← Chapters

ထူးဆန်းတဲ့ မိသားစု

Vol. 36 Ch. 361

ထူးဆန်းတဲ့ မိသားစု

Vol. 36 Ch. 361

[ သူ့မိန်းမက သွေးဆုံးသားဆုံး ဖြစ်နေလို့ဖြစ်မယ် … အမျိုးသမီးတွေ သွေးဆုံးချိန်ရောက်ရင် အတော်လေး ဆန်းဆန်းတင့် ဖြစ်တတ်ကြတယ်လေ … အဲ့တာကြောင့်များလား ]

[ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အကြောင်းအရင်းတော့ ရှင်းပြသင့်တယ် ]

[ ငါ့လို တစ်သက်လုံး ငှက်ပျောတုံး ဖက်အိပ်ရမယ့်ကောင်ကတော့ ဒီလို ကိစ္စတွေနဲ့ ကြုံလာစရာ အကြောင်းမရှိပါဘူးလေ ]

[ ဧကန္တ … သူ့မိန်းမမှာ ကုမရနိုင်တဲ့ ရောဂါဝေဒနာ တစ်ခုခု ရှိလို့ တစ်မိသားစုလုံးကို ဆွဲမချချင်လို့ ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တာများလား ]

[ ဘေးက ကြည့်ရှုသူ တစ်ယောက်အနေနဲ့ အပြင်လူ နေရာကနေပဲ ကြည့်သင့်တယ် … ဒီအစ်ကိုကြီး အစောတုန်းက ပြောခဲ့တာ သူ့မိသားစု အခြေအနေက မဆိုးဘူးဆိုပြီး ပြောခဲ့တာ မှတ်မိလား … သူ့ပိုက်ဆံတွေကြောင့်များလားနော် ]

ခန့်မှန်းသုံးသပ်ချက် အမျိုးမျိုးက စခရင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်းပဲ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် အနှီခန့်မှန်းချက်များအားလုံးကို တွေးတောကြည့်ပြီးပြီ ဖြစ်၏။

သူလည်း မိန်းမလုပ်သူကို မေးခဲ့ပြီးပြီ။

ပြန်ရရှိလိုက်သည်ကတော့ တိတ်ဆိတ်အေးစက်နေသည့် လျစ်လျူရှုထားမှု သပ်သပ်ပင်။

သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာက ငိုမဲ့မဲ့ ဖြစ်လာနေသည်ကို မြင်တော့ ကြည့်ရှုသူများက နှစ်သိမ့်သည့် ကွန်းမန့်များကို ပေးပို့လာကြ၏။

သူတို့ မခန့်မှန်းနိုင်တာနဲ့ပဲ ချန်ယွီ့ မသိဘူးလို့ မဆိုလိုပေ။

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က ချန်ယွီ့နှင့် တိုင်ပင်ဆွေးနွေးဖို့ ရောက်လာနေပြီဖြစ်ရာ လိုချင်သည့် အဖြေကိုတော့ ရရှိမှာ ကျိန်းသေသည်။

“ နှစ်သိမ့်ပေးကြတဲ့အတွက် ကျေးဇူးပါပဲ …၊ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့ကို မြန်မြန်လေး ပြောပြပေးပါ …”

“ အကြောင်းအရင်းက ဘာကြောင့်ပဲ ဖြစ်ဖြစ် ငါ လက်ခံနိုင်ပါတယ် ….”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က သူ့မျက်လုံးများကို ပွတ်သပ်လိုက်၏။

သူသိချင်သည်က အကြောင်းအရင်းလေး တစ်ခုမျှပင်။

မိန်းမလုပ်သူက သူ့အပေါ် နှစ်ပေါင်းများစွာ အနွံတာခံပြီး ပေါင်းပေးခဲ့သည်။

လှပသည့် အမျိုးသမီးတစ်ဦးမှ အိမ်ထောင်ရှင်မတစ်ဦး ဖြစ်သည်အထိ။

အကယ်၍ သူမက ပျော်ရွှင်မှု အသစ်ကို ရှာဖွေချင်သည်ဆိုလည်း [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် သူမကို နာကျင်စွာနှင့် လက်လွှတ်ပေးဖို့ရာ ဆန္ဒရှိသည်။

“ ခင်များက ကျွန်တော့်ကို ဘာပြောပြစေချင်တာ …” ချန်ယွီ့ မေးမြန်းလိုက်ပြီး “ ခင်များ မိန်းမ ကွာရှင်းချင်နေရတဲ့အကြောင်းလား… ဒါမှမဟုတ် အပြင်မှာ အသစ်တစ်ယောက် ရှိနေတာလားဆိုတဲ့ အကြောင်းကို သိချင်တာလား ….”

