← Chapters

အခန်း ၁၆၂၅

Vol. 109 Ch. 1625

အခန်း ၁၆၂၅

Vol. 109 Ch. 1625

အခန်း (၁၆၂၅) ဖားတတ်သူတစ်ဦး မွေးဖွားလာခြင်း

'တစ်နေ့တာ ဆရာဖြစ်ဖူးလျှင် တစ်သက်တာ ဖခင်နှင့်တူသည်' ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်ပေသည်။ ခရုလေးသည် သူမ၏ ဆရာမှလွဲ၍ ဤလောကတွင် အခြားမည်သူ့ကိုမျှ ယုံကြည်ခြင်း မရှိချေ။

ရွှမ်းယီက အခြားသူများနှင့် ပြန်လည် ပူးပေါင်းသွားသော ခရုလေးကို ကြည့်လိုက်ပြီးနောက် အခြားသူများနှင့် ပျော်ရွှင်စွာ စကားပြောနေသော ရှောင်ယွမ်အာကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက ဇဝေဇဝါဖြင့် ပြောလိုက်၏။

"မျှော်နန်းသခင်လု... သူတို့နှစ်ယောက်စလုံးက ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ပါရမီရှင်တွေပဲ။ ခရုလေးက အခု ရှန်းကျန်းနဲ့ ဘာမှမသက်ဆိုင်တော့ဘူးဆိုတော့ သူတို့က ရွှမ်းယီမှာ နေလို့ရပါတယ်။ ခင်ဗျားသာ သဘောတူမယ်ဆိုရင် ခရုလေးက ရွှမ်းယီနန်းတော်ရဲ့ ခန်းမသခင် နေရာကိုလည်း ရယူလို့ရပါတယ်"

လုကျိုးက ခေါင်းခါလိုက်သည်။

"အဲဒါက အဆင်မပြေဘူး"

"ဘာဖြစ်လို့လဲ"

"ခန်းမသခင်တွေရဲ့ ပြိုင်ပွဲ စည်းမျဉ်းတွေက ရှိနေတုန်းပဲ။ ရှေးခေတ်ကာလတွေကတည်းက ခန်းမဆယ်ခုရဲ့ ခန်းမသခင်တွေက မိုးနဲ့မြေရဲ့ စွမ်းအားကို နားလည်သဘောပေါက်ဖို့အတွက် ဖျက်ဆီးခြင်း တိုင်လုံးတွေရဲ့ အလယ်ဗဟိုထဲကို ဝင်ရောက်ခွင့် ရှိတယ်။ တိုင်လုံး ဆယ်ခုပဲ ရှိတာလေ။ ရွှမ်းယီနန်းတော်နဲ့ သက်ဆိုင်တဲ့ တိုင်လုံး တစ်ခုတည်းနဲ့တင် လုံလောက်မှာ မဟုတ်ဘူး။ ဒါ့အပြင် အထွတ်အမြတ်ခန်းမကလည်း အဲဒါကို သဘောတူမှာ မဟုတ်ဘူး" လုကျိုးက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် ရွှမ်းမုန့်ခန်းမနဲ့ သက်ဆိုင်တဲ့ တိုင်လုံး ရှိနေတာပဲ။ ရွှမ်းမုန့်ခန်းမက အဲဒီလူတွေနဲ့ ဘာမှမဆိုင်ဘူး"

ဤစကားများက အလွန် တိုက်ရိုက်ကျပေသည်။ လုကျိုး ဆိုလိုသည်မှာ ထိုလူများကို သူ မုန်းတီးသော်လည်း ၎င်းသည် ရွှမ်းမုန့်ခန်းမ ကိုယ်တိုင်နှင့် မသက်ဆိုင်ကြောင်းပင် ဖြစ်၏။

ရွှမ်းယီက ခေါင်းညိတ်လိုက်သည်။

"အဲဒီလိုဆိုရင်လည်း ဖြစ်လာမဲ့အတိုင်းပဲ ဆက်သွားကြတာပေါ့"

