← Chapters

အခန်း ၇၇၈

Vol. 65 Ch. 778

အခန်း ၇၇၈

Vol. 65 Ch. 778

အခန်း(၇၇၈)

သူ အဲဒီအမျိုးသမီးကို ကြည့်လိုက်တဲ့အခါ သူမမျက်နှာမှာ မကောင်းတဲ့ရည်ရွယ်ချက်မှ မရှိဘူးဆိုတာကို သူ သဘောပေါက်သွားခဲ့တယ်။

သူမက ပါမောက္ခကို ဂရုတစိုက်နဲ့ ကြည့်နေခဲ့တယ်။ အသက်ကြီးကြီးလူအိုကြီးကို စိုက်ကြည့်နေတဲ့ သူမရဲ့မျက်လုံးတွေထဲမှာ စိုးရိမ်ပူပန်နေတဲ့အရိပ်အယောင်တွေကို သူ မြင်တွေ့နေရတယ်။

"အိပ်လိုက်တော့" လို့ ပြောရင်း သူမက လက်ညှိုးကိုမြှောက်ပြီး ပါမောက္ခရဲ့ခေါင်းထိပ်ကနေ မေးစေ့အောက်ခြေအထိ ဆွဲချလိုက်တယ်။

သူမ အဲလိုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ပါမောက္ခရဲ့အရေပြားပေါ်က တဆတ်ဆတ်ခုန်နေတဲ့ အပြာရောင်အလင်းတန်းက မှိန်ကျသွားပြီး သူ့အထဲမှာ စုပုံလာနေတဲ့ စွမ်းအားတွေက ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားခဲ့တယ်။

လောလောဆယ်တော့ ဘေးကင်းသွားပြီပေါ့။

"ရှင် ဘာတွေများ ရှာတွေ့ခဲ့တာလဲ" လို့ ပါမောက္ခကို ကြည့်ရင်း သူမက သတိလွတ်နေသလို တီးတိုးရေရွတ်လိုက်တယ်။

ဒီအမျိုးသမီးက သူ ထင်ထားသလို ရန်သူမဟုတ်နိုင်ဘူးဆိုတာကို သဘောပေါက်သွားတဲ့ မိုက်ကယ်က မေးခွန်းတစ်ခု ထုတ်လိုက်တယ်။ "သူ ဘာဖြစ်သွားတာလဲ"

အမျိုးသမီးက မိုက်ကယ်ကို မော့ကြည့်လာပြီး သူမရဲ့မျက်လုံးတွေကို မှေးကျဉ်းကာ သူ့ကို အနီးကပ် လေ့လာစောင့်ကြည့်လိုက်တယ်။

သူ့ရဲ့ ထူးဆန်းတဲ့အသွင်အပြင်က သူမရဲ့စိတ်ထဲမှာ စွဲထင်နေဆဲပဲ။ ပါမောက္ခနဲ့ ဘာလို့ အတူရှိနေတာလဲဆိုတာကအစ မိုက်ကယ်နဲ့ပတ်သက်ပြီး သူမ မသိတဲ့အရာတွေ အများကြီးရှိနေခဲ့တယ်။ ဒါပေမဲ့ သူ့မှာလည်း ဘာအန္တရာယ်ပြုလိုစိတ်မှ မရှိဘူးဆိုတာကို သူမ မြင်နိုင်တယ်။ ပါမောက္ခကို ကာကွယ်ပေးချင်လို့သာ သူက ခုခံကာကွယ်တဲ့ပုံစံ ဖမ်းနေခဲ့တာလေ။

စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ သူမက စတင်ရှင်းပြလာခဲ့တယ်။

"သူ့ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့အတွက် သူ့ရဲ့ဦးနှောက်က အလုပ်လုပ်တာရပ်သွားတာပဲ။ သူ စုဆောင်းထားတဲ့ ကြီးမားလှတဲ့ သတင်းအချက်အလက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သေချာအောင် သူ့ကိုယ်သူ ထည့်သွင်းထားတဲ့ အကာအကွယ်စနစ်တစ်ခုပေါ့"

