← Chapters

တကယ့်စုံတွဲအစစ်က သူတို့နှစ်ယောက်ပဲ

Vol. 36 Ch. 358

တကယ့်စုံတွဲအစစ်က သူတို့နှစ်ယောက်ပဲ

Vol. 36 Ch. 358

များပြားလှသည့် အမျိုးသမီးများက [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကို ဆက်တိုက် ဆွဲဆောင်နေစဉ် …

အိမ်၌ သူ့မိန်းမနှင့် ယောက္ခမက [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကို ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ညှင်းပန်း နှိပ်စက်ခဲ့ကြ၏။

နည်းလမ်းနှစ်မျိုးကို အတူပူးပေါင်းလိုက်လျှင် သူမ ကျိန်းသေပေါက် [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကို ဖောက်ပြန်ဖို့ တွန်းအားပေးနိုင်ပြီး သူ့ဘက်ကပင် အလျဉ်ဦးစွာ ကွာရှင်းပြတ်ဆဲဖို့ တောင်းဆိုလာမည်မှာ ကျိန်းသေသည်။

“ ငါ ဘာအမှားမှလည်း မလုပ်ခဲ့တာကို သူတို့ ဘာကြောင့် ငါ့အပေါ် ဒီလိုတွေ လုပ်ရက်ရတာလဲ ….”

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က နာကျင်နေသည့် အမူအရာဖြင့် မေးမြန်းလိုက်၏။

ကိုယ်ယုံကြည်ပြီး မြတ်နိုးရသူ တစ်စုံတစ်ဦးထံမှ သစ္စာဖောက်ခံရသည်ထက် နာကျင်ဖွယ်ကောင်းသည့်အရာ မရှိနိုင်တော့ချေ။

“ အင်း ……”

ချန်ယွီ့က ရှားရှားပါးပါး အခက်တွေ့နေသည့် မျက်နှာအမူအရာ တစ်ခုကို လှစ်ဟာပြသလာခဲ့၏ ။

“ မင်းမိန်းမက မင်းအပေါ် ခံစားချက် မရှိဘူးဆိုပေမယ့် … “ ချန်ယွီ့ အနည်းငယ် တွေးတောပြီးနောက် “ မင်း သူ့အပေါ် ဘယ်လောက်တောင် ကောင်းလဲဆိုတာကိုတော့ ခံစားမိတယ်….”

“ မင်းက လူကောင်းဆိုတာလည်း သူ သိတယ် … ဒါကြောင့်မို့ မင်းကို မမုန်းဘူး ….”

“ မင်းကို တကယ်မုန်းတီးနေတဲ့လူက မင်းရဲ့ ယောက္ခမ … မင်းအပေါ် မုန်းနေတဲ့ အမုန်းတရားတွေက ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့ အဆင့်ထိကို ရောက်နေပြီ ….”

“ သူ့မျက်လုံးထဲမှာ မင်းက ပိုးဟပ်လိုကောင် ၊ ကပ်ပါးကောင်နဲ့ မခြားဘူး …”

“ ငါ့ကို အဲ့လောက်တောင် မုန်းနေတယ်ဆိုလည်း ဘာကြောင့် သူ့သမီးနဲ့ ငါ့ကို ပေးစားခဲ့သေးလဲ …” [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က မကျေမချမ်း ဖြစ်စွာ မေးခွန်းထုတ်လိုက်၏။

“ ဘာလို့ဆိုတဲ့ မင်းက ရိုးသားတဲ့လူဖြစ်နေလို့ပဲ … ပြီးတော့ မင်းရဲ့ အခြေအနေတွေကလည်း မဆိုးလှဘူးလေ …”

ချန်ယွီ့၏ စကားလုံးများက သူ့ခေါင်းတစ်ခုလုံးကို ပူထူသွားစေခဲ့လေသည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]သာလျှင် ရှုပ်ထွေးနေသည် မဟုတ်ဘဲ ကြည့်ရှုသူများလည်း နားမလည်နိုင် ဖြစ်နေကြ၏။

