← Chapters

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း ၄၇၂ ပထမဆုံး တိုက်ပွဲက အဆုံးအဖြတ်ပေးမည့် တိုက်ပွဲ

"နယ်စားမင်း ဝေ့မိသားစုက လူတွေ ရောက်လာပါပြီ"

ကျန်းချဲ့ တွေးတောနေစဉ် ကျိုးရွှမ်က ခန်းမထဲသို့ ဝင်ရောက်လာပြီး သတင်းပို့လိုက်သည်။

ယခုအခါ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့က အကြီးအကျယ် ကျူးကျော်လာသည့် အခြေအနေအောက်တွင် ကျန်းချဲ့က လူအများစုကို နယ်စပ်သို့ စေလွှတ်၍ စောင့်ကြပ်ခိုင်းထားလိုက်ပြီ ဖြစ်သည်။ ကွမ်ကျွင်းနယ်စား အိမ်တော် တစ်ခုလုံးတွင် သူ့အပြင် ချီဝမ်ကျွင်း အစရှိသည့် မိသားစုဝင်များနှင့် သူ၏ အမိန့်ကို စောင့်ဆိုင်းနေသော ကျိုးရွှမ်သာ ကျန်ရှိတော့သည်။

ကျောက်ရှန်းကျီ ပင်လျှင် ယခုအခါ နယ်စပ်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။ သူ မထွက်ခွာသေးခြင်းမှာ ဝေ့မိသားစုမှ လူများ ရောက်လာမည်ကို စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်သည်။

"ဝေ့မိသားစု ခေါင်းဆောင်ကို ခေါ်လိုက်"

ကျန်းချဲ့၏ အကြည့်က တဖြည်းဖြည်း မော့လာပြီး လက်ထဲရှိ သွေးရောင် စာအိတ်လေးက မျက်တောင်တစ်ခတ်အတွင်း ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

ခဏအကြာတွင်။

ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသော ဝေ့မိသားစု ခေါင်းဆောင် ဝေ့ချန်ဖျင်က အဓိက ခန်းမကြီး အတွင်းသို့ ဝင်ရောက်လာသည်။ သူ၏ ဘေးတွင် အချိန်အတော်ကြာ မတွေ့ရသော ဝေ့ကျွင်းကျဲ့ လည်း ပါလာသည်။ ယခင်ကနှင့် နှိုင်းယှဉ်ပါက ယခုအခါ ဝေ့ကျွင်းကျဲ့က အများကြီး ပိုမို တည်ငြိမ်ရင့်ကျက်လာပုံ ရသည်။

"မတွေ့ရတာ ကြာပြီ နတ်သံတမန်ကျန်းက အရင်ကထက် ပိုပြီး ခန့်ညားလာတာပဲ"

ဝေ့ချန်ဖျင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး ကျန်းချဲ့ကို လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

ယခင်တစ်ခေါက် ကျန်းချဲ့ သူ့ကို တွေ့ဆုံချိန်က ရှန်ရှန်းအဆင့်သို့ ယခုလေးတင် ရောက်ရှိထားသူ တစ်ဦးသာ ဖြစ်ကြောင်း သူ မှတ်မိနေသေးသည်။ သို့သော် အချိန်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချဲ့က အခွင့်ကောင်းကို ယူကာ နဂါးတစ်ကောင်အလား အမြင့်သို့ ပျံတက်သွားခဲ့ပြီး ယခုအခါ ကြီးမားလှသော ဩဇာအာဏာဖြင့် တောင်ပိုင်းဒေသကိုပင် လွှမ်းမိုးထားပြီ ဖြစ်သည်။ ကျူးချွဲဌာနခွဲ၏ နတ်သံတမန် နေရာကို ရယူနိုင်ရုံသာမက ထျန်းလုံ ဘုန်းကြီးကျောင်းနှင့် သွေးပင်လယ်ဂိုဏ်းတို့ကို ဆက်တိုက် ဖျက်ဆီးပစ်ခဲ့သည်။ ထို့အပြင် လီချန်ကောကိုပင် သူ၏ အခြေခံအုတ်မြစ်များကို စွန့်လွှတ်ကာ နယ်စပ်အပြင်ဘက်သို့ ထွက်ပြေးသွားစေရန် ဖိအားပေးနိုင်ခဲ့သည်။

ယခုအခါ ကျန်းချဲ့ ဆိုသော နာမည် တစ်ခုတည်းကပင် လင်ယွမ် ဝေ့မိသားစုကို ထိတ်လန့်သွားစေနိုင်ပြီ ဖြစ်သည် ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထျန်းလုံ ဘုန်းကြီးကျောင်းနှင့် သွေးပင်လယ်ဂိုဏ်းတို့နှင့် နှိုင်းယှဉ်ပါက လင်ယွမ် ဝေ့မိသားစုမှာ ယွဲ့ပြည်နယ်၏ အင်အားကြီး ခုနစ်ခု ထဲတွင် အားအနည်းဆုံး ဖြစ်သောကြောင့်ပင်။ မိသားစု တစ်ခုလုံးတွင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီး သုံးဦးသာ ရှိသည်။

ထို့အပြင် ယွမ်ရှန်းအဆင့် စစ်မှန်သောသခင် ဆိုလျှင် သူ တစ်ဦးတည်းသာ ရှိသည်။ ထို့အပြင် သူက ဖုန်းယွင် အဆင့်သတ်မှတ်ချက် စာရင်း ထဲသို့ပင် မဝင်နိုင်သော သာမန် စစ်မှန်သောသခင် တစ်ဦးသာ ဖြစ်သည်။

