← Chapters

အခန်း ၉၇၈

Vol. 70 Ch. 978

အခန်း ၉၇၈

Vol. 70 Ch. 978

အခန်း (၉၇၈) လက်ဆောင်

​လီလော့ ရုတ်တရက်ပေးအပ်လာသော လက်ဆောင်ကြောင့် လီလင်ကျင်းမှာ စကားမထွက်နိုင်အောင် ဖြစ်သွားသည်။ ၎င်းမှာ စိတ်ကူးယဉ်၍မရနိုင်လောက်အောင် တန်ဖိုးရှိသော မျက်လုံးအဆင့်သုံးလုံးခရမ်းရောင်ရတနာ တစ်ခု ဖြစ်သည်။ အနောက်ပိုင်းဒေသရှိ လီမျိုးနွယ်စုတွင် လူငယ်မျိုးဆက်ထဲမှ မည်သူမျှ ဤကဲ့သို့သော အရာမျိုးကို ရရှိခဲ့ဖူးခြင်း မရှိပေ။

​"မယူနိုင်ပါဘူး.. ဒါက တန်ဖိုးကြီးလွန်းတယ်…နင်ပဲ သိမ်းထားလိုက်ပါတော့…နင် မလိုဘူးဆိုရင်တောင် လီဖုန်းရီကိုပဲ ပေးလိုက်ပါ" ဟု လီလင်ကျင်းက အလျင်အမြန် ငြင်းဆန်လိုက်သည်။

​"အစ်မရဲ့ အရင်ရတနာကို ဝိဉာဉ်စားနတ်ဆိုးက ဖျက်ဆီးပစ်လိုက်တာလေ..အခု အစ်မမှာ ဘာရတနာမှ မရှိတော့ဘူး…အစ်မက ကျွန်တော့်ရဲ့ ဝိဉာဉ်အစောင့်ရှောက် ဖြစ်တဲ့အတွက် အစ်မရဲ့ စွမ်းအားက ကျွန်တော့်အတွက် အရေးကြီးတယ်..အစ်မသာ ပိုပြီး အစွမ်းထက်လာရင် ဘယ်သူကမှ ကျွန်တော်ကို လောဘဇောနဲ့ လိုက်ကြည့်ရဲတော့မှာ မဟုတ်ဘူး" ဟု လီလော့က ပြုံး၍ ပြောလိုက်သည်။

​လီလင်ကျင်း ဘာမှမပြောနိုင်တော့ပေ။

သူမအတွက် ရတနာတစ်ခုကို ရရှိရန် သူ အန္တရာယ်ကြားထဲ တိုးဝင်ခဲ့ခြင်းလော..

​"ဒါက အန္တရာယ်များလွန်းပါတယ်"

​"အစ်မ တကယ် ငြင်းချင်သေးတယ်ဆိုရင်တော့ ဒါကို ခဏငှားထားတယ်လို့ပဲ သဘောထားလိုက်ပါတော့… ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ဖို့ အစ်မရဲ့ အကူအညီ လိုအပ်နေလို့ပါ"

​ဤသို့သော စည်းရုံးစကားကြောင့် လီလင်ကျင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မလွှဲသာမရှောင်သာ ခေါင်းညိတ်လိုက်သည်။ အေးစက်နေသော စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို သတိကြီးစွာဖြင့် ဆုပ်ကိုင်လိုက်ရင်း သူမ၏ ပဲ့တင်ထပ်သံစွမ်းအားများမှာ တောင်ဝှေးထဲသို့ စီးဝင်သွားပြီး အကြေးခွံများ တောက်ပလာသည်။ အလွန်မှိန်ဖျော့သော အငွေ့အသက်ဖြင့် တောင်ဝှေးကိုယ်ထည်တစ်လျှောက် ရစ်ပတ်ကူးခတ်နေသော စိမ်းပြာရောင် မြွေနဂါးပုံရိပ်တစ်ခုကို မြင်တွေ့ရသည်။

​သူမ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် စိမ်းပြာရောင် အလင်းတန်းတစ်ခု ပန်းထွက်သွားသည်။

​ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအလင်းတန်းက ချင်ယင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ချင်ယင်း ထိုအရာကို မြင်လိုက်ရသည့်အခါ ရွှေရောင် ပဲ့တင်ထပ်သံစွမ်းအားဖြင့် ဖုံးအုပ်ထားသော လက်သီးဖြင့် တုံ့ပြန်လိုက်သည်။ ထိုအခါ ပြင်းထန်သော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်သွားပြီး လေဟာနယ်ပင် တုန်ခါသွားသည်။

​ချင်ယင်းသည်လည်း တုန်ရီသွားပြီး မျက်နှာအမူအရာ မှိုင်းညို့သွားသည်။ စိမ်းပြာရောင်အဆိပ်က သူ့လက်သီးကို အရည်ပျော်ကျသွားစေသဖြင့် ထိုအဆိပ်ကို ဖယ်ရှားရန် ပဲ့တင်ထပ်သံစွမ်းအားကို အလျင်အမြန် လည်ပတ်စေလိုက်ရသည်။

​ရိုးရှင်းသော ထိတွေ့မှုတစ်ခုကပင် လီလင်ကျင်း၏ လက်ထဲရှိ စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေး၏ အစွမ်းကို သူ ခံစားလိုက်ရသည်။ သူ အလွန် ဒေါသထွက်မိသလို သူမကို ကြောက်ရွံ့သွားမိသည်။

​သူမသည် နဂိုရှိရင်းစွဲကပင် ရင်ဆိုင်ရခက်ခဲသူဖြစ်ပြီး ယခုတွင် မျက်လုံးအဆင့်သုံးလုံးခရမ်းရောင်ရတနာပါ ပိုင်ဆိုင်ထားသဖြင့် တိုက်ခိုက်ကြမည်ဆိုပါပ သူ အနိုင်ရရှိနိုင်မည် မဟုတ်ပေ။

​"လီလင်ကျင်း… နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

​"နည်းနည်း စမ်းကြည့်တာပါ" ဟု လီလင်ကျင်းက ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

​လီလော့ကလည်း သစ်နက်သားငှက်မွှေးယပ်တောင်ကို ကိုင်ထားရင်း ပြုံးလိုက်သည်။ တစ်ချက် ယပ်ခတ်လိုက်သည်နှင့် အသက်စွမ်းအင်များ ပြည့်နှက်နေသော အဖြူရောင်အလင်းတန်း သူတို့နှစ်ဦး၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။

ထိုအခါ ဝိဉာဉ်စားနတ်ဆိုးနှင့် တိုက်ခိုက်စဉ်က ရရှိခဲ့သော ဒဏ်ရာများမှာ အလွန်လျင်မြန်စွာ ပျောက်ကင်းသွားသည်ကို လီလင်ကျင်း ခံစားလိုက်ရသည်။

​ဤနည်းလမ်းက လီလော့ အရင်က အသုံးပြုခဲ့သော ပဲ့တင်ထပ်သံပညာရပ်များထက် အဆပေါင်းများစွာ သာလွန်နေသည်။

​"အစ်မလင်ကျင်း…အစ်မ တိုက်ခိုက်နေချိန်မှာ ကျွန်တော် နောက်ကနေ အစွမ်းကုန် ကူညီပေးသွားမှာပါ.." ဟု လီလော့က ပြုံး၍ ပြောလိုက်သည်။

လီလင်ကျင်းပင် ဤအခြေအနေကို အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူတို့၏ အခန်းကဏ္ဍများက ပြောင်းပြန် ဖြစ်နေသလိုပင်။ ပုံမှန်အားဖြင့်ဆိုလျှင် စိတ်အားထက်သန်သော အမျိုးသားဖြစ်သည့် လီလော့က ရှေ့တန်းတွင် တိုက်ခိုက်ပြီး သူမက နောက်ကနေ ပံ့ပိုးပေးရမည် မဟုတ်ပါလော။

​သို့သော် ၎င်းတို့မှာ အသေးအဖွဲ ကိစ္စများသာ ဖြစ်သည်။ လီလင်ကျင်း၏ ဖြူဖျော့နေသော လက်ချောင်းသွယ်သွယ်လေးများက စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တောင်ဝှေးအတွင်းရှိ မကုန်ဆုံးနိုင်သော စွမ်းအင်များကို ခံစားနေရသည်။

