← Chapters

အခန်း ၈၈၃

Vol. 75 Ch. 883

အခန်း ၈၈၃

Vol. 75 Ch. 883

အပိုင်း (၈၈၃)

“အစ်ကိုယန်... ဒီနေ့ကစပြီး ခင်ဗျားကို ချူကျောင်းရန်က ထောက်လှမ်းရေး ပညာရပ် အသစ်တွေကို သင်ပေးလိမ့်မယ်။ အထူးသဖြင့် ကြိုးမဲ့ ဆက်သွယ်ရေး စက်နဲ့ မော့စ်ကုဒ် တွေပါ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

လန်ပိက မေးလိုက်၏။ “အရှင်... ကျွန်မတို့ရဲ့ လက်ရှိ ကြိုးမဲ့ ဆက်သွယ်ရေးစက်က အဝေးကြီးကို မဆက်သွယ်နိုင်သေးပါဘူး။ ဟွာမန်လောက်က ဘယ်နေရာကို သွားပြီး ခိုးဝင်မှာလဲ။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “မိစ္ဆာမြို့တော်...”

လန်ပိက ပြောလိုက်၏။ “ဒါဆို ကြိုးမဲ့ ဆက်သွယ်ရေး စက်ကို လုံးဝ ယူသွားလို့ မရဘူးလေ။”

ချူကျောင်းရန်က ပြောသည်။ “အခု ယူသွားလို့ မရပေမယ့် အနာဂတ်မှာ ယူသွားလို့ မရဘူးလို့ မဆိုလိုပါဘူး။ အမတ်ကြီးယန် အနေနဲ့ ကြိုးမဲ့ ဆက်သွယ်ရေး စက်နဲ့ မော့စ်ကုဒ် တွေကို သင်ယူဖို့ လိုအပ်ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာ ကျုပ်တို့ရဲ့ လျှို့ဝှက် သူလျှိုတွေက မိစ္ဆာမြို့တော်ထဲကို အဆက်မပြတ် ဝင်ရောက်သွားကြမှာ ဖြစ်ပြီး သေချာပေါက် ကြိုးမဲ့ ဆက်သွယ်ရေး စက်တွေကို ယူဆောင်သွားနိုင်မှာပါ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အင်ပါယာကနေ လျှို့ဝှက်စာ တစ်စောင် ရရှိခဲ့ပါတယ်။ မျိုးဆက်သစ် ကြိုးမဲ့ ဆက်သွယ်ရေးစက်ကို တီထွင်ပြီးစီးသွားပြီ ဖြစ်ပြီး ဆက်သွယ်နိုင်တဲ့ အကွာအဝေး အများကြီး တိုးတက်လာပါတယ်တဲ့။”

နောက်ဆက်တွဲ ရက်အနည်းငယ် အတွင်းတွင် ယန်ဖျန်ရှန် သည် နေ့တိုင်း မနားမနေ သင်ယူနေ၏။

တစ်လ အကြာတွင် ယန်ဖျန်ရှန် စစ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားပြီး ယွင်ကျုံးဟဲ့ ကိုယ်တိုင် သူ့ကို ဂုဏ်ထူးဆောင် တံဆိပ် တပ်ဆင်ပေးခဲ့သည်။

ယနေ့မှစ၍ ယန်ဖျန်ရှန် သည် တာ့ယန် အင်ပါယာ စစ်တပ် ဦးစီးဌာန၊ ထောက်လှမ်းရေး ဌာန၏ ဒုတိယ ဗိုလ်မှူးကြီး ဖြစ်လာခဲ့ပြီဖြစ်၏။

ဤအဆင့်အတန်းသည် လုံးဝ မမြင့်မားပေ။ ယခင်က ယန်ဖျန်ရှန် သည် တာ့ကျိုး အင်ပါယာ ဟေးပင်းထိုင်၏ စစ်သေနာပတိချုပ် အဖြစ်ပင် တာဝန်ယူခဲ့ဖူးသည်ကို သိထားသင့်သည်။

