← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အပိုင်း (၄၅)

​“မောင်... ကျွန်မရဲ့ ဆရာက တကယ်ပဲ ခွေး...”

​ စုချင်းရွှယ်သည် သူမ၏ နှုတ်ခမ်းလေးကို လက်ညှိုးဖြင့် အသာအယာ ပိတ်လိုက်ပြီး မယဉ်ကျေးရာ ရောက်မည်စိုးသဖြင့် စကားလုံးကို ချက်ချင်း ပြောင်းလဲလိုက်သည် - “...အဲဒီ အခန်းကျဉ်းလေးထဲမှာ တကယ်ပဲ အခြေချနေထိုင်သွားတာလား”

​ သူမကိုယ်တိုင်ပင် အံ့ဩ၍ မဆုံးနိုင်ဖြစ်နေခဲ့သည်။

​ လျူယွမ်က ခေါင်းငြိမ့်ပြရင်း သမီးလေး၏ ပန်းရောင်သန်းနေသော ပါးပြင်လေးကို ကစားစရာသဖွယ် အသာအယာ ပွတ်သပ်ပေးကာ စုချင်းရွှယ်ကို ပြောလိုက်သည် - “ဆရာက အဲဒီအခန်းရဲ့ ရိုးရှင်းတဲ့ ပုံစံကို တကယ် သဘောကျသွားတာ။ တရားထိုင်ပြီး ကျင့်ကြံအားထုတ်ဖို့ ကွက်တိပဲတဲ့”

​ “တော်သေးတာပေါ့” စုချင်းရွှယ် သက်ပြင်းအသာချနိုင်သွားသည်။

​ သူမကတော့ လုံးဝကို ယုံကြည်သွားခဲ့လေသည်။

​ “ဘာ…၊ ခဲအို….အဆုံးမဲ့ ကောင်းကင်ဘုံမှာ ယွန်းမြောင်ရဲ့ အဆင့်အတန်းက ဘယ်လောက် မြင့်မြတ်လဲဆိုတာ ရှင့်မျက်စိထဲ မမြင်ဘူးလား။ သူမက ‘နတ်ဘုရားအရှင်သခင်’ တစ်ပါးလေ၊ အဲဒါကို ရှင်က ခွေးအိမ်ထဲမှာ သွားထားရတယ်လို့”

​ ဘေးတွင် ရပ်နေသော စုယွီမော့သည် မျက်လုံးအစုံ ပြူးထွက်မတတ် ဖြစ်သွားခဲ့ရပြီး မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

​ “ဘာဖြစ်လဲ...” လျူယွမ်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြန်မေးလိုက်သည် - “စစ်နတ်ဘုရားရဲ့ သမီးတော်တောင် ခွေးအိမ်ထဲမှာ နေသေးတာပဲ မဟုတ်ဘူးလား”

​ “ဒါက လုံးဝ ယုတ္တိမရှိတာပဲ” စုယွီမော့သည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ခေါင်းကို ကုတ်လိုက်မိသည် - “ယွန်းမြောင်လို မောက်မာတဲ့ မိန်းမကြီးက ရှင့်ကို ဘာလို့ လက်ဝါးနဲ့ ရိုက်သတ်မပစ်တာလဲ။ သူမ ရူးသွားပြီလား”

​ မဟုတ်သေးဘူး... ဒီလို မြင်ကွင်းမျိုးကို သေချာပေါက် မှတ်တမ်းတင်ထားရမယ်။

​ စုယွီမော့သည် ဓာတ်ပုံအနည်းငယ် ရိုက်ရန်အတွက် သူမ၏ ဖုန်းကို တိတ်တဆိတ် ထုတ်လိုက်လေသည်။

​ အိမ်ထဲတွင်တော့ သူတို့ မိသားစု သုံးယောက်သာ ကျန်ရစ်တော့သည်။

​ “အူး... ဝူး...”

