← Chapters

ငါ့ကို အနည်းဆုံး အကြောင်းပြချက်လေးတော့ ပေးပါ

Vol. 36 Ch. 360

ငါ့ကို အနည်းဆုံး အကြောင်းပြချက်လေးတော့ ပေးပါ

Vol. 36 Ch. 360

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ ယောက္ခမဖြစ်သူ၏ ခင်ပွန်းက ကော်ပိုရေးရှင်း အကြီးစားတစ်ခု၏ ကုမ္ပဏီသူဌေးကြီးပင်။

ယင်းက မိသားစု စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်၏။

သူ့ ဆွေမျိုးသားချင်း များစွာကလည်း အုပ်စု၏ စီမံခန့်ခွဲရေးပိုင်းတွင် မတူညီသည့် ရာထူးနေရာမျိုးစုံကို ရယူထားလေသည်။

သူမခင်ပွန်း ကွယ်လွန်သွားသည်နှင့် အမွေဆက်ခံရေးကိစ္စသည်လည်း ပြဿနာ ဖြစ်လာမှာ ဖြစ်ပြီး အတော်လေး ရှုပ်ထွေးလာပေလိမ့်မည်။

ဤအကြောင်းကြောင့်ပဲ [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ ယောက္ခမက ကလေးတစ်ဦးကို မွေးစားဖို့အထိ စိတ်ပိုင်းဖြတ်ပြီး သူမ၏ အမွေဆက်ခံပိုင်ခွင့်ကို ခိုင်မာလိုစေခဲ့ခြင်းပင်။

သို့ပေမယ့်လည်း … သွေးမတော်သားမစပ်သည့် အခြားသူ တစ်ဦး၏ ကလေးတစ်ယောက်ကို မွေးစားဖို့က သူမစိတ်ထဲ တစ်မျိုးကြီး ဖြစ်နေမိသည်။

ထို့ကြောင့် ချစ်သူကောင်မလေးကို [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ ဇနီးလုပ်ခိုင်းဖို့ စီစဉ်လိုက်၏။

နှစ်ယောက် လက်ထပ်ပြီး ကိုယ်ဝန်ရလာသည့်အခါ၌ သူမက ကလေးအဖေကို မောင်းထုတ်ပစ်လိုက်မည်။

ကလေးမွေးဖွားလာပြီးနောက်တွင် သူမက နည်းလမ်းရှာ၍ ကလေးကို မိဘမဲ့ဂေဟာသို့ ပို့ပြီး ပြီးသည့်နောက်တွင် ပြန်ပြီး‌ ခေါ်ယူမွေးစားပေမည်။

မိမိချစ်သူကောင်မလေး၏ သွေးသားဖြစ်သဖြင့် သူမ၏ သွေးသားဆိုလည်း မမှားပေ။

ကံမကောင်းချင်တော့လည်း မိုးနတ်မင်းကြီးက သူမ၏ ဆန္ဒများအတိုင်း ဖြစ်ပျက်လာခွင့် မပြုခဲ့ပေ။

ခင်ပွန်းဖြစ်သူ ရုတ်တရက် သေဆုံးသွားမှုက သူမ၏ စီစဉ်ထားမှုများအားလုံးကို သဲထဲရေသွန် ဖြစ်သွားစေခဲ့လေသည်။

ထိုအထိ ပြောဆိုလာခဲ့ပြီးနောက် ချန်ယွီ့က စကားကို ခေတ္တရပ်နားထားလိုက်သည်။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ] စိတ်တည်ငြိမ်သည်အထိ စောင့်ဆိုင်းပြီးတော့မှ ချန်ယွီ့ စကားကို ဆက်၏။

“ ဒီကိစ္စကို အများသိအောင် ကြေညာလိုက်တာနဲ့ မင်းယောက္ခမရဲ့ စည်းစိမ်ဥစ္စာအတွက် တိုက်ပွဲဝင်မယ့် ကိစ္စကို အကြီးအကျယ် နစ်နာသွားစေလိမ့်မယ် …”

“ ဘယ်လိုရှုပ်ထွေးမှုမျိုးကိုမဆို ရှောင်ကြဉ်ဖို့အတွက် မင်း စိတ်ကူးတောင် မယဉ်ဖူးတဲ့ ငွေပမာဏတစ်ခုနဲ့ ကမ်းလှမ်းပေးလာလိမ့်မယ် …”

“ အဲ့တာပြီးရင်တော့ တရားရုံးမှာ ခင်ပွန်းဖြစ်သူရဲ့ ဆွေမျိုးသားချင်းတွေနဲ့ အမွေရရှိဖို့အတွက် အချိန်အကြာကြီး တိုက်ပွဲဝင်ရလိမ့်မယ် ….”

