← Chapters

အခန်း ၇၇၁

Vol. 65 Ch. 771

အခန်း ၇၇၁

Vol. 65 Ch. 771

အခန်း(၇၇၁)

ပါမောက္ခက ဒီအနိုင်ရမှုကြီးအတွက် အောင်ပွဲခံနေချိန်မှာ ဆဂျီယို အော်ဘတ် ကတော့ လုံးဝကို ငြင်းဆန်နေဆဲပဲ။

"ရှေးဟောင်းအမွေအနှစ် က ခင်ဗျားဟာ မဟုတ်သေးဘူး ပါမောက္ခ" လို့ ဆဂျီယို က ကြားဖြတ်ပြောလိုက်တယ်။ "ကျွန်တော့် ညီလေးကို ကိုယ်တိုင် မမြင်ရသရွေ့ ဘယ်သူ့စကားကိုမှ ကျွန်တော် ယုံမှာမဟုတ်ဘူး၊ တကယ်လို့ လိမ်နေတာသာဆိုရင်တော့ ကျွန်တော်နဲ့ထိုက်တန်တဲ့အရာကို ကျွန်တော် ပြန်ယူမှာပဲ"

ဒါက သူတို့ကို လိမ်တယ်လို့ စွပ်စွဲနေတာဖြစ်လို့ ဘရောင်းဘလဒ် ဝံပုလွေလူသားတွေကို သိသိသာသာ စော်ကားလိုက်တာပဲ။

ဧရာမ အညိုရောင် ဝံပုလွေကြီးက ဆဂျီယို ကို ဟိန်းဟောက်လိုက်တယ်။

"မင်း စကားကို ဆင်ခြင်ပြောစမ်း ကောင်လေး၊ မင်းအဖေ မျက်နှာကြောင့်သာ မဟုတ်ရင် မင်းလည်ပင်းကို ငါ ကိုက်ဖြတ်ပြီးလောက်ပြီ" လို့ ခေါင်းဆောင် လူပန် က သတိပေးလိုက်တယ်။

"ဒါပေမဲ့ ဒီ ရှေးဟောင်းအမွေအနှစ် က အရမ်းကို အရေးကြီးတဲ့ ကိစ္စလေ၊ ခေါင်းဆောင် လူပန်... ကျွန်တော်က ခင်ဗျားတို့ ဝံပုလွေလူသားတွေကို မယုံတာမဟုတ်ပါဘူး၊ ကျွန်တော့်ဘက်က သေချာအောင် လုပ်ချင်ရုံသက်သက်ပါ၊ ကိုယ်တိုင် မရှာဖွေဘဲ တခြားလူတွေရဲ့ စကားကို ဒီတိုင်းယုံလိုက်မယ်ဆိုရင် ကျွန်တော့်အဖေက ကျွန်တော့်ကို တာဝန်မဲ့တယ်လို့ သတ်မှတ်လိမ့်မယ်" လို့ ဆဂျီယို က ငြင်းခုံလိုက်တယ်။

ဒါပေမဲ့လည်း ခေါင်းဆောင် လူပန် ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်နေတုန်းပဲ။

သူတို့ကို နားချဖို့ နည်းနည်း ထပ်လိုသေးတယ်ဆိုတာကို မြင်တော့ ဆဂျီယို က ဝံပုလွေ မျိုးနွယ်စုနှစ်ခုအတွက် မက်လုံးနည်းနည်း ထပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

"ခေါင်းဆောင် လူပန် နဲ့ ခေါင်းဆောင် ကလော့ဇ်... အော်ဘတ် ကုမ္ပဏီကနေ ခင်ဗျားတို့ကို လကျောက်တုံး တွေ ပုံမှန် ထောက်ပံ့ပေးသွားမှာပါ" လို့ ဆဂျီယို က ပြောလိုက်တယ်။

ဝံပုလွေ ခေါင်းဆောင်နှစ်ယောက်လုံး မျက်လုံးတွေ ပြူးကျယ်သွားပြီး ဆဂျီယို ရှိရာဘက်ကို လှည့်ကြည့်လာကြတယ်။

