← Chapters

အခန်း ၇၇၇

Vol. 65 Ch. 777

အခန်း ၇၇၇

Vol. 65 Ch. 777

အခန်း(၇၇၇)

ပါမောက္ခကို ရုတ်တရက် အနှောင့်အယှက်ဖြစ်စေမယ့် ဘယ်အရာကိုမှ သူ ခွင့်မပြုချင်ခဲ့ဘူး။

နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းကို ဟိုက်ပိုသဲလမတ်စ်နားမှာ တမင်တကာ ထည့်သွင်းထားတာ။ ဒီလောက် နူးညံ့သိမ်မွေ့တဲ့ နေရာမျိုးမှာဆိုတော့ ခေါင်းကို တစ်ချက်လေး ထိခိုက်မိတာနဲ့တင် နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းက နေရာရွေ့သွားပြီး အခုဖြစ်နေတဲ့ လုပ်ငန်းစဉ်တစ်ခုလုံး လုံးဝ ပျက်စီးသွားမလားဆိုတာ မိုက်ကယ် မသိနိုင်ခဲ့ဘူး။

ရီနေးတား နိုင်ငံထဲမှာဆိုရင် သူ ပိုပြီးလုံခြုံလိမ့်မယ်။

"ဂျာကူ... ပါမောက္ခကို ထူဖို့ ငါ့ကို ကူညီပါဦး"

ဂျာကူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးတွေ ဖြတ်ပြေးသွားပြီး မိုက်ကယ့်ဘေးကို ချက်ချင်း ရောက်လာခဲ့ကာ သူ့လက်တွေက ပါမောက္ခရဲ့ ခြေထောက်ကို မ,ထားလိုက်တယ်။

ဒါက အလွန်အရေးကြီးတဲ့ အခြေအနေဆိုတာ သူ သိနေတယ်။

အဲဒီနောက် မိုက်ကယ်က သူ့ရဲ့ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်ရာမှာ သူ့ခြေထောက်ကနေ အရိပ်တွေ ပြန့်ထွက်လာပြီး သူတို့သုံးယောက်လုံးကို အမှောင်ထု အမိုးခုံးတစ်ခုထဲ အမြန် ဖုံးအုပ်သွားခဲ့တယ်။

ဒါပေမဲ့ စွမ်းရည် အသက်ဝင်ခါနီးလေးမှာတင် မိုက်ကယ်ရဲ့ နောက်စေ့က ဆံပင်တွေ ထောင်ထသွားလောက်အောင် သတိပေးခံစားမှုတစ်ခုကို ရုတ်တရက် ရလိုက်တယ်။

အရိပ်အမိုးခုံးကြီးက ပူဖောင်းတစ်လုံးလို ပေါက်ကွဲသွားပြီး အမှုန်အမွှားလေးတွေအဖြစ် ပျောက်ကွယ်သွားခဲ့တယ်။

ဒီချုံခိုတိုက်ခိုက်မှုကို လုပ်တဲ့သူကို ရှာဖွေဖို့ မိုက်ကယ် အပေါ်ကို မော့ကြည့်လိုက်တယ်။

ခပ်လှမ်းလှမ်း ကောင်းကင်ယံမှာ လွင့်ပျံနေတဲ့ လူတစ်ယောက်ကို သူ မြင်လိုက်ရပြီး သူတို့နောက်က လပြည့်ဝန်းကြောင့် ဖြစ်ပေါ်နေတဲ့ အရိပ်က မျက်နှာကို ဖုံးကွယ်ထားတယ်။

အဲဒီလူက ဘာလှုပ်ရှားမှုမှမရှိဘဲ ရပ်နေပြီး သူ့ကို ငုံ့ကြည့်နေခဲ့တယ်။

ချက်ချင်းပဲ မိုက်ကယ်တစ်ယောက် အဲဒီလူဆီကနေ တိုက်ခိုက်မလား ထွက်ပြေးမလားဆိုတဲ့ အသိကို နှိုးဆွပေးနိုင်လောက်တဲ့ စွမ်းအားတစ်ခုကို ခံစားလိုက်ရတယ်။