အနည်းငယ် စဉ်းစားပြီးနောက် ချန်ယွီ့က [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ထံ သီးသန့် မက်ဆေ့ချ်ပို့လိုက်သည်။

“ မင်းရဲ့ ဇနီးနဲ့ ပတ်သက်လို့ကတော့ သူ့ချစ်သူက အမွေရပိုင်ခွင့်အတွက် တိုက်ခိုက်နေတာနဲ့ပဲ ပစ်ပယ်ထားခံရသလို ဖြစ်လာလိမ့်မယ် …”

“ အဲ့လိုနဲ့ တဖြည်းဖြည်း ကြာလာတော့ မကျေမနပ်ဖြစ်လာပြီး နောက်အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်သွားလိမ့်မယ် …”

“ သူ မွေးထားတဲ့ ကလေးကတော့ သူ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာမယ် ….”

ချန်ယွီ့ပို့လာသည့် သီးသန့် မက်ဆေ့ချ်ကို မြင်တော့ သူ ရှော့ခ်ရသွားခဲ့သည်။

အနည်းငယ် စဉ်းစားပြီးနောက် သူ ချန်ယွီ့ထံသို့ သီးသန့်မက်ဆေ့ချ် ပြန်ပို့လိုက်၏။

“ ဒါဆို သဘောက သူ ငါ့ဆီ ကလေးပြန်ပေးမယ်ပေါ့နော် …”

“ ငါ အခု ပြောသွားတာတွေက လက်ရှိ အခြေအနေအပေါ် သုံးသပ်ပြီး ကျိုးကြောင်းဆီလျော်မှု ရှိတဲ့ ကောက်နုတ်ချက်တွေ သပ်သပ်ပဲ ….”

“ နောင်အနာဂတ်မှာ အပြောင်းလဲတစ်ခုခု ရှိလာမလားဆိုတာနဲ့ ပတ်သက်ပြီးကတော့ …. ၊ ငါလည်း အာမ မခံရဲဘူး ….”

ချန်ယွီ့ ပြုံးလျက် ဆိုလိုက်သည်။

“ ဒေါက်တာချန် ပြောတဲ့အရာတွေအားလုံးကို ငါ အမှတ်ရနေမှာပါ ….”

“ ငါ မင်းပြောတဲ့အတိုင်းလုပ်မယ် … ဒီမှာနေပြီး သူတို့ ပြန်လာတာကို စောင့်မယ် …”

သူ အသက်ပြင်းပြင်း ရှိုက်လိုက်၏။

ကိစ္စရပ်များက ဤအခြေအနေသို့တိုင် ရောက်လာခဲ့ပြီ ဖြစ်ရာ ချန်ယွီ့ ညွှန်ကြားသည့်အတိုင်းပဲ လုပ်ဆောင်ဖို့ တတ်နိုင်လေသည်။

ယွမ်တစ်သောင်းပေးချေပြီးနောက် လိုင်းပေါ်က ဆင်းသွားတော့၏။

ချန်ယွီ့ တိတ်တဆိတ် ပြုံးရင်း ကြည့်ရှုသူများ၏ များပြားလှသည့် မေးခွန်းကွန်းမန့်များကို ကြည့်နေလျက်ရှိသည်။

ဘဝတွင် အသက်တစ်ရာမနေရသော်လည်း ထူးဆန်းသည့် အရာ ကိစ္စမျိုးစုံနှင့်တော့ ကြုံတွေ့နိုင်သည်။

အနာဂတ်တွင် ပြောင်းလဲမှုတွေ အများကြီး ရှိလာဦးမှာ ဖြစ်၏။

[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကို သူ ပေးခဲ့သည့် အကြံဉာဏ်များက လက်ရှိ အခြေအနေအပေါ် ဆန်းစစ်သုံးသပ်ပြီး ပြဿနာကို အကောင်းဆုံးကိုင်တွယ်နိုင်မည့် နည်းလမ်းများပင်။

သူ့ လုပ်ရပ်များက ချန်ယွီ့ ညွှန်ကြားသည့် လမ်းကြောင်းနှင့် အနည်းငယ် ဆန့်ကျင်သွားသည်နှင့် ထွက်ပေါ်လာသည့် ရလဒ်များလည်း တစ်မျိုးတစ်မည် ဖြစ်သွားပေလိမ့်မည်။

ဤအကြောင်းကြောင့်ပဲ အနာဂတ်သည်လည်း ပြောင်းလဲသွားပေမည်။

“ ကဲ … ဒုတိယ လူနာကို ဖိတ်ခေါ်လိုက်ကြရအောင် ….”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ] အွန်လိုင်း အသုံးပြုသူ အမည်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက စခရင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။