ပါမောက္ခဟာ သတင်းအချက်အလက်တွေ အလွန်အကျွံဝင်ရောက်မှုဒဏ်ကို တကယ်ခံစားလိုက်ရတဲ့ပုံပဲ။ သူ အခုလေးတင် ဖော်ထုတ်လိုက်တဲ့ လျှို့ဝှက်ချက်တွေက သူ့ရဲ့ သာမန်ဦးနှောက် တွေးတောလက်ခံနိုင်စွမ်းထက် အများကြီး ကျော်လွန်နေတာမို့ ဒီအကာအကွယ်စနစ်ကြီး ပွင့်လာခဲ့ရတာလေ။

"သူက ဘာလို့ အဲလို လုပ်ရတာလဲ"

အမျိုးသမီးက တခစ်ခစ် ရယ်မောလိုက်တယ်။ "သူက အမြဲတမ်း ဗဟုသုတတွေကို သိမ်းဆည်းစုဆောင်းတတ်တဲ့သူလေ။ သူ့ရဲ့ သေတတ်တဲ့ သာမန်ဦးနှောက်နဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေရင်တောင် သူက နားလည်အောင် သူ့ရဲ့ ကိုယ်ပိုင်ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ကြိုးစားတတ်တယ်"

ပါမောက္ခအကြောင်း ပြန်တွေးမိတာက အမျိုးသမီးကို ခဏတာလောက် သတိလက်လွတ်ဖြစ်သွားစေခဲ့တယ်။ ဒါပေမဲ့ သူမက သတိထားမိတာနဲ့ တစ်ပြိုင်နက် ချက်ချင်းပဲ အေးစက်စက် မျက်နှာပေးကို ပြန်ဖမ်းလိုက်တယ်။

"မင်းက သူ့ကို ရိုးရိုးသားသား ကာကွယ်ပေးနေတာကို ငါ မြင်တာမို့ မင်းရဲ့ စေတနာအတွက် ငါ ပြောပြနိုင်တာ ဒါပဲရှိတယ်" လို့ ပြောရင်း သူမက ပါမောက္ခကို ပွေ့ချီကာ မတ်တပ်ရပ်ဖို့ ပြင်လိုက်တယ်။

"နေဦး... ခင်ဗျား သူ့ကို ခေါ်သွားလို့ မရဘူး" လို့ မိုက်ကယ်က သူမကို တားဆီးဖို့ ကြိုးစားရင်း ပြောလိုက်တယ်။

"သူက အထူးဂရုစိုက်ကုသဖို့ လိုအပ်နေတယ်" လို့ သူမက ငြင်းခုံလိုက်တယ်။

"ကျွန်တော့်မှာ တော်တဲ့ ကုသရေးသမား တစ်ယောက်ရှိတယ်" လို့ မိုက်ကယ်က ပြန်လည်ငြင်းခုံလိုက်တယ်။

ဒါပေမဲ့ အမျိုးသမီးက ခေါင်းယမ်းလိုက်တယ်။ "ဒါက ထူးခြားတဲ့ အခြေအနေပဲ။ ပါမောက္ခကို ဒီအခြေအနေကနေ ဘယ်လိုနှိုးရမလဲဆိုတာ ငါတို့ပဲ သိတယ်"

မိုက်ကယ်က ခဏတုံ့ဆိုင်းသွားတယ်။ "ခင်ဗျားကို ကျွန်တော်က ဘယ်လိုလုပ် ယုံရမှာလဲ"

သူမက ဘယ်သူလဲဆိုတာရော ပါမောက္ခကို ဘာလုပ်ဖို့ စီစဉ်နေလဲဆိုတာပါ သူ လုံးဝ မသိဘူးလေ။

"ဘာလို့လဲဆိုတော့ ငါတို့က အဖွဲ့အစည်းတစ်ခုတည်းက မို့လို့ပဲ" လို့ သူမက ဖွင့်ဟပြောပြလာတယ်။

အဲဒီနောက် အမျိုးသမီးက ရှည်လျားတဲ့ ဂျာကင်အဖြူရောင်အောက်က ပါမောက္ခရဲ့ လက်ကောက်ဝတ်ဆီကို လှမ်းကိုင်လိုက်တယ်။