​မည်မျှပင် အန္တရာယ်များပါစေ၊ လီလော့ကို ဘေးကင်းစွာဖြင့် ဤနေရာမှ ထွက်ခွာသွားစေရန် သူမ အစွမ်းကုန် လုပ်ဆောင်သွားမည် ဖြစ်သည်။ တခြားသူများ သေဆုံးသွားရလျှင်ပင် သူမ ဂရုစိုက်မည် မဟုတ်ပေ။

​ဤအချိန်တွင် ရွှေရောင်ခန်းမဆောင်အတွင်းရှိ ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာများအားလုံးကို အောင်မြင်စွာ သိမ်းပိုက်ပြီးဖြစ်သဖြင့် ရှုပ်ထွေးမှုများမှာ ငြိမ်သက်သွားသည်။ ရတနာမရရှိသူများက စိတ်မကောင်းဖြစ်နေကြသော်လည်း အခြားသူများ၏ လက်ထဲမှ လုယူရန် နည်းလမ်းမရှိပေ။

​သို့သော် သူတို့ ရတနာများအတွက် တိုက်ခိုက်နေစဉ်မှာပင် ပင်မခန်းမဆောင် အပြင်ဘက်တွင် အနက်ရောင်မြူခိုးများ မရပ်မနားဘဲ ဆက်လက် ပျံ့နှံ့လျက်ရှိသည်။

​ရတနာတစ်ခုကို ရရှိသွားလျှင်ပင် အကြီးမားဆုံးသော မေးခွန်းမှာ သူတို့ မည်သို့ ထွက်ပြေးရမည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။

​ချင်ရီက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများဖြင့် ခန်းမဆောင်ကို ဖုံးလွှမ်းထားသော မြူခိုးများကို စိုက်ကြည့်လိုက်ပြီး လေးနက်သော အမူအရာ ပေါ်လာသည်။

​"အားလုံးပဲ…ကျွန်မတို့ အင်အားစုဖို့ အမြန် လုပ်ကြရအောင်… ဒီနည်းလမ်းနဲ့ ကမ္ဘာခြားသက်ရှိကို တိုက်ခိုက်နိုင်မလားဆိုတာ ကြည့်ရမှာ"

​လီလော့ ခန်းမဆောင်အတွင်းကို အမြန် ဝေ့ကြည့်လိုက်တော့ ပုလဲရှစ်လုံးအဆင့်ရှိသူ သုံးဦး၊ ပုလဲခြောက်လုံးအဆင့်ရှိသူ အများအပြားနှင့် ပုလဲငါးလုံးအဆင့်ရှိသူ ပိုမို များပြားသည်ကို တွေ့လိုက်ရသည်။ သို့သော် အများစုမှာ ပုလဲတစ်လုံးနှင့် နှစ်လုံးအဆင့်များသာ ဖြစ်သည်။

​အချို့သော အခြေအနေများတွင် သူတို့၏ စုပေါင်းစွမ်းအားကို လျှော့တွက်၍ မရပေ။ သူတို့သာ ပူးပေါင်းလိုက်မည်ဆိုလျှင် ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ရှိသူများပင် သူတို့၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

​သို့သော် ဝိဉာဉ်စားနတ်ဆိုးကတော့ ရိုးရှင်းသော ပြိုင်ဘက် မဟုတ်ပေ။

​ထိုနတ်ဆိုး၏စစ်မှန်သော စွမ်းအားက မြို့စားအဆင့် ဖြစ်နိုင်ပြီး ဝိဉာဉ်ပဲ့တင်ထပ်သံဂူ အတွင်းတွင် အကြီးအကျယ် ဖိနှိပ်ခံထားရသော်လည်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ကျင့်ကြံသူများကိုပင် အပြီးသတ် ချေမှုန်းနိုင်စွမ်း ရှိသည်။ ပိုမို ဒုက္ခပေးသည်မှာ သူသည် ဝိဉာဉ်စားနတ်ဆိုး တစ်ကောင်တည်း မဟုတ်ပေ။ကူးစက်ခံထားရသူများကို ထိန်းချုပ်ထားနိုင်သဖြင့် အားလုံး၏ ဖိအားကို ပိုမို တိုးပွားစေလိမ့်မည်။

