← Chapters

အခန်း ၇၆၀

Vol. 64 Ch. 760

အခန်း ၇၆၀

Vol. 64 Ch. 760

အခန်း(၇၆၀)

တစ်ချိန်တည်းမှာပဲ ဘရောင်းဘလဒ် မျိုးနွယ်စုရဲ့ ပြိုင်ပွဲက မျှော်လင့်ထားတဲ့အတိုင်း အတိအကျ ဆက်လက်ကျင်းပနေခဲ့တယ်။ တစ်နေ့လုံး အချိန်ယူခဲ့ရပေမဲ့ နောက်ဆုံးအဆင့်အတွက် အုပ်စုခွဲဝေမှုတွေကတော့ အတည်ဖြစ်သွားခဲ့ပြီလေ။

သေချာတာကတော့ ဂျာကူက စမ်းသပ်မှုမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာမို့ သူက အုပ်စုခွဲဝေမှုမှာ နောက်ဆုံးအဆင့် ဖြစ်သွားခဲ့တယ်။

"ထတော့လေ" လို့ ဘရော့ခ်က အော်ပြောလိုက်တယ်။

ဂျာကူက မျက်လုံးတွေကို အိပ်မှုန်စုံမွှားနဲ့ ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ ပြီးတော့ မျက်လုံးတွေကို ပွတ်သပ်ရင်း "ဘာလဲ" လို့ သူက မေးလိုက်တယ်။

"မင်းရဲ့ နောက်ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်ရမယ့် အချိန်ရောက်ပြီ"

ဂျာကူက သမ်းဝေလိုက်ပြီး ဘရော့ခ် ပြောလိုက်တဲ့စကားကို သေချာနားလည်သွားဖို့ ခဏလောက် အချိန်ယူလိုက်ရတယ်။

"နေပါဦး... ပြိုင်ဘက်တွေလို့ မင်း ပြောလိုက်တာလား"

"အေး... ပြိုင်ဘက်တွေလေ၊ မင်းက လူသုံးယောက်နဲ့ ဆက်တိုက် တိုက်ခိုက်ရမှာ"

ဂျာကူက ဘရော့ခ်ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေမိတယ်။ "...ဟမ်"

ဘရော့ခ်က စိတ်ပျက်နေတဲ့ ဖခင်တစ်ယောက်လို ခါးထောက်လိုက်တယ်။ "အေး... နောက်ဆုံးအုပ်စုမှာ ပါသွားရင် အဲလိုပဲ ဖြစ်မှာပေါ့၊ ရှင်းပြနေတာကို မင်း နားမထောင်ခဲ့ဘူးလား"

အိပ်ဖို့ပဲ အလုပ်ရှုပ်နေတဲ့ ဂျာကူက အဲဒါတွေကို ဘယ်လိုလုပ် နားထောင်နိုင်မှာလဲ။ သူ့ကိုချည်းပဲ အပြစ်တင်လို့လည်း မရပြန်ဘူး၊ ဘယ်လိုလူကများ ဒီလောက် ရှုပ်ထွေးတဲ့ ပြိုင်ပွဲမျိုးကို စဉ်းစားဖန်တီးနိုင်မှာလဲ။ ရိုးရိုးရှင်းရှင်း ရှုံးထွက်စနစ်နဲ့ပဲ သွားလိုက်လို့ မရဘူးလား။

"ပုံမှန်အားဖြင့်တော့ ဒါက အဖွဲ့လိုက် တိုက်ရတာ၊ ဒါပေမဲ့ မင်းအုပ်စုမှာ မင်းတစ်ယောက်တည်း ရှိနေတော့ တိုက်ပွဲတွေအားလုံးကို မင်းကိုယ်တိုင်ချည်းပဲ ဝင်တိုက်ရမှာ" လို့ ဘရော့ခ်က ရှင်းပြလိုက်တယ်။

ဒါကို ကြားပြီးနောက် ဂျာကူတစ်ယောက် မကျေမနပ် ညည်းညူရုံကလွဲပြီး တခြား မတတ်နိုင်ခဲ့ဘူး။

ဟုတ်ပါတယ်... သူ အပျင်းမကြီးခဲ့သင့်ဘူး၊ ပြီးတော့ ပြိုင်ပွဲအကြောင်း ရှင်းပြနေတာကိုလည်း နားထောင်ခဲ့သင့်တယ်။ အခုတော့ သူ အုပ်စုခွဲတဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့တာထက်တောင် ပိုပြီး အလုပ်ရှုပ်သွားခဲ့ရပြီလေ။

