← Chapters

အခန်း ၈၈၈

Vol. 75 Ch. 888

အခန်း ၈၈၈

Vol. 75 Ch. 888

အပိုင်း (၈၈၈)

“ပစ်... ပစ်.... ပစ်...”

“ပစ်... ပစ်... ပစ်...”

အမိန့်ပေးသံနှင့်အတူ အမြောက် ရာပေါင်းများစွာက ပြင်းထန်စွာ ပစ်ခတ်လိုက်သည်။

အမြောက်ဆန် ရာပေါင်းများစွာသည် ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ပစ်ထွက်သွားပြီးနောက် မိစ္ဆာမြို့တော်၏ တားမြစ်နယ်မြေ အတွင်းသို့ ကျဆင်းသွား၏။

လေသင်္ဘော ဆယ်စင်းကျော်သည် မီတာ ထောင်ချီ မြင့်သော ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဗုံးများကို အရှိန်အဟုန်ဖြင့် ပစ်ချလိုက်၏။ ဗုံးတစ်လုံးစီတိုင်းသည် မြေအောက်ဖောက်ခွဲရေး ဗုံးများ ဖြစ်ကြပြီး နှစ်တန်ကျော် အလေးချိန် ရှိသည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ဧရာမ ဗုံးကြီးများသည် ကောင်းကင်ယံမှ ပြုတ်ကျလာပြီးနောက် ယှဉ်ပြိုင်၍ မရနိုင်သော အရှိန်တိုးနှုန်း စွမ်းအင်ကို ရရှိသွား၏။

တစ်ခဏချင်း အတွင်းမှာပဲ မြေအောက် မီတာ ဆယ်ဂဏန်းခန့်အထိ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားသည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

အမြောက်ဆန် ရာပေါင်းများစွာ၊ ဧရာမ မြေအောက်ဖောက်ခွဲရေးဗုံး ဆယ်လုံးကျော် ပြင်းထန်စွာ ပေါက်ကွဲသွား၏။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

စတုရန်း ကီလိုမီတာ တစ်ကီလိုမီတာတိတိ ကျယ်ဝန်းသော မြေပြင်သည် ထွန်ယက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ကောင်းကင်ကို တုန်လှုပ်စေသော မီးတောက်များ ထွက်ပေါ်လာပြီး မြေပြင် တစ်ခုလုံး တစ်ခဏချင်း အတွင်းမှာပင် ပွင့်ဟသွားသည်။ မြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်နေ၏။

ပေါက်ကွဲမှု ပြီးဆုံးသွားပြီးနောက် အင်အားကြီးမားသော အသွင်ပြောင်း သိုင်းသမား ဆယ်ဂဏန်းခန့် ထွက်ခွာသွားပြီး ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ သွားကြည့်လိုက်ကြသည်။

ထို့နောက် သူတို့ လုံးဝ အံ့ဩမှင်တက်သွားကြပြီး ကိုယ့်မျက်လုံးကို ကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားကြကာ လုံးဝ အနားမကပ်ရဲကြတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဧရာမ ဗုံးကျင်းကြီး အတွင်းတွင် ဧရာမ အလောင်းကြီး တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

‘ဒါ... ဒါ ဘာအကောင်ကြီးလဲ။ အသွင်ပြောင်း သဲသန်ကောင်လား။’

‘ဒီလောက် ကြီးတာလား။ ပေါက်ကွဲသွားတဲ့ အလောင်းရဲ့ အစိတ်အပိုင်း တစ်ခုတည်းကတင် အချင်း တစ်မီတာလောက် ရှိနေပြီ။ အရှည် ကတော့ လုံးဝ မသိနိုင်တော့ဘူး၊ မီတာ ဆယ်ဂဏန်းလောက် ရှိလောက်မလား။’

‘အရေးအကြီးဆုံး အချက်က သူ့ရဲ့ ခန္ဓာကိုယ် အရည်က ကြောက်စရာကောင်းတဲ့ အက်ဆစ်ပြင်း ဖြစ်နေပြီး အံ့ဩစရာကောင်းတဲ့ တိုက်စားနိုင်စွမ်း ရှိနေတာပဲ။’

ထို့နောက် တာ့ယန် အင်ပါယာ၏ သိုင်းသမားများသည် အသွင်ပြောင်း သဲသန်ကောင်၏ အလောင်းကို အပိုင်းလိုက်၊ အပိုင်းလိုက် အလွန် သတိထား၍ သယ်ယူလာကြ၏။

ရိုလန် ယာယီ စစ်စခန်း၏ ဓာတ်ခွဲခန်း အတွင်းတွင်...