​ သမီးလေး နျန်နျန်သည် ဗိုက်ဆာလာပုံရပြီး မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ စုချင်းရွှယ်၏ ရင်ဘတ်ကို သနားစရာမျက်လုံးလေးများဖြင့် စိုက်ကြည့်နေသည်။

​ သူမသည် ဆူဖြိုးသော လက်ဖဝါးလေးကို ဆန့်ထုတ်ကာ ဆွဲကိုင်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို ကြောက်ရွံ့နေသကဲ့သို့ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြန်သည်။

​ ‘စားတော့ စားချင်တယ်၊ ဒါပေမဲ့ မဝံ့ရဲဘူး’ ဆိုသည့် ထိုအတတ်ဆန်းလေး၏ အမူအရာမှာ အလွန်ပင် ချစ်စရာ ကောင်းလှသည်။

​ စုချင်းရွှယ်သည် သမီးဖြစ်သူ၏ အမူအရာကြောင့် ပြုံးမိသွားပြီး နူးညံ့စွာ ပြောလိုက်သည် - “မေမေ နို့တိုက်မယ်နော်”

​ သူမသည် အင်္ကျီကြယ်သီးများကို ဖြုတ်ကာ သမီးလေးကို နို့တိုက်ရန် ပြင်လိုက်သည်။

​ လျူယွမ်က သူမ၏ လက်ကို အသာအယာ ဖိထားလိုက်ပြီး စိုးရိမ်ပူပန်မှုအပြည့်ဖြင့် - “မိန်းမ... မင်းရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိရဲ့လား။ မနေ့ညကမှ ကလေးမွေးထားတာ၊ ပြီးတော့ နတ်ဘုရားအဆင့် ကျင့်ကြံသူတွေ၊ သွေးမိစ္ဆာဧကရာဇ်နဲ့လည်း တိုက်ခိုက်ထားရသေးတယ်... မင်းရဲ့ စွမ်းအင်တွေ အားနည်းနေဦးမယ်”

​ “ရပါတယ်” စုချင်းရွှယ်က ခေါင်းခါပြလိုက်သည်။ သူမ၏ မျက်နှာထက်တွင် မိခင်မေတ္တာရိပ်များ လွှမ်းခြုံနေပြီး - “နို့တိုက်ရုံတင်ပဲဟာ၊ ခန္ဓာကိုယ်ကို သိပ်ပြီး မထိခိုက်စေပါဘူး”

​ နို့ဝသွားပြီးနောက် သမီးလေး နျန်နျန်သည် စိတ်ကျေနပ်စွာဖြင့် မျက်လုံးလေးများ ပိတ်သွားခဲ့သည်။ လက်ကလေးများကတော့ မိခင်၏ အင်္ကျီစကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မကြာခင်မှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့သည်။

​ လျူယွမ်က သမီးလေးကို ကလေးပုခတ်ထဲသို့ ဂရုတစိုက် လွှဲပြောင်းသိပ်လိုက်သည်။

​ ထိုပုခတ်လေးသည် အလိုအလျောက် သက်တောင့်သက်သာအရှိဆုံး အပူချိန်ကို ထိန်းညှိပေးသည့်အပြင် ကလေးငယ်ကို အိပ်မောကျစေရန်အတွက် အသိဉာဏ်ရှိရှိဖြင့် ငြင်သာစွာ လွှဲပေးသည့် စနစ်ကိုလည်း အသက်သွင်းပေးထားသည်။

​ စုချင်းရွှယ်သည် သူမ၏ အင်္ကျီကို ပြန်လည်ပြင်ဆင်လိုက်ပြီး သမီးလေး၏ အေးချမ်းစွာ အိပ်ပျော်နေသော မျက်နှာလေးကို မိခင်မေတ္တာအပြည့်ဖြင့် စိုက်ကြည့်ရင်း - “မောင်... ကြည့်ပါဦး၊ ကျွန်မတို့ နျန်နျန်လေးက တကယ့်ကို ချစ်ဖို့ကောင်းလွန်းတယ်မလား”

​ လျူယွမ်က သူမကို အနောက်ကနေ သိုင်းဖက်လိုက်ပြီး ထိုမိခင်နှင့် သမီးကို မြတ်နိုးတန်ဖိုးထားမှုအပြည့်ဖြင့် ငေးကြည့်နေခဲ့သည်။

