← Chapters

တူညီတဲ့ စက်တင်၊ ကွဲပြားတဲ့ ဇာတ်ညွှန်း

Vol. 36 Ch. 357

တူညီတဲ့ စက်တင်၊ ကွဲပြားတဲ့ ဇာတ်ညွှန်း

Vol. 36 Ch. 357

ဤစကားကြားတော့ လိုက်စထွင်းခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။

ချန်ယွီ့၏ စကားလုံးများထဲတွင် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်တို့ ပြည့်နှက်နေသည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ ဧည့်ခန်းက ကောင်းစွာ မွမ်းမံပြင်ဆင်ထားပြီး ယင်းက အနည်းဆုံးတော့ ယွမ်သိန်းဂဏန်းအနည်းငယ်လောက်တော့ ကုန်ကျမှာ သေချာသည်။

သူက ရိုးရိုးရှင်းရှင်း ရှပ်အဖြူတစ်ထည်ကို ဝတ်ဆင်ထားသော်လည်း … ယင်းက သိုသိုသိပ်သိပ် နေချင်သောကြောင့် ဖြစ်လိမ့်မည်။

[ငါ့အထင် ဒီညီကိုက ဒုတိယမြောက် ‘ ငါကုန်းပေါ်တက်ချင်တယ်’ ပဲ ဖြစ်ရမယ် …]

[ သောက်ကျိုးနည်း … အဲ့လောက်ထိတော့ မဆိုးရွားနိုင်ပါဘူးမလား … ]

[ တူညီတဲ့ ဇာတ်အိမ်၊ တူညီတဲ့ ကာရိုက်တာစက်တင်၊ လွဲခဲတယ် … ]

[ ဒီသားအမိ စုံတွဲက သောက်ရမ်း ရက်စက်တာပဲ … လူ့သဘောသဘာဝကို ကောင်းကောင်း နားလည်နေကြတယ် … ]

[ ကံဆိုးချင်တော့ ဒီရဲ့ မောင်လေးက တကယ့် သူတော်စင်လို လူစားမျိုး ဖြစ်နေလိမ့်မယ်လို့ သူတို့တွေ မထင်ထားခဲ့ကြလောက်ဘူး … ]

ကွန်းမန့်များက အတော်မသတ်နိုင်အောင် ထွက်ပေါ်လာခဲ့သည်။

ဉာဏ်လျင်သည့် ကြည့်ရှုသူများက [ ငါကုန်းပေါ်တက်ချင်တယ် ]အကြောင်း စကားဟလိုက်သည်နှင့် ပူးပေါင်းကြံစည်မှု အနံ့အသက်များကို ရရှိနေကြပြီ ဖြစ်၏။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ ဇနီးနှင့် ယောက္ခမတို့ကလည်း သူ့ငွေကို မက်မောနေကြသူများ ဖြစ်လိမ့်မည်။

လွန်ခဲ့သော လအနည်းငယ်က [ ငါကုန်းပေါ် တက်ချင်တယ် ]နာမည်နှင့် ကြည့်ရှုသူတစ်ဦးက ချန်ယွီ့ထံ ဆက်သွယ်လာခဲ့သည်။

သူက အရက်သောက်ပြီးနောက် မိန်းမဖြစ်သူ၏ သူငယ်ချင်းကောင်းနှင့် မှားအိပ်မိခဲ့ကြောင်းကို မျက်နှာရှက်ရှက်နဲ့ လူတိုင်းထံသို့ ဖွင့်ပြောခဲ့၏။

၎င်းနောက် ချန်ယွီ့က ချက်ချင်းပဲ အမှန်တရားကို ထုတ်ဖော်ပြောကြားခဲ့သည်။

သူ့မိန်းမ၏ သူငယ်ချင်းကောင်းက အမှန်တော့ မိန်းမလုပ်သူ၏ ညီမအရင်း ဖြစ်နေလေသည်။

ညီအစ်မ နှစ်ဦးက အတူတကွ ပူးပေါင်းလုပ်ဆောင်ရင်း ထောင်ချောက်ဖန်တီးကာ သူ့မိသားစု ပိုင်ဆိုင်မှုများကို သိမ်းယူဖို့ ကြိုးပမ်းခဲ့ကြသည်။