"လကျောက်တုံး ဟုတ်လား" လို့ သူတို့နှစ်ယောက်လုံးက မေးလိုက်ကြတယ်။

ဝံပုလွေ ခေါင်းဆောင်နှစ်ယောက် အချင်းချင်း ခဏတာ အကဲခတ်ကြည့်လိုက်ကြပြီးမှ အကြည့်လွှဲသွားကြတယ်။

"ဝံပုလွေလူသားတွေအတွက် လကျောက်တုံး က ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ကျွန်တော် သိပါတယ်၊ အထူးသဖြင့် ခင်ဗျားတို့လို သွေးရင်းညီအစ်ကိုတွေအတွက်ပေါ့၊ အဲဒါကပဲ ခင်ဗျားတို့ကို မျိုးနွယ်စုနှစ်ခုအဖြစ် ကွဲသွားစေခဲ့တာ မဟုတ်ဘူးလား"

ဧရာမ မီးခိုးရောင် ဝံပုလွေကြီးက ဟိန်းဟောက်လိုက်တယ်။ "ဒါက တစ်ခုတည်းသော အကြောင်းရင်းတော့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းပြောတာ မှန်တယ်၊ လကျောက်တုံး က ငါတို့ မျိုးနွယ်စုတစ်ခုလုံးအတွက် တန်ဖိုးကြီးတယ်၊ ပုံမှန် ထောက်ပံ့မှု ရမယ်ဆိုရင် ငါ့မျိုးနွယ်စုက တခြားသူတွေထက် အသာစီးရသွားလိမ့်မယ်..."

အဲဒီအချိန်မှာပဲ ပါမောက္ခက စိုးရိမ်တကြီးနဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဧရာမ အရိုးကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တယ်။ "ဒါတော့ မဟန်ဘူး" လို့ သူက တီးတိုးရေရွတ်လိုက်တယ်။

မိုက်ကယ် က ရှင်းရှင်းလင်းလင်း သိရအောင် ပါမောက္ခအနားကို ကပ်ပြီး မေးလိုက်တယ်။ "လကျောက်တုံး ဆိုတာ ဘာလဲ ပါမောက္ခ"

"အဲဒါက ငါ့ကို နှလုံးရပ်သေစေမယ့် အရာပဲ၊ လကျောက်တုံး ဆိုတာ ဝံပုလွေလူသားတွေကို လပြည့်ည မဟုတ်ရင်တောင် အန္တရာယ်ကင်းကင်းနဲ့ အသွင်ပြောင်းနိုင်အောင် လုပ်ပေးတဲ့အရာလေ၊ အဲဒါမပါဘဲ သူတို့ရဲ့ ဝံပုလွေအသွင်ကို ပြောင်းလိုက်ရင် သူတို့ ရူးသွပ်သွားလိမ့်မယ်" လို့ ပါမောက္ခ လစ်ချ်တန်စတိုင်း က ရှင်းပြလိုက်တယ်။

ဝံပုလွေလူသားတွေအတွက် လကျောက်တုံး ရဲ့ အရေးပါမှုက ပြောပြနေစရာတောင် မလိုတော့ဘူးလေ။

သူတို့သာ လိုချင်တဲ့အချိန်တိုင်း အသွင်ပြောင်းနိုင်မယ်ဆိုရင် သူတို့မျိုးနွယ်စုက ကမ္ဘာပေါ်မှာ ဩဇာအာဏာအကြီးဆုံး မျိုးနွယ်စုနေရာအတွက် နဂါးမျိုးနွယ်ဝင်များ နဲ့တောင် အလွယ်တကူ ယှဉ်ပြိုင်နိုင်မှာလေ။