“ ဒေါက်တာချန် ….” [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က ချန်ယွီ့ ဘာမျှ မပြောနိုင်ခင်မှာပဲ “ ငါ့မိန်းမ အပြင်မှာ နောက်တစ်ယောက် ရှိနေတယ်လို့ ထင်တယ် …”

“ ဒါပေမယ့် မသေချာဘူး … ဒါကြောင့် သေချာအောင်လို့ ဒေါက်တာချန်ကို မေးချင်တယ် …”

ကြည့်ရှုသူများမှာ ယခင်ကထက်ပင် ပိုပြီး တက်ကြွကုန်ကြ၏။ ကြက်ဝဖိုင့်ဖိုင့် တစ်ကောင်ကို မြင်တွေ့လိုက်ရသည့် ဝံပုလွေများနှယ် ဖြစ်နေကြလေသည်။

ရှေ့လူနာက ယောက္ခမဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံခဲ့ရသည်။

ယခုလူနာသည်လည်း အလားတူ မေးခွန်းများ မေးမြန်းလာနေသည်။

ဧကန္တ … ဒီနေ့က ဖောက်ပြန်ခံရတဲ့စုံတွဲ ဘူဖေးများလား …

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ] ကြည့်ရသည်မှာ အသက် လေးဆယ် အရွယ်လောက်တော့ ရှိပြီ ဖြစ်သည်။

သူ့ကြည့်ရသည်မှာ သဘောကောင်းသည့် လူကောင်းတစ်ဦးနှင့်တူသည်။ သို့သော် လက်ရှိတွင်တော့ မျက်နှာထက်၌ စိတ်အားငယ်မှုတို့ ပြည့်နှက်နေလျက်ရှိ၏။

သူ့လေသံထဲ တစ်စိတ်တစ်နေရာ၌ ဖော်ပြမရနိုင်သည့် ဝမ်းနည်းကြေကွဲမှုတို့လည်း ရှိနေသည်။

“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး အခြေအနေကို တိတိကျကျလေး ပြောပြပေးပါ … ကျွန်တော်က ခင်များပြောပြသွားတာတွေကို သိပ္ပံနည်းကျကျ ဝေဖန်ဆန်းစစ်သွားမှာပါ ….”

“ ဟင်း ….”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က သက်ပြင်းချလိုက်သည်။

ချန်ယွီ့ထံမှ အကူအညီ မတောင်းမီ သူ တော်တော်လေးကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ယူခဲ့ရ၏။

အကယ်၍ သူ့မိသားစု၏ အိမ်တွင်းရေး ပြဿနာများကို အများ၏ ရှေ့မှောက်သို့ ပြောပြဖို့ဆိုသည်မှာ ကိုယ့်ပေါင်ကို လှန်ထောင်းသည်နှင့် မခြားပေ။ မရေမတွက်နိုင်သည့် လူများ၏ လှောင်ရယ်စရာ ကိစ္စရပ် ဖြစ်လာနိုင်သည်။

သို့ပေမယ့်လည်း … အကယ်၍ သူသာ သေချာ တိတိကျကျ မသိရဘူးဆိုပါက သူ့နှလုံးသားထဲ၌ ဘယ်တော့မှ ပြေလျော့နိုင်မှာ မဟုတ်သည့် ကြိုးထုံးတစ်ခု ဖြစ်သွားလိမ့်မည်။

အချိန်တိုင်း သူ့ရင်ဘက်ကြီး တစ်ခုလုံး မွှန်းကြပ် ပိတ်လှောင်နေရပေမည်။

“ ငါ့မိန်းမနဲ့ ငါက အိမ်ထောင်သက်တမ်း နှစ် ၂၀ ကျော်ပြီ …” နှလုံးသားကို သံမဏိနှယ် ခိုင်မာအောင် ပြုလုပ်ပြီး ပြောလိုက်သည်။

“ ဒီနှစ်မတိုင်ခင်တုန်းက ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပျားရည်လိုမျိုး အမြဲတမ်း ချိုမြိန်နေလျက်ချည်းပဲ …”

“ ငါ့မိန်းမရဲ့ ထောက်ပံ့ပေးမှုတွေ၊ စိတ်ခွန်အားပေးမှုတွေကြောင့်သာ မဟုတ်ရင် ငါ သေသွားပြီးတာ ကြာပြီ …”