ထို့ကြောင့် ကျန်းချဲ့က စကားကို ပွင့်ပွင့်လင်းလင်း ပြောလာသောအခါ သူက ခဏမျှသာ တွေဝေပြီးနောက် နောက်ဆုံးတွင် ကျန်းချဲ့ ဘက်၌ ရပ်တည်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ အစိုးရ စစ်တပ်က ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့နှင့် လီချန်ကောတို့ကို အနိုင်ရမည်ဟု သူ မယုံကြည်သော်လည်း ကျန်းချဲ့၏ အနာဂတ်က အလွန် ကြီးမားပြီး နောင်တစ်ချိန်တွင် သေချာပေါက် သိုင်းသူတော်စင် ဖြစ်လာမည်ဟု သူ ယုံကြည်ထားသည်။

သူက လောင်းကြေးထပ်နေခြင်း ဖြစ်သည်။ လင်ယွမ် ဝေ့မိသားစု တစ်ခုလုံးကို အသုံးပြု၍ ကျန်းချဲ့၏ အနာဂတ် အပေါ် လောင်းကြေးထပ်လိုက်ခြင်းပင်။ သေချာသည်မှာ ဤကိစ္စတွင် ကျန်းချဲ့၏ နောက်ဆက်တွဲ လက်စားချေမှုများကို ကြောက်ရွံ့ခြင်း လည်း အနည်းငယ် ပါဝင်နေသည်။ မည်သို့ပင်ဆိုစေ စစ်ပွဲ စတင်ပါက အင်ပါယာနန်းတော် ဘက်က ရှုံးနိမ့်ကောင်း ရှုံးနိမ့်နိုင်သော်လည်း ကျန်းချဲ့ကတော့ တိုက်ပွဲတွင် ကျဆုံးသွားရန် အလွန် ခဲယဉ်းလှသည်။

ထို့ကြောင့် သူက ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။ အကယ်၍ အင်ပါယာနန်းတော်က တောင့်မခံနိုင်တော့ပါက သူလည်း အသေအလဲ တိုက်ခိုက်မည် မဟုတ်ဘဲ မိမိ၏ သဘောထားကို ပြသရုံသာ လုပ်ဆောင်မည်ဟု တွေးထားသည်။ ဤကိစ္စတွင် ဝေ့ကျွင်းကျဲ့၏ အကြံပြုချက် လည်း အနည်းငယ် ပါဝင်နေသည်။ ကျန်းချဲ့ အပေါ် လုံးဝ အရှုံးပေးလိုက်ပြီးနောက် ဝေ့ကျွင်းကျဲ့၏ ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ ကျန်းချဲ့ အပေါ် အလွန် ကြီးမားသော ယုံကြည်မှု တစ်ခု ပေါ်ပေါက်လာခဲ့ပြီး လင်ယွမ် ဝေ့မိသားစု အနေဖြင့် ကျန်းချဲ့နှင့် ရန်သူ မဖြစ်လိုကြောင်း သူက ပြောဆိုခဲ့သည်။

"ကြီးမားတဲ့ ရန်သူနဲ့ ရင်ဆိုင်ရမယ့် အချိန်မှာ ဝေ့မိသားစု ခေါင်းဆောင် ရောက်လာတာကို ကျုပ် အရမ်း ဝမ်းသာပါတယ် ထိုင်ပါ"

ကျန်းချဲ့ကလည်း ဖော်ရွေသော သဘောထားကို ပြသလိုက်ပြီး ဝေ့ချန်ဖျင်နှင့် စတင် စကားပြောဆိုနေသည်။ ယခင်က သွယ်ဝိုက်သော ခြိမ်းခြောက်မှုများကို နှစ်ဖက်စလုံးက တမင်တကာ လျစ်လျူရှုထားခဲ့ကြသည်။ အချင်းချင်း အချီးမွမ်း အမြှောက်ပင့်များ ပြုလုပ်ပြီးနောက် ဝေ့ချန်ဖျင်က လည်ချောင်းကို တစ်ချက် ရှင်းလိုက်ပြီး ဆက်ပြောသည်။

"ဒီတစ်ကြိမ် ဝေ့ တစ်ယောက် ကိုယ်တိုင် ရောက်လာပြီး နတ်သံတမန်ကျန်းကို ကူညီပေးဖို့ ဝေ့မိသားစုက လူတွေကို ခေါ်လာခဲ့တယ် ရွှမ်တန်အဆင့် သိုင်းသခင် ဆယ့်နှစ်ယောက်နဲ့ မွေးရာပါအဆင့် သိုင်းပညာရှင် ခြောက်ဆယ့်သုံးယောက် အားလုံးက ငါတို့ လင်ယွမ် ဝေ့မိသားစုရဲ့ အကောင်းဆုံး လူတွေချည်းပါပဲ ငါတို့ အလယ်ပိုင်းလွင်ပြင်ရဲ့ နယ်မြေတွေကို လူရိုင်းတွေရဲ့ လက်ထဲ မကျရောက်စေချင်တဲ့ ဆန္ဒ တစ်ခုတည်းပါပဲ"

ကျန်းချဲ့က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ဝေ့မိသားစု ခေါင်းဆောင်ရဲ့ သဘောထားကို ကျုပ် နားလည်ပါတယ် ကျုပ်လည်း စကားကို လှည့်ပတ် မပြောချင်ဘူး ဒီတိုက်ပွဲသာ အောင်နိုင်ပြီး လူရိုင်းတွေကို နှင်ထုတ်နိုင်မယ် ဆိုရင် နောင်တစ်ချိန် ကျုပ် ယွဲ့ပြည်နယ်ကို အုပ်ချုပ်တဲ့ အခါ လင်ယွမ် ဝေ့မိသားစုက ကျုပ်နဲ့အတူ စည်းစိမ်ချမ်းသာ အတူတူ ခံစားရပါမယ်"

"ကောင်းပြီ နတ်သံတမန်ကျန်းရဲ့ ဒီစကား တစ်ခွန်းနဲ့တင် ဝေ့ တစ်ယောက် အစွမ်းကုန် ကြိုးစားပါ့မယ်"