ဒါပေမဲ့ ဂျာကူလည်း မတတ်နိုင်ဘူး။ သူ့ရဲ့ အတွင်းစိတ် နက်နက်ရှိုင်းရှိုင်းထဲမှာ အိပ်စက်အနားယူချင်တဲ့ ဆန္ဒတွေကို မပြည့်ဝနိုင်အောင် ဖန်တီးပေးနေတဲ့ တစ်စုံတစ်ရာ ရှိနေခဲ့တယ်လေ။

"လာပါ... မင်း အခု တိုက်ခိုက်မှ ရမယ်၊ မဟုတ်ရင် မင်း ရှုံးသွားလိမ့်မယ်၊ မင်း အိပ်ချင် အိပ်လို့ရတယ်၊ ဒါပေမဲ့ မင်းရဲ့ ကုမ္ပဏီကတော့ ပြိုင်ပွဲကနေ ထွက်သွားရလိမ့်မယ်"

လက်ရှိမှာ ဂျာကူရဲ့ အတွင်းစိတ်ထဲမှာ အမြင်နှစ်ခု လွန်ဆွဲနေခဲ့တယ်။

တစ်ခုကတော့ ကောင်းကင်ယံမှာ မှောင်မိုက်နေပြီး ခေါင်းပေါ်မှာ လပြည့်ဝန်းကြီး ရှိနေချိန် မြက်ခင်းပေါ် လှဲချပြီး ဇိမ်ကျကျ အိပ်စက်ဖို့ သူ့ကို ပြောနေခဲ့တယ်။

သူ့ရဲ့ အခြားတစ်စိတ်တစ်ပိုင်းကတော့ မိုက်ကယ် သူ့အတွက် ချမှတ်ပေးထားတဲ့ တာဝန်ကို ပြီးမြောက်ချင်နေခဲ့တယ်။

ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ထင်ရပေမဲ့ ဂျာကူက ရီနေးတားကုမ္ပဏီအတွက် အကောင်းဆုံးကလွဲပြီး တခြား ဘာကိုမှ မလိုလားခဲ့ဘူး။ မိုက်ကယ် မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်လာစေဖို့ သူ ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပဲ။

ဒါပေမဲ့... သူ အိပ်လည်း အိပ်ချင်နေသေးတယ်။

ဒါဆို သူ ဘာလုပ်သင့်လဲ။ မြက်ခင်းပေါ်မှာပဲ ဆက်လှဲနေပြီး ဘာမှ မလုပ်ဘဲ နေလိုက်ရမလား၊ ဒါမှမဟုတ် ရီနေးတားကုမ္ပဏီ ထိပ်ဆုံးရောက်လာစေဖို့ ခွန်အားမွေးပြီး သူ့ရဲ့ ပြိုင်ဘက်တွေ များနိုင်သမျှ များများ အနိုင်ယူပစ်လိုက်ရမလား။

ဂျာကူတစ်ယောက် သူ့ခေါင်းထဲမှာ အကျပ်ရိုက်နေချိန် သူကိုယ်တိုင် သတိမထားမိလိုက်ဘဲ သူ့ရင်ဘတ်ထဲက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက စတင် လင်းလက်လာခဲ့တယ်။

သူက သူ့ရဲ့ တန်ခိုးစွမ်းရည်ကို စတင် နိုးထစေတော့မှာပဲ။

"အာ" ဂျာကူက ညည်းတွားလိုက်တယ်။ "ငါက ပျင်းပဲ ပျင်းချင်တာကွ"

သူ အဲလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် သိမ်မွေ့တဲ့ ငလျင်လှိုင်းတစ်ခုက မြေပြင်တစ်လျှောက် ပျံ့နှံ့သွားခဲ့တယ်။

ဂျာကူရဲ့ မိုင်အနည်းငယ် ပတ်လည်အတွင်းမှာ ရှိနေတဲ့ လူတိုင်းဟာ သူတို့အောက်က မြေပြင် စတင် လှုပ်ခတ်လာတာကို ခံစားလိုက်ရလို့ မလဲကျအောင် ကိုယ်ကို ထိန်းထားလိုက်ရတယ်။