​ မိဘအသစ်စက်စက်များအဖြစ် ပထမဆုံးနေ့ရက်သည် ဤသို့ နွေးထွေးသော အငွေ့အသက်များအကြား ညင်သာစွာ ကုန်ဆုံးသွားခဲ့သည်။

​ ကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် ပြုစုစောင့်ရှောက်ရခြင်း ဖြစ်သော်လည်း ထင်ထားသည်ထက် ပိုမိုလွယ်ကူနေခဲ့သည်။

​ မွန်းတည့်ချိန်တွင် သမီးလေးသည် ငိုယိုကာ နိုးလာခဲ့သည်။ စုချင်းရွှယ်က ကလေး အနှီးစိုသွားသည်ဟု ထင်မှတ်ကာ ချက်ချင်းပင် ပွေ့ချီလိုက်သည်။

​ သို့သော် ဒိုင်ပါ (အနှီး) က ခြောက်သွေ့သန့်ရှင်းနေဆဲပင် ဖြစ်သည်။

​ ဒါက လက်နက်ပန်းပဲဆရာကြီး ‘ဘိုးကျိုးဖန်တီးထားတဲ့ ဆန်းကြယ်တဲ့ ရတနာတစ်ခု ဖြစ်သည်။ ၎င်းတွင် ကိုယ်ပိုင် အာကာသနေရာလွတ် တစ်ခုပါရှိပြီး အညစ်အကြေးများကို အလိုအလျောက် ချေဖျက်ပေးကာ အမြဲတမ်း ခြောက်သွေ့နေအောင် ပြုလုပ်ပေးထားသဖြင့် တစ်ပတ်လုံးလုံး လဲလှယ်ပေးရန် မလိုချေ။

​ “အဘိုးကျိုး ဖန်တီးပေးတဲ့ ရတနာက တကယ့်ကို အသုံးဝင်တာပဲ”

​ စုချင်းရွှယ်အနေဖြင့် မချီးကျူးဘဲ မနေနိုင်တော့ချေ။ မိခင်တစ်ယောက်အနေဖြင့် တကယ့်ကို အလုပ်ရှုပ် သက်သာစေသည်။

​ သမီးလေး ငိုရခြင်းမှာမူ အိပ်မက်ဆိုးတစ်ခုခု မက်သွားခြင်းကြောင့် ဖြစ်နိုင်ပြီး အသာအယာ ပွတ်သပ်ပေးလိုက်ရုံဖြင့် ပြန်လည် အိပ်ပျော်သွားခဲ့သည်။

​ ညစာစားချိန်တွင် စုချင်းရွှယ်သည် ဟင်းပွဲအပြည့်ဖြင့် စားပွဲတစ်ခုကို ပြင်ဆင်ထားခဲ့သည်။

​ စုယွီမော့ကတော့ အချိန်ကိုက်ပင် အလကားစားရန် ရောက်ရှိလာလေသည်။ သူမသည် အရင်ဆုံး ကလေးပုခတ်ဆီသို့ ပြေးသွားကာ တူမလေး၏ ပါးပြင်ကို အားရပါးရ နမ်းရှုပ်လိုက်သည်။

​ “တကယ့်ကို ချစ်ဖို့ကောင်းလိုက်တာ...”

​ သူမသည် မျက်နှာပြောင်ပြရင်း တူမလေးကို စနောက်နေခဲ့သည်။

​ စုချင်းရွှယ်သည် စိတ်အာရုံဖြင့် တိတ်တဆိတ် စစ်ဆေးကြည့်ရာ သူမ၏ ဆရာသည် ထိုခွေးအိမ်လေးထဲတွင် အကာအကွယ်စည်းတစ်ခု တားဆီးထားပြီး လေဒဏ်မိုးဒဏ်ကင်းအောင် ပိတ်ဆို့ထားသည်ကို တွေ့ရှိလိုက်ရသည်။