“ ငါ့မိန်းမ ငါနဲ့ ကွာရှင်းချင်နေတာ အပြင်မှာ အသစ်တွေ့နေလို့ မဟုတ်ဘူးပေါ့ …”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က အံ့အားတကြီးဖြစ်စွာ မေးမြန်းလိုက်၏။

ယခုမတိုင်မီက သူ ဖြစ်နိုင်ချေပေါင်းများစွာကို တွေးတောခဲ့ဖူးသည်။

ဖောက်ပြန်မှုဆိုသည့် တစ်ခုတည်းကသာ ဖြစ်နိုင်ချေ အများဆုံးပင်။

ချန်ယွီ့က ဤမေးခွန်းကို မေးခွန်းနှစ်ခုအဖြစ်သို့ ခွဲခြမ်းလိုက်လိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။

“ ခင်များရဲ့ ဇနီး ကွာရှင်းချင်တယ်ဆိုတာက အပြင်မှာ အသစ်တွေ့နေတာကြောင့် မဟုတ်ဘူး …” ချန်ယွီ့ ဖြေပေးလိုက်ပြီး “ အဓိကက ခင်များရဲ့သားနဲ့ ခင်များရဲ့ ယောက်ဖကြောင့်ပဲ ….”

သက်လတ်ပိုင်း အမျိုးသား တုန်လှုပ်သွားခဲ့၏။

သူ သိချင်နေတာက သူ့မိန်းမ ဘာကြောင့် သူနဲ့ ကွာရှင်းချင်နေရလဲဆိုသည့် အကြောင်းအရင်းပင်။

အဘယ်ကြောင့် သားနှင့် ယောက်ဖက ဤကိစ္စထဲ ပါဝင်ပတ်သက်လာရသနည်း။

“ အရင်တုန်းက …” ချန်ယွီ့ စကားချီ၍ “ ခင်များ သံသယဖြစ်ဖို့ စမ်းသပ်မှု သေးသေးလေးတစ်ခုကို လုပ်ခဲ့ဖူးတယ်မလား …”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ] ရင်ခုန်နှုန်း မြန်ဆန်လာခဲ့၏။

ချန်ယွီ့ ဤကိစ္စကို သိနေလိမ့်မည်လို့ သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဤမေးခွန်းကို ဖြေဆိုဖို့ရာ သူ့အတွက် ပြဿနာ မရှိပေ။ သို့သော် ချန်ယွီ့ မကျေမနပ်ဖြစ်ပြီး သူ့အား အမှန်တရား မပြောပြမှာကိုလည်း စိုးရွံ့နေမိ၏။ ထို့ကြောင့်

“ အရင် နှစ်အနည်းငယ်တုန်းက ငါ့စိတ်ထဲ သင်္ကာမကင်း ဖြစ်နေတဲ့ ကိစ္စတစ်ခု ရှိခဲ့ဖူးတယ် …”

သက်လတ်ပိုင်း အမျိုးသားက ကိုးရို့ကားယား လေသံဖြင့် “ ငါ့မျက်နှာက ပိန်ချွန်ချွန်နဲ့ ကိုယ်လုံးကိုယ်ပေါက် အရပ်အမောင်းကလည်း ကောင်းလှတာမဟုတ်ဘူး …”

“ ဒါပေမယ့် ငါ့သားကတော့ လုံးဝကို ရုပ်ရှင်မင်းသား မျက်နှာပေါက် … ရုပ်ရည်ကလည်း ချောပြီး အရပ်ကလည်း အရှည်ကြီးပဲ ….”