ဖိအားက တအားများလွန်းလို့ ဖိအားကို ခုခံဖို့ သူ့ရဲ့ မျက်မြင်မရတဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ်တောင် အလိုအလျောက် ပွင့်လာတဲ့အထိပဲ။ တကယ်လို့များ အဲဒီလို ပွင့်မလာဘူးဆိုရင် သူ့ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားပြီး နံရိုးတွေ ကျိုးလုမတတ် ခံစားရမှာပဲ။

ဘယ်သူပဲဖြစ်ဖြစ် ဒီလူဟာ သာမန်လူတစ်ယောက်တော့ မဟုတ်ဘူး။

သူတို့က မက်ဂ်နက်တစ် တစ်ယောက်ပဲ။

ပိုပြီး သိချင်လာတာမို့ မိုက်ကယ်က ဒီလူစိမ်းရဲ့ ခန္ဓာကိုယ်ကို အာရုံစိုက်ဖို့ သူ့ရဲ့ ဒရုန်းကို အပေါ်ဘက် လှည့်လိုက်တယ်။

အဲဒီမှာတင် ရင်းနှီးနေတဲ့ မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရတယ်။

ခေါင်းကနေ ခြေဖျားအထိ လက်ချောင်းထိပ်လေးတွေအပါအဝင် အဲဒီလူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တန်ခိုးစွမ်းရည်တွေနဲ့ လင်းလက်နေခဲ့တယ်။

အဲဒါက နေမင်းကြီးလို စူးရှတောက်ပနေတဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ ပြည့်နှက်နေတဲ့ နှလုံးသားဆီကနေ စတင်မြစ်ဖျားခံလာတာ။ အဲဒီကနေတစ်ဆင့် တန်ခိုးစွမ်းရည် ကြိုးမျှင်တွေက ခန္ဓာကိုယ်အနှံ့ကို သစ်မြစ်တွေလို ပြန့်နှံ့နေပြီး ပါမောက္ခရဲ့ ဦးနှောက်ပေါ်က အရာကြီးနဲ့ ပုံစံတူပဲ။

တန်ခိုးစွမ်းရည်က သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်သွင်ထဲမှာ စိမ့်ဝင်နေပြီး သွေးတွေအစား လက်တွေ့ဘဝကို ပြောင်းလဲနိုင်တဲ့ စွမ်းအားတွေကို သယ်ဆောင်ပေးနေတဲ့ နောက်ထပ် သွေးကြောစနစ်တစ်ခုလိုပဲ။

အဲလ်ရစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ လေလံပွဲတုန်းကလွဲရင် ဒီလိုမျိုး မိုက်ကယ် တစ်ခါမှ မခံစားခဲ့ရဖူးဘူး။

ဒီလူက သန္ဓေဝိညာဉ် နယ်ပယ်မှာ ရှိနေတာပဲ။ မိုက်ကယ် သေချာပေါက် သိလိုက်တယ်။

ဒါပေမဲ့ စွမ်းအား ကွာဟချက် အလွန်ကြီးမားနေပေမဲ့လည်း

မိုက်ကယ်က သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်ခဲ့တယ်။ သူ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ မှာတင် သန္ဓေဝိညာဉ် နယ်ပယ်က လူနဲ့ ရင်ဆိုင်ခဲ့ဖူးတာလေ။ အခုဆို သူက အဆင့် ၆ မှာ ရောက်နေပြီ။

သူ့လက်က ရင်ဘတ်ထဲက ဘက်ထရီဆီကို မသိမသာ လှမ်းသွားလိုက်တယ်။ ဘက်ထရီက ၂၀ ရာခိုင်နှုန်း အားကျန်သေးပြီး 'ကွမ်တမ်ခြေလှမ်း' ကို တစ်ကြိမ် အသုံးပြုဖို့အတွက် အတိအကျ လုံလောက်တယ်။

ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ထက် ကျော်လွန်နေတဲ့ လူတစ်ယောက်အပေါ် သက်ရောက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက အဲဒါပဲလေ။