ယွင်ကျုံးဟဲ့သည် ဧရာမ အသွင်ပြောင်း သဲသန်ကောင်ကြီးကို မြင်တွေ့လိုက်ရပြီး လေအေးတစ်ချက် ရှူသွင်းလိုက်မိလုနီးပါး ဖြစ်သွားသည်။

‘ဒါ... ဒါက မြေအောက် မကောင်းဆိုးဝါးလား။’

မည်သူမဆို မိစ္ဆာမြို့တော်၏ တားမြစ်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားပြီး လေထဲတွင် အငွေ့ပျံသွားသကဲ့သို့ ဖြစ်သွားခြင်းမှာ ဤဧရာမ အသွင်ပြောင်း သဲသန်ကောင်ကြီးများက မြေအောက်သို့ တိုက်ရိုက် ဆွဲချသွားသောကြောင့် ဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုက အရမ်း၊ အရမ်း မြန်ဆန်လွန်းသောကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ထင်ရခြင်း ဖြစ်၏။

ကမ္ဘာမြေပေါ်ရှိ မွန်ဂိုလီးယားတွင်လည်း ကြောက်စရာကောင်းသော သဲသန်ကောင် တစ်မျိုး ရှိသည်ဟု ကောလာဟလ ထွက်ပေါ်ဖူးပြီး သေမင်း သန်ကောင်ဟု တင်စားခေါ်ဝေါ်ကြကာ မရေမတွက်နိုင်သော ဇီဝဗေဒ ပညာရှင်များ ရူးသွပ်စွာ ရှာဖွေခဲ့ကြသည်။

ထိုသေမင်း သန်ကောင်သည် အက်ဆစ်ပြင်းများ မှုတ်ထုတ်နိုင်ရုံသာမက အူမကြီး အတွင်းမှ လျှပ်စစ်များ လည်း ထုတ်လွှတ်နိုင်သည်ဟု ဒဏ္ဍာရီလာ ရှိခဲ့သည်။ သို့ပေမည့် ၎င်းသည် ဒဏ္ဍာရီထဲတွင်သာ ရှိပြီး သက်သေပြနိုင်ခြင်း မရှိခဲ့ပေ။

ယခုအခါ ယွင်ကျုံးဟဲ့၏ မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ တကယ်တမ်း တည်ရှိနေသော အသွင်ပြောင်း သဲသန်ကောင် ဖြစ်သည်။

၎င်းက လျှပ်စစ် ထုတ်လွှတ်နိုင်သလား၊ မထုတ်လွှတ်နိုင်သလား ဆိုသည်ကို ယွင်ကျုံးဟဲ့ မသိသော်လည်း အက်ဆစ်ပြင်း ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။

၎င်းသည် မီတာ ငါးဆယ်ခန့် ရှည်လျားပြီး အချင်း တစ်မီတာခန့် ရှိကာ တစ်ကိုယ်လုံးတွင် မရေမတွက်နိုင်သော အာရုံခံလက်တံများ ရှိပြီး ပါးစပ် အတွင်းတွင် မရေမတွက်နိုင်သော သွားများ ပြည့်ကျပ်နေကာ တကယ့်ကို အမှုန့်ကြိတ်စက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် ဤအကောင်သည် မြေအောက်တွင် အလွန် မြန်ဆန်စွာ သွားလာနိုင်ပြီး ရွှံ့မြေများ ဖြစ်စေ၊ ကျောက်တုံးများဖြစ်စေ ၎င်း၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းကို မတားဆီးနိုင်ဘဲ မြေအောက်တွင် ပြန့်ပြူးသော လမ်းပေါ် လမ်းလျှောက်နေရသကဲ့သို့ သွားလာနိုင်၏။