သူ့ရဲ့ လက်ဖဝါးအောက်နားလေးမှာ လုံးဝ ကွဲပြားခြားနားတဲ့ ပုံစံရှိပြီး ထင်ရှားတဲ့ ရောင်ခြည်ရှစ်သွယ်ပါတဲ့ နေမင်းပုံ တက်တူးတစ်ခု ရှိနေခဲ့တယ်။

အဲဒါတွေက ရေ၊ မြေ၊ မီး၊ လေ၊ မိုးကြိုး၊ အဆိပ်၊ အမှောင် နဲ့ အလင်း ဆိုတဲ့ မှော်စွမ်းအင် ဒြပ်စင်ရှစ်မျိုးကို ကိုယ်စားပြုတာဖြစ်ကြောင်း မိုက်ကယ် မှတ်မိလိုက်တယ်။

ပြီးတော့ အမျိုးသမီးက သူမရဲ့ ဝတ်ရုံနက်ကော်လာကို ဆွဲချလိုက်ပြီး ညှပ်ရိုးအောက်ခြေမှာရှိနေတဲ့ တူညီတဲ့ တက်တူးကို ဖော်ပြလိုက်တယ်။

အဲဒါက သာမန်တက်တူး မဟုတ်ဘူးဆိုတာကို သူ သဘောပေါက်သွားခဲ့တယ်။

အဲဒီတက်တူးကို တန်ခိုးစွမ်းရည်တွေနဲ့ ရောယှက်ဖန်တီးထားတာမို့ သာမန်နည်းလမ်းတွေနဲ့ ဖျက်ပစ်လို့ ရမှာမဟုတ်ဘူး။ ပြင်းထန်တဲ့ ဒဏ်ရာရသွားရင်တောင်မှ တက်တူးက သူမရဲ့ ကိုယ်ပိုင်အရေပြားလိုပဲ ပြန်လည်ကောင်းမွန်လာမယ့်ပုံပဲ။

| အဲဒီတက်တူးတွေကို ရေးဆွဲပေးခဲ့တဲ့သူက သာမန်လူမဟုတ်လောက်ဘူး | လို့ ဟာဘင်ဂျာက ပြောလိုက်တယ်။ | မင်း သူတို့ကို စမ်းပြီး တိုက်ခိုက်ကြည့်သင့်တယ် |

မိုက်ကယ်က နောက်ဆုံးစကားကို လျစ်လျူရှုလိုက်တယ်။

ဒီတက်တူးက အမျိုးသမီးနဲ့ ပါမောက္ခဟာ အဖွဲ့အစည်းတစ်ခုတည်းက ဖြစ်ကြောင်း တကယ် သက်သေပြနေသလိုပဲ။

အခု မေးစရာရှိလာတာက သူတို့တွေက ဘယ်သူတွေလဲ။

အစပိုင်းအမြင်အရဆိုရင် ပါမောက္ခက အဖွဲ့အစည်းတစ်ခုထဲဝင်ပြီး အချိန်ဖြုန်းနေမယ့်လူမျိုးနဲ့ မတူဘူးလေ။ သူ လုပ်ချင်တာဆိုလို့ သမိုင်းကို လေ့လာဖို့ပဲ ရှိတာ။ ဒီကိစ္စနဲ့ပတ်သက်ရင် သူက တစ်ယောက်တည်း သီးသန့်နေတတ်တဲ့သူမျိုးပဲ။

ဒါကြောင့် သူတို့က ဘယ်လိုလူတွေလဲ၊ သူတို့ရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲဆိုတာကို သူ သိချင်နေခဲ့တယ်။ ပါမောက္ခရဲ့ လက်ကောက်ဝတ်မှာ တက်တူးရှိနေတာကို ကြည့်ရင် သူတို့အဖွဲ့ရဲ့ ရည်မှန်းချက်တွေက ပါမောက္ခရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီနေလိမ့်မယ်လို့ သူ ယူဆလိုက်တယ်။

"အဲဒါက ဘယ်လို အဖွဲ့အစည်းမျိုးလဲ" လို့ သူက အမျိုးသမီးကို မေးလိုက်တယ်။

သူမက ကော်လာကို အမြန်ပြန်ဆွဲတင်လိုက်ပြီး တက်တူးကို ဖုံးကွယ်လိုက်တယ်။ "မင်း သိဖို့ မလိုဘူး"

