← Chapters

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း ( ၄၂၂ ) ထွက်ခွာခြင်း

​မြို့စားကြီးနှင့် အခြားသူများက ဆုလာဘ်များ ပြင်ဆင်ရန် အလုပ်ရှုပ်နေချိန်တွင် ရှုယွမ်က သူမ၏ ဆရာဖြစ်သူကို တွဲကာ ကျော့ရှင်းစွာ လျှောက်လာပြီး ကျန်းယဲ့အား ဦးညွှတ်နှုတ်ဆက်လိုက်၏။

​"စီနီယာ... ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီနော်..."

​ရင်းနှီးသူတစ်ဦးကို မြင်လိုက်ရသည့်အခါ ကျန်းယဲ့က ဆေးဖော်စပ်ရာတွင် ကျွမ်းကျင်သည့် သူမ၏ ဂိုဏ်းတူမောင်လေးကို ချက်ချင်း သတိရသွားပြီး ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။ "မင်းရဲ့ ဂိုဏ်းတူမောင်လေးကများ မကြာသေးခင်က ရောင်းစရာ အဆင့်မမီတဲ့ ဆေးလုံးတွေ ဖော်စပ်ထားတာ ရှိသေးလား..."

​ရှုယွမ်က အစပိုင်းတွင် မှင်တက်သွားသော်လည်း ချက်ချင်းပင် နားလည်သွားကာ အပြုံးသဲ့သဲ့လေးဖြင့် ပြန်ဖြေလိုက်၏။ "ဂိုဏ်းတူမောင်လေးက အခု တံခါးပိတ် ကျင့်ကြံနေပါတယ်... ဒါပေမဲ့ စီနီယာက သူ့ကို လိုအပ်နေတယ်ဆိုမှတော့ ကျောက်တုံးမြို့တော်ကို ချက်ချင်းလာခဲ့ဖို့ သူ့ဆီကို ကျွန်မ သတင်းပို့ပေးပါ့မယ်..."

​ယင်းစကားကို ကြားသည့်အခါ ကျန်းယဲ့က ပြုံးရွှင်သွားပြီး အလိုက်သိလှသည့် အမျိုးသမီး ကျင့်ကြံသူလေးအပေါ် သူ၏ သဘောကျမှုက ပိုမို နက်ရှိုင်းသွားရသည်။ "ဒါဆိုလည်း တာအိုမိတ်ဆွေကို အလုပ်ရှုပ်စေရပြီ... အကယ်၍ မင်းတို့ ဂိုဏ်းမှာ တခြား အဆင့်မမီတဲ့ ဆေးလုံးတွေ ရှိသေးရင်လည်း တစ်ပါတည်း ယူလာခဲ့ပေးပါဦး..."

​ဤစကားဝိုင်းကို ကြားလိုက်ရသည့်အခါ မြို့စားကြီးက အခွင့်အရေးတစ်ခုကို ချက်ချင်း အာရုံခံမိသွားပြီး ရှေ့သို့ ထွက်လာကာ ပြောလိုက်၏။ "အကယ်၍ စီနီယာက အဆင့်မမီတဲ့ ဆေးလုံးတွေကို လိုအပ်တယ်ဆိုရင် ကျွန်တော် တခြားမြို့တွေကို လူလွှတ်ပြီး သွားဝယ်ခိုင်းပေးလို့ ရပါတယ်..."

​ဆေးဖက်ဝင်အပင်များ ခန်းမ၏ မန်နေဂျာကလည်း အလျင်အမြန် ဝင်ပြောလိုက်သည်။ "ကျွန်တော်တို့ ခန်းမက ဆေးဖော်စပ်တဲ့ ဂိုဏ်းကြီးတွေနဲ့ အဆက်အသွယ် ရှိပါတယ်... သုံးရက်အတွင်း စီနီယာ့အတွက် အစုလိုက်အပြုံလိုက် စုဆောင်းပေးနိုင်ပါတယ်..."

​အခြား ကျင့်ကြံသူများကလည်း ဤသဘောထားကို ထောက်ခံကာ ဝင်ရောက် ပြောဆိုလာကြ၏။

​"ချင်းယန်ဂိုဏ်းက စီနီယာ့ကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်..."