ထို့ကြောင့် လူတစ်ယောက် မိစ္ဆာမြို့တော် နယ်နိမိတ် အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ၎င်းတို့က မြေအောက်သို့ ငုပ်လျှိုးသွားပြီး ထိုလူကို မြေအောက်သို့ တိုက်ရိုက် ဆွဲချကာ စားသောက်လိုက်ခြင်း ဖြစ်သည်။

၎င်း၏ တစ်ကိုယ်လုံးသည် အက်ဆစ်ပြင်းများ ဖြစ်ပြီး အာရုံခံလက်တံ များပေါ်တွင်လည်း ပြင်းထန်သော အာရုံကြော အဆိပ်များ ရှိ၏။

“အခု အရေးကြီးတာက ဒီလို အသွင်ပြောင်း သဲသန်ကောင်မျိုး ဘယ်လောက်တောင် ရှိနေမလဲ ဆိုတာပဲ။”

ကျီးယန်က ပြောလိုက်သည်။ “အကယ်၍ အကောင် ဆယ်ဂဏန်းလောက်ပဲ ရှိတယ်ဆိုရင် စစ်တပ်ကြီး ချီတက်သွားရင်လည်း အသေအပျောက်က သိပ်ကြီးမားမှာ မဟုတ်ဘူး။ ဒါပေမဲ့ အကောင် ထောင်ချီ ရှိနေမယ် ဆိုရင်တော့ စစ်တပ်ရဲ့ အသေအပျောက်က အရမ်းကို အံ့ဩစရာ ကောင်းသွားလိမ့်မယ်။

ဒီအကောင်တွေရဲ့ အရေအတွက်က အရမ်း များမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ အနည်းဆုံးတော့ သူတို့ အစာစားဖို့ လိုတယ် မလား။ ဒီသဲကန္တာရ ဒေသမှာ သူတို့ကို ကျွေးမွေးဖို့ ဘာအစာတွေ ရှိလို့လဲ။ အဓိကက ဒီသရဲကောင်တွေက မြေအောက်မှာ ရှိနေပြီး နေရာတိုင်းမှာ ရှိနေနိုင်လို့ ကာကွယ်ဖို့ ခက်ခဲတယ်။ မြေပြင် နေရာတိုင်းကို ကျွန်မ်တို့က အမြောက်တွေနဲ့ လိုက်ဗုံးကြဲနေလို့မှ မရတာ။

အဲဒါကြောင့် ဒီမြေအောက်က အသွင်ပြောင်း သဲသန်ကောင်တွေကို မဖြေရှင်းနိုင်သရွေ့ စစ်တပ်ကြီးက မိစ္ဆာမြို့တော် အောက်ကို တစ်ရက်မှ ရောက်နိုင်မှာ မဟုတ်ဘူး။ စစ်သည် တစ်သန်းလုံး လေသင်္ဘောတွေ စီးပြီး သွားဖို့ ဆိုတာက မဖြစ်နိုင်ဘူးလေ။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သေချာပေါက် ဒီဧရာမ အသွင်ပြောင်း သဲသန်ကောင်တွေကို တာရှန်းမိစ္ဆာ နိုင်ငံရဲ့ ယဇ်ပုရောဟိတ်ချုပ်တွေက ထိန်းချုပ်ထားတာပါ။ ဒါဆို သူတို့က ဘာကို အားကိုးပြီး ဒီအသွင်ပြောင်း သဲသန်ကောင်တွေကို ထိန်းချုပ်ထားတာလဲ။ သူတို့က လူစကားမှ နားမလည်တာ၊ သူတို့ရဲ့ ဆက်သွယ်ရေး နည်းလမ်းကို ရှာတွေ့ရင် ရပြီပေါ့။”

နောက်ဆက်တွဲ အနေဖြင့် တာ့ယန် အင်ပါယာသည် ဗုံးအမျိုးအစားသစ်ကို ထပ်မံ တီထွင်ခဲ့ပြီး ဤဗုံးများ ပေါက်ကွဲသွားပါက အာရုံကြော ထုံကျင်စေသော အဆိပ်ငွေ့များ ထွက်ပေါ်လာသည်။