"မင်းက ဘယ်သူလဲ" လို့ အမျိုးသမီးအသံမျိုးနဲ့ အဲဒီလူက မေးလိုက်တယ်။

အဲဒီအမျိုးသမီးက မိုက်ကယ်ဆီကို ဖြည်းဖြည်းချင်း လွင့်ပျံဆင်းလာပြီး နောက်ဆုံးတော့ သူမရဲ့ မျက်နှာကို အလင်းရောင်အောက်မှာ မြင်လိုက်ရတယ်။

သူမက အသားဖြူဖြူ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ အရွယ်တင်နုပျိုပြီး အတွေ့အကြုံရင့်ကျက်မှုကို ပြသနိုင်တဲ့ အရေးအကြောင်း ဒါမှမဟုတ် အသက်အရွယ် အမှတ်အသားတွေ မရှိပေမဲ့ နိုဗာရဲ့ ခန့်မှန်းချက်အရတော့ သူမက အသက် နှစ်ဆယ်နှောင်းပိုင်း ဒါမှမဟုတ် သုံးဆယ်အစောပိုင်းလောက် ရှိမယ်။

သူမရဲ့ ငွေရောင်ဆံပင်တွေက ကျောဘက်မှာ လွတ်လွတ်လပ်လပ် ကျဆင်းနေတယ်။

သူမက ခေါင်းစွပ်ကို ကျောဘက်မှာ ချထားတဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားတယ်။ ဝတ်ရုံအောက်မှာ သံချပ်ကာဝတ်စုံ ပါတဲ့ အရိပ်အယောင် လုံးဝ မရှိပေမဲ့ သူမကိုယ်သူမ ကာကွယ်ဖို့ သံချပ်ကာဝတ်စုံ လုံးဝ မလိုဘူးလို့ မိုက်ကယ် ခံစားလိုက်ရတယ်။

သူမရဲ့ နောက်ခံကို ခန့်မှန်းရ ခက်ခဲတယ်။ သူမရဲ့ လူမျိုး ဒါမှမဟုတ် ယဉ်ကျေးမှုကို ဖော်ပြနိုင်တဲ့ အလွယ်တကူ ခွဲခြားသိနိုင်တဲ့ အဝတ်အစားမျိုး မရှိသလို သူတို့ရဲ့ မျိုးရိုးကို ဂုဏ်ယူစွာ ဖော်ပြနေတဲ့ အမှတ်တံဆိပ်တွေလည်း မရှိဘူး။

သူမက လုံးဝ လျှို့ဝှက်ချက် တစ်ခုလိုဖြစ်နေပြီး ဒါက တမင်သက်သက် လုပ်ထားပုံရတယ်။

| သူမက ရုပ်ဖျက်ထားတာ |] ဟာဘင်ဂျာက တီးတိုးပြောလိုက်တယ်။

| သူမရဲ့ ရုပ်သွင်ကို ပြောင်းလဲဖို့ နည်းလမ်းတစ်ခုခု သုံးထားတယ် |

မိုက်ကယ်က သူ့ကိုယ်ပိုင်မျက်လုံးအမြင်ကို ပြောင်းလဲလိုက်တဲ့အခါ သူမရဲ့ မျက်နှာက ပြောင်းလဲသွားတာကို ရုတ်တရက် မြင်လိုက်ရတယ်။ နုပျိုတဲ့ အသွင်အပြင်နဲ့ အသားဖြူဖြူ အမျိုးသမီး မဟုတ်တော့ဘူး။ အဲဒီအစား နှစ်ကာလတွေတစ်လျှောက် သူမရဲ့ ဉာဏ်ပညာကို ပြသနေတဲ့ အရေးအကြောင်းတွေနဲ့ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့တယ်။

| အခု မင်းမြင်နေရတဲ့ မျက်နှာက ရုပ်ဖျက်ထားတာ။ ဒါပေမဲ့ ငါတို့ရဲ့ ဒရုန်းအမြင်အာရုံကြောင့် သူမရဲ့ မျက်နှာအစစ်ကို မြင်နိုင်တာ |

"မင်းက ဘယ်သူလဲ" သူမက ထပ်မေးလိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ သူမရဲ့ အသံက အေးစက်နေပြီး တတိယအကြိမ် ထပ်မေးမှာ မဟုတ်ဘူးလို့ မိုက်ကယ်ကို သတိပေးနေသလိုပဲ။