​"ပုလဲငါးလုံးအဆင့်နဲ့ အထက်ရှိသူတွေ ပူးပေါင်းပြီး ကမ္ဘာခြားသက်ရှိကို တိုက်ခိုက်ကြမယ်…ကျန်တဲ့သူတွေက ကူးစက်ခံထားရသူတွေကို ကိုင်တွယ်ပါ… အကယ်၍ ကျွန်မတို့ ရှုံးနိမ့်ခဲ့ရင်တောင် ဒီခန်းမဆောင်ကို အတားအဆီးတစ်ခုအဖြစ် အသုံးပြုပြီး အချိန်ဆွဲထားကြရအောင်" ဟု ချင်ရီက အေးစက်စွာ အကြံပြုလိုက်သည်။

​ကျန်သူများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

လီလင်ကျင်းက လီလော့ကို ဆွဲခေါ်သွားပြီး သူမ၏ ပဲ့တင်ထပ်သံစွမ်းအားဖြင့် ကာကွယ်ထားသော လျှို့ဝှက်သတင်းစကားကို ပေးပို့လိုက်သည်။

"ဝိဉာဉ်စားနတ်ဆိုးကို ငါတို့ ခုခံနိုင်တဲ့ အခြေအနေ မဟုတ်တော့ဘူးဆိုရင် နင် အခွင့်အရေးရှာပြီး ထွက်ပြေးရမယ်… ငါ နင့်အတွက် လမ်းတစ်ခု ဖန်တီးပေးမယ်"

​သူမသည် ဝိဉာဉ်စားနတ်ဆိုး၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းစွာ သိရှိထားသဖြင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် များစွာ အားမလိုအားမရ ဖြစ်နေသည်။ ဝိဉာဉ်ပဲ့တင်ထပ်သံဂူ၏ ဖိအားပေးမှု ရှိနေသော်လည်း ဤနေရာရှိ လူအားလုံး ပူးပေါင်းရင်ဆိုင်လျှင်ပင် အောင်မြင်နိုင်မည်ဟု သူမ မယုံကြည်ပေ။

​လီလော့က သူမ၏ မျက်ဝန်းများကို တည့်တည့်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော်တို့ နှစ်ယောက်လုံး အခွင့်အရေးရှာပြီး အတူတူ ထွက်ပြေးကြမယ်"

​လီလင်ကျင်းက မချိပြုံး ပြုံးပြလိုက်သော်လည်း ပြန်မဖြေပေ။

​ဝိဉာဉ်စားနတ်ဆိုးက သူမကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ နှစ်ယောက်အတူတူ ရှိနေပါက ထွက်ပြေးရန် ပိုမို ခက်ခဲလိမ့်မည်။

ပင်မခန်းမဆောင်အတွင်းရှိ လူတိုင်းက လျင်မြန်စွာ ချဉ်းကပ်လာသော အနက်ရောင်မြူခိုးများကို ကြောက်ရွံ့စွာ ကြည့်ရှုရင်း အသင့်ပြင်ထားကြသည်။ ဤအချိန်တွင် ကောင်းကင်တစ်ခုလုံးမှိုင်းညို့နေသကဲ့သို့ ဖြစ်နေသည်။

ဆယ်​မိနစ်ခန့် အကြာတွင်….