ခန်းမဆယ်ခုအတွက် ခန်းမသခင်အသစ်များ ရှိလာမည်ကို အထွတ်အမြတ်ခန်းမက ပို၍ သဘောကျလိမ့်မည်ကို ရွှမ်းယီ သိနေခဲ့သည်။ ကံမကောင်းစွာဖြင့် မဟာလေဟာနယ် မျိုးစေ့ ပိုင်ရှင်များ အားလုံးမှာ သူ့ဆရာ၏ တပည့်များ ဖြစ်နေကြောင်းကို သူတို့ မသိကြချေ။ သူတို့ အထွတ်အထိပ် သက်ရှိများ ဖြစ်လာသောအခါ သူ၏ဆရာသည်လည်း သူ၏ အထွတ်အထိပ်အချိန်သို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ပေသည်။

'ဘယ်လောက်တောင် ကောင်းလိုက်လဲ' ရွှမ်းယီက သူ၏စိတ်ထဲတွင် တွေးလိုက်သည်။

အချိန်အနည်းငယ် ကြာပြီးနောက် ရွှမ်းယီက ခရုလေးထံသို့ လျှောက်သွားကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

"သခင်မလေးခရုလေး... အခုကစပြီး ရွှမ်းယီနန်းတော်ကို မင်းရဲ့ အိမ်လိုပဲ သဘောထားလို့ ရပါတယ်။ မင်းက လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်လို့ရတယ်။ မင်းမှာ တောင်းဆိုစရာ တစ်ခုခု ရှိရင် အားမနာဘဲ ပြောပါ။ မင်းသာ သဘောမကျဘူးဆိုရင် ငါ့ကို မင်းရဲ့ အစ်ကိုကြီးနဲ့ မိသားစုဝင် တစ်ယောက်လို သဘောထားလို့ ရပါတယ်”

လူတိုင်းက ရွှမ်းယီကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။

ခရုလေးက လုကျိုးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။

"အရှင်မင်းကြီး... ဒါ.. ဒါက သိပ်မသင့်လျော်ဘူး မဟုတ်လား"

"မသင့်လျော်စရာ ဘာမှမရှိပါဘူး။ မင်းသာ ဆန္ဒမရှိဘူးဆိုရင်လည်း ရပါတယ်။ ငါက ငါ့ရဲ့ ခံစားချက်ကို ဖော်ပြရုံသက်သက်ပါ" ရွှမ်းယီက ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ခရုလေးက ပြောလိုက်၏။ သူမက စိတ်ထဲတွင် တွေးလိုက်သည်။

'တကယ်လို့ ကျွန်မက ရှင့်ကို အစ်ကိုကြီးလို့ သဘောထားလိုက်ရင် မျိုးဆက်အဆင့်အတန်းတွေ ကမောက်ကမ ဖြစ်မသွားဘူးလား'

ရွှမ်းယီက ဤကိစ္စကို သိပ်အများကြီး မတွေးခဲ့ပေ။ သူ၏ မျက်စိထဲတွင် လုကျိုးသည် သူ၏ ဆရာဖြစ်သောကြောင့် သူ၏ အဆင့်အတန်းမှာ လုကျိုး၏ တပည့်များနှင့် တူသည်ဟု သူ ခံစားခဲ့ရ၏။ သူတို့မှာ မျိုးဆက်အဆင့်အတန်း တူညီကြပေသည်။ ထို့ကြောင့် ခရုလေးက သူ့ကို အစ်ကိုကြီးတစ်ယောက်လို သဘောထားခြင်းမှာ မှားယွင်းစရာ မရှိဟု သူ ထင်ခဲ့ပေသည်။

ရွှမ်းယီက လုကျိုး၏ ဘေးသို့ ပြန်ရောက်လာပြီးနောက် ပြုံးကာ အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"မျှော်နန်းသခင်လု... ကျုပ်မှာ မေးစရာ တစ်ခု ရှိတယ်"

"ပြောလေ"

"ဆရာ ရွှမ်းမုန့်ခန်းမမှာ ရှိနေတုန်းက အသုံးပြုခဲ့တဲ့ သေသပ်လှပတဲ့ ဓားက လေဟာနယ်အဆင့် လက်နက်တစ်ခု မဟုတ်လား" ရွှမ်းယီက မေးလိုက်၏။