တူညီသည့် ဇာတ်ညွှန်း။

တူညီသည့် ရိုက်ကွင်းအပြင်အဆင်။

တစ်ခုတည်းသော ကွာခြားသွားသည်ကတော့ … လူကို လိမ်လည်သည့်နည်းလမ်းများပင်။

အမျိုးသားတစ်ဦး၏ ဇနီးသည် ကိုယ်ဝန်ဆောင်နေချိန်တွင် ထိုအမျိုးသား၏ ဖောက်ပြန်နိုင်ချေ ရာခိုင်နှုန်းက အတော်လေး မြင့်မား၏။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ ဇနီးနှင့် ယောက္ခမတို့က ဤသည်ကို အသုံးချပြီး သူ့အား ပြဿနာရှာကာ ကွာရှင်းပြတ်ဆဲ၍ ပိုင်ဆိုင်မှုများကို မောင်ပိုင်စီးချင်နေပုံပေါ်သည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကို မြှူဆွယ်ဖျားယောင်းခဲ့သည့် အမျိုးသမီးများသည်လည်း ၎င်းတို့တွေ ပိုက်ဆံပေးပြီး ငှားထားသည့် အမျိုးသမီးများ ဖြစ်ရမည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က ဆွဲဆောင်ဖျားယောင်းမှုကို တောင့်မခံနိုင်တော့သည်နှင့် သူ့ဇနီးသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သူမအပေါ် ဖောက်ပြန်မိသွားလိမ့်မည်။

မဟုတ်လည်း ဤအတိုင်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု အချို့အနည်းငယ်လောက်မျှနှင့်ပင် အမေနှင့်သမီး နှစ်ယောက်က ချက်ချင်းလက်ငင်း ပြဿနာရှာကာ ဇနီးလုပ်သူ ကိုယ်ဝန်ဆောင်နေစဉ်၌ ဖောက်ပြားသည့် ယောက်ျားဟု ခေါင်းစဉ်တပ်ပြီး တရားစွဲဆိုလျှင်လည်း စွဲဆိုနိုင်သည်။

စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုရင်း [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ] နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် ခံစားသွားခဲ့ရတော့သည်။

ချန်ယွီ့နှင့် [ ငါ ကုန်းပေါ်တက်ချင်တယ်]တို့၏ လိုက်စထွင်းမှတ်တမ်းကို သူ ကြည့်ခဲ့ဖူး၏။

ထိုကဲ့သို့ တူညီသည့် အဖြစ်အပျက်မျိုးက သူ့တွင် ဖြစ်ပျက်လာလိမ့်မည်လို့တော့ ဘယ်တုန်းကမျှ စိတ်ကူးမယဉ်မိခဲ့ပါချေ။

“ ငါ့မိန်းမက ကိုယ်ဝန်ရှိချင်ယောင် ဆောင်နေတာများလား… မဟုတ်ဘူး မဖြစ်နိုင်ဘူး …. ငါ့မိန်းမက တကယ်ပဲ ကိုယ်ဝန်ရှိနေတာ ….”

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က မျှော်လင့်ချက် ကြိုးတစ်မျှင်လေးကို ဖမ်းဆွဲထားရင်း အခြေအနေက တူညီနေခြင်း မရှိဟု တွေးတောမိ၏။

သူမ ကိုယ်ဝန်ဆောင် ကျန်းမာရေး စစ်ဆေးသည့် အချိန်တိုင်း [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က သူမကို အဖော်လိုက်ပေးလေ့ရှိ၏။

ကိုယ်ဝန်အတုလုပ်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

[ ညီကို … မင်းတော်တော် ရိုးအတဲ့ကောင်ပဲ …. ကိုယ်ဝန်ဆောင်နေတဲ့အချိန် ဖောက်ပြန်တာက တရားစွဲဖို့ ပို လွယ်တယ် … ]

သူ့ရှေ့တွင် ပိုက်ဆံသုံးထားသည့် အထူးကွန်းမန့်တစ်ခု ထွက်ပေါ်လာသောအခါ [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ တစ်ကိုယ်လုံးရှိ သွေးများ အေးစက်သွားသည့်နှယ် ခံစားလိုက်ရသည်။

အစောပိုင်းတုန်းက သူ့စိတ်ထဲ လျစ်လျူရှုထားခဲ့မိသည့် ကိစ္စရပ်များစွာ ရုပ်မြင်သံကြားနှယ် ဦးနှောက်ထဲ ပြန်လည်မြင်ယောင်လာခဲ့သည်။

သူ့ မိန်းမ ကိုယ်ဝန်စရှိပြီဆိုကတည်းက ထူးဆန်းသည့် မိန်းမ အမျိုးမျိုးက သူ့ထံသို့ ရေလာမြောင်းပေး လုပ်လာကြသည်။