မိုက်ကယ်က သူမကို မေးခွန်းပြန်ထုတ်လိုက်တယ်။ "ခင်ဗျားကကော ဘယ်သူလဲ"

သူမကိုယ်တိုင် ရုပ်ဖျက်ထားရတယ်ဆိုတဲ့ အချက်က သူမမှာ ဖုံးကွယ်စရာ တစ်ခုခု ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

သူတို့နှစ်ယောက်စလုံး နောက်မဆုတ်ဘဲ အချင်းချင်း စိုက်ကြည့်နေကြတယ်။

ကလေးတစ်ယောက်က သူမရှေ့မှာ ဒီလိုရဲရဲတင်းတင်း တုံ့ပြန်ရဲတာကို အံ့သြသွားပြီး အမျိုးသမီးက မျက်ခုံးပင့်လိုက်တယ်။

သူက ဘာမှမသိတဲ့သူလည်း မဟုတ်ဘူး။ သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို သူမ ခံစားလို့ရတယ်။ သူက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၆ ကို ခက်ခက်ခဲခဲ ရောက်နေတာဆိုတော့ သူ့ရဲ့ အလိုအလျောက်သိစိတ်က သူမကို သူ ရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူးဆိုတာ သတိပေးသင့်တယ်လေ။

ဒါပေမဲ့ သူမ လှုပ်ရှားလိုက်တာနဲ့ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတဲ့ ပုံစံမျိုး သူ့မျက်နှာပေါ်မှာ ရှိနေဆဲပဲ။

နောက်ဆုံးတော့ ဒါက သူ့ရဲ့ ငယ်ရွယ်မှုကြောင့်လို့ပဲ သူမ သတ်မှတ်နိုင်တော့တယ်။

"ပါမောက္ခအနားကနေ ဖယ်လိုက်စမ်း" လို့ သူမက သတိပေးလိုက်တယ်။

မိုက်ကယ်က ငြိမ်ငြိမ်လေးနေပြီး သူ့နောက်က ဂျာကူနဲ့ ပါမောက္ခကို ကွယ်ထားပေးဖို့ ရှေ့ကို တိုးရပ်လိုက်တယ်။

"ပါမောက္ခဆီက ခင်ဗျား ဘာလိုချင်လို့လဲ" လို့ သူက အမျိုးသမီးကို မေးလိုက်တယ်။

အမျိုးသမီးက သူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ "အဲဒီမေးခွန်းကို ငါက မေးရမှာ။ ပါမောက္ခက ဘာလို့ သူ့ရဲ့ အရေးပေါ်ကာကွယ်ရေးစနစ်ကို အသက်သွင်းလိုက်တာလဲ"

"ဘာ"

သူမက နှုတ်ခမ်းဟပြီး ရှင်းပြဖို့ ပြင်လိုက်ချိန်မှာပဲ ရုတ်တရက် လေထုထဲမှာ ပြောင်းလဲမှုတစ်ခုကို နှစ်ယောက်စလုံး ခံစားလိုက်ရတယ်။ အဲဒါက စက္ကန့်အနည်းငယ်အတွင်းမှာပဲ သုညကနေ ရာဂဏန်းအထိ ရုတ်တရက် မြင့်တက်လာတဲ့ စွမ်းအားစုစည်းမှုတစ်ခုပဲ။

"ပါမောက္ခအနားကနေ ဖယ်လိုက်စမ်း" လို့ သူမက အော်ပြောလိုက်တယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ခြိမ်းခြောက်တာ မဟုတ်ဘူး။ စိုးရိမ်တကြီး သတိပေးလိုက်တာ။

မိုက်ကယ် လှည့်ကြည့်လိုက်တော့ ပါမောက္ခရဲ့ ခန္ဓာကိုယ်က တန်ခိုးစွမ်းရည်တွေ ပြည့်နှက်နေတဲ့ အပြာရောင် အလင်းတန်းတွေနဲ့ စတင် တောက်ပလာတာကို မြင်လိုက်ရတယ်။