တစ်နှစ်တာမှာ သတ်မှတ်ထားတဲ့ ရက်အချို့မှာသာ အသွင်ပြောင်းနိုင်တယ်ဆိုတဲ့ အချက်က သူတို့ရဲ့ အလုံးစုံ စွမ်းအားကို အတော်လေး ကျဆင်းသွားစေတယ်။ တခြား မျိုးနွယ်စုတွေက ညဘက်မှာ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်ရုံနဲ့ ဝံပုလွေလူသားတွေကို တိုက်ခိုက်ဖို့ အန္တရာယ်ကင်း မကင်း အလွယ်တကူ သိနိုင်တယ်လေ။

လပြည့်ညဆိုရင် သူတို့ ပုန်းအောင်းနေကြလိမ့်မယ်။ လမသာတဲ့ညဆိုရင်တော့ ဝံပုလွေလူသားတွေ အားနည်းနေမှန်း သူတို့ သိကြတယ်လေ။

လကျောက်တုံး က ဒါအတွက် ဖြေရှင်းချက်ပဲ။ အဲဒါက အမှုန့်တစ်မျိုးဖြစ်ပြီး အမွှေးတိုင်လုပ်ပြီး ရှူရှိုက်လိုက်တဲ့အခါ ဝံပုလွေလူသားတွေကို တည်ငြိမ်တဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်ပြီး သူတို့ကိုယ်သူတို့ လမင်းကြီးရှေ့မှာ ရောက်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်သွားစေတယ်။

"မင်း ခန့်မှန်းမိတဲ့အတိုင်းပဲ၊ ဝံပုလွေ မျိုးနွယ်စုတိုင်းက လကျောက်တုံး ကို ရချင်နေကြတာ၊ ဒါပေမဲ့ အဲဒီအပင်ရဲ့ ရှားပါးမှုက ဒါကို ရဖို့ အလွန်ခက်ခဲစေတယ်"

'အပင် ဟုတ်လား' လို့ မိုက်ကယ် က တွေးတောလိုက်တယ်။

"လကျောက်တုံး က ရှားပါးမှန်း ကျွန်တော်တို့အားလုံး သိပါတယ်" လို့ ဆဂျီယို က ပြောလိုက်တယ်။ "ဒါပေမဲ့ ရဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ကျယ်ပြန့်တဲ့ ဩဇာလွှမ်းမိုးမှုနဲ့ အဆက်အသွယ်တွေက ဒါကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ရအောင် လုပ်ပေးနိုင်တယ်၊ ကျွန်တော်တို့က စွန့်စားရှာဖွေသူများ ကို အန္တရာယ်များတဲ့ တောင်စောင်းတွေမှာ နေ့တိုင်း သွားရှာခိုင်းမှာပါ၊ အဲဒါကိုတော့ ခင်ဗျား သေချာပေါက် ယုံကြည်လို့ရတယ်"

အဲဒီနောက် ခေါင်းဆောင် ကလော့ဇ် က ဆဂျီယို ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။ သူ့ရဲ့ ဧရာမ အရွယ်အစားနဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသွင်အပြင်က ကြောက်မက်ဖွယ်ကောင်းအောင် လွှမ်းမိုးနေတယ်။

"မင်းက လပြည့်ညအောက်မှာ ပေးထားတဲ့ ကတိကို ဖျက်ဖို့ ရဲရဲဝံ့ဝံ့ အဆိုပြုနေတာလား" လို့ ခေါင်းဆောင် ကလော့ဇ် က ရယ်မလို အမူအရာနဲ့ မေးလိုက်တယ်။ "မိုက်မဲလိုက်တာ၊ ရှေးဟောင်းအမွေအနှစ် နဲ့ မင်းရဲ့ အသက်ကို လဲချင်တယ်ဆိုရင်လည်း မင်း သဘောအတိုင်း လုပ်လှည့်ပေါ့"

ဆဂျီယို က စကားပြန်ပြောဖို့ ကြိုးစားပေမဲ့ ဧရာမ မီးခိုးရောင် ဝံပုလွေကြီးရဲ့ အကြည့်အောက်မှာ စကားတွေ ထစ်အ သွားခဲ့တယ်။

"ကျွန်တော်... ဟိုလေ... လုပ်နိုင်..."