“ လူတိုင်းပဲ … ငါ့ရဲ့ သာမန် အင်္ကျီ အဝတ်အစားလေးတွေကို ကြည့်ပြီး ပေါ့သေးသေး မထင်လိုက်နဲ့ … ငါ့မှာ မိသားစု နောက်ခံနည်းနည်းတော့ ရှိတယ် …”

“ စီးပွားရေး ပထမဆုံးအကြိမ် စလုပ်တဲ့အချိန် သုံးလေးကြိမ်လောက် လိမ်ခံခဲ့ရဖူးတယ် …”

“ အကြိမ်တိုင်းလည်း ငါ့မိန်းမက ငါ့ကို ပြန်ပြီး ဦးမော့လာနိုင်အောင် သူ့အတတ်နိုင်ဆုံး ကြိုးစားကူညီပေးခဲ့တယ် ….”

“ တတိယ အကြိမ် ကျရှုံးပြီးတော့ ငါ့ကိုယ်ငါ ဆက်ပြီး အသက်မရှင်သင့်တော့ဘူးလို့ ခံစားရတဲ့အထိပဲ ….”

“ အဲ့လို အချိန်မှာ အနားကို ရောက်လာပြီး နှစ်သိမ့်ပေးတဲ့လူက ငါ့မိန်းမပဲ … အဝီစိရောက်နေတဲ့ ရောက်နေတဲ့ ငါ့စိတ်ဓာတ်ကို အကောင်းဆုံး ကြိုးစား ဆွဲတင်ပေးခဲ့တယ် ….”

သူတို့နှစ်ဦး၏ လင်မယား ဆက်ဆံရေးက အမြဲတမ်း သဟဇာတဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှလည်း ရန်မဖြစ်ဖူးကြချေ။

သို့သော် နဂါးလှေပွဲတော်ပြီးသည့်နောက် မိန်းမဖြစ်သူက သူ့အပေါ် တော်တော်လေး အေးစက်စက် ဖြစ်လာသည်ကို သတိထားမိလာသည်။

နေ့တိုင်းနေ့ စကားအပြောအဆိုလည်း နည်းသွားခဲ့သည်။

တစ်ခါတစ်လေ တစ်နေ့လုံးနေ၍ အချင်းချင်း စကားဆယ်ခွန်းပင် ပြည့်အောင် မပြောဖြစ်ကြချေ။

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]ကလည်း သူ ဘာပြဿနာတွေ ရှိနေလဲဆိုတာကို ရှာဖွေဖို့ အကောင်းဆုံးကြိုးစား၏။

မိန်းမဖြစ်သူအတွက် အလှကုန်တွေ၊ လက်ဝတ်ရတာတွေ ဝယ်ပေးပြီး သူမ သွားချင်သည့် ခရီးများလည်း လိုက်ပို့ပေးသည်။

သို့သော် သူ့မိန်းမက အရာအားလုံးကို ငြင်းဆန်ခဲ့၏။

လွန်ခဲ့သော လဝက်လောက်ကပဲ နှစ်ဦးကြားရှိ ဆက်ဆံရေး ပြဿနာမှာ တင်းမာလွန်း၍ ပြတ်တောက်လုနီးပါး အခြေအနေသို့တိုင် ရောက်ရှိလာလေပြီ။

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က တစ်စုံတစ်ရာကို ထုတ်ယူလာခဲ့ပြီး ကင်မရာရှေ့ ထုတ်ပြလိုက်၏။

ယင်းက ကွာရှင်းသဘောတူညီချက် စာချုပ်ပင်။

ဇနီးသည် နေရာတွင် မိန်းမဖြစ်သူ၏ နာမည်က လက်မှတ်ထိုးထားပြီးဖြစ်၏။

“ ဒေါက်တာချန် … သူ ငါ့အပေါ် ဘာကြောင့် ဒီလိုတွေ လုပ်နေလဲဆိုတာ တကယ်ပဲ နားမလည်နိုင်တော့ဘူး ….”

“ အရင် လဝက်လောက်တုန်းကပဲ သူ ငါ့ကို ဒီလက်မှတ်ထိုးထားပြီးတဲ့ ကွာရှင်းစာချုပ် ပေးလာတယ် …”

“ ငါဘယ်လိုပဲ ခါးခါးသီးသီး တောင်းပန် တောင်းပန် … သူ့ဘက်က စိတ်မပြောင်းဘဲ အတင်းအကြပ် ကွာရှင်းချင်နေတယ် ….”

“ ငါလည်း ငါ့ကိုယ်ငါ ဘာပြဿနာတွေ ရှိနေလဲလို့ ဆန်းစစ်ပြီး တစ်ခုချင်းစီတိုင်းကို အကောင်းဆုံး ပြုပြင်တာပဲ ….”