ချန်ယွီ့ပြောတာ ကလေးကတော့ ဒီညီကိုရဲ့ သွေးသားစစ်တာ မှန်တယ် …

နောက်ပြီး … ဒီညီကိုက ပိုက်ဆံချမ်းသာတဲ့လူလည်း မဟုတ်ဘူး …

သူ့မိန်းမက သူ့ကို လှည်းကြိုးထမ်းခိုင်းဖို့ … ၊ ဒါမှမဟုတ် သူ့ငွေတွေကို လိုချင်လို့ လက်ထပ်ခဲ့တာ မဟုတ်တာတော့ ကျိန်းသေတယ် …

ဤသည်တွင် ပြဿနာက ဟိုးအစသို့ ပြန်ရောက်သွားခဲ့သည်။

တကယ်လို့ သူမက ဘာမှ မလိုချင်ဘူးဆိုရင် ဘာကြောင့်များ ဒီလောက်တောင် ကွာရှင်းချင်နေရတာလဲ …

“ အခု မင်းရောက်နေတာ မင်းတို့ အိပ်ခန်းထဲ ဟုတ်တယ်နော် ….” ချန်ယွီ့ ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က ခေါင်းညိတ်လိုက်၏။

“ မင်းရဲ့ ဇနီး … ၊ သူ ကိုယ်ဝန်ရပြီဆိုကတည်းက ဒီမှာ အိပ်ဖူးလား ….”

ချန်ယွီ့ ဘာကြောင့် ဒီမေးခွန်း မေးလဲဆိုတာကို သူ နားမလည်သော်လည်း အမှန်အတိုင်း ဖြေဆိုခဲ့ဆဲပင်။

သူ့မိန်းမ ကိုယ်ဝန်စရပြီးကတည်းက ယောက္ခဖြစ်သူက သူ့မိန်းမကို သူမအခန်းထဲ အိပ်ခိုင်းခဲ့သည်။

ထိုအတိုင်းက သူ့သမီးကို ပိုပြီး ဂရုစိုက်ရ အဆင်ပြေသည်ဆိုပင်။

“ မင်းရဲ့ ယောက္ခမက မင်းဇနီးနဲ့ ရုပ်ချင်း မတူတာကိုရော သတိထားမိလား ….” ချန်ယွီ့ မေးလိုက်သည်။

“ သားအမိတွေ မဟုတ်ကြဘဲ ညီအစ်မတွေနဲ့ ပိုမတူဘူးလား ….”

ဤ မေးခွန်းစာသားက [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကို ကြက်သေသေသွားစေခဲ့လေသည်။

သူ့ယောက္ခမက ဤနှစ်တွင် အသက် ငါးဆယ့်ငါးနှစ် ရှိပြီဆိုသော်လည်း [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ အမြင်တွင်တော့ လေးဆယ် အစောပိုင်းမျှသာ ရှိသည်ဟု ထင်ရ၏။

သူမ ဘာကြောင့် ဤမျှထိ အရွယ်တင်နေရလဲဆိုတာကတော့ …

ပိုက်ဆံ ချမ်းသာသောကြောင့် ဖြစ်လိမ့်မည်။

အလှအပ ကုထုံးမျိုးစုံ၊ အရေပြား စောင့်ရှောက်မှုမျိုးစုံကို ပြုလုပ်ပြီးမှသာ ဤသို့သော အရွယ်တင်နုပျိုသည့် အလှတရားမျိုးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က သူ့စကား အဓိပ္ပာယ်ကို သဘောမပေါက်နိုင်သေးတာ မြင်တော့ ချန်ယွီ့ ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

“ မင်းရဲ့ ဇနီး ကိုယ်ဝန်မရခင်တုန်းက သူ မကြာခဏဆိုသလို ညဘက် ယောက္ခမအခန်းထဲ သွားသွားအိပ်လေ့ မရှိဘူးလား ….”

“ ညသန်းခေါင် အချိန်လောက်ဆို ထူးထူးဆန်းဆန်း အသံတွေရော ကြားရလေ့ မရှိဘူးလား ….”