​"ကျွန်တော် အဆင့်မမီတဲ့ ဆေးလုံးတွေ ခဏခဏ ထွက်တတ်တဲ့ ဆေးဆရာတချို့ကို သိထားပါတယ်..."

​"ကျွန်တော်တို့ ကုန်သည်ကြီးများအသင်းက သယ်ယူပို့ဆောင်ရေး စရိတ်တွေ အားလုံးကို တာဝန်ယူပေးပါ့မယ်..."

​လျှပ်တစ်ပြက်အတွင်းမှာပင် ရင်ပြင်တစ်ခုလုံးက အကြီးစား ကုန်ပစ္စည်း ဝယ်ယူရေး ဆွေးနွေးပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားရသည်။

​ဤကျင့်ကြံသူများက ခန့်မှန်း၍မရနိုင်သော ဤကျင့်ကြံသူကြီးနှင့် မိတ်ဆွေဖွဲ့ရန် တန်ဖိုးပေါပေါ အဆင့်မမီသည့် ဆေးလုံးတချို့ကို အသုံးပြုခွင့်ရခြင်းက တစ်သက်မှာ တစ်ခါသာ ကြုံနိုင်သည့် အခွင့်အရေးဖြစ်ကြောင်း ကောင်းကောင်းကြီး သိထားကြချေသည်။

​စုပိုင်လောက ကျန်းယဲ့၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ "ဒါရိုက်တာကျန်း... ခင်ဗျားကတော့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို တည်ဆောက်လိုက်တာပဲ... ကျင့်ကြံခြင်းလောက တစ်ခုလုံးက ခင်ဗျားအတွက် အမှိုက်တွေ လိုက်ကောက်ပေးနေကြပြီ..."

​ကျန်းယဲ့က ပြုံးသာပြုံးနေလိုက်ပြီး မည်သည့်စကားမှ မဆိုခဲ့ချေ။

​သူတို့ ဘာတွေ တွေးနေကြသလဲဆိုတာကို သူ ကောင်းကောင်းကြီး နားလည်ထားပြီးသား ဖြစ်၏။ ဒါက ရိုးရှင်းစွာပင် တစ်ယောက်လိုအပ်တာကို တစ်ယောက် ဖြည့်ဆည်းပေးကြခြင်းသာ ဖြစ်လေသည်။

​အနည်းဆုံး ကုန်ကျစရိတ်ဖြင့် အကြီးမားဆုံး အကျိုးအမြတ်ကို ရနိုင်မည်ဆိုပါက ဘာကြောင့် မလုပ်ဘဲ နေရမည်နည်း။

​ကျန်းယဲ့က တကယ်တမ်းတွင် သူ၏ ကိုယ်ရံတော် လုပ်ငန်းကို တိုးချဲ့ရန် စီစဉ်နေခြင်း ဖြစ်သော်လည်း စနစ်၏ ကန့်သတ်ချက်များကြောင့် သူ ကိုယ်တိုင် စတင်ထုတ်ပြော၍ မရခဲ့ချေ။

​ကိုယ်တိုင် စတင်ကမ်းလှမ်းလိုက်သည်နှင့် စနစ်၏ စည်းမျဉ်းများက အသက်ဝင်သွားမည်ဖြစ်ကာ သူ၏ အကြွင်းမဲ့ ကာကွယ်ရေးစွမ်းရည်မှာ အလုပ်မလုပ်တော့ဘဲ ဖြစ်သွားလိမ့်မည်။

​ယခုအခိုက်အတန့်တွင် မြို့တွင်းရှိ ကျင့်ကြံသူများ အားလုံးက သူ့ကိုသာ အာရုံစိုက်နေကြရာ ၎င်းက တစ်သက်မှာ တစ်ခါသာ ရနိုင်မည့် အခွင့်အရေးကြီးပင်။

​သူက ရှုယွမ်ထံသို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေချေသည်။

​ရှုယွမ်က ထိုစူးရှလှသည့် အကြည့်ကြောင့် ဇဝေဇဝါ ဖြစ်သွားပြီး ဘာတွေများဖြစ်နေတာလဲဟု တွေးတောနေချိန်မှာပင် ကျန်းယဲ့၏ မျက်မှောင်အနည်းငယ် ကုတ်သွားသည်ကို သတိထားမိလိုက်၏။

​သူမ၏ နှလုံးသားက တင်းကျပ်သွားပြီး တစ်စုံတစ်ရာကို မပီဝိုးတဝါး အာရုံခံမိသွားလေသည်။

​"အရင်တစ်ခေါက်က အမြတ်အစွန်းလေးက ဘယ်လိုနေလဲ..." ကျန်းယဲ့က ရုတ်တရက် မေးလိုက်၏။

​ရှုယွမ်က ရိုသေစွာ ပြန်ဖြေလိုက်သည်။ "စီနီယာရဲ့ ကျေးဇူးကြောင့် ကျွန်မ အများကြီး အကျိုးအမြတ် ရခဲ့ပါတယ်ရှင်..."