​ သူမလည်း သွားရောက်မနှောင့်ယှက်တော့ချေ။

​ ဆရာ့ရဲ့ စရိုက်အရ လူ့လောကက သာမန်အစားအစာတွေကို သုံးဆောင်မှာ မဟုတ်တာ သေချာသည်။

​ “ခဲအို... ကျွန်မကို နည်းလမ်းလေး သင်ပေးပါဦး၊ အဲဒီ ယွန်းမြောင် မိန်းမကြီးကို ခွေးအိမ်ထဲမှာ နေထိုင်သွားအောင် ခဲအို ဘယ်လိုများ စည်းရုံးလိုက်တာလဲ” စုယွီမော့သည် ထမင်းကို ပါးစပ်ထဲ အတင်းထိုးထည့်ရင်း စပ်စုလိုစိတ်အပြည့်ဖြင့် အနီးသို့ တိုးကာ မေးမြန်းလိုက်သည် - “သူမ တကယ်ပဲ ကျွန်မရဲ့ မိထွေး ဖြစ်လာတဲ့အခါကျရင် ကျွန်မလည်း ဒီလိုပဲ လုပ်ပစ်မယ်”

​ လျူယွမ်က ဝက်သားတစ်တုံးကို သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ရင်း ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည် - “လွယ်လွယ်လေးပါ... သတ္တိရှိရှိနဲ့ပဲ သူမကို အမှန်အတိုင်း ပြောလိုက်ရုံပဲ”

​ စုယွီမော့ ချက်ချင်းပင် လိပ်ပြာလွင့်သွားကာ - “ကျွန်မက ဘယ်လိုလုပ် ဝံ့ရဲမှာလဲ။ အကယ်၍ သူမက ကျွန်မအဖေကို သွားတိုင်ရင် ကျွန်မတော့ သေပြီပဲ”

​ ညစာစားပြီးနောက် သမီးလေး နျန်နျန်သည် ဗိုက်ဆာသဖြင့် ပြင်းထန်စွာ ထပ်မံငိုယိုလာပြန်သည်။

​ စုချင်းရွှယ်သည် ကျွမ်းကျင်သောအမူအရာဖြင့် ကလေးကို နို့တိုက်ကာ ပြန်လည်သိပ်လိုက်သည်။

​ စုယွီမော့သည် ခတ္တမျှ စောင်းငဲ့ကြည့်ရှုပြီးနောက် သမ်းဝေကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

​ အိမ်ထဲတွင် တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားခဲ့လေသည်။

​ “မောင်... ကျွန်မ မောင့်ကို ပြောစရာတစ်ခု ရှိတယ်” စုချင်းရွှယ်သည် လျူယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ထပ်မံဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်သည် - “ကျွန်မရဲ့ ဆရာ့အကြောင်းပါ။ သူမက ကျွန်မကို အိမ်ပြန်ခေါ်ဖို့ ရောက်လာတာ”

​ လျူယွမ်ကတော့ ဒါကို ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။

​ သူက ဇနီးဖြစ်သူကို ရင်ခွင်ထဲသို့ ထည့်ထားရင်း တိုးညှင်းစွာ ပြောလိုက်သည် - “ရက်တွေကို တွက်ကြည့်ရင်လည်း ပြန်ရမယ့် အချိန်တန်နေပြီပဲ”

​ စုချင်းရွှယ်နှင့် သူ လက်ထပ်ခဲ့သည်မှာ ၄ နှစ်နီးပါး ရှိခဲ့ပြီဖြစ်ရာ၊ ၎င်းက ကောင်းကင်ဘုံရဲ့ အချိန်တွက်ချက်မှုအရဆိုလျှင် ၄ ရက်မျှသာ ရှိသေးသည်။

​ ကျင့်ကြံခြင်းလောက၏ ဓလေ့ထုံးတမ်းအရလည်း မင်္ဂလာဦးဇနီးမောင်နှံများသည် လက်ထပ်ပြီးနောက် မိဘအိမ်သို့ ပြန်လည် လည်ပတ်ရလေ့ရှိသည်။ ဒါကို ‘ယောက္ခမအိမ်ပြန်ခြင်း’ ဟု ခေါ်ဆိုကြသည်။