ဝေ့ချန်ဖျင်က တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။

ဤမြင်ကွင်းကို ကြည့်ရင်း ဝေ့ကျွင်းကျဲ့၏ ရင်ထဲတွင် ရှုပ်ထွေးနေသလို အနည်းငယ်လည်း သက်သာရာ ရသွားသည်။ ကျန်းချဲ့က သူ့ထက် အနည်းငယ်သာ သာလွန်နေချိန်တွင် သူက အမီလိုက်ရန်နှင့် ရှက်ရွံ့မှုကို ပြန်လည် ဆပ်ရန် တွေးတောခဲ့မိသေးသည်။ သို့သော် ယခုအခါ ကျန်းချဲ့နှင့် သူ၏ ကြားတွင် မိုးနှင့်မြေ ကဲ့သို့ ကြီးမားလှသော ကွာဟချက်ကြီး ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ယခုအခါ သူ၏ ရင်ထဲတွင် လေးစားမှုနှင့် မော့ကြည့်ရုံသာ တတ်နိုင်တော့သည်။

"ချွင်"

"ချွင်"

"ချွင်"

ရုတ်တရက် ကျန်းချဲ့နှင့် ဝေ့ချန်ဖျင်တို့ စကားပြောဆိုနေစဉ် လေဟာနယ်ထက်တွင် ဓားမြည်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ယွဲ့ပြည်နယ် မြို့တော် တစ်ခုလုံးကို မျက်တောင်တစ်ခတ်အတွင်း ဖုံးလွှမ်းသွားတော့သည်။

ကျန်းချဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဝေ့ချန်ဖျင်ကို အရင်ဆုံး တစ်ချက် လှည့်ကြည့်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်း တိုးလိုက်သည်နှင့် မျက်တောင်တစ်ခတ်အတွင်း အဓိက ခန်းမကြီး ထဲမှ ထွက်ခွာသွားပြီး လေဟာနယ်ထက်သို့ တက်လှမ်းကာ မည်သူက ဤနေရာတွင် လာရောက် ပြဿနာ ရှာရဲသနည်း ဟု ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။

'ငါ့ကို ရွှံ့နဲ့လုပ်ထားတယ် လို့များ ထင်နေတာလား' ဟု စိတ်ထဲမှ တွေးလိုက်သည်။

ဓားမြည်သံများ ထွက်ပေါ်လာသည်နှင့်အမျှ ကွမ်ကျွင်းနယ်စား အိမ်တော် တစ်ခုလုံးနှင့် ယွဲ့ပြည်နယ် မြို့တော် အတွင်း ကျန်ရှိနေသော စစ်တပ်များ လျင်မြန်စွာ စတင် စုဝေးလာကြသည်။ ကျိုးရွှမ်ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး လေဟာနယ်ထက်ရှိ မြင်ကွင်းကို လေးနက်သော မျက်နှာထားဖြင့် ကြည့်နေသည်။

ယခုအချိန်တွင် လေဟာနယ်ထက်၌ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ် ရာနှင့်ချီ မတ်တတ်ရပ်နေကြသည်။ လူတိုင်းက ဓားပျံများကို စီးနင်းထားကြပြီး ဓားနတ်ဘုရားများ လူ့ပြည်သို့ ဆင်းသက်လာသည့်အလားပင်။ လင်းကျန့်တောင်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းချဲ့နှင့် ကျိုးရွှမ်တို့၏ ပထမဆုံး အတွေးမှာ ဤလူများက ယွဲ့ပြည်နယ်၏ နံပါတ်တစ် သိုင်းလောက အဖွဲ့အစည်း ဖြစ်သော လင်းကျန့်တောင်မှ လာခြင်း ဖြစ်မည် ဟူ၍ပင်။

အဘယ်ကြောင့်ဆိုသော် လင်းကျန့်တောင် တပည့်များသာ အားလုံး အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်လေ့ ရှိပြီး ဤမျှလောက် ကြီးမားသော ဩဇာအာဏာ ရှိသောကြောင့် ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း ကျန်းချဲ့၏ ရင်ထဲတွင် လေးလံသွားသည်။ အကယ်၍ လင်းကျန့်တောင်က ယနေ့ ဤနေရာတွင် ဝင်ရောက် စွက်ဖက်မည် ဆိုပါက သူ ဖုံးကွယ်ထားသော စွမ်းအားများ မလွဲမသွေ ပေါ်လွင်သွားမည် ဖြစ်ပြီး ၎င်းမှာ လီချန်ကောနှင့် ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ အတွက် သူ ချန်ထားခဲ့သော အံ့အားသင့်စရာ လက်ဆောင်ပင် ဖြစ်သည်။ သို့သော် သူ ဖုံးကွယ်ထားချင်သော်လည်း တစ်ဖက်လူက သေလမ်းကို လာရှာမည် ဆိုပါက သူကလည်း တယူသန်နေမည် မဟုတ်ပေ။

"မင်းတို့ ဒီနေရာကို လာတာ ဘာကိစ္စ ရှိလို့လဲ"

ကျိုးရွှမ်က အရင်ဆုံး ဖွင့်ဟမေးမြန်းလိုက်ပြီး မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။

ယွဲ့ပြည်နယ်၏ အင်အားကြီး ခုနစ်ခု ထဲတွင် လင်းကျန့်တောင်က နံပါတ်တစ် နေရာတွင် ရှိသည်။ ဂိုဏ်းအတွင်း၌ သိုင်းသူတော်စင် တစ်ပါး ရှိနေရုံသာမက အခြေခံအုတ်မြစ်နှင့် စွမ်းအားများကလည်း သာမန် သိုင်းလောက အဖွဲ့အစည်းများကို အများကြီး ကျော်လွန်နေသည်။ သို့သော် အခြား သိုင်းလောက အဖွဲ့အစည်းများနှင့် နှိုင်းယှဉ်ပါက လင်းကျန့်တောင်က အမြဲတမ်း တိတ်ဆိတ်စွာ နေလေ့ ရှိသည်။ ယွဲ့ပြည်နယ် သိုင်းလောကတွင် သူတို့၏ ဩဇာအာဏာကို ပြသလေ့ သိပ်မရှိပေ။