​သို့သော်လည်း ကျန်းယဲ့က ထိုမျှော်လင့်နေသည့် အကြည့်ဖြင့် သူမကို စိုက်ကြည့်နေဆဲပင်။

​လျှပ်တစ်ပြက်အတွင်းမှာပင် ရှုယွမ်က အကြံတစ်ခု ရသွားခဲ့၏။

​မဖြစ်နိုင်တာ... စီနီယာက ဒါကို လိုချင်နေတာလား...

​သူမက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တွေဝေစွာဖြင့် စကားစလိုက်သည်။ "အကယ်၍ နောက်နောင် တာအိုမိတ်ဆွေတို့ အခက်အခဲတစ်ခုခု ကြုံလာရရင်... စီနီယာ့ဆီမှာ အကူအညီ လာတောင်းလို့ ရပါတယ်..."

​စကားပြောနေစဉ်အတွင်း သူမက ကျန်းယဲ့ကို အကဲခတ်ကြည့်နေခဲ့၏။ သူ၏ မျက်ခုံးများ ပြေလျော့သွားသည်ကို မြင်သည့်အခါ သူမက စိတ်သက်သာရာရသွားပြီး ရဲတင်းစွာ ဆက်ပြောလိုက်သည်။ "အကောင်းဆုံး ဆုလာဘ်ကတော့ အဆင့်မမီတဲ့ ဆေးလုံးတွေပေါ့... သေချာတာကတော့ အလယ်အလတ်အဆင့်ရှိတဲ့ အဆင့်မမီ ဆေးလုံးတွေဆို ပိုကောင်းတာပေါ့..."

​ကျန်းယဲ့၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ ကျေနပ်သည့် အမူအရာ ပေါ်လာခဲ့ပြီး ဒီကောင်မလေးက သင်ပေးရလွယ်တာပဲဟူသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။

​ရှုယွမ်က ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားသော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် တွေးလိုက်မိသည်။ ဤစီနီယာ၏ ဝါသနာက တကယ်ကို ထူးဆန်းလွန်းလှသည်။ သူက သိသာထင်ရှားစွာ အစွမ်းထက်လှသော်လည်း အဆင့်မမီသည့် ဆေးလုံးများကိုမှ အထူးတလည် နှစ်သက်နေချေသည်။

​ထိုနေရာရှိ လူတိုင်းက ပါးနပ်သူများဖြစ်ကြရာ သူတို့နှစ်ဦးကြားမှ အကြည့်ချင်း ဖလှယ်မှုများကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြပြီး ဖြစ်၏။

​အကူအညီအတွက် အခကြေးငွေကို အဆင့်မမီသည့် ဆေးလုံးများဖြင့် ဘာကြောင့် ပေးချေရမည်ကို သူတို့ နားမလည်ကြသော်လည်း ကျင့်ကြံသူကြီးက နှစ်သက်သည်ဆိုမှတော့ သူတို့က ဝမ်းမြောက်ဝမ်းသာဖြင့် ပူးပေါင်းဆောင်ရွက်ကြမည်သာ။

​တာအိုဆရာကြီးရွှမ်ကျီက အရင်ဆုံး စတင်ပြောဆိုလိုက်၏။ "ကျုပ် ဒါကို မှတ်ထားပါ့မယ်... နောင်ကျရင် အရည်အသွေးမြင့်တဲ့ အဆင့်မမီ ဆေးလုံးတွေကို ပိုပြီး ဂရုစိုက် စုဆောင်းထားလိုက်ပါ့မယ်..."