သူနဲ့ နိုဗာတို့က ဒီလို ထူးခြားတဲ့ သင်္ကေတရှိတဲ့ အဖွဲ့အစည်းမျိုးအကြောင်း မကြားဖူးသလို မသိခဲ့ဘူး။ အဲဒါက လူသူမသိတဲ့ နေရာတစ်ခုခုက အမည်မသိ အဖွဲ့သေးသေးလေးတစ်ခုဆီက ဖြစ်နိုင်ပေမဲ့ အဲလိုဖြစ်ဖို့က မဖြစ်နိုင်သလောက်ပဲ။

အနည်းဆုံး သန္ဓေဝိညာဉ်နယ်ပယ်မှာရှိတဲ့ အဖွဲ့ဝင်တစ်ယောက် ရှိနေတာကြောင့် သူတို့က အဖွဲ့အစည်းငယ်လေးတစ်ခုကတော့ လုံးဝ မဖြစ်နိုင်ဘူး။ သူတို့က ကုမ္ပဏီကြီးတွေနဲ့ အဆင့်အတန်းတူတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ရမယ်။

"ခင်ဗျားက ပါမောက္ခကို ခေါ်သွားမယ်ဆိုရင် ခင်ဗျား ဘယ်အဖွဲ့အစည်းမှာ ပါဝင်နေလဲဆိုတာ ကျွန်တော် သိဖို့လိုတယ်" လို့ မိုက်ကယ်က အခိုင်အမာ ပြောလိုက်တယ်။

အမျိုးသမီးက သူ့ကို ကြည့်ပြီး ပြောလာတယ်။ "ငါ မင်းကို ဒါလေးတော့ ပြောပြမယ်။ ပါမောက္ခက ငါတို့အဖွဲ့အစည်းအတွင်းမှာ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ ကမ္ဘာ့သမိုင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ နက်နဲတဲ့ ဗဟုသုတနဲ့ ထိုးထွင်းသိမြင်မှုတွေက ငါတို့ရဲ့ ရည်မှန်းချက်တွေအတွက် မရှိမဖြစ် အရေးပါလှတယ်"

"သူ မရှိရင် ငါတို့ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံတစ်ခုလုံး ပြိုကျသွားလိမ့်မယ်။ ကမ္ဘာတစ်ဝန်းက လူတွေလည်း ဝမ်းနည်းပူဆွေးကြရလိမ့်မယ်။ နှစ်ရာပေါင်းများစွာ ကြီးထွားပုံဖော်လာခဲ့တဲ့ အယူအဆတွေလည်း ပျက်စီးသွားလိမ့်မယ်။ ပြီးတော့ လူသားမျိုးနွယ်တစ်ရပ်အနေနဲ့ ငါတို့ရဲ့ မျှော်လင့်ချက်တွေလည်း ဆုံးရှုံးသွားလိမ့်မယ်"

"ငါတို့ သူ့ကို အသေခံမှာ မဟုတ်ဘူးဆိုတာကိုတော့ ယုံပါ။ အဲဒီအတွက် ငါ ကတိပေးတယ်။ မဟုတ်ရင် ငါတို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးက အခုအခြေအနေထက်ကို ပိုပြီး ယိုယွင်းပျက်စီးသွားလိမ့်မယ်"

သူတို့အဖွဲ့အစည်းနဲ့ ကမ္ဘာကြီးတစ်ခုလုံးအတွက် ပါမောက္ခရဲ့ အရေးပါမှုအကြောင်းကို အမျိုးသမီးက စတင်ပြောဆိုလာချိန်မှာ မိုက်ကယ် မျက်ခုံးပင့်သွားခဲ့တယ်။

သမိုင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ ဗဟုသုတတွေကြောင့် ပါမောက္ခက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုတာကို သူ သိပေမဲ့ ဒီလောက်အထိ နက်ရှိုင်းမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ 'ကမ္ဘာကြီးရဲ့ ကံကြမ္မာ' က သူ့အပေါ် မူတည်နေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူးလေ။