​ “မစိုးရိမ်ပါနဲ့” စုချင်းရွှယ်သည် ခေါင်းမော့လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုများဖြင့် - “ကျွန်မ အဖေ့ကို သေသေချာချာ ရှင်းပြပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်။ ဒီနေရာက ကျွန်မရဲ့ အိမ်ပဲလေ”

​ လျူယွမ်က သူမ၏ နဖူးပြင်လေးကို နမ်းရှုပ်လိုက်ကာ - “မောင် မိန်းမကို စောင့်နေမယ်။ အကယ်၍ မင်း ပြန်မလာရင် မောင်ကိုယ်တိုင် အဆုံးမဲ့ ကောင်းကင်ဘုံအထိ လိုက်ရှာမှာ”

​ စုချင်းရွှယ်၏ နှလုံးသားတစ်ခုလုံး စိုပြည်သွားခဲ့ရသည်။

​ “မောင်... ကျွန်မတို့ အိမ်မပြန်ခင်... ကျွန်မမှာ နောက်ထပ် ဆန္ဒတစ်ခု ရှိသေးတယ်”

​ “ဘာလဲ မိန်းမရဲ့”

​ စုချင်းရွှယ်၏ ပါးပြင်လေးနှစ်ဖက်မှာ ရဲခနဲ နီမြန်းသွားခဲ့သည်။ သူမသည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လျူယွမ်၏ ပေါင်ပေါ်သို့ ခွထိုင်ကာ ဦးဆောင်၍ နမ်းရှုပ်လိုက်လေသည်။ သူမ၏ အသက်ရှူသံများက သစ်ခွပန်းကဲ့သို့ မွှေးပျံ့လှသည်။

​ “နောက်ထပ် ကလေးတစ်ယောက် ထပ်ယူရအောင်”

​ လျူယွမ်မှာ ကြောင်အမ်းသွားကာ - “မိန်းမ... အတည်ပြောနေတာလား။ မနေ့ညကမှ ကလေးမွေးထားတာလေ၊ မင်းရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိပါ့မလား”

​ “ကျွန်မက နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ၊ ခန္ဓာကိုယ် ပြန်လည်နာလန်ထူနိုင်စွမ်းက အလွန်မြန်တယ်”

​ “ဒါပေမဲ့... သမီးလေးက ဒီနားတင် ရှိနေတာကို”

​ “ရပါတယ်... ကလေးပုခတ်မှာ အသံလုံစနစ် ပါတယ်လေ”

​ “အလောမကြီးပါနဲ့ဦး... မောင် ကြားဖူးတာတော့ ကလေးမွေးပြီးရင် သေချာ နားနားနေနေနဲ့ အားပြန်မွေးရတယ်ဆိုတာပဲ...”

​ “အချိန်က သိပ်မရှိတော့ဘူးမောင်‌ရဲ့” စုချင်းရွှယ်၏ မျက်ဝန်းထဲတွင် အလောတကြီးဖြစ်မှုများ ပေါ်လာကာ - “အချိန်က တစ်နှစ်ပဲ ကျန်တော့တာ... တစ်ရက် ကုန်သွားလေလေ၊ ကျန်တဲ့ရက်က နည်းသွားလေလေပဲ”

​ ညဉ့်နက်သန်းခေါင်ယံ အချိန်တွင်….

​ ထိုနီရဲကာ မှောင်မိုက်နေသော ‘သက်ရှိတားမြစ်နယ်မြေ’ က လျူယွမ်၏ စိတ်အာရုံထဲတွင် တစ်ဖန် ပြန်လည်ပေါ်ပေါက်လာသည်။

​ ဤနေရာတွင် မည်သည့် သက်ရှိမျှ မရှိတော့ချေ

​ ကောင်းကင် ပြိုကျပြီး မြေကမ္ဘာ နိမ့်ဆင်းသွားကတည်းက သေခြင်းတရား၏ တိတ်ဆိတ်မှုနှင့် အေးစက်စက် အရှိန်အဝါများသာ ကျန်ရစ်ခဲ့သည်။

​ ကြီးမားလှသော မြို့ရိုးကြီးတစ်ခုသည် ကောင်းကင်နှင့် မြေကမ္ဘာကြားတွင် ကာဆီးထားသည်။