ထို့နောက် ဤဗုံးများကို အသုံးပြု၍ အသွင်ပြောင်း သဲသန်ကောင် နှစ်ကောင်ကို အရှင်လတ်လတ် ဖမ်းမိခဲ့သည်။ တစ်ကောင်မှာ မီတာ သုံးဆယ်ခန့် ရှည်လျားပြီး နောက်တစ်ကောင်မှာ မီတာ နှစ်ဆယ့်ငါးခန့် ရှည်လျား၏။

ထို့နောက် ယွင်ကျုံးဟဲ့က စမ်းသပ်မှုများ စတင်၏။ ဤအသွင်ပြောင်း သဲသန်ကောင်ကို ထိန်းချုပ်နိုင်မည့် နည်းလမ်း တစ်ခုကို သူ ရှာဖွေလိုသည်။

သို့ပေမည့် အားလုံး ကျရှုံးသွားသည်။ အသံလှိုင်းကို သုံးသည်ဖြစ်စေ၊ အနံ့ကို သုံးသည်ဖြစ်စေ အားလုံး ကျရှုံးသွား၏။

သို့သော်ငြား ဤအသွင်ပြောင်း သဲသန်ကောင် နှစ်ကောင်အား သူ့ကို မတိုက်ခိုက်အောင် လုပ်နိုင်ခဲ့ပြီး ရင်းနှီသည့် စိတ်ပိုင်းဆိုင်ရာ အချက်ပြမှုများကို ထုတ်လွှတ်ပေးနိုင်ခဲ့သည်။

ရုတ်တရက် တစ်နေ့တွင်...

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ဓာတ်ခွဲခန်း အတွင်းရှိ အသွင်ပြောင်း သဲသန်ကောင် နှစ်ကောင်သည် ရူးသွပ်သွားပြီး ရိုင်းစိုင်း ကြမ်းကြုတ်လာသကဲ့သို့ ဖြစ်လာသည်။ သူတို့က ခေါ်ဆိုမှု တစ်ခုခုကို ခံစားလိုက်ရသလိုမျိုး ဖြစ်လို့နေ၏။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

သူတို့က အက်ဆစ်ပြင်းများကို ရူးသွပ်စွာ မှုတ်ထုတ်ပြီး ကျည်ကာ မှန်အုပ်ဆောင်းကို အစွမ်းကုန် ဝင်တိုက်ကြသည်။

မှန်က အက်ဆစ်ပြင်း၏ တိုက်စားမှုကို ခံနိုင်ရည် ရှိလို့ သူတို့ အက်ဆစ်ပြင်း မှုတ်ထုတ်တာက အသုံးမဝင်ချေ။

သို့ပေမည့် သူတို့ ရူးသွပ်သွားတဲ့ အချိန်တွင် အင်အားက အံ့ဩစရာ ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရူးသွပ်စွာ ဝင်တိုက်ပြီးနောက် ကျည်ကာ မှန်အုပ်ဆောင်းကြီးကို အရှင်လတ်လတ် တိုက်ခွဲပစ်လိုက်ပြီး ဧရာမ အသွင်ပြောင်း သဲသန်ကောင် နှစ်ကောင် အပြင်သို့ ထွက်လာကြသည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ဓာတ်ခွဲခန်း အဆောက်အအုံ တစ်ခုလုံးကို ဧရာမ အပေါက်ကြီး တစ်ပေါက်အဖြစ် ဆုတ်ဖြဲပစ်လိုက်၏။

ချက်ချင်းပဲ ယာယီ စစ်စခန်း တစ်ခုလုံးတွင် အချက်ပေးသံများ ထွက်ပေါ်လာ၏။ စစ်သည်များ အများအပြား ရောက်ရှိလာပြီး စက်အမြောက် များစွာကလည်း ချိန်ရွယ်ထားကြသည်။

“ပစ်...”

“ဒက်... ဒက်... ဒက်...”