"ဟုတ်တယ်" လုကျိုးက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ ဤကိစ္စကို ဖုံးကွယ်ထားရန် မလိုအပ်ချေ။

ရွှမ်းယီ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

"ဒါက တကယ်ပဲ လေဟာနယ်အဆင့် လက်နက်တစ်ခုပဲ”

ဤအခိုက်အတန့်တွင် လုကျိုးက လူတိုင်းကို ပြောလိုက်သည်။

"ကောင်းပြီ။ အချိန်လည်း လင့်နေပြီဆိုတော့ အားလုံး အနားယူကြတော့"

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းက အရိုအသေပေးလိုက်ကြ၏။

"ဟုတ်ကဲ့ပါ"

…

ညဘက်တွင် ဖြစ်သည်။

လုကျိုးသည် ကောင်းကင်ကျမ်းစာကို ဆက်လက် နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့သည်။ သူ၏ ကျင့်ကြံမှုမှာ ချောမွေ့စွာ တိုးတက်နေသော်လည်း သူ့ထံတွင် အထွတ်အထိပ် အသက်ဓာတ်နှလုံးသားများ လိုအပ်နေခဲ့၏။

သူ၏ ရွှေရောင် စိတ်ဝိညာဉ် သဏ္ဌာန်တွင် မွေးဖွားဇယားချပ် ၃၂ ခု ရှိနေပြီဖြစ်ပြီး မွေးဖွားဇယားချပ် အားလုံးကို လုံးဝ အသက်သွင်းနိုင်ရန်အတွက် ၄ ခုသာ လိုအပ်တော့ပေသည်။

အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်က အလွန် အစွမ်းထက်ပြီး ရွှေရောင် စိတ်ဝိညာဉ် သဏ္ဌာန်ထက် မအားနည်းသော်လည်း ၎င်းကို မြှင့်တင်နိုင်သေးသည်။ မည်သို့ပင်ဆိုစေ ၎င်းတွင် မွေးဖွားဇယားချပ် ၇ ခုသာ ရှိသေးရာ နောက်ဆုံး ၃၆ ခုမြောက် မွေးဖွားဇယားချပ်နှင့် အလွန် ဝေးကွာနေသေး၏။

သူသည် မဟာလေဟာနယ်တွင် ရောက်ရှိနေပြီဖြစ်ရာ အခွင့်အရေးကို ဆုပ်ကိုင်သင့်ပေသည်။ မဟာလေဟာနယ်သည် အန္တရာယ်များသော နေရာတစ်ခု ဖြစ်သော်လည်း အခွင့်အလမ်းများနှင့်လည်း ပြည့်နှက်နေပေသည်။

…

ငါးရက်ကြာပြီးနောက်…

ရွှမ်းယီနန်းတော်၏ တောင်ဘက် မိုးကုပ်စက်ဝိုင်းတွင် ရထားလုံးပျံ တစ်ခု ဝဲပျံနေခဲ့သည်။

"ကျုပ်က ဧည့်သည် တစ်ယောက်အနေနဲ့ ရောက်လာတာလို့ အရှင်မင်းကြီးရွှမ်းယီကို ကျေးဇူးပြုပြီး ပြောပေးပါ။ သူ ကျုပ်ကို လက်ခံတွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ကျင့်ကြံသူတစ်ဦးက ကောင်းကင်ယံရှိ ရထားလုံးပျံကို ကြည့်ကာ ပြောလိုက်၏။

"အရှင်မင်းကြီးရှန်းကျန်း ရောက်လာမယ်ဆိုရင် အရှင်မင်းကြီးက အရှင့်ကို တွေ့မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ အရှင် ဒေါသမထွက်ဘူးလို့ မျှော်လင့်ပါတယ်"

ရှန်းကျန်းက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။

"ကျုပ် ရောက်လာတဲ့အကြောင်းကို သူ့ကို ထပ်ပြီး အကြောင်းကြားပေးပါ။ သူ့ကို မတွေ့ရရင် ကျုပ်က အေးအေးချမ်းချမ်း စားနိုင်၊ အိပ်နိုင်မှာ မဟုတ်ဘူး"