​အနက်ရောင်မြူခိုးများက ဗဟိုဌာနတစ်ခုလုံးကို ဝန်းရံလိုက်ပြီး ပင်မခန်းမဆောင်ကို တဖြည်းဖြည်းနှင့် ပိတ်ဆို့လာသည်။

​မြူခိုးများထဲမှ တိုးတိုးတိတ်တိတ် ပြောဆိုသံများလည်း ထွက်ပေါ်လာပြီး ထူးဆန်းပြီး ပုံပျက်နေသော အရိပ်များက မှင်ရည်ကဲ့သို့ အနက်ရောင် မျက်လုံးများဖြင့် ခုန်ထွက်လာပြီး ၎င်းတို့ ရှိနေရုံနှင့်ပင် အပျက်သဘောဆောင်သည့် ခံစားချက်များကို ထုတ်လွှတ်နေသည်။

​အမှောင်စွမ်းအင် ကူးစက်ခံထားရသည့် တကိုယ်တော်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များက စိတ်ကူးမယဉ်နိုင်လောက်အောင် ပုံပျက်သွားပြီး ရုပ်ဆိုးသော သတ္တဝါများကဲ့သို့ ခြေလက်လေးဖက်ဖြင့် မြေပြင်ပေါ်တွင် တွားသွားနေကြသည်။

​နောက်ဆုံးတွင် မြူခိုးများက ပင်မခန်းမဆောင်မှ အကွာအဝေးတစ်ခုတွင် ရပ်တန့်သွားပြီး လူတစ်ယောက်၏ ဧရာမမျက်နှာပြင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ခန်းမဆောင်အတွင်းရှိ လူများကို စိုက်ကြည့်ပြီးနောက် ဆာလောင်မွတ်သိပ်မှုနှင့် လောဘတို့ဖြင့် ပြည့်နှက်နေသော ကြမ်းတမ်းသည့် ရယ်မောသံကို ထုတ်လွှတ်လိုက်သည်။

​ထိုရယ်မောသံ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည့်အခါ စိတ်အနှောင့်အယှက် ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနှင့် လူသတ်လိုစိတ်များကို နိုးဆွပေးလိုက်သည်။ စိတ်ဓာတ် ပိုမိုအားနည်းသူများကတော့ မျက်လုံးများ နီရဲလာကြသည်။

​"အားလုံးပဲ… စိတ်ကို တည်ငြိမ်အောင် ထားပါ…သူ့ရဲ့ လှုံ့ဆော်မှုနောက်ကို မလိုက်ပါနဲ့" ဟု ချင်ရီက သတိပေးလိုက်သည်။

သတိပေးနေရင်းနှင့် သူမ၏ လက်ချောင်းထိပ်မှ အပြာရောင် ဝိညာဉ်အရည်တစ်စက် ထွက်ပေါ်လာသည်။ ၎င်းကို သူမ၏ အဆင့်(၉) ပဲ့တင်ထပ်သံစွမ်းအားဖြင့် ရောနှောလိုက်သည့်အခါ လူအုပ်စုကြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည့် မြူခိုးအဖြစ် ပြောင်းလဲသွားသည်။

ထို​မြူခိုးများ ထိတွေ့သွားသောအခါ လူတိုင်း စိတ်ထဲတွင် အေးမြသော ခံစားချက်ကို ရရှိသွားပြီး ကမ္ဘာခြားသက်ရှိ၏ လှုံ့ဆော်မှုများ ပျောက်ကွယ်သွားသည်။

​"ဒီကမ္ဘာခြားသက်ရှိက ဘာလဲဆိုတာ ကြည့်ရအောင်…" ဟု ကျူးကျူးက အေးစက်စွာ ပြောလိုက်သည်။ သူမ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဧရာမတူကြီးတစ်လက် ပေါ်လာပြီး မှော်စာလုံးများဖြင့် ကာကွယ်ထားသော ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သဖြင့် မြေပြင် အက်ကွဲသွားသည်။

​ထို့နောက် သူမ၏ နောက်တွင် ပုလဲရှစ်လုံး ပေါ်လာပြီး လျင်မြန်စွာ လည်ပတ်နေသည်။

​သူမ ဦးဆောင်လိုက်သည်နှင့် ချင်ယင်းကလည်း အော်ဟစ်လိုက်ပြီး ပုလဲငါးလုံးအဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ ရှေ့သို့ တိုးသွားလေသည်။

​လီလင်ကျင်းက လီလော့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ လေထဲသို့ ပျံတက်သွားသည်။