သို့ပေမည့် ယန်ဖျန်ရှန် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် သူသည် လူတစ်ယောက်တည်းအတွက် တိုက်ပွဲဝင်နေခြင်း မဟုတ်ဘဲ ယဉ်ကျေးမှု တစ်ခုလုံးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်သောကြောင့်ပင်။

ယခင်က ရည်မှန်းချက် မရှိခဲ့သော်လည်း ယခု ရှိလာခဲ့ပြီ ဖြစ်သည်။

“ကျုပ် တစ်သက်လုံး ကြိုးစား တိုက်ပွဲဝင်သွားပါ့မယ်။” ယန်ဖျန်ရှန်က တုန်ယင်စွာ ပြောလိုက်၏။

ယွင်ကျုံးဟဲ့က ပြောသည်။ “ဒီနေ့ကစပြီး ခင်ဗျားရဲ့ လျှို့ဝှက် နာမည်က နှင်းဖြူ လို့ခေါ်တယ်။ ချူကျောင်းရန် နဲ့ လန်ပိ နှစ်ယောက်က ခင်ဗျားတစ်ယောက်တည်းအတွက် သီးသန့် အလုပ် လုပ်ပေးလိမ့်မယ်။”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...”

သုံးရက် အကြာတွင်....

ယန်ဖျန်ရှန် သည် သူတောင်းစား တစ်ယောက်၏ အသွင်ဖြင့် တာ့ရှနိုင်ငံ အတွင်းသို့ လျှို့ဝှက်စွာ ပြန်လည် ဝင်ရောက်သွား၏။

ထို့နောက် လေလွင့်နေသူများ၊ သူတောင်းစားများ၊ အိမ်မဲ့ရာမဲ့ ဖြစ်နေသူများ အများအပြား ဖမ်းဆီးခံရပြီး ဝက်ခွေးများကဲ့သို့ မိစ္ဆာမြို့တော်သို့ ပို့ဆောင်ခံခဲ့ရ၏။ ယန်ဖျန်ရှန် သည်လည်း ထိုအထဲတွင် ပါဝင်သည်။

ကျင်းကျုံးယွဲ့ ပြန်ရောက်လာပြီးနောက်...

အသက်တစ်ဝက်သာ ကျန်တော့သော ယွင်ကျုံးဟဲ့ အသက်ရှူနိုင်သွားပြီးနောက် မေးလိုက်၏။ “လမင်း... မင်းကို မေးခွန်း တစ်ခု မေးမယ်။”

“အင်း…” ကျင်းကျုံးယွဲ့က နှာခေါင်းသံဖြင့် ဖြေသည်။

‘သူမက သူ့ကိုယ်ပေါ်မှာ မှောက်နေတာ တကယ်ကို လေးလွန်းတယ်။’

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီတုန်းက မင်း ဘာလို့ ယန်ဖျန်ရှန်ကို သဘောမကျခဲ့တာလဲ။”

“ဒီမေးခွန်းကို မမေးလို့ မရဘူးလား။” ကျင်းကျုံးယွဲ့က စိတ်မရှည်စွာဖြင့် ပြောပြီးနောက် ထလာကာ ရေချိုးရန် သွားသည်။ ထို့နောက် မှန်ရှေ့တွင် ထိုင်ကာ ဆံပင် ဖြီးနေသည်။

ယွင်ကျုံးဟဲ့ ထပ်မမေးတော့ဘဲ ပြောလိုက်၏။ “ယန်ဖျန်ရှန် အိမ်ထောင်ကျသွားပြီ။ မိန်းမ တစ်ယောက်နဲ့ ကလေး သုံးယောက် ရှိတယ်။”

ကျင်းကျုံးယွဲ့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။ “ဟုတ်လား။ အရမ်း ကောင်းတာပေါ့။”

‘မင်းက ဒီလောက် သက်ပြင်းရှည်ကြီး ချလိုက်တာ ပေါင်ထောင်ချီလေးတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ချလိုက်ရသလိုမျိုး ဘာအဓိပ္ပာယ်လဲ။’