သို့သော် ဤအချက်က လူတိုင်း လင်းကျန့်တောင်ကို အထင်သေးခွင့် ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အမှန်တကယ်တော့ ကျန်းချဲ့က ကျူးချွဲဌာနခွဲ၏ သတင်းအချက်အလက်များမှ တစ်ဆင့် လင်းကျန့်တောင် အကြောင်းကို လေ့လာပြီးနောက် လင်းကျန့်တောင်ကို အတင်းအကျပ် ဖိအားပေးမည့် အကြံအစည်ကို ဖျောက်ဖျက်ခဲ့ခြင်း ဖြစ်သည်။ သိုင်းသူတော်စင် ရှိသော အဖွဲ့အစည်း တစ်ခုကို လက်ရှိအချိန်တွင် သူ ဖိနှိပ်နိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် ကျန်းချဲ့၏ ဖိအားပေးမှုများက ထျန်းနန် ကောင်းမိသားစု၊ လင်ယွမ် ဝေ့မိသားစု၊ ရင်းချွမ် ကောမိသားစု စသည်တို့ အပေါ်တွင်သာ အာရုံစိုက်ထားခြင်း ဖြစ်သည်။

ဓားပျံ စီးနင်းလာသော ပုံရိပ် ရာနှင့်ချီ အထဲမှ အဖြူရောင် ဝတ်စုံနှင့် ဆံပင်ဖြူ အဘိုးအို တစ်ဦးက လေဟာနယ်ထက်သို့ ဖြည်းညင်းစွာ ထွက်လာပြီး ကျိုးရွှမ်နှင့် ကျန်းချဲ့တို့ကို လေးနက်သော မျက်နှာထားဖြင့် အကဲခတ်လိုက်ကာ နောက်ဆုံးတွင် ကျန်းချဲ့ ထံသို့ အကြည့်များ ရပ်တန့်သွားသည်။

"မင်းက ကွမ်ကျွင်းနယ်စား လား"

"မှန်တယ်"

"ငါက ချန်ဆန်းချီ နတ်သံတမန်ကျန်းကို ဂါရဝပြုပါတယ်"

အဘိုးအိုက လက်မြှောက်ကာ အရိုအသေပေးလိုက်သည်။ ကျန်းချဲ့၏ မျက်ခုံးများ ပင့်တက်သွားသည်။ ဖုန်းယွင် အဆင့်သတ်မှတ်ချက် စာရင်း တွင် နံပါတ် ဆယ့်နှစ် နေရာရှိ လေဆင်နှာမောင်း ဓားသခင် ချန်ဆန်းချီ ပင် ဖြစ်သည်။ သိုင်းလောက တွင် သေချာပေါက် နာမည်ကြီးသော စွမ်းအားရှင် တစ်ဦး ဖြစ်ပြီး ဓားအလင်းတန်း ခွဲထွက်ခြင်း ပညာရပ်ဖြင့် ဓားသခင် ဆိုသော နာမည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

"ဘာကိစ္စ ရှိလို့ လာတာလဲ"

ချန်ဆန်းချီ၏ နာမည်က ကြီးမားသော်လည်း ကျန်းချဲ့က အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ ယခုအချိန်တွင် အလွန် တည်ငြိမ်နေဆဲပင်။

"ဒီကို လာတာ နတ်သံတမန်ကျန်းကို စကားတစ်ခွန်း လာမေးတာပါ"

"ဘာစကားလဲ"

"ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့က ယွဲ့ပြည်နယ်ကို ကျူးကျော်လာတာကို နတ်သံတမန်ကျန်းက ဘာဖြစ်လို့ ငါတို့ လင်းကျန့်တောင်ကို လူလာမခေါ်တာလဲ ငါတို့ လင်းကျန့်တောင်က သီးသန့် နေချင်လို့ လောကီရေးရာ တွေမှာ ဝင်မပါချင်ဘူးလို့များ ထင်နေတာလား" ဟု ချန်ဆန်းချီက တည်ကြည်သော အသံဖြင့် မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းချဲ့ သာမက ကျိုးရွှမ် ပင်လျှင် ဘာမှန်းမသိအောင် ဖြစ်သွားသည်။

'ဘာအဓိပ္ပာယ်လဲ လင်းကျန့်တောင်က ကိုယ်တိုင် လာရောက် ကူညီတာလား' ဟု စိတ်ထဲမှ တွေးလိုက်သည်။

ကျန်းချဲ့ ပြန်မဖြေခင်မှာပင် ချန်ဆန်းချီက ဆက်ပြောသည်။

"ငါတို့ လင်းကျန့်တောင်က ကောင်းကင်ဓားတောင် ၏ လမ်းစဥ်ခွဲ တစ်ခု ဖြစ်တယ် ဂိုဏ်း စတည်ထောင်ကတည်းက ယွဲ့ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ပေးခံထားရတာပါ အဓိက ရည်ရွယ်ချက်ကတော့ ပိုင်ယွဲ့ လူရိုင်းတွေ ဝင်ရောက် ကျူးကျော်လာမှာကို ကာကွယ်ဖို့ပါ အရင်က နန်ယွဲ့ပြည် စစ်ချီတုန်းက လင်းကျန့်တောင် ငြိမ်နေခဲ့တာက နတ်သံတမန်ကျန်း ကိုယ့်ဘာသာ ဖြေရှင်းနိုင်မယ်လို့ ထင်လို့ပါ ဒါပေမဲ့ အခု ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့က အကြီးအကျယ် ဝင်ရောက် ကျူးကျော်လာပြီဆိုတော့ ငါတို့ လင်းကျန့်တောင် အနေနဲ့လည်း ဓားကို ကိုင်ပြီး နယ်မြေကို ကာကွယ်ရမှာပါ ဒီနေ့ ချန် တစ်ယောက် တပည့် ခြောက်ရာ့ဆယ့်လေးယောက်ကို ခေါ်လာပြီး ကူညီပေးဖို့ လာတာပါ နတ်သံတမန်ကျန်း ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်"