ချန်ယွီ့ ထိုစကားပြောလိုက်သည့် အချိန်မှာပဲ လိုက်စထွင်းခန်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်တော့သည်။

[ ဒါ လိုက်စထွင်းထဲမှာ ပြောလို့ရတာလား …. ဒါ လိုက်စထွင်းလွှင့်ရင်း ပြောလို့ရတဲ့ အရာလား …..]

[ တစ်ခြား လိုက်စထွင်းအခန်းတွေမှာတော့ မရလောက်ဘူး … ဒါပေမယ့် ဒေါက်တာချန်ရဲ့ လိုက်စထွင်းအခန်းထဲမှာတော့ ကျိန်းသေပေါက် အိုကေတယ် …]

[ သောက်ကျိုးနည်း … ဒေါက်တာချန်ရဲ့ လိုက်စထွင်းတွေကတော့ လူကို ဘယ်တော့မှ စိတ်မပျက်စေဘူးပဲ …]

[ တော်တော်သနားဖို့ကောင်းတဲ့ကောင်ပဲ … သူ့ကို ဆုတောင်းပေးဖို့ Like လေးတွေ နှိပ်ပေးခဲ့ကြပါ … ]

[ ငါ‌အခု နောက်ဆုံးတော့ သူ့ယောက္ခမက သူ့ကို မုန်းနေတယ်ဆိုပြီး ဒေါက်တာချန် ဘာလို့ ပြောလဲဆိုတာ နားလည်သွားပြီ … ]

[ ငါလည်း နားလည်သွားပြီ … အချစ်ကြောင့် အမုန်းဆိုတာ ဖြစ်ပေါ်လာတာပဲ … ]

ကြည့်ရှုသူများ၏ ကွန်းမန့်များက ဆန်းကြယ်ပြီး ရှုပ်ထွေးနေကာ [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]မှာ စကားတစ်လုံးပင် နားမလည်နိုင်ဘဲ ဖြစ်နေရ၏။

သို့ပေမယ့် … သူ ကိုင်တွယ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည့် အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားမှန်းတော့ နားလည်နေသည်။

“ ဒေါက်တာချန် … သူတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲတဲ့ ….” [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က တုန်ယင်နေသည့် အသံဖြင့် မေးမြန်းလိုက်၏။

“ အချစ်ကြောင့် မုန်းတီးမှု ဖြစ်ပေါ်လာတယ်ဆိုတာက ဘာကို ပြောချင်တာ ….”

“ ဟင်း … ကိုယ့်လူကတော့ တကယ့်ကို ရိုးသားလွန်းတယ် …”

ချန်ယွီ့ ခါးသက်စွာ ပြုံးလိုက်ရင်း “ အစကနေ ပြန်စပြီး ပြောကြရအောင် …”

“ မင်းရဲ့ ဇနီးက ယောက္ခမ အခန်းထဲမှာ ထူးဆန်းတဲ့ ဆူညံသံတွေ မကြာခဏ လုပ်နေတာကို ကြားဖူးတယ်မလား ….”

“ အင်း … “ သူ ပြန်ပြောလိုက်ပြီး “ ငါ့မိန်းမကို မေးကြည့်တော့ သူတို့ စကားပြောရင်း ရယ်နေကြတာတဲ့ …..”

ဤသည်ကိုကြားတော့ ချန်ယွီ့ ဆလံသလိုက်မိသည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က ခေတ်သစ် သူတော်စင် တစ်ဦးသာမက ၊ တကယ့်တကယ် အစစ်အမှန် ရိုးသားသူ တစ်ဦးပင်။

ချန်ယွီ့၏ စကားတို့က အမှန်တရားကို သိရှိဖို့ လုံလောက်အောင် သွယ်ဝိုက်ပြောဆိုနေပြီး ဖြစ်သည်။

ထပ်ပြီး ကွေ့ဝိုက်ပြောရလျှင်လည်း တည့်တိုးပြောရုံသာ ကျန်တော့၏။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကတော့ ဘာမှမသိသည့် အမှောင်ထုထဲမှာပဲ ရှိနေရစ်လေသည်။

“ မင်းဇနီးနဲ့ ယောက္ခမရဲ့ အင်္ကျီအဝတ်အစားတွေက အတော်လေး ဆင်တူတယ်လို့ မထင်ဘူးလား …” ချန်ယွီ့ ကူကယ်ရာမဲ့စွာဖြင့် ဘာမျှ မသိနားမလည်သည့် အမူအရာဖြစ်နေသည့် သကောင့်သားကို ကြည့်ပြီး မေးလိုက်သည်။

“ စုံတွဲဝတ်စုံလို့ ထင်ရလောက်တဲ့အထိပေါ့ ….”