ကျင့်ကြံသူက သက်ပြင်းချကာ ခေါင်းခါလိုက်၏။

"ခဏလောက် စောင့်နေပေးပါ"

…

ကျင့်ကြံသူက ပင်မခန်းမဆောင်သို့ လာရောက်ကာ ဤကိစ္စကို ရွှမ်းယီထံသို့ သတင်းပို့လိုက်သည်။

ရွှမ်းယီက ရယ်မောလိုက်၏။

"အဲဒီ ခွေးအိုကြီး ရှန်းကျန်းက ငါ့ကို မဟုတ်ဘဲ တခြား တစ်ယောက်ယောက်ကို တွေ့ချင်နေတာ။ သူက ပုံမှန်ဆိုရင် အရမ်းကို မာနကြီးပြီး ငါ့ကိုတောင် အထင်သေးတာလေ။ သူ့ကို မတွေ့ဘူးလို့ ပြောလိုက်"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး" ကျင့်ကြံသူက ပြောလိုက်ပြီးနောက် ထွက်သွားလေသည်။

လီချွင်းက ဘေးကနေ ပြောလိုက်၏။

"ဒါက တတိယအကြိမ် ရှိနေပြီ မဟုတ်လား။ သူက တကယ်ကို ဇွဲကောင်းတာပဲ"

"သူက တခြားသူတွေရဲ့ သင်္ကေတလမ်းကြောင်းကို သုံးပြီး ငါးရက်အတွင်းမှာ ရွှမ်းယီနန်းတော်ကို အလျင်စလို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလောကမှာ ဒီလောက် ဈေးပေါတဲ့အရာက ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ငါးရက်လောက်နဲ့ သူ့ရဲ့ နှစ်ရာချီ အထီးကျန်မှုနဲ့ ကူကယ်ရာမဲ့မှုတွေကို အစားထိုးနိုင်မယ်လို့ သူ ထင်နေတာလား။ အိပ်မက်မက်နေလိုက်” ရွှမ်းယီက အထင်သေးစွာဖြင့် ပြောလိုက်သည်။

"ကျွန်တော် နားမလည်ဘူး အရှင်မင်းကြီး" လီချွင်းက ဇဝေဇဝါဖြင့် ပြောလိုက်၏။ ဘာပဲဖြစ်ဖြစ် ခရုလေး၏ ကိစ္စကို သူ မသိပေ။

ရွှမ်းယီက ပြောလိုက်သည်။

"မင်း မမေးသင့်တဲ့ ကိစ္စတွေကို မမေးနဲ့"

ဤအခိုက်အတန့်တွင် ရှန်းကျန်းကို လက်ခံတွေ့ဆုံရန် တာဝန်ယူထားသော ကျင့်ကြံသူက နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့၏။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်။ အရှင်မင်းကြီးရှန်းကျန်း ထွက်သွားပါပြီ"

ရွှမ်းယီက လှောင်ပြောင်လိုက်သည်။

"သုံးကြိမ်လောက်နဲ့ သူ ထွက်သွားပြီလား။ သူ ထွက်သွားတာ ကောင်းတာပေါ့”

လီချွင်းက ဇဝေဇဝါဖြင့် ပြောလိုက်၏။

"အရှင်မင်းကြီးရှန်းကျန်းက ဒီလောက် လွယ်လွယ်နဲ့ အရှုံးပေးမဲ့သူ မဟုတ်ပါဘူး။ သူက ဘာလို့ ဒီလောက် ရုတ်တရက်ကြီး ထွက်သွားရတာလဲ"

ကျင့်ကြံသူက ပြန်ဖြေလိုက်သည်။

"ကျွန်တော်လည်း သေချာတော့ မသိဘူး၊ ဒါပေမဲ့ သူ ထွက်သွားတဲ့အချိန်တုန်းက တော်တော်လေး ဆုံးဖြတ်ချက် ပြတ်သားနေပုံရတယ်"

ရွှမ်းယီက ပြောလိုက်၏။

"သူ့ကို ဂရုစိုက်မနေနဲ့"

"အရှင်မင်းကြီး... အရှင်မင်းကြီးရှန်းကျန်းက အရှင်မင်းကြီးကို အငြိုးထားမှာကို မစိုးရိမ်ဘူးလား"