သူ့ကိုယ်သူ တည်ငြိမ်အောင် စက္ကန့်အနည်းငယ် အချိန်ယူပြီးနောက်မှာတော့ ဆဂျီယို က နောက်ဆုံးမှာ အဆိုပြုချက်တစ်ခု လုပ်နိုင်သွားတယ်။

"အနိုင်ရတဲ့သူပဲ" လို့ သူက အော်လိုက်တယ်။ "ရှေးဟောင်းအမွေအနှစ် က အတော်ဆုံးသူဆီကိုပဲ ရောက်ရမှာ၊ ဘရောင်းဘလဒ် ဝံပုလွေလူသားတွေ ပြောသလိုမျိုး မော်ရီစီယို တကယ် ရှုံးသွားတယ်ဆိုရင် သူ့ကို အနိုင်ယူသွားတဲ့သူကို ကျွန်တော် အလုပ်ခန့်မယ်၊ အော်ဘတ် တစ်ယောက် ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် သူနဲ့ ကျွန်တော်တို့အားလုံးက ရှေးဟောင်းအမွေအနှစ် ကို ပိုင်ဆိုင်ခွင့် ရသွားပြီပဲ"

ဇိုဗီရု က ရုတ်တရက် ရယ်မောလိုက်တယ်။ "ဟားဟားဟားဟား... စိတ်ဝင်စားစရာပဲ၊ ကောင်းပြီလေ၊ မင်းသာ အဲဒီလို ဖြစ်အောင် လုပ်နိုင်မယ်ဆိုရင် ငါက ရှေးဟောင်းအမွေအနှစ် ကို မင်းဆီ ပေးဖို့ ဆန္ဒရှိပါတယ်"

ဆဂျီယို က ဂုဏ်ယူဝင့်ကြွားစွာ ရပ်လိုက်တယ်။ "အော်ဘတ် တွေက တခြားဘယ်သူမှ မပေးနိုင်တဲ့ အရာကို သူ့ကို ပေးနိုင်တယ်၊ သူ့အတွက် ကမ္ဘာ့စင်မြင့်ပေါ်မှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့ ကတိပေးနိုင်တယ်၊ ကျွန်တော်တို့ ကုမ္ပဏီကြီး အဆင့်ကို ပြန်ရောက်ဖို့ အချိန်သိပ်မလိုတော့ပါဘူး"

သူ ထပ်မစောင့်တော့ဘဲ လက်နှစ်ဖက်နဲ့ ခရာမှုတ်လိုက်တဲ့အခါ စက္ကန့်အနည်းငယ်အကြာမှာ မြင်းတစ်ကောင်က သူ့ဆီကို ပြေးလာခဲ့တယ်။

"ကျွန်တော် မကြာခင် ပြန်လာခဲ့မယ်၊ အဲဒီအချိန်အတွင်း ပါမောက္ခ အနေနဲ့ ရှေးဟောင်းအမွေအနှစ် ကို လေ့လာထားဖို့ အကြံပေးချင်တယ်၊ ကျွန်တော်တို့ အဲဒါကို ရသွားရင် ခင်ဗျား တစ်နှစ်လောက် စောင့်ရလိမ့်မယ်"

ထို့နောက် သူက အဝေးကို မြင်းစီးထွက်သွားခဲ့တယ်။

ပါမောက္ခက ချက်ချင်း နေရာကနေ ထလိုက်ပြီး ရှေးဟောင်းအမွေအနှစ် ကို တစ်လက်မချင်းစီ ဆွဲယူဖို့ စတင်လိုက်တယ်။

"လာပါ ကီယို" လို့ ပါမောက္ခက တိုက်တွန်းလိုက်တယ်။ "ဒီအရာကို ငါ့ရဲ့ ဓာတ်ခွဲခန်းကို ပြန်ယူသွားရမယ်၊ ဒီအလှလေးအတွက် ငါ့မှာ မေးခွန်းတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ အချိန်က သိပ်မရတော့ဘူး"