ရင်ဘတ်ကို ဖိထားရင်း "မင်း အဲဒါကို ခံစားလိုက်ရလား" လို့ ဘရော့ခ်က ဂျာကူကို မေးလိုက်တယ်။

ရုတ်တရက် ငလျင်လှုပ်သွားလို့လား ဒါမှမဟုတ် တခြားအကြောင်းကြောင့်လားဆိုတာ ဘရော့ခ် မသိပေမဲ့ သူ့ရင်ဘတ်ထဲမှာ တစ်စုံတစ်ခု တင်းကျပ်သွားသလို သူ ခံစားလိုက်ရတယ်။ သူ့နှလုံးသားကို ဥပေက္ခာပြုလို့ မရတဲ့ ဖိအားတစ်ခုနဲ့ တွန်းကန်နေသလို ခံစားလိုက်ရတာပဲ၊ စိုးရိမ်စရာတော့ မဟုတ်ပေမဲ့ သတိထားမိလောက်တဲ့အထိတော့ ဖြစ်နေခဲ့တယ်။

ဝံပုလွေလူသားတွေက ဒါကို အများဆုံး သတိထားမိခဲ့ကြတယ်။ သူတို့အပေါ်က လပြည့်ဝန်းကြီးကြောင့် သူတို့ရဲ့ အာရုံခံစားမှုတွေက အမြင့်ဆုံးအထိ တိုးလာခဲ့ပြီး ပတ်ဝန်းကျင်က ဘယ်လို ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးကိုမဆို သူတို့ ခံစားနိုင်တယ်ဆိုတဲ့ သဘောပဲလေ။

ပြီးတော့ ဒါက ရိုးရိုးငလျင် မဟုတ်မှန်း သူတို့ သိကြတယ်။ မြေကြီးနက်နက်ထဲကနေ လာတာ မဟုတ်ဘူးလေ။ မြေပြင်ပေါ်က တစ်ခုခုဆီကနေ လာတာဖြစ်ပြီး အဲဒါက ဘာလဲဆိုတာ သူတို့ မသိကြတာပဲ ရှိတယ်။

ဘရောင်းဘလဒ် မျိုးနွယ်စုက ဝံပုလွေလူသားတွေက သူတို့ရဲ့ အကြီးအကဲအိမ်ဆီ စုဝေးဖို့ အပြေးအလွှား သွားနေကြချိန် ညဉ့်ယံမှာ အူသံတွေ ပဲ့တင်ထပ်သွားခဲ့တယ်။

"အကြီးအကဲ လူပန်... ဘာတွေ ဖြစ်နေတာလဲ"

"လေထုထဲမှာ တစ်ခုခု မှားယွင်းနေတယ်၊ ငါ ခံစားလို့ရတယ်"

"ဒါက ပုံမှန်ငလျင်လည်း မဟုတ်ဘူး"

သူတို့ အကြီးအကဲရဲ့ သီးသန့်အခန်းထဲ ရောက်သွားတဲ့အခါ မျက်နှာထား တင်းတင်းမာမာနဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ သူ့ကို မြင်လိုက်ရတယ်။

"အကြီးအကဲ"

လူပန်က သူတို့ ရောက်လာတာကို အံ့သြသွားပြီး သူတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။ အကြီးအကဲက သူ့အတွေးတွေထဲမှာ နစ်မြောနေခဲ့လို့ သူတို့ ရောက်လာတာကိုတောင် လုံးဝ သတိမထားမိခဲ့ဘူးလေ။ ဝံပုလွေလူသားတွေရဲ့ အကြီးအကဲက ဒီလောက်အထိ အာရုံလွင့်နေတယ်ဆိုတဲ့ အချက်က အခုအချိန်မှာ တကယ်ကို ကြီးလေးတဲ့ ကိစ္စတစ်ခုခု ဖြစ်ပျက်နေတယ်ဆိုတာကို ဆိုလိုနေတာပဲ။

နောက်ဆုံးမှာတော့ အကြီးအကဲ လူပန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ "ငါတို့ နဂါးမျိုးနွယ်ဝင်များ မျှော်စင်ဆီ သွားကြရမယ်"

"ဘာလို့လဲ အကြီးအကဲ"

လူပန်က လမင်းကြီးကို မော့ကြည့်လိုက်တယ်။ "ဘာလို့လဲဆိုတော့ သူတို့ အဲဒါကို ဖြေရှင်းနိုင်သွားပြီလို့ ငါ ထင်လို့ပဲ"