ချန်ဆန်းချီ အပြင် သူ၏ နောက်ကွယ်ရှိ ဓားပျံ စီးနင်းလာသော ပုံရိပ် ရာနှင့်ချီကို ကြည့်ရင်း ကျန်းချဲ့၏ ရင်ထဲတွင် ရုတ်တရက် ခံစားချက် တစ်ခု ပေါ်ပေါက်လာသည်။ လင်းကျန့်တောင်က တကယ်ကို သူ ထင်ထားသည်ထက် ပိုမို အံ့အားသင့်စရာ ကောင်းနေသည်။ အစိုးရ အတွက် မဟုတ်ဘဲ လူသားမျိုးနွယ် အတွက် ဆိုသော ခံယူချက်က အလွန် ကြီးမားလှသည်။

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ကျန်းချဲ့က လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်"

လင်းကျန့်တောင်မှ မဟာသိုင်းသခင်ကြီး သုံးဦး လာရောက် ကူညီမှုကြောင့် ကျန်းချဲ့၏ ယုံကြည်မှုက နောက်ထပ် တစ်ဆင့် တိုးလာခဲ့သည်။ သေချာ တွက်ကြည့်မည် ဆိုပါက သူ၏ ဘက်တွင် ရှိနေသော ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီးများမှာ ဆယ်ဦးကျော် သွားပြီ ဖြစ်သည်။ ချီရွှယ်မိစ္ဆာသခင်၊ ပေလင် ချီမိသားစုမှ မဟာသိုင်းသခင်ကြီး သုံးဦး၊ ကျူးချွဲဌာနခွဲမှ မဟာသိုင်းသခင်ကြီး သုံးဦး၊ ထျန်းနန် ကောင်းမိသားစု၊ ဝေ့ချန်ဖျင် အပြင် အောက်ခွန်းနှင့် ကျောက်ရှန်းကျီ အစရှိသူတို့ကို ထည့်သွင်း တွက်ချက်မည် ဆိုပါက သူ၏ ဘက်တွင် ယွမ်ရှန်းအဆင့် စစ်မှန်သောသခင် ပင်လျှင် ငါးဦး ထက် မနည်း ရှိနေပြီ ဖြစ်သည်။

ထို့အပြင် လင်းကျန့်တောင်မှ ထိပ်တန်း တပည့် ရာနှင့်ချီနှင့် ကျူးချွဲဌာနခွဲမှ ထိပ်တန်း စစ်သည် အားလုံး လည်း ရှိနေသေးရာ စစ်တပ် အင်အား ဘက်တွင် အားနည်းနေသေးသော်လည်း ယခင်ကလောက် အခြေအနေ ဆိုးရွားခြင်း မရှိတော့ပေ။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများလည်း ပါဝင်နေသေးရာ ဤတိုက်ပွဲတွင် အနိုင်ရရန် အခွင့်အရေး အများကြီး ရှိနေပြီ ဖြစ်သည်။

ချန်ဆန်းချီ ရောက်လာပြီးနောက် ကျန်းချဲ့နှင့် အများကြီး စကားမပြောတော့ဘဲ သဘောတူညီမှု ရရှိသွားသည်နှင့် သူတို့ လူစုနှင့် လင်ယွမ် ဝေ့မိသားစု၏ ထိပ်တန်း စစ်သည် အားလုံး လျင်မြန်စွာ ယန်ဖျင် ဂိတ်သို့ စတင် ထွက်ခွာသွားကြတော့သည်။ ဓားအလင်းတန်းများ ကောင်းကင်ကို လွှမ်းခြုံထားပြီး တိမ်မည်းများက နေကို ဖုံးကွယ်ထားသည်။ မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ လူတိုင်းက လေဟာနယ်ထက်တွင် ပျံသန်းသွားကြပြီး ဧရာမ မြွေနဂါးကြီးက ရှေ့ဆုံးမှ လမ်းပြနေကာ အလွန် ကြီးကျယ်ခမ်းနားလှသည်။ တစ်ချိန်တည်းမှာပင် ချန်ဆန်းချီက ယွဲ့ပြည်နယ် မြို့တော်တွင် ပြောခဲ့သော စကားများကလည်း ယွဲ့ပြည်နယ် သိုင်းလောက တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။

လူပိုများများက သတိပြုမိလာကြပြီး ဤတိုက်ပွဲက အခြား နိုင်ငံများ၏ ကျူးကျော်မှု ဖြစ်ပြီး အင်အားစု အချင်းချင်း တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း သိလာကြသည်။ ယွဲ့ပြည်နယ်သား တစ်ဦး အနေဖြင့် ဤကဲ့သို့ အန္တရာယ်များသော အချိန်တွင် အစိုးရကို နောက်ကျောမှ ဓားဖြင့် ထိုးရန် မဖြစ်နိုင်ပေ။ ဤသည်ကို အခွင့်ကောင်း တစ်ခု ဟု ထင်နေသူများ လည်း ရှိနေသေးပြီး ပိုမို ကြီးမားသော ဆူပူမှုများကို ဖန်တီးနေကြဆဲပင်။ သို့သော် သိုင်းလောကသား အချို့ ကတော့ ဓားကို ဆွဲထုတ်ကာ ယန်ဖျင် ဂိတ်သို့ စတင် ထွက်ခွာသွားကြပြီ ဖြစ်သည်။

