← Chapters

အခန်း ၁၆၃၂

Vol. 109 Ch. 1632

အခန်း ၁၆၃၂

Vol. 109 Ch. 1632

အခန်း (၁၆၃၂) သူတော်စင် သတ်ဖြတ်သူကို သတ်ဖြတ်ခြင်း (၁)

လုကျိုး၏ ဓားက ထန်ရှီ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားရာ ၎င်းက ဒေါသထွက်သွားတော့သည်။ ၎င်းသည် သူတော်စင် သတ်ဖြတ်သူ တစ်ကောင် ဖြစ်သော်လည်း ထိုဓားကြောင့် ၎င်း၏ နှလုံးသားတစ်ခုကို ဆုံးရှုံးလိုက်ရပေသည်။ ဤအချိန်တွင် ၎င်း၏ ခန္ဓာကိုယ်မှ အနီရောင် အလင်းတန်းများ လင်းလက်လာခဲ့၏။ ထို့နောက် လေများ တိုက်ခတ်လာပြီး တိမ်များ စတင်လိပ်တက်လာတော့သည်။

ကမ္ဘာမြေကြီးပေါ်ရှိ တောင်တန်းများသည် ထိုဖိအားကို မခံနိုင်တော့ဘဲ တောင်ထွတ်များ ပြိုကျကုန်၏။ မရေမတွက်နိုင်သော သစ်ပင်ကြီးများလည်း လဲကျသွားကြသည်။

ကြမ်းတမ်းခက်ထန်သော သားရဲများသည် ထန်ရှီ၏ ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်ပေသည်။ သူတို့ထဲမှ အချို့မှာ အချိန်မီ မထွက်ပြေးနိုင်ဘဲ ထန်ရှီ၏ သတ်ဖြတ်မှုကြောင့် ဆိုးရွားစွာ သေဆုံးသွားကြရသည်။

လုကျိုးက သူ၏ ဓားကို သိမ်းဆည်းလိုက်ပြီး တိုက်ခိုက်မှုများကို ရှောင်ရှားရန် သူ၏ ကြီးမားလှသော နည်းစနစ်ကို အသုံးပြုလိုက်၏။

ရှန်းကျန်းက အခြေအနေကို အခွင့်ကောင်းယူကာ ထန်ရှီ၏ အပေါ်သို့ ပျံတက်သွားခဲ့သည်။ သူက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

"ရွံရှာစရာကောင်းတဲ့ သတ္တဝါ၊ မင်းရဲ့ အသက်ကို ငါ ယူမယ်"

ဘုန်း

မြင့်မားလှသော စိတ်ဝိညာဉ် သဏ္ဌာန် တစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ ၎င်း၏ ကြာပွင့်က ထန်ရှီ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ချလိုက်၏။ ၎င်းမှာ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး အနောက်သို့ လွင့်စဉ်သွားကာ ထောင်ချီအေးချမ်းမျှော်စင်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ချေ။

"သတိထားပါ။ အခု သူက ချောင်ပိတ်မိသွားပြီဆိုတော့ သေတဲ့အထိ တိုက်ခိုက်လိမ့်မယ်" ရှန်းကျန်းက ပြောလိုက်သည်။

လုကျိုးက အမည်မဲ့ကို ပစ်ထုတ်လိုက်ပြီးနောက် ၎င်းကို ထိန်းချုပ်လိုက်သည်။

'တာအိုက တစ်ခုကို မွေးဖွားတယ်၊ တစ်ခုက နှစ်ခုကို မွေးဖွားတယ်၊ နှစ်ခုက သုံးခုကို မွေးဖွားတယ်၊ သုံးက အရာအားလုံးကို မွေးဖွားတယ်။ အရာအားလုံးမှာ ယင်နဲ့ယန် ရှိပြီး သဟဇာတဖြစ်တဲ့ ချီကို မွေးဖွားပေးတယ်'

ကောင်းကင်ယံ အပြည့် စွမ်းအင် ဓားများ ပေါ်လာခဲ့ပြီး ဒီရေလှိုင်းတစ်ခုကဲ့သို့ ထန်ရှီဆီသို့ တိုက်ခတ်သွားတော့သည်။

လက်ရှိတွင် လုကျိုး၏ ကောင်းကင်စွမ်းအားမှာ ကုန်ခန်းနိုင်ခြင်း မရှိသလောက်ပင် ဖြစ်နေ၏။ ထို့ကြောင့် သူ၏ စွမ်းအင် ဓားများမှာ ပို၍ အစွမ်းထက်လာခဲ့သည်။ စွမ်းအင် ဓားတစ်ချောင်းစီတွင် အပြာရောင် လျှပ်စီလှိုင်းများ လင်းလက်နေပေသည်။