“ သားအမိတွေ စုံတွဲဝတ်စုံ ဝတ်တယ်ဆိုတာ သာမန်ပဲ မဟုတ်လား ….”

ယခုအချိန်ထိတိုင် သူ့မှာ နားမလည်နိုင် ဖြစ်နေရသည်။

[ ညီကို … မင်း နားမလည်ချင်ယောင်‌ ဆောင်နေတာတွေ တော်လိုက်ပါတော့ … ]

[ ဟေ့ အပေါ်ကလူ … ခင်များ စကားပြောနေတာတွေ တော်စမ်း … ဒီမှာ ကျုပ် လောကကြီးပေါ် ကျိုးကြေသွားတဲ့ ကျုပ်ရဲ့ အမြင်တွေကို လိုက်ပြီး ကုန်းကောက်နေတာ … ]

[ ငါ အမှန်အတိုင်း ပြောပြမယ်ကွာ … မင်းရဲ့ ဇနီးက မင်းရဲ့ ဇနီးမဟုတ်ဘူး … ပြီးတော့ မင်းရဲ့ ယောက္ခမကလည်း မင်းရဲ့ ယောက္ခမ မဟုတ်ဘူး … တကယ့်စုံတွဲက သူတို့နှစ်ယောက် …. ]

[ ဒီတိုင်း တည့်တိုးကြီး ပြောလိုက်တာ အဆင်ပြေလို့လား … ]

[ ဒေါက်တာချန်က သူ့ကို သနားပြီး အမှန်အတိုင်း မပြောရက်ဘူးဆိုမှတော့ ငါတို့ကောင်တွေပဲ လူမိုက် လုပ်လိုက်ကြတာပေါ့ … ]

[ အဟွန့် … အချောလေး … နင် စိတ်ကို ခိုင်ခိုင်ထားရမယ်နော် …. ငါ သူ့အစား နင့်ဇနီး လာလုပ်ပေးမယ်လေ … ]

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]မှာ ကြည့်ရှုသူများက ဘာတွေ ပြောနေကြလဲဆိုတာကို ယခုထိ နားမလည်နိုင်သေးပေ။

သူ နားမလည်လည်း ကိစ္စမရှိ။ ဂူဂဲလ်ခေါက်လိုက်၍ရသည်။

စာကြည့်ခန်းထဲသို့ သွားပြီး ကွန်ပျူတာကို ဖွင့်၍ စကားပြောခန်းထဲ ကြည့်ရှုသူတို့ သုံးနှုန်းနေသည့် လက်ဖက်ဆီပြန် ဘာညာသာရကာများအား ရိုက်ထည့်ပြီး ရှာဖွေကြည့်လိုက်၏။

ချက်ချင်းဆိုသလို အသစ်ဂျတ်ချွတ် လောကအသစ်တစ်ခုက သူ့မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

နှစ်သိမ့်ပြီး စာနာသနားသည့် ကွန်းမန့်အများအပြားက စကားပြောခန်းထဲ ထွက်ပေါ်လာခဲ့တော့သည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ရဲ့ အခြေအနေက သနားဖို့ကောင်းလား …

အမ် …. သနားဖို့ကောင်းလားဆိုတာထက် လောကစကြာဝဠာကြီးရဲ့ ကျီစယ်တဲ့ ပြဇာတ်တစ်ပုဒ်လို့ ပြောရင် ပိုမှန်မလား …

“ မဟုတ် … မဟုတ်မှလွဲရော သူတို့က ငါ့ရဲ့ မျိုးစေ့ကို ငှားပြီး သူတို့ အိုမင်းလာတဲ့အချိန် မှီခိုစရာ ကလေး တစ်ယောက်ယောက် လိုချင်လို့များလား….”