ထျန်းနန် ဂိတ်၏ ကြီးကျယ်ခမ်းနားမှုနှင့် နှိုင်းယှဉ်ပါက ယန်ဖျင် ဂိတ်က အနည်းငယ် အားနည်းနေပုံ ရသည်။ ဤကာလ တစ်လျှောက်လုံး ကျန်းချဲ့က မြို့ရိုးနှင့် အစီအရင် များကို ပြုပြင်မွမ်းမံရန် အမိန့်ပေးခဲ့သော်လည်း အချိန်တိုတောင်းလွန်းသဖြင့် အပြည့်အဝ မပြီးစီးနိုင်ခဲ့ပေ။ ထို့ကြောင့် ကျန်းချဲ့က ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ ကျူးကျော်လာမည်ကို အစောဆုံး သိရှိခဲ့ချိန် ကတည်းက ယန်ဖျင် ဂိတ်၊ ထျန်းနန် ဂိတ်နှင့် ကျိုးဖျင် ဂိတ် အစရှိသည့် အရေးကြီးသော မြို့ကြီး သုံးမြို့မှ ပြည်သူ အားလုံးကို ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

သေချာသည်မှာ ပြည်သူများကိုသာ ရွှေ့ပြောင်းပေးခြင်း ဖြစ်သည်။ စစ်တပ် အင်အား အလွန် နည်းပါးနေသဖြင့် ကျန်းချဲ့က မြို့သုံးမြို့ အတွင်းရှိ သိုင်းပညာရှင် အားလုံးကို အတင်းအကျပ် စစ်တပ်ထဲသို့ ဝင်ခိုင်းခဲ့သည်။ ဤအတွက်ကြောင့် လူသတ်မှု အချို့ပင် ပြုလုပ်ခဲ့ရသေးသည်။ အကျိုးအမြတ် မရှိဘဲ မည်သူကမျှ အလုပ်မလုပ်ကြပေ။ စစ်တပ်ကို အုပ်ချုပ်ရာတွင် သနားကြင်နာ၍ မရပေ။ ကျန်းချဲ့က ပြည်သူများ အပေါ် ကြင်နာသော်လည်း သိုင်းပညာရှင်များ အပေါ်တွင်တော့ အနည်းငယ်မျှ ညှာတာခြင်း မရှိပေ။ လူတိုင်း စစ်တပ်ထဲ ဝင်ရမည် ဖြစ်ပြီး မလိုက်နာသူ မည်သူမဆို နောက်ခံ အင်အား မည်မျှ ကြီးမားပါစေ သေဒဏ် ပေးမည် ဖြစ်သည်။ ထို့ကြောင့်ပင် ကျန်းချဲ့က တစ်လ မပြည့်သော အချိန်တိုလေး အတွင်းမှာပင် စစ်သည် အင်အား နှစ်သိန်းကျော် အထိ တိုးချဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။

သေချာသည်မှာ ကျန်းချဲ့က အတင်းအကျပ် ဖိအားပေးရုံ သက်သက် မဟုတ်ပေ။ အမှန်တကယ်တော့ သူက ကျင့်ကြံရေး အရင်းအမြစ် အမြောက်အမြားကို ဆုချီးမြှင့်ရန် ထုတ်ပေးထားခဲ့သည်။ ရတနာ ပစ္စည်းများ ဖြစ်စေ၊ ကျင့်စဉ်များ ဖြစ်စေ ဤတိုက်ပွဲတွင် အကျိုးဆောင်နိုင်သူ မည်သူ့ကိုမဆို ကျန်းချဲ့က မတွန့်တိုဘဲ ဆုချီးမြှင့်မည် ဖြစ်သည်။ ထျန်းလုံ ဘုန်းကြီးကျောင်းနှင့် သွေးပင်လယ်ဂိုဏ်းတို့ကို ဆက်တိုက် ဖျက်ဆီးခဲ့ပြီးနောက် နယ်စပ် မြို့ကြီး သုံးမြို့ကိုပါ ရှင်းလင်းခဲ့ရာ ကျန်းချဲ့၏ လက်ထဲတွင် ရှိနေသော အရင်းအမြစ်များက မရေမတွက်နိုင်အောင် များပြားနေပြီ ဖြစ်သည်။ ယွမ်ချီကျောက်တုံး ဆိုလျှင် သန်းနှင့်ချီ ရှိနေပြီး ဆေးလုံး အမြောက်အမြား လည်း ရှိနေသေးသည်။

တုတ်တစ်လှည့် မုန်လာဥတစ်လှည့် ဆိုသလို စစ်တပ်ထဲသို့ အတင်းအကျပ် ဝင်ရောက်လာရသော သိုင်းပညာရှင်များ၏ မကျေနပ်မှုများ လည်း လျင်မြန်စွာ လျော့ကျသွားပြီး အချို့က ကျန်းချဲ့ကိုပင် ကျေးဇူးတင်နေကြသေးသည်။ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့၏ အဓိက ပစ်မှတ်ကို သိရှိပြီးနောက် ကျန်းချဲ့က ကျန် မြို့နှစ်မြို့မှ စစ်တပ် ထက်ဝက်ကျော်ကို ဤနေရာသို့ လာရောက် စုဝေးစေခဲ့သည်။

ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့နှင့် လီချန်ကောတို့က ခြေလှမ်းလှည့်စားကာ အခြား မြို့နှစ်မြို့မှတစ်ဆင့် ယွဲ့ပြည်နယ် အတွင်းသို့ ဝင်ရောက်လာမည်ကို သူ မတွေးခဲ့ဖူးသည်တော့ မဟုတ်ပေ။ သို့သော် ပြဿနာမှာ သူက ပြည်သူများကို ရွှေ့ပြောင်းထားပြီး ဖြစ်ရာ တစ်ဖက်လူ အနေဖြင့် မြို့ကို သိမ်းပိုက်နိုင်လျှင်တောင် ရရှိမည့် အကျိုးအမြတ်က အကန့်အသတ်သာ ရှိမည် ဖြစ်သည်။ ထို့အပြင် အစစ်အမှန် အင်အားများက သူ၏ ဘက်တွင် ရှိနေသဖြင့် မြို့ကျသွားလျှင်တောင် သူက စစ်တပ်ကို စေလွှတ်၍ ပြန်လည် သိမ်းပိုက်နိုင်သေးသည်။ ထို့ကြောင့် အခြားသူများ၏ နေရာတွင် ဝင်ရောက် စဉ်းစားကြည့်ပါက အကယ်၍ သူသာ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်ပါက အရေးအကြီးဆုံး ပစ်မှတ်ကို မြို့သိမ်းရန် မသတ်မှတ်ဘဲ နယ်စပ်ရှိ အစိုးရ စစ်တပ်များ အားလုံးကို အမြစ်ပြတ် သုတ်သင်ရန်သာ သတ်မှတ်မည် ဖြစ်သည်။ တစ်ကြိမ်တည်းဖြင့် အဆုံးအဖြတ် ပေးနိုင်ပါက နောက်ပိုင်း ယွဲ့ပြည်နယ် အတွင်း ဝင်ရောက်ရန်မှာ လမ်းပွင့်သွားပြီ ဖြစ်သည်။

ကျန်းချဲ့က ဓားပျံ ဂိုဏ်းနှင့် ဝေ့မိသားစု တပည့်များကို ခေါ်ဆောင်ကာ ယန်ဖျင် ဂိတ်သို့ ရောက်ရှိလာချိန်တွင် ဤနေရာသည် စစ်စခန်း တစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ မြို့ရိုးပေါ်နှင့် လမ်းမများ အားလုံးတွင် စစ်သည်များ ပြည့်နှက်နေပြီး သတ်ဖြတ်လိုစိတ်များက မြို့တစ်ခုလုံး၏ အထက်တွင် ရစ်ဝဲနေသည်။

ကျန်းချဲ့၏ ရောက်ရှိလာမှုက အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။ ဧရာမ မြွေနဂါးကြီးက လေဟာနယ်ထက်တွင် ရပ်တန့်လိုက်ချိန်၌ ယန်ဖျင် ဂိတ် အတွင်းရှိ သိုင်းပညာရှင် အားလုံးက ကျန်းချဲ့ ရောက်ရှိလာကြောင်း သိရှိသွားကြပြီ ဖြစ်သည်။ အလင်းတန်း များစွာက လေဟာနယ်ထက်သို့ အဆက်မပြတ် ပျံတက်လာကြပြီး ကျန်းချဲ့ကို လာရောက် ကြိုဆိုကြသည်။ ကျန်းချဲ့က စကားများ မနေတော့ဘဲ ချက်ချင်း လက်ကာပြလိုက်သည်။

"စစ်သူကြီးတွေ အားလုံးကို ခေါ်လိုက် အစည်းအဝေး လုပ်မယ်"

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ရက်အနည်းငယ် ကြာသွားခဲ့သည်။ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ သည်လည်း ယန်ဖျင် ဂိတ် အပြင်ဘက် မိုင်တစ်ရာ အကွာရှိ ချိန်းဆိုထားသော နေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ စစ်စခန်းများက မိုင်ဆယ်နှင့်ချီ၍ ဖြန့်ကြက်ထားပြီး စစ်တံခွန်များ လွင့်ထူနေကာ သတ်ဖြတ်လိုစိတ်များ ကောင်းကင်ယံသို့ ထိုးတက်နေသည်။

လီချန်ကော သည်လည်း သူ၏ တောင်ပိုင်းစောင့်တပ်ကို ခေါ်ဆောင်ကာ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့၏ အပြင်ဘက်တွင် စခန်းချလိုက်ပြီး သူ ကိုယ်တိုင် ကတော့ မွေးစားသား အချို့ကို ခေါ်ဆောင်ကာ မဟာမိတ်တပ်ဖွဲ့၏ အဓိက တဲကြီး အတွင်းသို့ ကိုယ်တိုင် ဝင်ရောက်လာခဲ့သည်။ စုန်းနတ်ဘုရားကျောင်းမှ နတ်သံတမန်များ ထွက်မလာသဖြင့် အဓိက ဦးဆောင်သူများမှာ မင်ယွဲ့ ဘိုးဘေးနှင့် အခြားသူများ ပင် ဖြစ်သည်။ နှုတ်ခွန်းဆက် စကားများ ပြောဆိုပြီးနောက် လီချန်ကောကို ဘယ်ဘက် အထက်ဆုံး နေရာတွင် ထိုင်ခိုင်းလိုက်ပြီး သူက တဲကြီး အတွင်းရှိ စွမ်းအားရှင်များကို အမူအရာ ကင်းမဲ့စွာဖြင့် အကဲခတ်နေသည်။

မင်ယွဲ့ ဘိုးဘေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"တောင်ပိုင်းစောင့်တပ် စစ်သူကြီးက တကယ်ကို ကတိတည်တဲ့သူပဲ အခု အချိန်ရောက်မှပဲ ကျုပ် အနေနဲ့ တကယ်ကို စိတ်အေးရတော့တယ်"

"ဟုတ်တယ် ဟုတ်တယ်"

တဲကြီး အတွင်းမှ လူများက အဆက်မပြတ် ထောက်ခံပြောဆိုနေကြသည်။

လီချန်ကော၏ မျက်နှာထားက လေးနက်နေသည်။

"အင်ပါယာနန်းတော်က ကျုပ် အပေါ် မတရားဘူးဆိုတော့ ကျုပ် လီချန်ကောကလည်း သစ္စာဖောက်တယ် ဆိုပြီး အပြစ်တင်လို့ မရဘူး သူတို့က ကျုပ် လီချန်ကောကို မျိုးဆက်ပြတ် သုတ်သင်ချင်နေမှတော့ ကျုပ်ကလည်း ခင်ဗျားတို့နဲ့ အတူတူ ယွဲ့ပြည်နယ်ကို ခွဲဝေယူရမှာပေါ့ နောက်ပိုင်းကျရင် ငါတို့ အတူတူ ပူးပေါင်းပြီး အင်ပါယာနန်းတော်ကို ပြန်လည် တိုက်ခိုက်ကြတာပေါ့"