ဒါပေမဲ့ 'ကီယို' က မလှုပ်ရှားခဲ့ဘူး။ တကယ်တော့ သူက ဆန့်ကျင်ဘက်အရပ်ကို ဦးတည်နေပုံရတယ်။ ဆဂျီယို ထွက်သွားတဲ့ အရပ်ဆီကိုပေါ့။

"မင်း ဘာလုပ်နေတာလဲ" လို့ ပါမောက္ခက သူ့ကို မေးလိုက်တယ်။

"တောင်းပန်ပါတယ် ပါမောက္ခ... ကျွန်တော့်မှာ အစီအစဉ်တွေ ရှိသေးတယ်၊ ကျွန်တော် တစ်ယောက်ယောက်ကို သွားခေါ်ရဦးမယ်၊ မဟုတ်ရင် သူ အိပ်ရေးမဝလို့ တော်တော်လေး စိတ်တိုနေလိမ့်မယ်" လို့ မိုက်ကယ် က ပြောလိုက်တယ်။

"အာ... မင်းမှာလည်း ဓားသမားပြိုင်ပွဲဝင်မယ့် သူငယ်ချင်းတစ်ယောက် ရှိနေတာပဲ" လို့ ပါမောက္ခက မှတ်မိသွားတယ်။ "ကျွန်တော်နဲ့ လိုက်ခဲ့ပါလား ပါမောက္ခ"

"ငါ မလိုက်နိုင်ဘူး၊ အော်ဘတ် တွေက ရှေးဟောင်းအမွေအနှစ် ကို ငါ့ဆီကနေ ခိုးသွားကြလိမ့်မယ်"

မိုက်ကယ် က ရယ်မောလိုက်တယ်။ "မစိုးရိမ်ပါနဲ့ ပါမောက္ခ... သူတို့ အဲလို လုပ်မှာမဟုတ်ပါဘူး" လို့ သူက အာမခံလိုက်တယ်။

အဲဒီအချိန်မှာပဲ ဝံပုလွေအဖြစ် ပြန်လည်အသွင်ပြောင်းသွားတဲ့ ဘရောင်းဘလဒ် ဝံပုလွေလူသား စာပို့သမားက သူတို့အနားကို လျှောက်လာခဲ့တယ်။ "အပြန်ကို စီးသွားချင်လား ပါမောက္ခ"

ပါမောက္ခက ဒွိဟဖြစ်သွားတာကို နားလည်ပေးလို့ ရပါတယ်။ အော်ဘတ် တွေက ဘယ်လောက်တောင် စည်းရုံးနိုင်စွမ်းရှိလဲဆိုတာ သူ သိတယ်လေ၊ အထူးသဖြင့် ဩဇာကြီးမားတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ သူတို့ ပေးနိုင်တဲ့ အကျိုးခံစားခွင့်တွေနဲ့ဆိုရင်ပေါ့။ သူတို့က မက်ထရိုပိုလစ် က လက်ဂါစီ့စ် တွေနဲ့တောင် ယှဉ်နိုင်တာလေ။

"မော်ရီစီယို ကို ဘယ်သူအနိုင်ယူသွားလဲဆိုတာကို ခင်ဗျား သိချင်စိတ် မဖြစ်မိဘူးလား" လို့ သူက ပါမောက္ခကို မေးလိုက်တယ်။

"အင်း... ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ သူကလည်း အရည်အချင်းရှိတဲ့ လူသားကလေး တစ်ယောက်ပဲ ဖြစ်မှာပါ၊ ငါ အဲလိုမျိုးတွေ အများကြီး မြင်ဖူးပါတယ်၊ ဒါပေမဲ့ ဒီ ရှေးဟောင်းအမွေအနှစ် ကတော့..."