လီချွင်းက မေးလိုက်သည်။

"သူသာ တကယ် အဲဒီလောက် သဘောထား သေးသိမ်မယ်ဆိုရင် အစကတည်းက ရွှမ်းယီနန်းတော်ကို ရောက်လာမှာ မဟုတ်ဘူး" ရွှမ်းယီက လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

…

အနက်ရောင်ခန်းမ၏ တာအိုခန်းမထဲတွင် ဖြစ်သည်။

ရှောင်ယွမ်အာနှင့် ခရုလေးတို့က လုကျိုး၏ ကျောနှင့် ပခုံးကို နှိပ်နယ်ပေးနေကြသည်။ သူတို့နှစ်ယောက်က ရှန်းကျန်းခန်းမရှိ သူတို့၏ ဘဝများအကြောင်းကို စကားစမြည် ပြောဆိုနေကြ၏။ သူတို့က ကိစ္စတိုင်းကို သူ့အား ပြောပြနေကြသည်။ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ ပျော်ရွှင်စရာဖြစ်စေ၊ ဝမ်းနည်းစရာဖြစ်စေ အရာအားလုံးကို သူ့အား ပြောပြနေကြပေသည်။

လုကျိုးက ခေါင်းကို ဆက်တိုက် ညိတ်ကာ ပြောလိုက်၏။

"အဲဒီလိုဆိုရင်တော့ ရှန်းကျန်းက မင်းတို့နှစ်ယောက်စလုံးကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပဲ"

ရှောင်ယွမ်အာက ပြောလိုက်သည်။

"သူက ဆက်ဆံခဲ့ပါတယ်။ ဒါပေမဲ့... အစတုန်းကတော့ မဟာလေဟာနယ် မျိုးစေ့တွေကြောင့် သူက ကောင်းပြနေတယ်လို့ တပည့် ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက သဘောကောင်းတယ်လို့ တပည့် ထင်ခဲ့မိတယ်။ ခရုလေးကို အဲဒီလောက် ဆိုးဆိုးရွားရွား ဆက်ဆံလိမ့်မယ်လို့ တပည့် မထင်ထားခဲ့ဘူး"

လုကျိုးက ခရုလေးကို မေးလိုက်၏။

"သူ့ကို မင်း မုန်းလား"

ခရုလေးက ခေါင်းခါလိုက်သည်။ သူမက ရှန်းကျန်းကို မမုန်းသလို၊ ရှန်းကျန်းအတွက် မည်သည့် ခံစားချက်မှလည်း မရှိချေ။

လုကျိုးက ဆက်လက် စူးစမ်းလိုက်၏။

"မင်း သေချာ စဉ်းစားကြည့်မယ်ဆိုရင် သူက လူယုတ်မာ တစ်ယောက်ရဲ့ လှည့်စားခြင်းကို ခံလိုက်ရတဲ့ သနားစရာကောင်းတဲ့ လူတစ်ယောက်ပါပဲ"

ခရုလေး စကားပြောမည့်အချိန်ကို မစောင့်ဘဲ ရှောင်ယွမ်အာက လှောင်ပြောင်လိုက်ကာ သဘောမတူစွာဖြင့် ပြောလိုက်သည်။

"သူက လှည့်စားခံလိုက်ရတယ် ဆိုရင်တောင်မှ ကိုယ့်သမီးကို စွန့်ပစ်နိုင်တဲ့သူက သေချာပေါက် လူကောင်း တစ်ယောက် မဟုတ်ဘူး”

လုကျိုးက အနည်းငယ် ခေါင်းညိတ်လိုက်၏။ ဤသည်မှာ ခွင့်လွှတ်၍ မရနိုင်ဆုံး ကိစ္စရပ် ဖြစ်ပေသည်။ အကယ်၍ ရှန်းကျန်းက ခရုလေး၏ နားလည်ခွင့်လွှတ်မှုကို ရရှိရန် မျှော်လင့်နေမည်ဆိုပါက ၎င်းမှာ... မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