များပြားလွန်း၍ ၎င်းတို့၏ မက်ဆေ့ချ်များကိုပင် ဖျက်လို့ မနိုင်ပေ။

နောက်ဆုံး … သူ့ဝီချက် အကောင့်နှင့် ဖုန်းနံပါတ်ကိုပါ ပြောင်းလဲပစ်လိုက်၏။

သို့သော် မက်ဆေ့ချ်များကတော့ ဆက်တိုက် ဝင်လာနေဆဲပင်။

သူ တစ်ချိန်က လျစ်လျူရှုထားခဲ့မိသည့် အသေးအမွှား အပိုင်းအစလေး တစ်ခုချင်းစီတိုင်းက ယခုအခါ ဖြည်းဖြည်းချင်း တစ်ခုပြီးတစ်ခု ဆက်နွယ်လာသည်။

“ မင်းတို့ ပေါက်ကရတွေ လျှောက်မပြောကြနဲ့ ….” [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က စကားကို ခေတ္တရပ်နားပီဲးနောက် “ ဒီကိစ္စက အားလုံး ထင်နေသလို ဟုတ်ချင်မှလည်း ဟုတ်မှာ ….”

“ ဒေါက်တာချန် … ငါ့မိန်းမနဲ့ ယောက္ခမက ငါ့ကို မြှူဆွယ်ဖို့ အဲ့ဒီအမျိုးသမီးတွေကို ငှားယမ်းနေတယ်ဆို တကယ်ပဲလား ….” [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က စိုးရိမ်တကြီး မေးမြန်းလိုက်ပြီး “ တကယ်လို့ သူတို့က တစ်ခုခု ရချင်လို့ ငါ့ကို ဖောက်ပြန်စေချင်တာဆိုရင် …”

“ အိမ်ကလည်း ငါ့အပိုင် မဟုတ်ဘူး … ငါ့မိန်းမဘက်က ခန်းဝင်လက်ဆောင် …”

“ ငါ့မိသားစုက ပညာတတ် မိသားစုဆိုပေမယ့် ပိုက်ဆံအများကြီး ရှိတာ မဟုတ်ဘူး ….”

အကယ်၍ ကြည့်ရှုသူများ ပြောသည့်အတိုင်းသာ မှန်ကန်ခဲ့မည်ဆိုပါက သူ့မိန်းမနှင့် ယောက္ခမတို့နှစ်ဦးက အတူလက်တွဲပူးပေါင်းပြီး သူ့ကို ဖောက်ပြန်စေချင်သည့် အကြောင်းအရင်း တစ်ခုခုတော့ ကျိန်းသေပေါက်ကို ရှိရမည်။

ငွေအတွက်လား ….

ထိုအကြောင်းပြချက်က အလျင်အမြန်ပဲ ဖယ်ရှားခံလိုက်ရ၏။

သူ့ဘိုးဘွားမိဘများအားလုံးက ပညာတတ်များ ဖြစ်ကြ၏။

အိမ်တွင်တော့ ပိုက်ဆံ ဘယ်လောက်မှ မရှိကြပေ။

ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိသည့် ဤအိမ်ကြီးကို ယောက္ခမဖြစ်သူက မင်္ဂလာ ခန်းဝင်လက်ဆောင်အဖြစ် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်၏။

အိမ်ကို မွမ်းမံပြင်ဆင်ဖို့ရာအတွက်လည်း ယောက္ခမဖြစ်သူကပဲ ပိုက်ဆံထုတ်ပေးခဲ့သည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ ပိုင်ဆိုင်မှုက ယွမ်သိန်းဂဏန်း အနည်းငယ်လောက်ပဲ ရှိလေသည်။

ထိုစဉ် စကားပြောခန်းထဲ တစ်စုံတစ်ယောက်က အိမ်ကို ငှားထားခြင်း ဖြစ်နိုင်သည်ဟု ပြောလာတော့ [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]သည် ချက်ချင်းပဲ အိပ်ခန်းထဲသို့ ဖုန်းနှင့်‌ ပြေးသွားကာ ဗီရိုအံဆွဲထဲ မွှေနှောက်လှန်လောရှာဖွေရင်း ပိုင်ဆိုင်မှု စာချုပ်စာတမ်းကို ထုတ်ယူလိုက်၏။

“ အားလုံးပဲ တစ်ချက်ကြည့်ကြပါ… စာချုပ်မှာ ပိုင်ရှင်ရဲ့ နာမည်က ငါ့မိန်းမပဲ …”

“ငါ့မိန်းမက ငါ့ကို ငွေအတွက် လက်ထပ်ခဲ့တာ မဟုတ်ဘူး ….”

