်ကောဟာ ရှန်ရန်ချင်းတစ်ယောက်တည်းအဆူခံရဖို့ကို လွှတ်မထားနိုင်ဘူး။သူမဟာ တိတ်တိတ်လေး လက်မြှောက်လိုက်တယ်။

ဆရာဟာ အနည်းငယ်အံ့ဩသွားတယ်။ “ဘာဖြစ်လို့လဲ”

နန်ကောဟာလည်း မတ်တပ်ထလိုက်ပြီး လင်မယားနှစ်ယောက်ဟာ ဘေးချင်း ယှဥ်ရပ်နေကြတယ်။

“ကျွန်မ တောင်းပန်ပါတယ် ဆရာ။ ကျွန်မက ရှန်ရှီရဲ့မားပါ။ အခုတလော ကျွန်မ သူ့ကျောင်းစာတွေကို ကြီးကြပ်ပေးပါတယ်။ သူ့ပါးက အလုပ်ခရီး ထွက်နေခဲ့တာပါ”

တစ်နေ့မှာ သူမဟာ ရှန်ရန်ချင်းနဲ့အတူ စာသင်ခန်းထဲ မတ်တပ်ရပ်ပြီး ဆရာ့ဆီကနေ ဝေဖန်ခံရလိမ့်မယ်လို့ နန်ကော တစ်ခါမှ မတွေးထားခဲ့ဖူးဘူး။

မိဘ-ဆရာအစည်းဝေးပွဲပြီးတဲ့အခါ အပြင်မှာ မိုးဖွဲဖွဲကျနေတယ်။ရှန်ရန်ချင်းဟာ ထီးမယူလာခဲ့ပေမဲ့ နန်ကောဟာတော့ သူမရဲ့အိတ်ထဲမှာ ပန်းကွက်လေးတွေနဲ့ ထီးတစ်ချောင်းပါတယ်။

၂ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ရှန်ရန်ချင်းဟာ ကူကယ်ရာမဲ့စွာနဲ့ပဲ ထီးကိုဖွင့်ကာ ‌မြှောက်ကိုင်ပြီး သူမကို ထီးအောက် ဆွဲခေါ်တယ်။

နန်ကောဟာ လက်ပိုက်ပြီး စိတ်တိုနေဆဲ။ “ကျွန်မသာ စောစောကြိုသိမယ်ဆို ကူပြီး ၀င်မခံပေးခဲ့ပါဘူး”

ခုဏက သူမရဲ့သစ္စာရှိမှု ပြကွက်ကို ပြန်စဉ်းစားကြည့်တော့ ရှန်ရန်ချင်းဟာ မနေနိုင်ဘဲ ရယ်မိတယ်။သူဟာ သူမကို ပိုခပ်တင်းတင်းဖက်ကာ စနောက်ပြောတယ်။ “မစ္စရှန်အချိန်မှီ၀င်ကာပေးလို့ ကျေးဇူးတင်ရမှာပါ။ မဟုတ်ရင် ကိုယ်တစ်ယောက်တည်း မခံနိုင်ခဲ့လောက်ပါဘူး”

“ပြောရဲတယ်ပေါ့လေ ယွမ်ယွမ့်ကို အလိုလိုက်ထားတာ။ ရှင့်အမှားနော်”

“ကိုယ့်အမှားပါ။ ပြန်ရောက်ရင် ကိုယ် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်စာရေးပြီး မစ္စရှန်ကို ပေးမယ်လေနော်”

“အာ ကျွန်မ ဒီနေ့ ထွမ်ထွမ်နဲ့ယွမ်ယွမ်ကို ရုပ်ရှင်လိုက်ပြမယ်လို့ကတိပေးထားတာ မေ့သွားတယ်။ သွားစို့ သွားစို့ ကျွန်မတို့ သွားလို့ရလောက်ပါသေးတယ်”

နန်ကောဟာ ထီးကို ဝေးဝေးဖယ်ပြီး ရှန်ရန်ချင်းရဲ့လက်ကို ဆုပ်ကိုင်တယ်။သူမဟာ မိုးရေထဲကို ပြေးထွက်သွားတော့တယ်...။

မိုးဖွဲဖွဲနဲ့ ညနေခင်း လေညင်းဟာ ရောယှက်ထွေလီကာ ကမ္ဘာမြေပေါ်ကို ဖြည်းဖြည်းချင်း ကျဆင်းလျက် ရှိနေတယ်။အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ ချစ်သူတွေလိုမျိုး။အထိန်းအကွပ်မရှိ ကပ်ငြိရင်း.....

ပြီးပါပြီ။

******

All Chapters