ဒါပေမဲ့ သူ့စကားမဆုံးခင်မှာပဲ ဘရောင်းဘလဒ် ဝံပုလွေလူသားက ဖြတ်ပြောလိုက်တယ်။ "လူတစ်ပိုင်းသတ္တဝါ ပါ ပါမောက္ခ... မော်ရီစီယို ကို အနိုင်ယူသွားတာက လူသားမဟုတ်ဘဲ လူတစ်ပိုင်းသတ္တဝါ ပါ"

ပါမောက္ခက မျက်လုံးပြူးလျက်သား ရပ်နေခဲ့တယ်။ "လူတစ်ပိုင်းသတ္တဝါ ဟုတ်လား... မှော်သားရဲ တစ်ပိုင်းသတ္တဝါ မဟုတ်ဘူးလား"

"မဟုတ်ပါဘူး ဆရာ... အမျိုးအမည်မသိရတဲ့ လူတစ်ပိုင်းသတ္တဝါ ပါ"

အတွေးတွေနဲ့ တွက်ချက်မှုတွေ အများကြီးက ပါမောက္ခရဲ့ စိတ်ထဲမှာ အလင်းအလျင်နီးပါး ဖြတ်ပြေးသွားခဲ့တယ်။ အဲဒီအခါတိုင်းမှာ သူ့အသက်အရွယ်နဲ့ အလွန်အရည်အချင်းရှိနေပြီဖြစ်တဲ့ ဒုတိယအဆင့် မက်ဂ်နက်တစ် တစ်ယောက်ဖြစ်တဲ့ မော်ရီစီယို ကို လူတစ်ပိုင်းသတ္တဝါ တစ်ယောက်က ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မလဲဆိုတာကို သူ စဉ်းစားလို့မရနိုင်ခဲ့ဘူး။

သူ တွေးနိုင်တဲ့ တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ မော်ရီစီယို က တမင်သက်သက် အရှုံးပေးလိုက်တာလို့ပဲ၊ ဒါပေမဲ့ ဆဂျီယို ရဲ့ ကြွားလုံးထုတ်မှုတွေအရဆိုရင် အဲဒါကလည်း လုံးဝမဖြစ်နိုင်သလောက်ပဲ။

"အခု သူ့ကို မြင်ချင်သွားပြီလား ပါမောက္ခ" လို့ မိုက်ကယ် က အရာအားလုံးကို သိနေတဲ့ အပြုံးမျိုးနဲ့ မေးလိုက်တယ်။

ဒီလို အကျပ်ရိုက်စရာကိစ္စနဲ့ ရင်ဆိုင်ရတဲ့အခါ ပါမောက္ခက စက္ကန့်အနည်းငယ်လောက် ခြေဆောင့်နေခဲ့တယ်။ "...အာ... ကောင်းပြီလေ... ငါ အဲဒီ လူတစ်ပိုင်းသတ္တဝါ ဆီ သွားကြည့်မယ်၊ ဒါပေမဲ့ ခဏလေးပဲနော်၊ ရှေးဟောင်းအမွေအနှစ် က ငါ့ရဲ့ အကဲဖြတ်မှုကို စောင့်နေတယ်"

ပါမောက္ခက ဧရာမ အညိုရောင် ဝံပုလွေကြီးပေါ် တက်သွားရင်း ညည်းညူနေတာကိုကြည့်ပြီး မိုက်ကယ် က ရယ်မောလိုက်တယ်။

သူလည်း တက်တော့မလို့ လုပ်နေစဉ်မှာပဲ တစ်စုံတစ်ယောက် သူတို့ဆီ ချဉ်းကပ်လာတဲ့ အငွေ့အသက်အချို့ကို ရုတ်တရက် ခံစားလိုက်ရတယ်။

သူ့မျက်လုံးတွေက လူတစ်ယောက်ဆီကို ချက်ချင်း အာရုံရောက်သွားခဲ့တယ်။ အဲဒါကတော့ မျက်လုံးတွေကို အဝတ်ဖြူ ပတ်ထားတဲ့ အဘွားအိုတစ်ယောက်ပဲ။

* * * * * * * *

စာစဉ်(၆၅)

All Chapters