အတော်ကြာမှ ကျင်းကျုံးယွဲ့က ပြောသည်။ “ယန်ဖျန်ရှန်က ကျွန်မအပေါ် အရမ်း၊ အရမ်းကို ကောင်းပါတယ်။ ကျွန်မ သူ့အပေါ် ယောက်ျား၊ မိန်းမ အချစ် မရှိရတဲ့ အကြောင်းရင်းက သူက အဆင့်မမြင့်ဘူးလို့ ထင်လို့ပဲ။”

ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “ဒီအဖြေက လုံလောက်အောင် လက်တွေ့ကျပြီမလား။ ရှင် ကျေနပ်ပြီလား။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒီတုန်းက ငါကလည်း အဆင့်မမြင့်ပါဘူး။”

ကျင်းကျုံးယွဲ့က ပြော၏။ “အဲဒီတုန်းက ရှင်က ချောလည်း ချောတယ်၊ ကဗျာလည်း ရေးတတ်တယ်၊ ဟန်ရေးပြလည်း တတ်တယ်။ ဘယ်လိုလုပ် အဆင့်မမြင့်ရမှာလဲ။ အခု ရှင့်ထက် အများကြီး ပိုပြီး အဆင့်မြင့်ပြီး စိတ်ဝင်စားစရာ ကောင်းသေးတယ်။ ရှင်က အခု အရမ်း ပျင်းစရာ ကောင်းနေပြီ၊ ကဗျာလည်း မရေးတော့ဘူး၊ စောင်းလည်း မတီးတော့ဘူး။”

ကျင်းကျုံးယွဲ့၏ ရိုးရှင်းသော စကား အနည်းငယ်သည် တကယ်ကို ယောက်ျားနှင့် မိန်းမ ဆက်ဆံရေး၏ အမှန်တရားကို ဖော်ထုတ်ပြလိုက်ခြင်းပင် ဖြစ်သည်။

ဆံပင် ဖြီးပြီးနောက် ကျင်းကျုံးယွဲ့သည် ကုတင်ပေါ်သို့ ထပ်မံ တက်လာပြီး ယွင်ကျုံးဟဲ့၏ အနားသို့ တွားသွားကာ သူ၏ ရင်ဘတ်ပေါ်တွင် ခေါင်းအုံးလိုက်၏။

“ကျွန်မရဲ့ ဓမ္မတာက အမြဲတမ်း မှန်နေတုန်းပဲ။” ကျင်းကျုံးယွဲ့က ပြောသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မင်းက အမြဲတမ်း အသက် နှစ်ဆယ်ကျော် အရွယ် ပုံစံမျိုးပဲ ရှိနေတာဆိုတော့ ဓမ္မတာ မှန်မှာပေါ့။”

ကျင်းကျုံးယွဲ့က ပြောသည်။ “ရှင် ဟန်ဆောင် မနေနဲ့။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ငါတို့မှာ ကလေး လေးယောက် ရှိနေပြီလေ။ ထပ်မမွေးတော့ပါဘူး။ ”

ကျင်းကျုံးယွဲ့က ပြောသည်။ “ဘာလို့မှန်း မသိဘူး။ နှစ်အနည်းငယ် ကြာတိုင်း ကလေး မွေးချင်နေတာပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မွေးလာရင်လည်း မင်းက မထိန်းဘူးလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါတို့ ကလေး နှစ်ယောက်ကို မင်း ဘယ်နှရက်များ ထိန်းဖူးလို့လဲ။”

ကျင်းကျုံးယွဲ့က ပြန်ပြောသည်။ “အနည်းဆုံးတော့ နို့ဖြတ်တဲ့အထိ ကျွန်မ ထိန်းခဲ့တာပဲလေ။ ကျွန်မက ကျီးချင့် ထက် အများကြီး ပိုကောင်းပါတယ်။ အဲဒီ မိန်းမကမှ တာဝန် မယူတာ။”

ယွင်ကျုံးဟဲ့က ပြော၏။ “သူက ကောင်းကင်ဘုံက ချစ်ခင်ရသူလေးလေ။ သူနဲ့ သွားမယှဉ်ပါနဲ့။”

ကျင်းကျုံးယွဲ့က ရုတ်တရက် ပြောလိုက်သည်။ “အဲဒီ မိန်းမ အမြင်မှာတော့ ယန်ဖျန်ရှန်က အဆင့်မြင့်တဲ့ သူဖြစ်မှာပဲ။”

ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြော၏။ “အစ်ကိုယန်က မူလတည်းက အရမ်း အဆင့်မြင့်တဲ့ သူပါ။ မင်းလို မိန်းမက အရမ်း အပေါ်ယံဆန်လွန်းနေတာပါ။”

ကျင်းကျုံးယွဲ့ ရုတ်တရက် လှည့်လာပြီး ယွင်ကျုံးဟဲ့ကို ဖိထားကာ မေးလိုက်သည်။ “ကျွန်မသာ အပေါ်ယံဆန်တဲ့ မိန်းမ မဟုတ်ရင် အပြင်ပန်းကသာ လှပြီး အသုံးမကျတဲ့ ရှင့်လို ယောက်ျားမျိုးကို သဘောကျပါ့မလား။”

‘ချီးတဲ့မှ... စကားပြောရင် ပြောတဲ့ အကြောင်းအရာကိုပဲ ပြောလေ။ လူကို ကိုယ်ရည်ကိုယ်သွေး လာမတိုက်ခိုက်နဲ့လေ။’

တစ်ချိန်တည်းမှာပင် ကျင်းချွဲ၊ ကျင်းဟူ၊ ပိုင်ချီ သုံးယောက်သား စကားပြောနေကြသည်။ လူသုံးယောက်၏ နောက်တွင် ဧရာမ အသွင်ပြောင်း သိမ်းငှက်ကြီး တစ်ကောင်စီ ရှိနေ၏။

ပိုင်ယင်မြို့ တာ့ယန် အင်ပါယာသို့ လက်နက်ချပြီးတည်းက ဤမောင်နှမ သုံးယောက် အမြဲတမ်း အတူတူ ရှိနေခဲ့ကြသည်။

ကျင်းချွဲ နှင့် ကျင်းဟူ မောင်နှမ နှစ်ယောက်သည် ပိုင်ယင်မြို့သို့ အရင် သွားရောက် လည်ပတ်ခဲ့ကြပြီး ပင်လယ်အောက် ပိရမစ် အတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက် စူးစမ်းလေ့လာခဲ့ကြ၏။

ကျင်းချွဲက မြို့တော်၏ နှစ်သစ်ကူး မီးရှူးမီးပန်း ပွဲတော်က အရမ်း လှတယ်၊ ပြီးတော့ ညီလေး၊ ညီမလေးတွေကို လွမ်းတယ်ဟု ပြောခဲ့၏။ ထို့ကြောင့် မောင်နှမ သုံးယောက်သည် ခရီးသည်တင် သင်္ဘော စီးကာ အင်ပါယာ ပြည်တွင်းသို့ သွားရောက်ခဲ့ကြသည်။

ထို့အပြင် မြို့တော် တာ့ယန် နန်းတော်၏ နှစ်သစ်ကူး ညစာစားပွဲကိုလည်း တက်ရောက်ခဲ့ကြပြီး ညီလေး၊ ညီမလေးများနှင့်လည်း တွေ့ဆုံခဲ့ကြသည်။ ထို့နောက် အင်ပါယာ ပထမ တက္ကသိုလ်သို့ သွားရောက်၍ စာသင်ကြားခဲ့ကြ၏။

ပြီးခဲ့သည့်နှစ်က ပိုင်ယင်မြို့နှင့် အနက်ရောင်ဘုရင်ကျိုးတို့ တာ့ယန် အင်ပါယာသို့ လက်နက်ချပြီးနောက် အင်ပါယာသည် နောက်ဆုံးတွင် ဥပဒေကို အတည်ပြုနိုင်ခဲ့သည်။

တာရှန်းမိစ္ဆာနိုင်ငံ၏ သွေးကြော ရှိသူများကိုလည်း အင်ပါယာ၏ နိုင်ငံသားများ အဖြစ် အသိအမှတ်ပြု လက်ခံနိုင်ပြီ ဖြစ်သည်။ အင်ပါယာ နိုင်ငံသား ဖြစ်၊ မဖြစ် ဆိုသည်မှာ ယုံကြည်မှုကို ကြည့်ရမည်ဖြစ်ပြီး သွေးကြောကို ကြည့်ရန် မဟုတ်ပေ။