​ ဆန်းကြယ်သည်မှာ ထိုမြို့တံခါးကြီးက ပွင့်ဟနေခြင်းပင် ဖြစ်သည်။

​ မြို့ရိုးအောက်တွင်မူ သန်းပေါင်းများစွာသော စစ်သည်တော်များသည် မဟာသမုဒ္ဒရာကြီးကဲ့သို့ စုရုံးရောက်ရှိနေကြပြီး၊ ထိုတားမြစ်နယ်မြေကို တိုက်ခိုက်သိမ်းပိုက်ရန် သူတို့၏ အရှိန်အဝါများဖြင့် လောကတစ်ခုလုံးကို လွှမ်းမိုးထားသည်။

​ သို့သော်လည်း...

​ သူတို့သည် မြို့ပျက်ကြီး၏ လှည့်ကွက်တစ်ခုခုတွင် ပိတ်မိနေသကဲ့သို့ ရှေ့သို့ မတိုးဝံ့ဘဲ တုံ့ဆိုင်းနေကြသည်။

​ အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏ သက်စောင့်စွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

​ အရိုးစုများမှာ တောင်ပုံရာပုံ ဖြစ်နေပြီး အလောင်းများကလည်း မြေပြင်အနှံ့ ပျံ့ကြဲနေခဲ့လေသည်...။

​

​ နောက်တစ်နေ့ နံနက်စောစော….

​ လျူယွမ် နိုးနိုးချင်းမှာပင် ဇနီးဖြစ်သူ စုချင်းရွှယ်သည် ကုတင်ခြေရင်းတွင် ထိုင်ကာ သက်ပြင်းခိုးချနေသည်ကို မြင်လိုက်ရသည်။

​ “မောင်... ကျွန်မတို့ မအောင်မြင်ဘူး”

​ သူမ၏ မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့နေသည့် အမူအရာ ပေါ်နေသည်။

​ “ရပါတယ် မိန်းမရာ။ ငါတို့ သမီးလေးကို ရဖို့ကြိုးစားတုန်းကတောင် သုံးနှစ်လောက် ကြိုးစားခဲ့ရသေးတာပဲ”

​ လျူယွမ်က သူသည် သာမန်လူသားတစ်ဦးသာ ဖြစ်သေးသဖြင့် သူနှင့် ဇနီးဖြစ်သူအကြား မျိုးပွားခြင်းဆိုင်ရာ အတားအဆီးများ ရှိနေသေးကြောင်း သတိပေးကာ ဇနီးဖြစ်သူကို နှစ်သိမ့်လိုက်သည်။

​ ကောင်းကင်ဘုံက နတ်ဘုရားအဆင့် ကျင့်ကြံသူ နှစ်ယောက်ပင်လျှင် ပထမဆုံးအကြိမ်မှာတင် ကလေးချက်ချင်းရရန် မလွယ်ကူချေ။

​ သူတို့နှစ်ဦးကြားက ကွာခြားချက်ကြီးမားမှုကိုတော့ ပြောနေရန်ပင် မလိုတော့ချေ။

​ စုချင်းရွှယ်က ခေါင်းခါပြလိုက်ပြီး အားကိုးရာမဲ့နေသော ဇနီးသည်လေးတစ်ဦးကဲ့သို့ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည် -

​“ဒီတစ်ကြိမ်မှာတော့ မောင့်ကြောင့်မဟုတ်ဘူး... ကျွန်မဘက်က အဆင်မပြေတာ”

​ “ကလေးမွေးပြီးရင် ဒုတိယကလေး ထပ်ယူဖို့အတွက် အနည်းဆုံး တစ်လလောက် စောင့်ရတယ်ဆိုတာ အခုမှ သိတော့တယ်...”

​ သူမသည် လျူယွမ်၏ နားနားသို့ တိုးကာ ခန္ဓာကိုယ်တည်ဆောက်ပုံဆိုင်ရာ အသေးစိတ်အချက်အလက်များကို ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြနေခဲ့ သည်။

All Chapters