ဤအခိုက်အတန့်တွင် အစေခံတစ်ဦးက လက်ဖက်ရည်ဗန်း တစ်ခုကို ကိုင်ဆောင်ကာ ခန်းမထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့သည်။

လုကျိုးက လက်ဖက်ရည်အိုးကို တစ်ချက် ကြည့်လိုက်ပြီးနောက် မေးလိုက်၏။

"ဒါက ဘာလဲ"

"အကြီးအကဲကျိ... ဒါက အရှင်မင်းကြီးက အကြီးအကဲအတွက် အထူးပြင်ဆင်ပေးထားတဲ့ အရည်အသွေးမြင့် လက်ဖက်ရည်ပါ" အစေခံက ပြန်ဖြေလိုက်သည်။

"အကြီးအကဲကျိလား" လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

အစေခံက ရှင်းပြလိုက်သည်။

"အရှင်မင်းကြီးက အကြီးအကဲအကြောင်းကို မကြာခဏ ပြောလေ့ရှိပါတယ်။ ကျွန်တော်က အကြီးအကဲကို အမြဲတမ်း လေးစားအားကျနေခဲ့တာပါ"

လုကျိုးက လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်ပြီးနောက် ပြောလိုက်၏။

"မင်းရဲ့ လက်ဖက်ရည်ဖျော်တဲ့ စွမ်းရည်က တိုးတက်ဖို့ လိုသေးတယ်"

အစေခံမှာ ကသိကအောက် ဖြစ်သွားပုံရကာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ"

ရှောင်ယွမ်အာက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။

"မင်း သွားလို့ရပြီ"

အစေခံက အလျင်အမြန် အရိုအသေပေးကာ ပြောလိုက်သည်။

"အရှင်မင်းကြီးက ကျွန်တော့်ကို ဒီမှာနေပြီး အကြီးအကဲကို အလုပ်အကျွေးပြုဖို့ ပြောထားပါတယ်"

ရှောင်ယွမ်အာက ဇဝေဇဝါဖြင့် မေးလိုက်၏။

"ရှစ်စွင်း... အရှင်မင်းကြီးရွှမ်းယီကို ဘာတွေများ လုပ်လိုက်လို့လဲ။ သူက အရမ်းကို ထူးဆန်းနေတယ်။ တပည့်တို့ သတိထားမှ ဖြစ်မယ်"

ဤစကားကို ကြားသောအခါ လုကျိုးက ရယ်မောခြင်းကို မထိန်းနိုင်တော့ချေ။

"ရွှမ်းယီအတွက် စိတ်မပူပါနဲ့။ အဲဒီ ရှန်းကျန်းကတော့..."

ရှောင်ယွမ်အာက ညည်းတွားစွာဖြင့် ပြောလိုက်၏။

"သူ့အကြောင်း မပြောပါနဲ့။ တပည့် တကယ်ကို မျက်စိကန်းခဲ့တာပဲ။ သူ့မှာ ဝံပုလွေတစ်ကောင်ရဲ့ နှလုံးသားမျိုး ရှိနေလိမ့်မယ်လို့ တပည့် မထင်ထားခဲ့ဘူး”

ဖျန်း

ရှောင်ယွမ်အာမှာ တုန်တက်သွားကာ အနည်းငယ် လန့်သွားတော့သည်။

"မင်း လက်ဖက်ရည်ကို ဘယ်လို ငှဲ့နေတာလဲ။ တကယ့်ကို တုံးအတာပဲ”

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်" အစေခံက ပြောလိုက်ပြီး လက်ဖက်ရည်အိုးကို ကမန်းကတန်း ချထားလိုက်သည်။

ရှောင်ယွမ်အာက သူ့ကို တစ်ချက် ကြည့်လိုက်ရာ သူက မတ်တတ်ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူမက စိတ်အနှောင့်အယှက် ဖြစ်နေပြီဖြစ်ရာ ပြစ်တင်ကြိမ်းမောင်းသည့် လေသံဖြင့် ပြောလိုက်သည်။

"ဒူးထောက်ပြီး အရိုအသေပေးစမ်း။ နင်က ငါ့ရှစ်စွင်းကို လုံးဝ မလေးစားဘူးပဲ"

…

All Chapters