"ဟားဟားဟား မှန်တာပေါ့ မှန်တာပေါ့"

မရိုးသားသော အကြံအစည်များ အသီးသီး ရှိနေကြသည့် ပိုင်ယွဲ့ မဟာသိုင်းသခင်ကြီး အားလုံးက ပြုံးရွှင်နေကြသော်လည်း ရင်ထဲတွင်တော့ လီချန်ကော၏ လုပ်ရပ်ကို အလွန် အထင်သေးနေကြသည်။ သူတို့ ယွဲ့ပြည်နယ်ကို သိမ်းပိုက်ပြီးပါက ပထမဆုံး လုပ်မည့် အလုပ်မှာ လီချန်ကောနှင့် တောင်ပိုင်းစောင့်တပ်ကို အရင်ဆုံး ရှင်းလင်းပစ်ရန် ပင် ဖြစ်သည်။ ယွဲ့ပြည်နယ်က မူလကတည်းက သူတို့ ပိုင်ယွဲ့ လူမျိုးတွေရဲ့ နေရာပဲ ဘယ်လိုလုပ်ပြီး အလယ်ပိုင်းလွင်ပြင်က လူနဲ့ ခွဲဝေယူလို့ ရမှာလဲ။ 'သူ လီချန်ကောမှာ ဘာအရည်အချင်း ရှိလို့လဲ' ဟု စိတ်ထဲမှ တွေးနေကြသည်။ သို့သော် ထိုစကားများကိုတော့ ပါးစပ်မှ ထုတ်ပြော၍ မရနိုင်ပေ။

မင်ယွဲ့ ဘိုးဘေးက ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ဆက်ပြောသည်။

"တောင်ပိုင်းစောင့်တပ် စစ်သူကြီးက စစ်တပ် ထဲက လာတာဆိုတော့ စစ်ရေး စစ်ရာကို ကောင်းကောင်း နားလည်တဲ့ အလယ်ပိုင်းလွင်ပြင်ရဲ့ နာမည်ကြီး စစ်သူကြီး တစ်ဦးပဲ ညီအစ်ကိုလီရဲ့ အမြင်အရဆိုရင် ဒီတိုက်ပွဲကို ဘယ်လို တိုက်သင့်လဲ ဘယ်လို အစီအစဉ်တွေ ချထားသင့်လဲ"

"အစ်ကိုမင် ပြောတာ မှန်တယ်"

"အစီအစဉ် ဟုတ်လား"

လီချန်ကောက လက်ကာပြလိုက်ပြီး အကြောက်အလန့် မရှိသော မျက်နှာဖြင့် ပြောလိုက်သည်။

"ဒီတစ်ကြိမ် ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ သုံးသိန်းကျော်နဲ့ ကျုပ် ကိုယ်တိုင် ဦးဆောင်လာတဲ့ တောင်ပိုင်းစောင့်တပ် ခြောက်သောင်း အပြင် အခွင့်အရေး စောင့်နေတဲ့ ထိပ်တန်း စစ်သည် သောင်းနဲ့ချီ ရှိသေးတယ် အားလုံးပေါင်းလိုက်ရင် စစ်တပ် အင်အား လေးသိန်းကျော် ရှိတယ် ကျန်းချဲ့ ဘက်မှာတော့ စစ်သည် အင်အားလည်း နည်းပြီး စစ်သူကြီးလည်း မရှိဘူး အလွန်ဆုံး တခြား မြို့နယ်တွေက ခေါ်ထားတဲ့ ပြည်နယ် စစ်သည် တစ်သိန်းကျော်နဲ့ သိုင်းလောက သား အချို့ပဲ ရှိတာ အများဆုံး ရှိလှ နှစ်သိန်းပေါ့ ပြီးတော့ စစ်တိုက်ရည်ဝမှုကလည်း အများကြီး နိမ့်ကျပြီး ထိပ်တန်း စစ်သည်တွေကို ဘယ်လိုမှ မယှဉ်နိုင်ဘူး နှစ်သိန်းနဲ့ လေးသိန်း ဆိုတော့ အသာစီး ရနေတာ ငါတို့ ဘက်မှာပဲ ဒီလို အသာစီး ရနေတဲ့ အခြေအနေမှာ ဘာ အစီအစဉ်မှ ဆွဲနေစရာ မလိုတော့ဘူး တိုက်ရိုက် ဝင်တိုက်လိုက်ရုံနဲ့ အလွယ်တကူ အနိုင်ရနိုင်တယ်"

ပြောရင်းနှင့် လီချန်ကော၏ အကြည့်က ယန်ဖျင် ဂိတ် ဘက်သို့ ရောက်ရှိသွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ တစ်လုံးချင်းစီ တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။

"ကျုပ် အမြင် အရဆိုရင် ဒီတိုက်ပွဲက စကား ဆယ်ခွန်းတည်းနဲ့ လုံလောက်တယ်"

"ဘယ် စကား ဆယ်ခွန်းလဲ"

တဲကြီး အတွင်းမှ လူတစ်ယောက်က သံသယဖြင့် မေးလိုက်သည်။

လီချန်ကော၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ပထမဆုံး တိုက်ပွဲက အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲပဲ တစ်ပွဲတည်းနဲ့ အခြေအနေ အရပ်ရပ်ကို ဆုံးဖြတ်မယ်”

All Chapters