စက်သေနတ်များ ရူးသွပ်စွာ ပစ်ခတ်လိုက်ရာ ချက်ချင်းပဲ ဧရာမ အသွင်ပြောင်း သဲသန်ကောင် နှစ်ကောင်သည် အပေါက်များ ဗလပွ ဖြစ်သွားပြီး ဒဏ်ရာများ အပြည့် ရရှိကာ အက်ဆစ်ပြင်းများ အများအပြား ပန်းထွက်လာ၏။

သို့ပေမည့် သူတို့သည် လူများကို မတိုက်ခိုက်ဘဲ မြေအောက်သို့ ရူးသွပ်စွာ တိုးဝင်သွားကြပြီး ခေါ်ဆိုမှု တစ်ခုခုကို ကြားလိုက်ရသကဲ့သို့ အစွမ်းကုန် သွားရောက်ရန် ပြင်နေကြသည်။

“ပစ်ခတ်မှု ရပ်...” ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။

စစ်သည် အားလုံး ပစ်ခတ်မှု ရပ်တန့်လိုက်ကြသည်။

ဒဏ်ရာ ရရှိထားသော ဤအသွင်ပြောင်း သဲသန်ကောင် နှစ်ကောင်သည် မြေအောက်သို့ တိုးဝင်သွားပြီး ချက်ချင်းပဲ ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားလေတော့၏။

ယွင်ကျုံးဟဲ့သည် ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ အတွင်းသို့ ဝင်ရောက်သွားရာ ဤအသွင်ပြောင်း သဲသန်ကောင် နှစ်ကောင်သည် မြေအောက် မီတာ အနည်းငယ် အနက်တွင် ရူးသွပ်စွာ ရှေ့ဆက်သွားနေကြောင်း ချက်ချင်း ခံစားသိရှိလိုက်သည်။

ယွင်ကျုံးဟဲ့ သူတို့ နောက်သို့ လိုက်ပါသွားပြီး အဆက်မပြတ် ရှေ့ဆက်သွားသည်။ အနောက်တွင် တာ့ယန် အင်ပါယာမှ ထိပ်တန်း အင်အားကြီးသူ ထောင်ချီက ယွင်ကျုံးဟဲ့ နောက်သို့ အမြဲတမ်း လိုက်ပါလာကြ၏။

‘မိုင်ဆယ်ဂဏန်းလောက် အထိ သွားပြီးပြီလေ။ ဒီအသွင်ပြောင်း သဲသန်ကောင် နှစ်ကောင်က ဘယ်ကို သွားချင်နေတာလဲ။’

ထို့အပြင် သူတို့၏ အမြန်နှုန်းမှာ ပို၍ ပို၍ နှေးကွေးလာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ ဒဏ်ရာ ရထားပြီး ဤမျှ ပြင်းထန်သော မြေအောက် တွင်းတူး လျှောက်လှမ်းမှုကို ဆက်လက် မခံနိုင်တော့သောကြောင့်ပင်။

နောက်ဆုံးတွင် သူတို့ ရပ်တန့်သွားပြီး မြေအောက်တွင် သေလုမျောပါး ဖြစ်နေ၏။ ထို့အပြင် သနားစရာကောင်းသော အော်ဟစ်သံများကိုလည်း ထုတ်လွှတ်နေသည်။ သူတို့ သေတော့မှာဖြစ်၏။

ယွင်ကျုံးဟဲ့ ရပ်တန့်လိုက်ပြီး အနောက်မှ တာ့ယန် အင်ပါယာ ထိပ်တန်း အင်အားကြီးသူ ထောင်ချီလည်း ရပ်တန့်သွားကာ အနောက်ဘက်ရှိ စစ်သည် သောင်းချီသည်လည်း ရပ်တန့်သွားကြသည်။

ထိုအချိန်မှာပဲ ရုတ်တရက် မြေကြီး စတင် ပြင်းထန်စွာ တုန်ခါလာသည်။ ထို့နောက် ကြောက်စရာကောင်းသော မြင်ကွင်း တစ်ခု ပေါ်ထွက်လာ၏။

“ဘုန်း...”

ရုတ်တရက် ကြီးမားသော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး အရှေ့ဘက် မြေကြီးပေါ်တွင် ဧရာမ အက်ကွဲကြောင်းကြီး တစ်ခု ရုတ်တရက် ပွင့်ဟသွားကာ ပတ်ဝန်းကျင်ရှိ မြေကြီးများ အဆက်မပြတ် ပြိုကျလာသည်။

“အရှင်မင်းကြီးကို ကာကွယ်...”