* * * * * * * *

တစ်ချိန်တည်းမှာပဲ မိုက်ကယ်၊ ပါမောက္ခနဲ့ အကြီးအကဲ ကလောက်စ် ဂိုးလ်ဘလက်ဒ် တို့ရဲ့ အစည်းအဝေး အလယ်မှာ ရုတ်တရက် သူတို့ခြေဖဝါးအောက်က မြေကြီး လှုပ်ခတ်သွားတာကို ခံစားလိုက်ရတယ်။

"ငလျင်လား" လို့ ပါမောက္ခက မေးလိုက်တယ်။

ဒါပေမဲ့ တစ်ခုခု မှားယွင်းနေမှန်း အကြီးအကဲ ကလောက်စ်က ချက်ချင်း သိလိုက်တယ်။ "မဟုတ်ဘူး ပါမောက္ခ... ဒါက အများကြီး ပိုဆိုးတယ်"

မိုက်ကယ်ကလည်း တစ်ခုခု ဖြစ်နေမှန်း သိပေမဲ့ အဲဒါကို ဘယ်လို နာမည်တပ်ရမလဲဆိုတာ မသိဖြစ်နေခဲ့တယ်။

ငလျင်နဲ့အတူ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ပါလာခဲ့တယ်။ အဲဒါက အရမ်း အားနည်းပြီး သိမ်မွေ့ပေမဲ့ သူ ခံစားလို့ရနေခဲ့တယ်။ ရင်းနှီးသလို ရှိပေမဲ့ တစ်ချိန်တည်းမှာပဲ စိမ်းသက်နေသလို ခံစားရတာမျိုးပဲ။

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. |

ဟာဘင်ဂျာက သူ့ဘာသာ ရယ်မောလိုက်တယ်။

'အဲဒါ ဘာလဲ' လို့ သူက မေးလိုက်တယ်။ သေချာတာကတော့ သူ့ရဲ့ ဒီဗာက ဒီအခြေအနေနဲ့ပတ်သက်ပြီး သူ့ထက် ပိုသိနေခဲ့တယ်လေ။

ဒါပေမဲ့ ဟာဘင်ဂျာ မဖြေနိုင်ခင်မှာပဲ အကြီးအကဲ ကလောက်စ်က ရုတ်တရက် အသံကုန် အူလိုက်တယ်။

ချက်ချင်းပဲ အာနက်စ်နဲ့ အခြား ဝံပုလွေလူသား အချို့က အထဲကို ပြေးဝင်လာကြတယ်။

"ဘာတွေ ဖြစ်နေတာလဲ" လို့ ပါမောက္ခက မေးလိုက်တယ်။

"ပါမောက္ခ အဲဒါကို မခံစားလိုက်ရဘူးလား... ငလျင်လှုပ်သွားတာ... လေထုထဲက အပြောင်းအလဲ... တစ်ယောက်ယောက်က ခင်ဗျားရဲ့ နှလုံးသားကို ဆုပ်ကိုင်လိုက်သလိုမျိုး သိမ်မွေ့တဲ့ ခံစားချက်လေ"

ပါမောက္ခက အားလုံးကို ချိတ်ဆက် စဉ်းစားလိုက်တယ်။ "လက္ခဏာတွေပဲ" လို့ သူက ပြောလိုက်တယ်။ "နဂါးမျိုးနွယ်ဝင်တွေက နောက်ဆုံးတော့ ရှေးဟောင်းအမွေအနှစ်ကို ဖြေရှင်းနိုင်သွားပြီလို့ ခင်ဗျား ထင်နေတာလား"

အကြီးအကဲ ကလောက်စ်က ခေါင်းညိတ်လိုက်တယ်။ "ဒါက တစ်ခုတည်းသော ရှင်းလင်းချက်ပဲ၊ ဒါက ရှေးဦးဟိန်းသံရဲ့ ပေါ်ထွက်လာမှုပဲ ဖြစ်ရမယ်"

ဂိုးလ်ဘလက်ဒ် ဝံပုလွေလူသား အကြီးအကဲက သူတို့ရဲ့ ပြိုင်ဘက်တွေကို ဒီလိုမျိုး စွမ်းအားတွေ ပိုင်ဆိုင်သွားတာကို မလိုလားခဲ့ဘူး။

