အခန်း ၉၆၉
Vol. 70 Ch. 969
အခန်း (၉၆၉) ချင်ရီနှင့် နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း
ချင်ရီ ထိုစကားကို ပြောလိုက်သည့်အခါ သူမနှင့် လက်ရည်စမ်းရတော့မည်ကို လီလော့ သိလိုက်သည်။ ထို့ကြောင့် ချက်ချင်းပင် သူ့ဓားကို ဆွဲထုတ်လိုက်သည်။
"ဟွမ်းလုံရှီးရေကန်မှာတုန်းက ခင်ဗျားနဲ့ ခဏတာ တိုက်ခိုက်ခဲ့ဖူးပေမဲ့ အဲဒီတုန်းက အခြေအနေက ထူးခြားနေလို့ပါ…ခင်ဗျားရဲ့ အဆင့် ၉ ရေပဲ့တင်ထပ်သံ ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ အခုထိ အစစ်အမှန် မခံစားဖူးသေးဘူး… ဒီနေ့တော့ အဲဒီအခွင့်အရေးကို ရလိမ့်မယ်လို့ ထင်တယ်" ဟု လီလော့က ကြောက်ရွံ့ခြင်းမရှိဘဲ ပြုံး၍ တုံ့ပြန်လိုက်သည်။
သူတို့နှစ်ဦးကြားတွင် ပုဂ္ဂိုလ်ရေးအရ ပြဿနာမရှိသော်လည်း မိဘများ၏ ရန်ငြိုးရန်စ ကြီးမားလှသည်။ ချင်ရီသည် မိခင်ဖြစ်သူ၏ စကားကို နားထောင်သူဖြစ်သဖြင့် လီလော့နှင့် ရင်းနှီးမှုရရန် မဖြစ်နိုင်ပေ။ ထို့အပြင် ချင်ရီ၏ မိခင်ဖြစ်သူ ချင်လျန်က လီလော့ကို အနိုင်ယူပြီး သူမ၏ သွေးမျိုးဆက်မှာ လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့ထက်သာလွန်ကြောင်း ကမ္ဘာကို ပြသရန် အမိန့်ပေးထားသည်။
လီလော့ဘက်က ချင်ရီနှင့် ဆက်ဆံရေး မပျက်ပြားလိုသော်လည်း မိဘများကို အကြောင်းပြု၍ သူ့ကို ဖိနှိပ်လိုသည့် ချင်လျန်၏ အကြံအစည်ကို အလျှော့ပေးလိုက်လျောမည် မဟုတ်ပေ။ အကယ်၍ ကျန်းချင်းအာ ရောက်လာသည့်အခါ သူသည် သူမ ဆရာ၏ ရန်သူထံတွင် အနိုင်ကျင့်ခံခဲ့ရကြောင်း သိသွားပါက သူမ၏ ပထမဆုံး အမျက်ဒေါသကို သူသာ ခံရလိမ့်မည်။ ထို့နောက်မှသာ ကျန်းချင်းအာက ချင်ရီကို သွားရောက်ဖြေရှင်းပေလိမ့်မည်။
ထို့ကြောင့် ကျန်းချင်းအာရှေ့တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရန်အတွက် ချင်ရီတစ်ဦးတည်းကိုသာ မရှုံးနိမ့်စေရန် သူ ကြိုးစားရမည်ဖြစ်သည်။ အကယ်၍ ရှုံးနိမ့်ခဲ့ပါက မိသားစုအတွင်း သူ့ရဲ့ အဆင့်အတန်းမှာ ကျဆင်းသွားမည်ဖြစ်ပြီး မိခင်ဖြစ်သူကပင် "ဒီလောက် အသုံးမကျတဲ့ သား…အိမ်က ထွက်သွားတာ ပိုကောင်းမယ်" ဟု အပြစ်တင်လိမ့်မည်ကို တွေးမိကာ ကျောချမ်းသွားသည်။
ဤသို့တွေးမိသည်နှင့် လီလော့၏ မျက်ဝန်းများတွင် ပြတ်သားသည့် ဆုံးဖြတ်ချက်များ ပေါ်လာသည်။
ချင်ရီကလည်း လီလော့၏ မျက်ဝန်းအပြောင်းအလဲကို သတိထားမိလိုက်ပြီး ထူးဆန်းနေသည်ဟု ခံစားရသည်။ သို့သော်လည်း သူမသည် ကောင်းကင်ဧကရာဇ်ချင် မျိုးဆက်၏ အထူးချွန်ဆုံးလူငယ်တစ်ဦးဖြစ်သည်နှင့်အညီ မိမိကိုယ်ကို အလွန်ယုံကြည်မှုရှိသည်။ လီလော့က နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်အဆင့်သာ ရှိသေးသော်လည်း သူမကတော့ ကောင်းကင် ပုလဲနှစ်လုံးအဆင့်ရှိနေပြီဖြစ်သည်။
ချင်ရီက သူမ၏ လက်ချောင်းသွယ်သွယ်လေးကို ဝှေ့ယမ်းလိုက်ရာ သူမ၏နောက်တွင် ပုလဲနှစ်လုံး ပေါ်လာသည်။ ၎င်းတို့မှာ စိမ်းပြာရောင်တောက်ပနေပြီး ပတ်ဝန်းကျင်ရှိ ရေဓာတ်စွမ်းအင်များကို ဆွဲငင်ကာ မြစ်ရေပြင်တစ်ခုအသွင် ဖန်တီးလိုက်သည်။ သူမ၏ ဝတ်ရုံပေါ်တွင်လည်း ရေလှိုင်းများ စီးဆင်းနေသည်။ ဤသည်မှာ သူမ၏ အဆင့်မြင့် ကိုယ်ခန္ဓာကျင့်စဉ်ဖြစ်သော တုနှိုင်းမဲ့ ကျောက်စိမ်းချပ်ဝတ် ဖြစ်သည်။ သူမသည် ရုပ်ရည်နုနယ်သော်လည်း ကိုယ်ခန္ဓာကြံ့ခိုင်မှုတွင် လီလော့၏ နဂါးကိုယ်ထည်ထက်ပင် တစ်ဆင့်သာလွန်နေသည်။