“ ဒါပေမယ့် ငါ့မိန်းမက ငါနဲ့ ကွာရှင်းဖို့ကို စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်နေတယ် ….”

“ သူ တစ်စုံတစ်ယောက်နဲ့ တိတ်တိတ်လေး စာပို့နေတာကိုလည်း သုံးလေးကြိမ်လောက် ဖမ်းမိဖူးတယ် ….”

“ အဲ့တုန်းက သူ့မျက်နှာ အမူအရာဆို ပြုံးလို့ ရွှင်လို့ … “

“ အဲ့နောက် နှစ်ကြိမ်လောက် အလှပြင်၊ အဝတ်အစား လှလှပပတွေ ဝတ်ပြီး အပြင်ကို ထွက်ဖို့ လုပ်တယ် …”

“ သူ … သူ့ကြည့်ရတာ သွားချိန်းတွေ့မယ့် ပုံစံလိုပဲ ….”

ထိုအထိ ပြောဆိုပြီးနောက် သူ ရှေ့ဆက်မပြောနိုင်တော့ချေ။

သူ့ မိန်းမက ဤနှစ်တွင် အသက် ၄၆ နှစ် ရှိနေပြီ ဖြစ်သည်။ အရွယ်တင်သည့် အလှတရားကြောင့် အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက်ဟုသာ ထင်ရ၏။

ပုံမှန်မဟုတ်သည့် အခြေအနေမျိုးစုံနှင့် မိန်းမဖြစ်သူ၏ ကွာရှင်းစာချုပ်တို့‌ ပေါင်းစည်းလိုက်သောအခါ သူ့မိန်းမ အပြင်တွင် ဖောက်ပြန်နေပြီဟု သူ့စိတ်ထဲ သံသယ ဖြစ်မိလာသည်။

“ ရာဇဝတ်သား တစ်ယောက်ကို သတ်ရင်တောင် ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်မျိုး ပေးကြသေးတာပဲ …. “ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က နှာတရှုံ့ရှုံ့လေသံနှင့် “ ငါ့မှာတော့ ငါ့မိန်းမ ဘာကြောင့် ကွာရှင်းချင်နေလဲဆိုတာ နားကို မလည်နိုင်ဘူး …”

“ ငါတို့ ကွာရှင်းကြမယ်ဆိုရင်တောင် အနည်းဆုံးတော့ သူ့ဘက်က အကြောင်းအရင်းလေးတော့ ပြောပြပေးသင့်တယ်လို့ မထင်ဘူးလား …”

" သူ နောက်တစ်ယောက်တွေ့လို့ ငါနဲ့ ကွာရှင်းချင်တယ်ဆိုရင်လည်း .... "

“ ငါ နာနာကျင်ကျင်နဲ့ သူ့ကို လက်လွှတ်ပေးမှာပါ ….”

“ ဒါကို ဘာမှ မရှင်းပြဘဲ ဘာကြောင့် ငါ့ကို ဒီတိုင်း ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးစေချင်ရတာလဲတဲ့ … ဒါမျိုးလာလုပ်ကတော့ သေအောင် ရိုက်သတ်တောင် သဘောမတူနိုင်ဘူး …”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် အင်မတန် ဒေါသထွက်နေပြီး ကြည့်ရှုသူများလည်း အလားတူ ခံပြင်းဒေါသထွက်နေကြ၏။

ဤလူကြီးတွင် ရိုးသားသည့် ကြန်အင်လက္ခဏာမျိုး ရှိ၏။

ဘယ်လိုပဲ ကြည့်ကြည့် လိမ်ညာမည့်လူစားမျိုးနှင့်လည်း မတူပေ။

စကားပြောဆိုရင်း သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာသည့် နာကျင့်မှု၊ လေသံထဲတွင် ခံစားနေရသည့် စို့နင့်မှုတို့ ပေါင်းစည်းလိုက်သောအခါ သူ တကယ်ပဲ သူ့မိန်းမကို တကယ်ချစ်ကြောင်းနှင့် ကွာရှင်းမပေးချင်သည်မှာ သိသာလှသည်။

ဤအတွက် အကြောင်းအရင်းတစ်ခုခုတော့ ကျိန်းသေပေါက်ကို ရှိရမည်။

သူ့မိန်းမ သူနှင့် ဘယ်လိုမှ ဆက်မပေါင်းနိုင်တော့ဘဲ ကွာရှင်းဖို့ စိတ်ခိုင်မာနေရသည်တွင်လည်း အကြောင်းအရင်းတစ်ခုခုတော့ ကျိန်းသေပေါက် ရှိရမည်။

All Chapters