တကယ်တော့ ပါမောက္ခ လစ်ချ်တန်စတိုင်းက သမိုင်းကို ရူးသွပ်နေတဲ့ အရူးတစ်ယောက် မဟုတ်ခဲ့ဘူး။ သူက ကမ္ဘာတစ်ဝန်းလုံးကို အမြစ်တွယ်ပျံ့နှံ့နေပုံရတဲ့ အဖွဲ့အစည်းတစ်ခုက အရေးပါတဲ့သူတစ်ယောက် ဖြစ်နေခဲ့တာပဲ။

ပါမောက္ခအကြောင်း ပြောနေချိန်မှာ သူမရဲ့ အလင်း မှော်စွမ်းအင်တွေ အတက်အကျ ဖြစ်နေပုံကို ကြည့်ခြင်းအားဖြင့် သူမ စိတ်လှုပ်ရှားနေမှန်း သူ သိနိုင်တယ်။ အဲဒါက လိမ်ပြောနေတဲ့သူတစ်ယောက်ဆီကနေ ထွက်လာနိုင်တဲ့အရာ မဟုတ်ဘူးလေ။

ဒါတွေအားလုံးကို ကြားပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ ဒီလျှို့ဝှက်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး သူ စိတ်မဝင်စားဘဲ မနေနိုင်တော့ဘူး။

အခုချိန်ထိ သူ ဘာလို့ ဒီအကြောင်း မကြားဖူးခဲ့တာလဲ။ သူတို့က ပါမောက္ခကို ဘာလို့ လိုအပ်တာလဲ။ ဒီအမျိုးသမီးကရော ဘယ်သူလဲ။

သူ့ခေါင်းထဲမှာ မေးခွန်းတွေ ပြည့်နှက်နေပေမဲ့ အဖြေပေးမယ့်သူ မရှိခဲ့ဘူး။ အမျိုးသမီးက သူမရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်။ ပြီးတော့ သန္ဓေဝိညာဉ်နယ်ပယ်က တစ်ယောက်ယောက်ကို အတင်းအကျပ် ဖွင့်ပြောခိုင်းဖို့ကလည်း မိုက်ကယ်အတွက် သိပ်တော့ အဆင်မပြေလှဘူးလေ။

အဲဒီအချိန်မှာပဲ ပါမောက္ခရဲ့ ခန္ဓာကိုယ်က အပြာရောင်အလင်းတန်းတွေနဲ့ တောက်ပလာပြီး ပြန်လည်ခုန်လှုပ်လာခဲ့ပြန်တယ်။

"အခြေအနေ ပြန်ဆိုးလာပြီ" လို့ သူမက စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ်။ "သူ့ကို ငါတို့ရဲ့ အခြေစိုက်စခန်းဆီ ခေါ်သွားမှ ရတော့မယ်"

အမျိုးသမီးက ပါမောက္ခကို လက်နှစ်ဖက်နဲ့ ပွေ့ချီပြီး သူမ လာရာလမ်းအတိုင်း ပြန်လည်လွင့်ပျံထွက်ခွာသွားတယ်။

ဒီတစ်ကြိမ်မှာတော့ မိုက်ကယ်က သူမကို မတားဆီးတော့ဘူး။

ပါမောက္ခရဲ့ အကာအကွယ်စနစ်နဲ့ပတ်သက်ပြီး သူ ဘာမှ မသိဘူးလေ။ သူကိုယ်တိုင် ဒီဝေဒနာကို ကုသပေးနိုင်ပါ့မလားဆိုတာလည်း သံသယဖြစ်နေမိတာမို့ ပါမောက္ခ ပြန်လည်ကောင်းမွန်လာနိုင်မယ့် အကောင်းဆုံးအခွင့်အရေးက သူ့ကို ကောင်းကောင်းသိတဲ့သူတစ်ယောက်ဆီ ထည့်ပေးလိုက်ဖို့ပဲ ဖြစ်တယ်။

မိုးကုပ်စက်ဝိုင်းဆီ ပျောက်ကွယ်သွားခါနီးအချိန်မှာပဲ သူမက လှည့်လာပြီး မိုက်ကယ်ကို မျက်နှာမူလိုက်တယ်။

"ကျေးဇူးတင်ပါတယ်... ငါ့အဖေကို ကယ်တင်ပေးခဲ့လို့" လို့ ပြောပြီးနောက်မှာတော့ သူမဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့တော့တယ်။

* * * * * * * *

စာစဉ်(၆၅)

All Chapters