“အရှင်မင်းကြီးကို ကာကွယ်...”

တာ့ယန် အင်ပါယာ၏ ထိပ်တန်း အင်အားကြီးသူများသည် ရူးသွပ်စွာ ပြေးဝင်လာရန် ပြင်လိုက်ကြ၏။

ယွင်ကျုံးဟဲ့ မျက်လုံး ကျဉ်းမြောင်းသွားပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။

“အားလုံး ရပ်လိုက်၊ ရှေ့မတိုးခဲ့ကြနဲ့။” ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

အရှေ့ဘက် မြေကြီးသည် အဆက်မပြတ် ပြိုကျနေပြီး တကယ်ကို ငလျင်လှုပ်နေသကဲ့သို့ပင် ဖြစ်သည်။

အရှေ့ဘက်မှ ကောင်းမွန်နေသော မြေကြီးပေါ်တွင် နက်ရှိုင်းသော မြောင်းကြီး တစ်ခု ဖြစ်ပေါ်လာပြီး အမြန်နှုန်းက အလွန် မြန်ဆန်ကာ တစ်စက္ကန့်လျှင် မီတာ ဆယ်ဂဏန်းခန့် အမြန်နှုန်းဖြင့် ဖြစ်ပေါ်နေသောကြောင့် မြေအောက်တွင် အထူး ဧရာမ သတ္တဝါကြီး တစ်ကောင် ရွေ့လျားနေကြောင်း ထင်ရှားသည်။ ဤမြင်ကွင်းသည် တကယ်ကို ထူးဆန်းလွန်း၏။

အချိန် အတော်ကြာပြီးနောက် မြေကြီး ပြိုကျမှုများ ပြီးဆုံးသွားသည်။

“ဘုန်း...”

ရုတ်တရက် ကြီးမားသော အသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် အထူး ဧရာမ သတ္တဝါကြီး တစ်ကောင် မြေကြီးထဲမှ ရုတ်တရက် ထိုးထွက်လာ၏။

ဟိန်းသံကြီးများ ရုတ်တရက် ထွက်ပေါ်လာ၏။ ဤဟိန်းသံသည် နားကွဲမတတ် ဆူညံနေပြီး မိုင်တစ်ရာကျော် အထိ ပျံ့နှံ့သွားသည်။

တစ်ခါမှ မမြင်ဖူးလောက်အောင် အရုပ်ဆိုးပြီး ထူးဆန်းသော အသွင်ပြောင်း သန်ကောင်ကြီး တစ်ကောင် ယွင်ကျုံးဟဲ့၏ ရှေ့တွင် မတ်တတ်ရပ်နေ၏။

‘ဒါကလည်း အသွင်ပြောင်း သဲသန်ကောင် ပါပဲ။ ဒါပေမဲ့ အသွင်ပြောင်း သဲသန်ကောင် မိခင်ကြီး ဖြစ်လိမ့်မယ်။ အရင်က မီတာ ဆယ်ဂဏန်းလောက် ရှည်တဲ့ အသွင်ပြောင်း သဲသန်ကောင်တောင် အရမ်း ကြောက်စရာ ကောင်းပြီး ကြီးမားနေပြီလေ။ ဒါပေမဲ့ ဒီအသွင်ပြောင်း သဲသန်ကောင် မိခင်ကြီးရဲ့ ရှေ့မှာတော့ သေးငယ်သွားသလို ခံစားရတယ်။’

မျက်စိရှေ့ရှိ ဧရာမ အသွင်ပြောင်း သဲသန်ကောင် မိခင်ကြီး၏ ခန္ဓာကိုယ် အရွယ်အစားမှာ ပိုင်ယင်မြို့ ရေပိုင်နက်ရှိ အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးနှင့် အခြေခံအားဖြင့် အတူတူလောက် ဖြစ်နေ၏။ တကယ့်ကို အထူး ဧရာမ သားရဲကြီး တစ်ကောင် ဖြစ်သည်။

All Chapters