“ အချိန်ကြာလာတာနဲ့ သူက ငါ့သားအရင်းမဟုတ်ဘူးလို့ သံသယ ဝင်မိလာတယ် …”

“ အိမ်နီးချင်းနဲ့ သူငယ်ချင်းတွေလည်း ဒီအကြောင်း ပြောလေ့ရှိကြတယ် …”

“ ခင်များရဲ့ ဒီသံသယကို ဘယ်သူ ကူပြီး ဖြေရှင်းပေးခဲ့လဲ …” ချန်ယွီ့ ပြုံးလျက် မေးလိုက်သည်။

“ ငါ့ယောက်ဖ …”

သူ့ယောက်ဖအကြောင်း ပြောချိန်၌ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ ရင်ဘက်ထဲ စိတ်ခံစားချက်တို့ ရှုပ်ထွေးနေရသည်။

“ တစ်ခါက ငါ ဖောက်သည်တစ်ယောက်နဲ့ အရက်သောက်ခဲ့တယ် … အိမ်ပြန်ရောက်တော့ တော်တော်လေး မူးနေပြီ … အိမ်နီးချင်းတွေ ငါနဲ့ ငါ့သားက သားအဖတွေ မဟုတ်ပါဘူးလို့ အတင်းတုပ်နေတဲ့အသံကို ကြားတော့ အဲ့တုန်းက ငါလည်း မူးမူးနဲ့ သူတို့နဲ့ ရန်ဖြစ်မိခဲ့တယ် …”

“ တိုက်ဆိုင်ချင်တော့ ငါ့ယောက်ဖလည်း အဲ့တုန်းက အိမ်မှာရှိနေပြီး ငါ သူများနဲ့ ရန်ဖြစ်နေတာမြင်တော့ အုတ်နီခဲတွေကောက်ပြီး ငါ့ဘက်က ဝင်ပါပေးတယ် …”

“ အိမ်နီးချင်းတွေကို မောင်းထုတ်ပြီးတော့ ယောက်ဖက ငါ့ကို သုံးလေးချက်ထိုးတယ် … အဲ့လို သံသယ ဖြစ်ရကောင်းလားပေါ့ … ”

“ နောက်တစ်နေ့ ရောက်တော့ ငါနဲ့ ငါ့သားကို ဆေးရုံခေါ်သွားပြီး DNA စစ်ခိုင်းတယ် …”

“ ရလဒ်က ငါတို့နှစ်ယောက်က တကယ်ကို သားအဖအရင်းတွေပဲ ….”

“ သားတစ်ယောက်က သူ့အဖေနဲ့ မတူဘူးဆိုတာနဲ့ပဲ သားအဖအရင်းတွေ မဟုတ်ဘူးလို့ ဘယ်ပြောလို့ရမှာ …” ချန်ယွီ့ ပြုံးလျက် “ သားက အမေ့မျိုးရိုးကို ပိုရထားတာလည်း ဖြစ်နိုင်တာပဲလေ …”

ကြည့်ရှုသူများမှာ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ ယောက်ဖက အိမ်နီးချင်းများကို ကူ၍ သင်ခန်းစာပေးပြီးနောက် သူ့အား ထိုးကြိတ်သည်ကို သိလိုက်ရတော့ ကျယ်လောင်စွာ ရယ်မောမိသွားခဲ့ကြသည်။

[ ငါ့မောင်လည်း ဒီတိုင်းပဲ … ငါ့အနိုင်ကျင့်ခံရတာ မြင်တာနဲ့ ငါ့ကို အမြဲတမ်း ကူညီပေးတယ် … ]

[ မောင်နှမရှိတဲ့လူတွေကို သိပ်အားကျတာပဲဟယ် … ]

[ ဒါလှည့်ကွက်တွေ … နင်တို့ အဲ့လိုပြောပြီး ငါ့ကို ဒုတိယကလေး ယူခိုင်းဖို့ ဦးနှောက်ဆေးလို့ ရမယ် မထင်နဲ့ … ]

[ စောနလေးတင် ငါ့မောင်နဲ့ လက်ဝှေ့ထိုးပြီးတာ … အခုတော့ သူ့ကို ပြန်ပြီး ခွင့်လွှတ်ပေးချင်လာပြီ ]

[ အရွယ်ရောက်ပြီးတဲ့နောက်မှာ မောင်နှမတွေ သင့်သင့်မြတ်မြတ် ဖြစ်နေဖို့ဆိုတာ တကယ် မလွယ်တာ … ]

ကြည့်ရှုသူများက ယောက်ဖဖြစ်သူကို ချီးမွမ်းထောပနာ ပြုနေတာ မြင်တော့ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ အမူအရာမှာ ဖော်ပြရခက်သွားခဲ့၏။

သူ့သားက တကယ်ကို သူ့သားအရင်း ဖြစ်သည်။

သို့သော် … အပြင်လူများကို သူ့သားပါဟု သွားပြောလျှင် မည်သူမျှ ယုံနိုင်မှာ မဟုတ်ချေ။