​ရှိနေသူအားလုံး၏ နောက်တွင် ကောင်းကင်ပုလဲများ ပေါ်လာသဖြင့် တကယ့်ကို အံ့ဩဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ အဝေးမှကြည့်လျှင် ကြယ်တာရာများ ပြည့်နှက်နေသော ပင်လယ်ပြင်ကဲ့သို့ ခမ်းနားလှသည်။

​မြူခိုးထဲမှ ဧရာမမျက်နှာကြီးက ထိုမြင်ကွင်းကိုကြည့်ရင်း ထူးဆန်းစွာ ရယ်မောလိုက်သည်။ ထို့နောက် ၎င်း၏ ဧရာမပါးစပ်ကို ဟလိုက်ရာ စီးဆင်းနေသော မြစ်တစ်ခုကဲ့သို့ မည်းနက်သော အရည်များ ပန်းထွက်လာသည်။ ထိုအရည်က ငါးပုပ်နံ့ကဲ့သို့ နံစော်နေပြီး ပုံပျက်နေသော အလောင်းကောင်များ ထိုအရည်ထဲတွင် ပေါ်လောပေါ်လျက် ရှိနေသည်။

ထို​အနက်ရောင်မြစ်က လီလင်ကျင်း၊ ချင်ယင်းနှင့် ကျူးကျူးတို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည်။

​ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လူအုပ်ကြီးက မဆိုင်းမတွပင် မိမိတို့၏ အစွမ်းအကုန် ထုတ်သုံးလိုက်ကြသည်။

​သူတို့၏ ပဲ့တင်ထပ်သံစွမ်းအားများ အပြည့်အဝ ပေါ်လွင်နေပြီး ရရှိနိုင်သမျှ သဘာဝစွမ်းအင်များကို စုစည်းကာ အနက်ရောင်မြစ်ကို ပြန်လည် တိုက်ခိုက်လိုက်ကြသည်။

​လီလင်ကျင်းက စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို ကိုင်ထားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများမှာ ပေါ်ထွက်လညကာ သူမ၏ နောက်တွင် ရှေးဟောင်းအငွေ့အသက်များ ပါဝင်သည့် အနက်ရောင်မြွေနဂါးကြီး ပေါ်လာသည်။

​အဆင့်(၉)အဆင့်နိမ့်.. ငရဲမြွေနဂါး ပဲ့တင်ထပ်သံ….

​သူမ၏ ပဲ့တင်ထပ်သံ ပေါ်လာပြီးနောက် လက်ထဲရှိ စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေး တုန်ခါသွားပြီး စိမ်းပြာရောင်စွမ်းအင်များ ထွက်ပေါ်လာကာ ဧရာမမြွေနဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။

​မြွေနဂါးကြီးက ပေါ်လာပြီးနောက် လီလင်ကျင်းကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သလို အသံပြုနေသည်။

​လီလင်ကျင်း၏ ပဲ့တင်ထပ်သံက စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးနှင့် အလွန် ကိုက်ညီနေပုံရသည်။

​သူမ တောင်ဝှေးကို ဝှေ့ယမ်းလိုက်သည်နှင်ဧ့ ရာမမြွေနဂါးကြီးက ပါးစပ်ဟလိုက်သည်။ ခဏအကြာတွင် အဆိပ်ပြင်းသော အလင်းတန်းတစ်ခု ပန်းထွက်လာသည်။ ထိုအဆိပ်အလင်းတန်းက ယခင်ကထက် ပိုမိုကြီးမားပြီး အကျယ်ပေတစ်ရာကျော် ရှိသည်။ ၎င်းက လေထုကို ခွင်းထွက်သွားပြီး တခြားသူများ၏ တိုက်ခိုက်မှုများနှင့်အတူ အနက်ရောင်မြစ်ကို ထိမှန်သွားလေသည်။

​ဝုန်း!