​ဆေးဖက်ဝင်အပင်ခန်းမ၏ မန်နေဂျာက ပို၍ပင် ပါးနပ်လှ၏။ "ဒီနေ့ကစပြီး ကျွန်တော်တို့ ခန်းမက အများပြည်သူဆီကနေ အဆင့်မမီတဲ့ ဆေးလုံးတွေကို ဝယ်ယူလက်ခံပါ့မယ်... ဒါပေမဲ့ အဲ့ဒါတွေ အားလုံးကို စီနီယာ့အတွက် သီးသန့် ဖယ်ချန်ထားပေးပါ့မယ်..."

​သွေးနတ်ဆိုးအိုကြီး၏ လုပ်ရပ်များက တကယ်တမ်းတွင် ကျန်းယဲ့အတွက် အလုပ်ရှုပ်သက်သာသွားစေခဲ့သည်ဟု ဆိုရမည်ပင်။

​အရင်ကဆိုလျှင် အတော်လေး အချိန်ယူ ရှာဖွေရမည့် အဆင့်မမီ ဆေးလုံးများက ယခုအခါတွင်တော့ အိမ်တိုင်ရာရောက် လာပို့ပေးမည့် အနေအထား ဖြစ်သွားခဲ့ချေပြီ။

​အင်အားစုကြီးအားလုံးက ဆေးလုံးများ စုဆောင်းပေးရန် ကတိပြုထားကြသဖြင့် ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများမှာ သူတို့ ပြန်မည့်နေ့ မရောက်မချင်း ကျောက်တုံးမြို့တော်၌ပင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

​ဖူကျီလီက လမ်းပြအဖြစ် မိမိသဘောဆန္ဒအလျောက် တာဝန်ယူကာ လူတိုင်းကို မြို့ပြင်ရှိ ရှုခင်းများဆီသို့ လိုက်လံပို့ဆောင်ပေးခဲ့၏။

​မြို့တံခါးပြင်သို့ ရောက်သည်နှင့် သူတို့ရှေ့မှ မြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

​သီးခြား ရပ်တည်နေသည့် တောင်ထွတ်တိုင်းက ကောင်းကင်ယံကို ထိုးဖောက်နေပြီး မြူခိုးများ ရစ်သိုင်းနေကာ နတ်ဘုံနတ်နန်းတစ်ခုနှင့် ဆင်တူလှချေသည်။

​မြင့်မားလှသည့် တောင်တန်းများကြားတွင် ရေတံခွန် အများအပြားက ငွေရောင်ဖဲကြိုးများကဲ့သို့ စီးကျနေပြီး ရေစီးသံများက လေထုထဲတွင် ပဲ့တင်ထပ်နေ၏။

​ထူးဆန်းသည့် ပန်းများနှင့် ရှားပါး ဆေးဖက်ဝင်အပင်များက တောင်တန်းများနှင့် လွင်ပြင်များတစ်လျှောက် ပွင့်လန်းနေကြကာ လန်းဆန်းစေသည့် ရနံ့များကို ထုတ်လွှတ်နေပြီး ရောင်စုံလိပ်ပြာလေးများက ပန်းများကြားတွင် ကခုန်နေကြလေသည်။

​"ဒါက အရမ်းလှတာပဲ..." စုပိုင်လောက စိတ်လှုပ်ရှားစွာဖြင့် သူ၏ ဖုန်းကို မြှောက်ကာ ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ ရိုက်ယူနေခဲ့သည်။

​ဝမ်ချန်ရှင်းက လေပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်၏။ "ဒီလေထုက ကမ္ဘာပေါ်က အောက်ဆီဂျင်ဘားတွေ အားလုံးထက် ပိုကောင်းတယ်...."

​ဝူထျန်ချင်းဆိုလျှင် ပန်းခင်းထဲတွင် လှဲချကာ လူးလှိမ့်နေရင်း "ဒီက ရှုခင်းရဲ့ လက်မတိုင်းကို ကျွန်တော် မှတ်ထားချင်တယ်ဗျာ..." ဟု ပြောလိုက်သည်။

​ဖန်ဖန် တစ်ယောက်တည်းသာ သူတို့နှင့်အတူ လိုက်မလာခဲ့ချေ။

​ကမ္ဘာမြေသို့ ပြန်ရောက်သွားသည့်အခါ ဤမျှ ပြင်းထန်သည့် ဝိညာဉ်ချီများ ရှိတော့မည်မဟုတ်သဖြင့် သူမက ဖူစံအိမ်တွင်သာ နေရစ်ခဲ့ပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် ရွေးချယ်လိုက်သည်။