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ အကျင့်စရိုက်က သတိကြီးကြီးထားပြီး စွန့်စားရမည့်၊ လောင်းကြေးထပ်ရမည့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ခဲ့ချေ။

ဘယ်သောအခါမှလည်း မကြွားဝါဖူးချေ။

၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ သားလုပ့်သူကတော့ အမြဲတမ်း ရည်မှန်းချက်ကြီးမားပြီး သူလုပ်ချင်တာ လုပ်၏။

မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများ အကြံပေးသည်ကိုလည်း ဘယ်တုန်းကမျှ နားမဝင်‌ချေ။

“ ခင်များရဲ့ ယောက်ဖက ကြည့်ရှုသူတွေ ပြောနေသလို ကောင်းတဲ့ လူစားမျိုး မဟုတ်ဘူးလို့ ပြောချင်နေတာမလား …” ချန်ယွီ့က သက်လတ်ပိုင်း အမျိုးသား၏ ထူးဆန်းသည့် မျက်နှာအမူအရာကို ကြည့်ရင်း ပြုံးလျက် မေးလိုက်သည်။

“ ခင်များနဲ့ ခင်များရဲ့ ဇနီးသည်တို့ စတွေ့တွေ့ချင်းမှာ နှစ်ဖက်မိသားစုရဲ့ အခြေအနေက အဆင်မပြေလှဘူး …”

“ ခင်များက အလုပ်လက်မဲ့ လူငယ်လေးတစ်ယောက် … ခင်များရဲ့ ဇနီးသည်က ကျေးလက်ဘက်မှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက် ….”

“ နှစ်ယောက်က ဇွဲသန်သန်နဲ့ သုညဘဝကနေ မဆုတ်မနစ် ကြိုးစားခဲ့လို့သာ သန်းကြွယ်သူဌေးကြီး ဖြစ်လာခဲ့တာ …”

“ ခင်များတို့ရဲ့ နေ့ရက်တွေက သာယာလာတယ်ဆိုပေမယ့် ပြဿနာတွေကတော့ ပိုပိုပြီး များလာတယ် …”

“ ခင်များ ချမ်းသာလာကတည်းက ဇနီးသည်ရဲ့ မိသားစုဘက်ကိုပဲ အမြဲတမ်း ကူညီပေးခဲ့ရတယ်မလား ….”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ အမူအရာမှာ ပို၍ပင် ထူးဆန်းသွားခဲ့၏။

“ ငါ လူတိုင်းကို မဖုံးကွယ်ထားတော့ပါဘူး … ဒေါက်တာချန် ပြောတာ အမှန်ပါပဲ …”

“ ငါ့ဇနီးက လောကကြီးထဲ အကောင်းဆုံး အမျိုးသမီးလေးပဲ… ဒါပေမယ့် သူ့မိသားစုကတော့ … စကားလုံးလေးနည်းနည်းလောက်နဲ့ ရှင်းပြဖို့ တော်တော်ခက်တယ် ….”

ဤကိစ္စအကြောင်း ပြောသည်တွင် [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ မျက်နှာထက်၌ ခါးသီးမှုတို့ ပြည့်နှက်နေသည်ကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။

သူ့ယောက္ခမ မိသားစုထဲတွင် သူ့မိန်းမကလွဲပြီး ကျန်သူများအားလုံးက လက်ကြောမတင်းသည့် လူစားမျိုးများ ဖြစ်၏။

၎င်းတို့ကို တော်တော်လေး ကိုင်တွယ်ဖို့ ခက်လှ၏။

ခမည်းခမက်ဆိုလည်း တစ်ချိန်လုံး သောက်စားမူးရူးနေပြီး သူ လက်ကြောတင်းသည့် အရာကို ပြောပါဆိုလျှင် ငယ်စဉ်ကတည်းက ယနေ့အရွယ်ထိ တစ်နေ့လေးပင် မပျက်မကွက် အရက်သောက်ခဲ့သည့် ကိစ္စသာ ဖြစ်ပေလိမ့်မည်။

အရက်ကို ကြိုက်သည်။ ရူးလောက်တဲ့အထိကို သောက်သည်။

အရက်မူးလာတိုင်းလည်း ပြဿနာတွေ တစ်ခုပြီးတစ်ခု ရှာတက်၏။

သူ့ရွာ အိမ်နီးချင်းများကို [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ] ပေးခဲ့ရသည့် လျော်ကြေးများက မြို့ပေါ်တွင် ယွမ်တစ်သန်းကျော် တန်သည့် အိမ်တစ်လုံး ကောင်းကောင်းဝယ်ဖို့ လုံလောက်လေသည်။