"ပါမောက္ခ... ကျွန်တော်တို့ အခုပဲ နဂါးမျိုးနွယ်ဝင်တွေနဲ့ သွားတွေ့မှ ဖြစ်မယ်" လို့ အကြီးအကဲ ကလောက်စ်က တောင်းဆိုလိုက်တယ်။

"ကျွန်တော်တို့"

"ဟုတ်တယ်၊ ကျွန်တော်တို့ ခင်ဗျားကို အဲဒီကို လိုက်ပို့ပေးမယ်၊ အခြား ဝံပုလွေလူသား မျိုးနွယ်စုတွေလည်း ဒီလက္ခဏာတွေကို သတိထားမိကြမှာ သေချာတယ်၊ သူတို့ထဲက အများစုကတော့ ကြားနေအဖြစ်ပဲ နေကြလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ညီကတော့ သူ့မဟာမိတ်ရဲ့ အောင်မြင်မှု သတင်းကို အောင်ပွဲခံဖို့ အဲဒီကို ရောက်နေလိမ့်မယ်"

ပါမောက္ခက ခေါင်းညိတ်လိုက်တယ်။ "ဒါဆို ကျွန်တော်တို့ ဘာကို စောင့်နေဦးမှာလဲ... သွားကြတာပေါ့"

အကြီးအကဲ ကလောက်စ်က နဂါးမျိုးနွယ်ဝင်တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ယူဆရတဲ့ ရှေးဦးဟိန်းသံနဲ့ ပတ်သက်ပြီး သဘောမကျဖြစ်နေနိုင်ပေမဲ့ ပါမောက္ခကတော့ ကွဲပြားတဲ့ အမြင်တစ်ခု ရှိနေခဲ့တယ်။ ဒါက သူ့အတွက်ရော ကျန်တဲ့ကမ္ဘာကြီးအတွက်ပါ ဝမ်းမြောက်စရာ အချိန်အခါပဲလေ။ တကယ်လို့ ဒါက အမှန်ဆိုတာ သက်သေပြနိုင်ခဲ့ရင်တော့ သူတို့ရဲ့ ရှေးဟောင်းခေတ်အပေါ် တွေးထင်ထားတဲ့ အမြင်တွေကို လုံးဝ ပြောင်းလဲပစ်နိုင်လိမ့်မယ်။

အားဝူး

အာနက်စ်က လမင်းကြီးကိုကြည့်ပြီး အူလိုက်ချိန်မှာ ရုတ်တရက် သူ့ကိုယ်တွင်းက အရိုးတွေက မူလအရွယ်အစားထက် နှစ်ဆ ပိုကြီးလာသလိုမျိုး သူ့ခန္ဓာကိုယ်က ကွေးညွတ်ပြီး ကြီးထွားလာခဲ့တယ်။

သူက အောက်ကို ကုန်းချလိုက်ပြီး သူ့ရဲ့ ကိုယ်နေဟန်ထားက မတ်တတ်ရပ်နေတဲ့ အနေအထားကနေ မြေပြင်နဲ့ အပြိုင်ဖြစ်တဲ့ အနေအထားဆီ ပြောင်းလဲသွားခဲ့တယ်။

သူ့ခန္ဓာကိုယ် အနှံ့မှာ အမွေးအမျှင်တွေ အရိုင်းဆန်စွာ စတင် ပေါက်ရောက်လာပြီး ပုံမှန်ထက် ပိုထူထဲကာ ပိုရှည်လျားလာခဲ့တယ်။

သူ့မျက်စိရှေ့မှာတင် အာနက်စ်တစ်ယောက် ဧရာမ မီးခိုးရောင် ဝံပုလွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတာကို မိုက်ကယ် စောင့်ကြည့်နေခဲ့တယ်။

အနီးကပ် မြင်တွေ့ရတဲ့အခါ သူတို့ရဲ့ အရွယ်အစားကြောင့် သူတောင် ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရတယ်။ သူတို့က သူ့ရဲ့ ယခင်ဘဝမှာ နာမည်ကြီးခဲ့တဲ့ 'ဝံပုလွေ' ခွေးအမျိုးအစားတွေနဲ့ ဘာမှ မတူညီခဲ့ဘူးလေ။ သူတို့ ဘယ်လောက် ကြီးမားသလဲဆိုရင် ခွေးတွေထက် ကုန်တင်ကားတွေနဲ့ ပိုတူနေခဲ့တယ်။

* * * * * * * *

စာစဉ်(၆၄)

All Chapters