တာရှန်းမိစ္ဆာနိုင်ငံ၏ သွေးကြော ရှိသူများသည် တာ့ယန် အင်ပါယာတွင် တန်းတူညီမျှသော အခွင့်အရေး အားလုံး ရရှိမည် ဖြစ်သည်။

ထို့အပြင် ယနေ့မှစ၍ အင်ပါယာ၏ တရားဝင် စာရွက်စာတမ်းများတွင် တာရှန်းမိစ္ဆာနိုင်ငံသွေးကြော ဟူသော စကားလုံးကို ထပ်မံ အသုံးမပြုတော့ဘဲ အသွင်ပြောင်း သွေးကြောဟု ပြောင်းလဲ သတ်မှတ်လိုက်၏။

နောက်ဆက်တွဲ အနေဖြင့် မောင်နှမ သုံးယောက်သည် ဟေးယန်အင်ပါယာ၏ ကျိန်စာတိုက်ခံထားရသော နယ်မြေသို့ သွားရောက်ခဲ့ကြပြီး ပျော်ရွှင်လွန်း၍ အိမ်ပြန်ရန်ပင် မေ့နေခဲ့ကြသည်။

“ရှင့်အတွက် အရှက်ရဆုံး ကိစ္စ တစ်ခုကို ပြောပြပါ။”

အင်ပါယာ ပထမ တက္ကသိုလ်မှ အမျိုးသမီးငယ်လေးက ပြောလိုက်၏။ “ပိုင်ချီ... ရှင် အရင် ပြော။”

‘အရှက်ရဆုံး ကိစ္စ ဟုတ်လား။’

ပိုင်ချီက အနေရခက်စွာဖြင့် မေးလိုက်သည်။ “မပြောလို့ မရဘူးလား။”

“မရဘူး။ သေချာပေါက် ပြောရမယ်။” ဤအမျိုးသမီးငယ်လေး၏ လှပသော မျက်လုံးများတွင် အတင်းအဖျင်း သိချင်စိတ်များ ပြည့်နှက်နေ၏။

“မရဘူး၊ ကျုပ် မပြောဘူး။” ပိုင်ချီက ပြောသည်။

ကျင်းချွဲက ပြောလိုက်၏။ “နင် ဘာပြောချင်လဲ ဆိုတာ ငါ သိတယ်။ အဖေနဲ့ မင်းအမေတို့ ချစ်တင်းနှီးနှောတဲ့ အသံကို မတော်တဆ ကြားလိုက်ရတာ မလား။ အဲဒါက ငါ့ရဲ့ အဖြေလည်း ဟုတ်တယ်။ တကယ်ကို... အရမ်း... အရမ်း... အရမ်းကို ရှက်ဖို့ ကောင်းလွန်းပါတယ်။”

ကျင်းချွဲက ပြောရင်းနဲ့ လက်မောင်းကို ပွတ်သပ်ကာ ကြက်သီးတွေကို ဖျောက်ဖို့ ကြိုးစားနေသည်။

အင်ပါယာ ပထမ တက္ကသိုလ်မှ ထိုအမျိုးသမီးငယ်လေးက ပြောလိုက်၏။ “ကျွန်မအတွက် အရှက်ရဆုံး ကိစ္စ တစ်ခုကို ပြောပြမယ်နော်။”

ထို့နောက် သူမက ပိုင်ချီကို ကြည့်ကာ ပြောသည်။ “မောင်လေး... ကျွန်မ ရှင့်ကို အရမ်း သဘောကျတယ်။”

ထို့နောက် သူမက ရဲတင်းစွာ ရှေ့တိုးလာပြီး ပိုင်ချီ ၏ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်သည်။ ပိုင်ချီ သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မလှုပ်မယှက် ဖြစ်သွား၏။

အင်ပါယာ ပထမ တက္ကသိုလ်မှ ထိုအမျိုးသမီးငယ်လေးက ဆက်ပြောသည်။ “ကြည့်... အခုက ကျွန်မအတွက် အရှက်ရဆုံး အချိန်ပဲ။ ကျွန်မရဲ့ အနမ်းဦးကို ပေးလိုက်ပေမယ့် တစ်ဖက်လူက ဘာတုံ့ပြန်မှုမှ မရှိဘူး။”