အဲဒါက အခုန်အမြန်နှုန်းလို တုန်ခါနေပြီး အချိန်ကြာလာတာနဲ့အမျှ တုန်ခါမှုနှုန်းက ပိုပိုပြီး မြင့်တက်လာတယ်။

မိုက်ကယ်ရဲ့ အလိုအလျောက်သိစိတ်က သူ့ကို အချက်တစ်ချက် သတိပေးနေတယ်။ ဒါက ဗုံးတစ်လုံးပဲ။

ရုတ်တရက် သူ့ရှေ့မှာ ကြီးမားတဲ့ လေပြင်းတစ်ချက်ကို သူ ခံစားလိုက်ရတယ်။

သူ့အမြင်အာရုံ ပြန်လည်ကြည်လင်လာချိန်မှာတော့ ဆံပင်ဖြူအမျိုးသမီးက သူ့ရှေ့တည့်တည့်မှာ ဒူးထောက်နေပြီး သူမရဲ့ လက်က ပါမောက္ခရဲ့ ပါးပြင်ကို ပွတ်သပ်နေတာကို မြင်လိုက်ရတယ်။

"မင်း... သူ့ခေါင်းကို မ,ထားစမ်း..."

အမျိုးသမီးက မိုက်ကယ်ကို မော့ကြည့်လိုက်ပေမဲ့ မိုက်ကယ်က တကယ်ရပ်နေတဲ့ နေရာထက် နှစ်ပေလောက် ပိုနီးကပ်စွာ ရပ်နေတာကို ရုတ်တရက် မြင်လိုက်ရတယ်။

ဒါက သူမကို တစ်စက္ကန့်လောက် တုံ့ဆိုင်းသွားစေတယ်။

သူ အဲဒီကို ဘယ်လိုရောက်သွားတာလဲ။

သူက ပါမောက္ခနဲ့ တစ်မီတာလောက် အကွာမှာ ရပ်နေခဲ့တာလို့ သူမ သေချာပေါက် သိနေတာ။

ဒါပေမဲ့ အခုတော့ သူက ရှေ့ကို မီတာဝက်လောက် ရောက်နေပြီ။

သူမရဲ့ မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ အမူအရာတွေ ထင်ဟပ်နေပြီး ကိုယ့်အမြင်အာရုံကိုတောင် သံသယဝင်နေသလို မျက်တောင်ခတ်လိုက်တယ်။

သူ ဒီလောက်မြန်မြန် မလှုပ်ရှားနိုင်သင့်ဘူးလေ။

အဲဒီအချိန်မှာတင် ပါမောက္ခရဲ့ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်သွားတာကို သူမ ခံစားလိုက်ရတယ်။

ဒါက သူမရဲ့ အာရုံကို အရေးကြီးတဲ့အရာဆီ ပြန်ရောက်သွားစေတယ်။ ဒီထူးဆန်းတဲ့ ဖြစ်ရပ်ကို သူမရဲ့ ရှုပ်ထွေးနေတဲ့ စိတ်အခြေအနေကြောင့်လို့ပဲ သူမ သတ်မှတ်လိုက်တော့တယ်။

တစ်ချိန်တည်းမှာပဲ မိုက်ကယ်က သူ့ရဲ့ ကွမ်တမ်ခြေလှမ်းကို အသုံးပြုလိုက်ပြီးတဲ့နောက် သူ့လက်သီးဆုပ်တစ်ဝိုက်က မျက်စိနဲ့မမြင်နိုင်တဲ့ လေဟာနယ်ပျက်စီးမှုတွေက ပြန်လည်သက်သာအောင် ကြိုးစားနေဆဲပဲ။

သူမ အဲဒီလို လှုပ်ရှားလိုက်တာကို မြင်တော့ ပါမောက္ခကို ကယ်တင်ဖို့ အလိုအလျောက်သိစိတ်နဲ့ ဒီနည်းလမ်းကို သူ အသုံးပြုလိုက်မိတာပဲ။

ဒါပေမဲ့ တစ်စုံတစ်ခုကို သူ သတိထားမိလိုက်တဲ့အခါ လမ်းတစ်ဝက်မှာတင် သူ ရပ်တန့်လိုက်တယ်။

* * * * * * * *

စာစဉ်(၆၅)

All Chapters