လူတိုင်း ယုံကြည်သွားစေရန်အတွက် [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က သူ့မိသားစု၏ ပိုင်ဆိုင်မှုများကို အသေးစိတ် ထုတ်ပြောလာသည်။

၎င်းတို့အားလုံး စုပေါင်းလိုက်လျှင်ပင် ဤအိမ်တစ်လုံးစာ တန်ဖိုး မရှိချေ။

သူ့မိန်းမ မောင်းသည့် ကားကလည်း နိုင်ငံခြားမှ တင်သွင်းလာသည့် ပြိုင်ကား ဖြစ်၏။ ယွမ်တစ်သန်းကျော် ပေးရသည်။

“ ဒီရဲ့လူနာ … မင်းအဲ့လောက်ထိလည်း စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး ….” ချန်ယွီ့ နှစ်သိမ့်ပေးလိုက်ပြီး “ မင်းမိန်းမက မင်းကို ငွေအတွက် လက်ထပ်ခဲ့တာ မဟုတ်ဘူးဆိုတာကို ငါ သက်သေခံနိုင်တယ် ….”

“ မင်းနဲ့ ကွာရှင်းပြီး မင်းရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို သိမ်းယူသွားဖို့လည်း ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး ….”

ဤစကားကြားတော့ [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ မျက်နှာထက်၌ အပြုံးတစ်ခုက ထပ်မံ ပေါ်ပေါက်လာလေသည်။

လည်ချောင်းဝသို့ ရောက်လုနီးပါး ဖြစ်နေသည့် သူ့နှလုံးက ဝမ်းဗိုက်အောက်ခြေသို့ ပြန်လည်လျှောဆင်းသွားခဲ့တော့သည်။

သူ့မိန်းမနှင့် ယောက္ခမတို့က နှလုံးသားမဲ့သူများ မဟုတ်ကြပေ။

အကုန်လုံးက ကြည့်ရှုသူများ၏ ချဲ့ကား ထင်မြင်ယူဆချက်များသာ ဖြစ်၏။ ၎င်းတို့၏ စိတ်ကူးယဉ်ဆန်မှုတို့ကလည်း သူ့အား သေမတတ် ထိတ်လန့်သွားစေသည်ထိအောင် ကြောက်ဖို့ကောင်းလွန်းလှသည်။

သို့သော် …

သူ့စိုးရိမ်ပူပန်မှုများ ပြောလျော့စပြုလာသည့် အချိန်မှာပဲ ချန်ယွီ့က သူ့နှလုံးသား တစ်ခုလုံး ရေခဲရေအေးအေးနှင့် လောင်းချလိုက်သည့်နှယ် အေးစက်သွားစေခဲ့ပြန်သည်။

“ သူတို့က မင်းကို အကုန်ဆုံးရှုံးအောင် မလုပ်ချင်ဘူးဆိုပေမယ့် မင်း ဒီအိမ်ထောင်စုထဲကနေ သေချာပေါက် ထွက်သွားရမှာပဲ ….”

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]သည် တစ်စုံတစ်ယောက်က သူ၏ ထုံထိုင်းစေသည့် အကြောကို နှိပ်လိုက်သည့်နှယ် ကုတင်ဘေး၌ ငိုင်တွေငေးမောကြောင်အမ်းစွာ မတ်တပ်ရပ်နေမိတော့၏။

ချန်ယွီ့ စကားလေးအနည်းငယ်ကို မကြားလိုက်ရမှာ စိုးသည့်အတွက် စကားပြောခန်းထဲရှိ ကွန်းမန့်များကလည်း သိသိသာသာ လျော့ကျသွားခဲ့လေသည်။

“ ငါ မင်းကို နောက်ထပ် ဖြေပေးနိုင်တာ တစ်ခု ရှိသေးတယ် ….” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ မင်းရဲ့ ဇနီးဗိုက်ထဲက ကလေးက မင်းကလေး ဟုတ်တာမှန်တယ် ….”

ယခုလေးတင်ပဲ ကြည့်ရှုသူ တော်တော်များများက [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ ဇနီးသည်တွင် အခြားသော ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိနေပြီး ယင်းက သူမ ဝမ်းဗိုက်ထဲရှိ ကလေးအတွက်ပဲ ဖြစ်နေနိုင်သည်။

ပမာအားဖြင့် သူမက မိသားစုအတွက် အမွေဆက်ခံသူကို မွေးပေးဖို့ ယောက်ျားတစ်ယောက်ယောက် လိုနေတာမျိုး ၊ မဟုတ်လည်း ကလေးကို တရားဝင်မွေးဖို့ မျိုးစေ့လိုနေတာမျိုးပင်။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့ကို အမြန်သာ ပြောလိုက်ပါတော့ကွာ … သူက ဘာကြောင့်မို့ ငါနဲ့ ကွာရှင်းချင်နေရတာလဲ ….”