ကျင်းချွဲက ဝမ်းသာအားရ အော်လိုက်၏။ “ကောင်းကင်ဘုံ... မိန်းမက သုံးနှစ် ကြီးရင် ရွှေတုံးကြီး ဖက်ထားရသလိုပဲတဲ့။”

ထို့နောက် ကျင်းချွဲက မေးလိုက်သည်။ “ကျီးမြန်မြန်... ရှင်က ဘာလို့ ကျွန်မရဲ့ မောင်လေး ပိုင်ချီကို သဘောကျရတာလဲ။”

ထိုအမျိုးသမီးငယ်လေးက ရှေ့တိုးလာကာ ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ သူက ချောတယ်လေ။ ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တယ်၊ ရိုးအတယ်၊ အဆင့်မြင့်တဲ့ ပုံစံ ပေါက်တယ်။”

ကျင်းချွဲက ပြောသည်။ “ရှင်က အရမ်း အပေါ်ယံဆန်လွန်းပါတယ်။ ဒါပေမဲ့ ရှင် ပြောတာ မှန်တယ်။”

ကျီးမြန်မြန်က မေးလိုက်၏။ “အစ်မ ချွဲအာ... အစ်မကော ဘယ်ယောက်ျားလေးကို သဘောကျလဲ။ အစ်မက အသက် နှစ်ဆယ်ကျော်နေပြီလေ။ မလောဘူးလား။”

ကျင်းချွဲက အထင်သေးစွာ ပြောလိုက်သည်။ “ရှင်တို့ အားလုံးက အရမ်း အပေါ်ယံဆန်လွန်းတယ်။ နေ့တိုင်း ယောက်ျား မိန်းမ အချစ်ကိစ္စတွေချည်းပဲ။ ကျွန်မကတော့ နည်းနည်းလေးမှ စိတ်မဝင်စားဘူး။ ကျွန်မ ရှာဖွေနေတာက အဆင့်အတန်း တစ်ခုပဲ။ ရှင့်အဒေါ်ကို ကြည့်လိုက်လေ၊ သူမက တစ်ကိုယ်တည်း နေချင်တဲ့သူပဲ။ ပြီးတော့ အဒေါ် ကျီးချင့် ကလည်း တစ်ကိုယ်တည်း နေချင်တဲ့သူပဲ။”

ကျီးမြန်မြန်က ပြောလိုက်၏။ “မိဖုရား ကျီးချင့် မှာ ယောက်ျား ရှိတယ်လေ။ အဲဒါက အစ်မရဲ့ အဖေပဲ။ ကျွန်မရဲ့အဒေါ် ကျီးယန် ကတော့ တကယ်ပဲ တစ်သက်လုံး အိမ်ထောင်မပြုဘူး။”

ကျင်းချွဲက ပြောသည်။ “အဒေါ် ကျီးချင့် နဲ့ အဖေက ခွဲနေတာ နှစ်အတော်ကြာပြီ။ ဒါပေမဲ့ သူမက အရမ်း ပျော်ရွှင်ပြီး လွတ်လွတ်လပ်လပ် နေနိုင်နေတုန်းပဲ။ ကိုယ်ပိုင် လောကထဲမှာ လုံးဝ နစ်မွန်းနေတာ။ ကျွန်မအမေလို မိန်းမမျိုးမှသာ ယောက်ျားတွေကို လိုအပ်တာ။ အဆင့်မြင့်တဲ့ သူတွေက ဘဝလက်တွဲဖော် မလိုအပ်ဘူး။”

ထို့နောက် ကျင်းချွဲက မောင်လေးဖြစ်သူ ကျင်းဟူ ၏ လည်ပင်းကို ညှစ်ကာ မေးလိုက်၏။ “နင်ကော မိန်းမ လိုအပ်လား။”