​အင်မော်တယ် ကျင့်ကြံခြင်းဆိုသည့် ကြီးမြတ်လှသော တာအိုလမ်းစဉ်နှင့် ယှဉ်လိုက်လျှင် ရှုခင်းကြည့်ထွက်ခြင်းက သဘာဝကျကျပင် နောက်ကောက်ကျသွားခဲ့လေပြီ။

​ကျန်းယဲ့က သူ၏ နေ့ခင်းဘက် အချိန်များကို လူတိုင်းနှင့်အတူ ရှုခင်းကြည့်ထွက်ရာတွင် အသုံးပြုခဲ့ပြီး သူ၏ ညနေခင်းများကိုမူ ကျင့်ကြံခြင်းအတွက် မြှုပ်နှံထား၏။

​ထိုမပြည့်စုံသည့် ကျင့်စဉ်ကျမ်း၏ ဇာစ်မြစ်ကို မသိရသော်လည်း မထင်မှတ်ထားဘဲ ၎င်းက သူနှင့် လုံးဝ အံဝင်ခွင်ကျ ဖြစ်နေချေသည်။

​ညအချိန် တိတ်ဆိတ်ငြိမ်သက်သွားတိုင်း သူ၏ အတွင်းမှ ဝိညာဉ်ချီများ တဖြည်းဖြည်း ကြီးထွားလာနေသည်ကို သူ ခံစားရသည်။

​"ဒါရိုက်တာကျန်း... ဟိုဘက်ကို ကြည့်လိုက်ဦး..." ကွမ်ယွီလုံက ရုတ်တရက် အော်ဟစ်လိုက်ပြီး အဝေးဆီသို့ လက်ညှိုးထိုးပြလိုက်၏။

​ထိုနေရာရှိ တိမ်တိုက်များကြားတွင် ကြိုးကြာငှက်အုပ်ကြီးတစ်အုပ် ဖြတ်ပျံသွားကြပြီး သူတို့၏ အတောင်ပံစွန်းများက ခပ်သဲ့သဲ့လင်းလက်နေကာ နေဝင်ဆည်းဆာချိန်တွင် ၎င်းတို့၏ အလှအပက အသက်ရှူမှားလောက်အောင်ပင်။

​အိပ်မက်ဆန်လှသည့် ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းယဲ့က မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ရွှမ်ဝူတိုက်ကြီးဆီသို့ လာရသည့် ဤခရီးစဉ်က တကယ်ပင် တန်လှပေသည်။

​မထွက်ခွာမီလေးတွင် ကျန်းယဲ့က အဖွဲ့အစည်း အသီးသီးထံမှ အဆင့်မမီသည့် ဆေးလုံးများကို လက်ခံရရှိခဲ့၏။

​သူ အံ့အားသင့်သွားရသည်မှာ ၎င်းတို့ကို အဆင့်နိမ့်ဟု တံဆိပ်တပ်ထားသော်လည်း ဆေးလုံးများစွာမှာ သာမန်အကောင်းဆုံး ဆေးလုံးများနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် အရည်အသွေး အလွန်မြင့်မားနေပြီး ၎င်းတို့ကို အဖွဲ့အစည်းများက ဂရုတစိုက် ရွေးချယ်ပေးပို့ထားကြောင်း သိသာလှသည်။

​ထွက်ခွာမည့်နေ့သို့ ရောက်သည့်အခါ မြို့တံခါးဝတွင် ပို့ဆောင်နှုတ်ဆက်သူများဖြင့် စည်ကားနေ၏။

​ဖူကျီလီ၊ မြို့စားကြီး၊ တာအိုဆရာကြီး ရွှမ်ကျီနှင့် အခြားကျင့်ကြံသူများက အရှေ့ဆုံးတွင် ရပ်နေကြပြီး သူတို့၏နောက်တွင် ဆိုင်ခန်းအသီးသီးမှ ဆိုင်ရှင်များ ရှိနေကာ အနည်းငယ်လှမ်းသည့် နေရာတွင်တော့ ရေတွက်၍မရနိုင်သော သာမန်ပြည်သူများက စုဝေးနေကြသည်။