ထိုအခါ ​စွမ်းအင်များ ပေါက်ကွဲထွက်ပြီး လေဟာနယ်ပင် အပိုင်းပိုင်း ကွဲထွက်သွားသော်လည်း အနက်ရောင်မြစ်က တိုက်ခိုက်မှုများကို ဆက်လက် တိုက်စားနေသည်။

​ကံမကောင်းစွာပင် ထိုအနက်ရောင်မြစ်က ဘယ်တော့မှ မကုန်ဆုံးနိုင်သော ရင်းမြစ်တစ်ခုမှ လာသည်နှင့် တူနေသည်။

ရုတ်တရက် အရည်များ ကွဲထွက်သွားပြီး အနက်ရှိုင်းဆုံးနေရာမှ အသားရောင် ဧရာမလက်ကြီးတစ်ခု ဆန့်ထွက်လာသည်။ အနီးကပ်ကြည့်လျှင် ၎င်းမှာ ပုံစံအမျိုးမျိုးသော ခြေလက်အင်္ဂါများဖြင့် ဖွဲ့စည်းထားပြီး လက်ဝါးအလယ်တွင် ထက်မြက်သော သွားများဖြင့် ပြည့်နှက်နေသည့် ဧရာမပါးစပ်ကြီးတစ်ခု ရှိနေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

​ဝုန်း!

​ဧရာမလက်ကြီး ပေါ်လာသည်နှင့် လူသုံးဦးကို တိုက်ရိုက် ပုတ်ထုတ်လိုက်သည်။

​အစွမ်းထက်သူများ ဝိဉာဉ်စားနတ်ဆိုး ကို တိုက်ခိုက်နေစဉ်မှာပင် ကူးစက်ခံထားရသူများ မြူခိုးထဲမှ ဒလဟော ပန်းထွက်လာပြန်သည်။

ထို​သူတို့က သရဲတစ္ဆေများကဲ့သို့ မြေပြင်ပေါ်တွင် တွားသွားကာ အဓိက တိုက်ခိုက်သူများကို အာရုံလွှဲရန် ကြိုးစားနေကြသည်။

​ဝုန်း! ဝုန်း!

​သို့သော် ပထမဆုံး လာရောက်သည့် ကူးစက်ခံထားရသူများကို ကောင်းကင်ကို လျှပ်စီးကဲ့သို့ ခွင်းထွက်သွားသည့် အလင်းမြားများဖြင့် အပြီးသတ် ချေမှုန်းလိုက်သည်။

​လီလော့က နဂါးပုံစံ ကြီးမားသော လေးကို ကိုင်ဆောင်ကာ ပင်မခန်းမဆောင်ထဲမှ ထွက်လာပြီး ကူးစက်ခံထားရသူများဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်သည်။

​ကူးစက်ခံထားရသူ အများအပြားက လီလော့ကို မြင်သည်နှင့် အရပ်မျက်နှာအသီးသီးမှ မြေပြင်နှင့် နံရံများပေါ်တွင် တွားသွားကာ ဝိုင်းဝန်းရန် ကြိုးစားကြသည်။

​ဝုန်း!

ထိုအခါ ​လီလော့၏ နောက်တွင် ခမ်းနားသော ပဲ့တင်ထပ်သံပညာရပ်များ ပေါ်ထွက်လာပြီး ကူးစက်ခံထားရသူများကို ရေလှိုင်းကဲ့သို့ ဝါးမြိုလိုက်သည်။

​သူသည် လေထဲတွင် ဖြစ်ပွားနေသော တိုက်ပွဲကြီးကို မော့ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

​ကူးစက်ခံထားရသူများ၏ ဖိအားက သိပ်မများလှပေ။ အောင်မြင်မှုက လီလင်ကျင်း၊ ချင်ယင်းနှင့် ကျူးကျူးတို့အဖွဲ့၏ ဝိဉာဉ်စားနတ်ဆိုးကို ရင်ဆိုင်တိုက်ခိုက်မှုပေါ်တွင်သာ မူတည်နေသည်။

​သူ မြင်တွေ့သလောက်အရ ဝိဉာဉ်ပဲ့တင်ထပ်သံဂူက ဝိဉာဉ်စားနတ်ဆိုးကို ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများ မလုပ်နိုင်အောင် လုံလောက်စွာ ဖိအားပေးထားနိုင်ပါစေဟုသာ ဆုတောင်းရပေမည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက ထွက်ပြေးရန် အလွန် ခက်ခဲပေလိမ့်မည်။

All Chapters