ယောက္ခမဆိုလည်း နေ့တိုင်းနေ့ မာကျောက်သွာဆော့နေသည်ကလွဲ၍ ကျန်တာ ဘာအလုပ်မျှမလုပ်ပေ။

သူမ၏ ကံတရားကလည်း ကြောက်ဖို့ကောင်းလောက်အောင်ကို ဆိုးရွားလွန်းလှသည်။ မိနစ်အနည်းငယ်အတွင်းမှာပဲ ယွမ်သောင်းဂဏန်းကျော်လောက် ရှုံးသွားတတ်၏။

“ ငါ့ကို ဆွံ့အစေဆုံးကတော့ ငါ့ယောက်ဖပဲ ….”

“ ငါ့ယောက်ဖက အထက်တန်းထိပဲ ပြီးထားတဲ့လူ … အထက်တန်းပြီးတာနဲ့ အလုပ်စလုပ်တယ် … ဒါပေမယ့် အလုပ်တစ်ခုကို တစ်နှစ်ပြည့်တဲ့အထိ တစ်ခါမှ စွဲစွဲမြဲမြဲ မလုပ်ဖူးဘူး ….”

“ သူ့အစ်မနဲ့ ငါ မအောင်မြင်ခင်တုန်းကတော့ ငါ့ယောက်ဖက မိသားစု တာဝန်ကျေတဲ့ လူလို့ ပြောရပါတယ် … အလွန်ဆုံး စိတ်မရှည်ဖြစ်ပြီး အလုပ်တစ်ခုမှာ ဖင်ငြိမ်အောင် မနေနိုင်တဲ့ လူစားမျိုးပေါ့ …”

“ သူ့အစ်မနဲ့ ငါလည်း ချမ်းသာလာပြီးတော့ ငါ့ယောက်ဖက အမြဲတမ်း ငါ့ဆီကနေ ပိုက်ဆံကို အမျိုးမျိုး လှည့်ပတ်တောင်းတယ် …”

“ သူ အလုပ်မလုပ်ချင်တော့ဘူး …”

“ ငါ့လိုပဲ စီးပွားရေးစပြီး သန်းကြွယ်သူဌေးကြီး ဖြစ်ချင်တယ် ….”

“ စီးပွားရေးလုပ်တာက ရွှီး …. ဒိုင်းဆိုပြီး မရိုးတဲ့အကြောင်း တစ်ကြိမ်မကဘူး ပြောပြဖူးတယ် … ငါတောင် အခုလို အနေအထားမျိုး မရောက်ခင် သုံးကြိမ်လောက် အလိမ်ခံခဲ့ရတာ ….”

“ သူကတော့ နားမဝင်ဘူး ….”

“ တကယ်လို့ သူများတောင် စီးပွားရေးလုပ်ပြီး အောင်မြင်နိုင်သေးရင် သူကရော ဘာလို့ မအောင်မြင်နိုင်ရမှာ ….”

“ သူ့အစ်မ မျက်နှာကြောင့်မို့ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ယွမ်ငါးသိန်း ချေးခဲ့ဖူးတယ် …”

“ တော်တော်အံ့ဩဖို့ကောင်းတဲ့ကောင် … နှစ်ဝက်ပဲ ရှိသေးတယ် ငါးသိန်းလုံး အရင်းပြုတ်သွားတယ် …”

“ သူ့အစ်မဆို ဒေါသထွက်လွန်းလို့ ခြေထောက် ရိုက်ချိုးမတတ်ပဲ …”

“ အဲ့လို ရှုံးပြီးလို့ လနည်းနည်းလေးပဲ ရှိသေးတာတောင် သကောင့်သားက နောက်စီးပွားရေး အသစ်တစ်ခုကို ထပ်စချင်တယ် ….”

“ ဒီတစ်ခေါက်တော့ သူ ငါ့နား ငွေမတောင်းတော့ဘူး … အဲ့ဒီအစား အတိုးကြီးကြီးနဲ့ ငွေချေးပေးတဲ့ လူမိုက်တွေနားက ငွေယူခဲ့တာ …”

သူ့ယောက်ဖက လူမိုက်တွေဆီကနေ ယွမ်နှစ်သိန်း ချေးခဲ့ပြီး အတိုးနဲ့ဆို ယွမ် ခုနစ်သိန်း ပြန်ဆပ်ရမှာ ဖြစ်၏။

All Chapters