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ တစ်ကိုယ်လုံးရှိ သွေးများ အေးစက်သွားရသည်။

ဖုန်းကို ကိုင်ထားသည့် သူ့လက်ကလည်း ဆက်တိုက် တုန်ယင်နေသည်။

အစောပိုင်းတုန်းက သူ နားမလည်ချင်ယောင် ဆောင်နေခဲ့တာ မဟုတ်ပေ။ သူ တကယ်ကို နားမလည်ခဲ့တာ ဖြစ်၏။

ကွန်ပျူတာစခရင်ကို ငေးမောရင်း ရင်ဘက်ကြီးတစ်ခုလုံး စုတ်ပြတ်သပ်သွားခဲ့၏။

[ ယောက်ျားပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် အိမ်ထောင်ရေးမှာ ဖောက်ပြားတဲ့လူက ကိုယ်ကျင့်တရားမကောင်းတဲ့ လူယုတ်မာပဲ ]

[ ခင်ပွန်းနဲ့ ဇနီးသည်နှစ်ယောက်လုံးက သနားစရာလေးတွေပါပဲ … သူတို့ကို မျှမျှတတပဲ ဆက်ဆံပေးကြပါ… ]

[ ဒီနေရာမှာ ယောက်ျားမိန်းမဆိုတဲ့ လိင်ကွဲပြားမှုတွေကို ခဏမေ့ထားလိုက် … သူက သောက်ကျိုးနည်း နစ်နာသူကွ … ]

[ အမှန်တော့ ငါတို့ယောက်ျားသားတွေဆိုတာ ဘယ်ဘက်ကကြည့်ကြည့် ခံဘက်ကချည်းပါပဲ … ကိုယ့်မိန်းမ ကိုယ့်အပေါ် ဖောက်ပြန်သွားတယ်ဆိုရင်လည်း လူတွေက မင်း အသုံးမကျလို့ဆိုပြီး လာတာ … ကိုယ်က ဖောက်ပြန်ခံရရုံတင်မကဘူး ၊ လူတွေကလည်း ကိုယ့်ကို အမျိုးမျိုး မကောင်းပြောကြဦးမယ် ]

တုန်ယင်နေသည့် ကင်မရာမြင်ကွင်းကတစ်ဆင့်၊ [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]သည် လဲပြိုလုနီးပါး ဖြစ်နေသည်ကို ကြည့်ရှုသူတို့ ခန့်မှန်းဖို့ မခဲယဉ်းပေ။

တွေးကြည့်ပြန်လျှင်လည်း ယုတ္တိတော့ရှိ၏။

ထိုသို့ တွေ့ကြုံခံစားရသည့် မည်သူမဆို ရင်ဘက်ကြီးတစ်ခုလုံး မိုးပြိုမတတ် ခံစားသွားရမည်မှာ မလွဲမသွေပင်။

ယောက္မမကလည်း သူ့ယောက္ခမ မဟုတ်သလို ၊ မိန်းမကလည်း သူ့မိန်းမ မဟုတ်ခဲ့ချေ။

ထိုနှစ်ယောက်က စုံတွဲတွေ ဖြစ်နေခဲ့ကြ၏။

“ ကလေးကြောင့်ပဲ …”

ချန်ယွီ့ ခေါင်းညိတ်ပြီး ဆက်ပြောသည်။ “ သူတို့ ဒီကလေးကို လိုချင်တာက သူတို့ဘာသူတို့ မမွေးနိုင်တာကြောင့်တင် မဟုတ်ဘူး … အသက်ကြီးလာရင် မှီခိုအားထားစရာ လိုချင်တာကြောင့်လည်း ပါတယ် …”

“ နောက် အရေးကြီးဆုံးကတော့ … ကလေးက သူတို့ဆီကို အတိုင်းအဆမဲ့တဲ့ ကြွယ်ဝချမ်းသာမှုတွေ ယူဆောင်လာပေးနိုင်တယ် …”

All Chapters