​လူတိုင်းက မြို့တော်တစ်ခုလုံးကို ကယ်တင်ပေးခဲ့သည့် ကျေးဇူးရှင်အား ကိုယ်တိုင်ကိုယ်ကျ လာရောက် နှုတ်ဆက်ချင်နေကြခြင်းပင်။

​"အားလုံးပဲ... ကျန်းမာအောင် နေကြပါ..." ကျန်းယဲ့က လူအုပ်ကြီးကို ဦးညွှတ် နှုတ်ဆက်လိုက်၏။

​ဖူကျီလီနှင့် အခြားသူများကလည်း အလျင်အမြန် ပြန်လည် ဦးညွှတ်လိုက်ကြသည်။ "ဂရုစိုက်သွားပါ စီနီယာ..."

​ထို့နောက် လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ကျန်းယဲ့က သူ၏ ဟင်းလင်းပြင် သိုလှောင်မှုထဲမှ ရှုခင်းကြည့် လျှပ်စစ်ကား သုံးစီးကို ထုတ်ယူလိုက်သည်။

​စုပိုင်လောနှင့် အခြားသူများက လျှပ်စစ်ကားပေါ်သို့ ကျွမ်းကျင်စွာ တက်လိုက်ကြပြီး နေရာယူကာ ပို့ဆောင်နှုတ်ဆက်နေသည့် လူအုပ်ကြီးကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ကြ၏။

​ဆယ်မိုင်ခန့် မောင်းနှင်လာပြီးနောက် ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိတော့ကြောင်း သေချာသွားသည့်အခါ လမ်းမအလယ်တွင် ငွေရောင်အချိန်ခရီးသွား ဘတ်စ်ကားကြီးတစ်စီးက တိတ်ဆိတ်စွာ ပေါ်လာလေသည်။

​ထို့နောက် အဖွဲ့သားများက ဘတ်စ်ကားပေါ်သို့ ပြောင်းစီးလိုက်ကြပြီး ဤမှော်ဆန်လှသည့် ကမ္ဘာမြေကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်ကြပြန်သည်။

​ယန်ကျုံးက ကားပြတင်းပေါက်ကို မှီကာ မြူခိုးများ ရစ်သိုင်းနေသည့် အဝေးမှ တောင်တန်းများကို ငေးကြည့်နေရင်း သူ၏ မျက်ဝန်းများထဲတွင် မခွဲခွာချင်သည့် အရိပ်အယောင်များ ပြည့်နှက်နေချေသည်။ "ငါတို့ နောက်တစ်ခါ ပြန်လာဖို့ အခွင့်အရေး ရဦးမလား မသိဘူးနော်..."

​ဝမ်ချင်ကလည်း တိုးညင်းစွာ သက်ပြင်းချလိုက်၏။ "ဒီလောက်လှတဲ့ နတ်ဘုံနတ်နန်းကြီးကို တစ်ခါမြင်ဖူးသွားရင် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ဘူးလေ..."

​ဝမ်ချန်ရှင်းကတော့ အတော်လေး အကောင်းမြင်နေဆဲပင်။ "ဒါရိုက်တာကျန်း ရှိနေတာပဲ... အနာဂတ်ကျရင် လာဖို့ နောက်ထပ် အခွင့်အရေး ရလာနိုင်တာပဲလေ..."

​ကျန်းယဲ့က ယာဉ်မောင်းထိုင်ခုံနောက်ရှိ ခုံတွင် ထိုင်နေရင်း ပြုံးကာ ပြောလိုက်၏။ "ဟုတ်တယ်... အနာဂတ်ကျရင် နောက်ထပ် အခွင့်အရေး ရလာနိုင်ပါတယ်..."

​သူ စကားပြောပြီးသည်နှင့် ဘတ်စ်ကားကြီးက ဖြည်းညှင်းစွာ စတင်ထွက်ခွာသွားပြီး ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများက ဝေဝါးပုံပျက်လာကာ နောက်ဆုံးတွင်တော့ စီးဆင်းနေသည့် အလင်းတန်းများနှင့် အရိပ်များအဖြစ် ပြောင်းလဲသွားတော့၏။

​ငွေရောင် ဘတ်စ်ကားကြီးသည်လည် နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားပြီး တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလား ဖြစ်သွားတော့သည်။

အခန်း ၄၂၂ပြီး၏။

All Chapters