လီလော့ကလည်း သူမ၏ စွမ်းအားကို ခံစားမိပြီး အလွန်အန္တရာယ်များကြောင်း သတိထားလိုက်သည်။
ဝုန်းးးးး
လီလော့၏ ဝိညာဉ်နန်းတော်သုံးခုလုံး လှုပ်ရှားလာပြီး ကြေးခွံကိုးခု နဂါးခန္ဓာနှင့် မိုးကြိုးကိုယ်ပွားကို တစ်ပြိုင်နက် အသက်သွင်းလိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်မှ မိုးကြိုးသံများ ဟိန်းထွက်လာပြီး အရှိန်အဟုန်ပြင်းစွာဖြင့် ချင်ရီထံသို့ တိုးဝင်သွားပြီး ဓားကို နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားပြင်းစွာ ခုတ်ချလိုက်လေသည်။
"ရှေးဟောင်းဆင်နတ်ဘုရားခွန်အား အဆင့်သုံး…"
ထိုတိုက်ခိုက်မှုက လေထုကိုပင် ပေါက်ကွဲသွားစေသည်။ ချင်ရီက တည်ငြိမ်စွာပင် သူမ၏ လက်ကို ညွှန်ပြလိုက်ရာ သူမရှေ့တွင် စာလုံးများ ရေးထိုးထားသော ရေကြေးမုံတချပ် ပေါ်လာသည်။ လီလော့၏ ဓားချက် ထိုရေကြေးမုံထဲသို့ ဝင်သွားပြီး သူမက ထိုဓားချက်အတိုင်း ပြန်လည် ပုံတူကူးကာ လီလော့ဆီသို့ ပြန်လည်ပစ်လွှတ်လိုက်သည်။
ဝုန်းးးး
ဓားစွမ်းအင်များ တိုက်မိကာ မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ သို့သော် ပုံတူကူးထားသော အတုက အစစ်၏ အစွမ်းကို မကျော်လွန်နိုင်ပေ။ လီလော့၏ ဓားချက်က ရေမှန်ကို ဖျက်ဆီးလိုက်ပြီး ချင်ရီကိုပါ ထိမှန်သွားသည်။
ချင်ရီ လက်ကို မြှောက်လိုက်တော့ စိမ်းပြာရောင် အလင်းတန်းများ ပေါ်လာပြီး သူမ၏ လက်တခုလုံး ကျောက်စိမ်းကဲ့သို့ တောက်ပသွားသည်။
"ကြယ်ခူးသည့် စိမ်းပြာရောင်ကျောက်စိမ်းလက်…”
သူမ လက်ချောင်းများကို ခတ်လိုက်သည့်အခါ လေထု တုန်ခါသွားသည်။ ဓားစွမ်းအင်များကို သူမ၏ လက်ချောင်းများဖြင့် ခုခံလိုက်တော့ မီးပွားများ ထွက်ပေါ်လာသည်။ လီလော့၏ တိုက်ခိုက်မှုများက သူမ၏ ခုခံမှုကို မဖောက်ထွင်းနိုင်ပေ။
ချင်ရီ၏ လက်က လေထုကို ဖောက်ထွက်ပြီး လီလော့၏ မျက်လုံးကို တိုက်ရိုက် ဦးတည်လာသဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့သည့်အခါ ထိုလက်က လီလော့၏ မျက်လုံးကို ထိမှန်သွားသည်။ သို့သော် သွေးများ မထွက်လာဘဲ လီလော့၏ ခန္ဓာကိုယ်က အရိပ်အဖြစ် ပျောက်ကွယ်သွားသည်။
၎င်းမှာ ချန်ထားခဲ့သော ပုံရိပ်သာ ဖြစ်သည်။ လီလော့က ရေပဲ့တင်ထပ်သံကို အသုံးပြု၍ ပုံရိပ်ယောင်ကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ထိုအခါ ချင်ရီ အံ့အားသင့်သွားသည်။
လီလော့သည် ချင်ရီ၏ လက်ယာဘက်တွင် ပြန်ပေါ်လာပြီး ဓားကို အားပြင်းစွာ ခုတ်ပိုင်းလိုက်သည်။ လေထုထဲမှ အနက်ရောင် မြစ်ရေပြင်နှင့်အတူ အနက်ရောင်နဂါးကြီးတစ်ကောင် ပေါ်ထွက်လာပြီး ချင်ရီကို တိုက်ခိုက်လိုက်သည်။
"ဒါ... အဆင့်မြင့် ပြီးပြည့်စုံတဲ့အဆင့်မြို့စားပညာရပ်လား" ဟု ချင်ရီ တွေးလိုက်မိသည်။
လီလော့က ရပ်တန့်မနေဘဲ ရှေးဟောင်းလက်နက်တစ်ခုဖြစ်သော ကောင်းကင်နဂါးနေဖမ်းလေးကို ဆွဲထုတ်လိုက်သည်။
ယနေ့ သူသည် ဤလှပသော ပန်းပွင့်လေးကို ရက်စက်စွာ ချေမှုန်းပစ်ရန် ဆုံးဖြတ်လိုက်လေသည်။