ကျင်းဟူ သည် စောစောက သူ၏ ကိုယ်ပိုင် တွေးခေါ်မှုများ အတွင်းသို့ လုံးဝ နစ်မွန်းနေခဲ့ခြင်း ဖြစ်၏။ သူသည် အချိန်တိုင်း ပြဿနာများကို စဉ်းစားနေတတ်သူ ဖြစ်သည်။

ဤအချိန်တွင် အစ်မဖြစ်သူ၏ မေးခွန်းကို ကြားချိန်မှာတော့ သူက ခေါင်းယမ်းလိုက်ပြီး လုံးဝ စိတ်မဝင်စားကြောင်း ပြသလိုက်၏။

သူသည် တကယ်ကို မိန်းမများကို နည်းနည်းလေးမှ စိတ်မဝင်စားပေ။ သေချာပေါက် ယောက်ျားများကိုလည်း မည်သည့် စိတ်ဝင်စားမှုမှ မရှိပေ။ သူ၏ သုတေသန လုပ်ငန်းများကိုသာ စိတ်ဝင်စားသည်။

ကျင်းချွဲက ပိုင်ချီ ကို မေးလိုက်၏။ “နင်ကော မိန်းမတွေကို စိတ်ဝင်စားလား။”

ပိုင်ချီက မျက်နှာနီရဲစွာဖြင့် ပြန်မေးသည်။ “ငါ မဖြေဘဲ နေလို့ ရမလား။”

ထို့နောက် သူက စကားလမ်းကြောင်း လွှဲလိုက်၏။ “တကယ်ကို အံ့ဩစရာ ကောင်းတာပဲနော်။ အခု လောကအဆင့် စစ်ပွဲကြီး ဖြစ်ပွားနေတာတောင် မြို့တော်မှာတော့ အရမ်း ပျော်ရွှင် အေးချမ်းနေတုန်းပဲ။ ဘာမှ ထိခိုက်မှု မရှိသလိုပဲ။”

ကျီးမြန်မြန်က ပြောလိုက်သည်။ “ဒါက ကျွန်မတို့ရဲ့ ဂုဏ်ယူစရာပဲလေ။ အဲဒါကြောင့် ကျွန်မတို့ သေချာပေါက် နိုင်မှာပဲ။ ပိုင်ချီ... ပိုင်ယင်မြို့မှာ အရမ်း ပူလား။ ဒါဆိုရင် နေ့တိုင်း ရေကူးဝတ်စုံ ဝတ်လို့ ရတာပေါ့။ ကျွန်မတို့ဆီမှာက နွေရာသီ တစ်လပဲ ရေကူးဝတ်စုံ ဝတ်လို့ ရတာ။ အရမ်း နှမြောစရာ ကောင်းတယ်။ ကျွန်မ ရေကူးဝတ်စုံ ဝတ်တာကို ရှင် ကြိုက်လား။”

ကျင်းချွဲက ရယ်မောဟန်ဖြင့် မေးလိုက်၏။ “ကျီးမြန်မြန်... ရှင်က အရမ်း လွတ်လပ်လွန်းနေပြီ။ ပိုင်ယင် ဘုရင်မ ဖြစ်ဖို့ ဒီလောက်တောင် လောနေတာလား။”

ထိုအချိန်တွင် လူအုပ်ထဲမှ ချောမောသော လူငယ် တစ်ဦးက လက်မြှောက်ကာ ပြောလိုက်သည်။ “မြန်မြန်... ခင်ဗျား ရေကူးဝတ်စုံ ဝတ်ထားတာကို ကျုပ် ကြိုက်တယ်။ တစ်ခါမှ မမြင်ဖူးပေမယ့်ပေါ့။”

ကျီးမြန်မြန် ၏ အကြည့်များက လျှပ်စီးလက်သကဲ့သို့ သူ့ဆီသို့ ရောက်ရှိသွားပြီး ပြောလိုက်၏။ “ထွက်သွား...”

ထိုချောမောသော လူငယ်၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားသည်။ ‘ကျုပ်ကလည်း အင်ပါယာ တော်ဝင် မိသားစုဝင် တစ်ယောက်ပါပဲလေ။ ဘာလို့ ဒီလောက်တောင် ခွဲခြား ဆက်ဆံရတာလဲ။’

All Chapters