သူ့မိန်းမအပေါ် သူ့ကိုယ်သူထက် ပိုချစ်ခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် … သူ့မိန်းမနဲ့ ယောက္ခမ သူ့အပေါ် ဒီလောက်ထိ မုန်းတီးမိအောင် ဘာတွေများ လုပ်မိခဲ့လဲဆိုတာကို သူ့ကိုယ်သူ နားမလည်နိုင် ဖြစ်နေသည်။

အဘယ်ကဲ့သို့သော အကြောင်းအရင်းများကြောင့် ကိုယ်ဝန်ရှိနေစဉ်ကာလ၌ပင် မိန်းမဖြစ်သူက သူနှင့် ကွာရှင်းချင်နေရသနည်း။

“ ဒီကိစ္စက မင်းမိန်းမနဲ့ ဘာမှမဆိုင်ဘူး … အဓိကက ဆုံးဖြတ်ချက် ချခဲ့တဲ့ မင်းယောက္ခမပဲ ….”

“ မင်းနဲ့ မင်းမိန်းမမှာ ကလေးရလာပြီးတော့ မင်းရဲ့ ယောက္ခမက ပိုက်ဆံတွေ အများကြီးသုံးပြီး မိန်းမ ကိုယ်ဝန်ဆောင်နေတဲ့အချိန် မင်းကို ဖောက်ပြန်ဖို့ မြှူဆွယ်ပေးမယ့် အမျိုးသမီးတွေကို ငှားယမ်းခဲ့တယ် ….”

“ ဒါပေမယ့် မင်းက သိပ်ကိုမှ ရိုးသားဖြောင့်မတ်တဲ့လူ ဖြစ်နေလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး …. ဘယ်လိုပဲ သွေးဆောင်သွေးဆောင် ... မင်းက ကျောက်တုံးကြီးလိုပဲ မတုန်မလှုပ် ရှိနေတယ် …”

“ အစကနေ အဆုံးထိဆို … သူငှားခဲ့တာ အယောက်တစ်ရာ နီးပါးလောက် ရှိမယ် …”

ထိုအထိ ပြောဆိုပြီးနောက် ချန်ယွီ့ ကူကယ်ရာမဲ့စွာဖြင့် ရင်ထဲ ခါးသက်စွာ ပြုံးလိုက်မိသည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ထံမှ ကွာရှင်းခွင့်လေး ရဖို့အတွက် ထိုမိန်းမက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က တစ်ချို့သော အမျိုးသမီးများကိုသာ နှစ်သက်သည်ဟု တွေးထင်မိသဖြင့် ထိုကဲ့သို့သော အမျိုးသမီးတွေကိုပဲ ရာနဲ့ချီပြီး ငှားယမ်းခဲ့၏။

ရင့်ကျက်တဲ့ အမျိုးသမီး။

ငယ်ငယ်ရွယ်ရွယ် ကောင်မလေး။

ရူးကြောင်ကြောင်နိုင်တဲ့ ကောင်မလေး။

ချစ်ဖို့ကောင်းတဲ့ မိန်းကလေး။

တုံးအအနိုင်တဲ့ အမျိုးသမီး။

အပြင်ပန်းမှာ အေးစက်စက်နိုင်ပြီး အတွင်းတွင်တော့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းသည် အမျိုးသမီး။

သန်မာပြီး အရာရာကို ဦးဆောင်နိုင်စွမ်း ရှိသည့် အမျိုးသမီး။

စသဖြင့် သူမ စဉ်းစားနိုင်သည့် မိန်းကလေးမျိုးစုံကို ရှာဖွေပြီး စေလွှတ်ခဲ့သည်။

သို့ပေမယ့် … အရာအားလုံးက အချည်းနှီးသာ ဖြစ်ခဲ့ရ၏။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ အကျင့်စရိုက်က သိပ်ကို ကောင်းမွန်လွန်းနေသည်။

သူက မျက်မှောက်ခေတ် သူတော်စင်တစ်ပါးနှင့်ပင် မခြားပေ။

ပထမ အစီအစဉ် မအောင်မြင်တော့ နောက် အစီအစဉ်တစ်ခုကို စီစဉ်လာသည်။

All Chapters