ရှန်းကျန်းက မျက်မမြင် တစ်ယောက် မဟုတ်ချေ။ ဖျော့တော့သော အပြာရောင် လျှပ်စီလှိုင်းများကို မြင်သောအခါ သူက အံ့ဩသွားတော့သည်။

"ကမ္ဘာမြေရဲ့ စွမ်းအားလား"

လုကျိုးသည် ချောက်နက်ကြီးထဲတွင် ရှိနေစဉ်တုန်းက ကံကောင်းမှုတစ်ခု ရရှိခဲ့မည်ဖြစ်ကြောင်း ရှန်းကျန်း ပို၍ ယုံကြည်သွားတော့၏။ ဤသည်မှာ လုကျိုး၏ စွမ်းအား အနက်အရှိုင်းကို သူ အာရုံမခံနိုင်ရသည့် အကြောင်းရင်း ဖြစ်မည်ဟု သူ တွေးလိုက်သည်။ ကမ္ဘာမြေ၏ စွမ်းအားအပြင် လူသတ်ချင်သော စွမ်းအင် အရိပ်အယောင်ကိုလည်း သူ အာရုံခံမိလိုက်၏။ ၎င်းမှာ အန္တရာယ်ရှိကြောင်း သူ အာရုံခံနိုင်သော်လည်း ယင်းက အတိအကျ ဘာလဲဆိုတာကို သူ အာရုံမခံနိုင်ခဲ့ချေ။ ယင်းမှာ တာအို စွမ်းအားမှ နိယာမများနှင့် တူသော်လည်း ကမ္ဘာမြေ၏ စွမ်းအားနှင့်လည်း တူနေပေသည်။

ရှန်းကျန်းက ချီးကျူးမှုများ အပြည့်ဖြင့် ပြောလိုက်သည်။

"ဆရာကြီးရဲ့ နည်းလမ်းက ဒီလောက်တောင် အံ့အားသင့်ဖို့ ကောင်းလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး"

လုကျိုးက အမည်မဲ့ကို ဆက်လက် ထိန်းချုပ်နေခဲ့၏။

ဝီ

"ဟင်... နတ်ဘုရားတာအို စွမ်းအားလား" လုကျိုးက ဇဝေဇဝါ ဖြစ်သွားသည်။ ကောင်းကင်စွမ်းအားထဲတွင် အပြောင်းအလဲများကို သူ ထပ်မံ အာရုံခံမိလိုက်ပြန်၏။

စွမ်းအင် ဓားများက ပို၍ အစွမ်းထက်လာခဲ့သည်။ လုကျိုး၏ တိကျသော ထိန်းချုပ်မှုအောက်တွင် ၎င်းတို့က ထန်ရှီ၏ ဒဏ်ရာများကို ထိုးစိုက်လိုက်ကြသည်။

တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေစဉ် ရှန်းကျန်းက ဘေးမှနေ၍ စောင့်ကြည့်နေခဲ့၏။ သူ၏ ရှေ့မှ မြင်ကွင်းကို မြင်သောအခါ အနည်းငယ် ရင်းနှီးနေသည်ဟု သူ ခံစားလိုက်ရသော်လည်း အဘယ်ကြောင့်မှန်း သူ မတွေးတတ်ခဲ့ချေ။ ခဏအကြာတွင် သူက ပြောလိုက်သည်။

"ထန်ရှီရဲ့ ပြန်လည်ကုစားနိုင်စွမ်းက အရမ်းကို အစွမ်းထက်တယ်။ ပုံမှန်ဆိုရင် သူ့ရဲ့ ဒဏ်ရာတွေကို ချက်ချင်း ကုစားနိုင်တယ်။ ဒါပေမဲ့ ကမ္ဘာမြေရဲ့ စွမ်းအားက သူ့အပေါ် အရမ်းကို ထိရောက်မှု ရှိနေတယ်"

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

စွမ်းအင် ဓားများသည် ထန်ရှီအပေါ် သေစေနိုင်သော တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်တော့မည်ဟု ထင်ရချိန်မှာပင် ထန်ရှီက လေထဲသို့ ရုတ်တရက် ပျံတက်သွားတော့သည်။

ဘုန်း

၎င်းက ကောင်းကင်ယံသို့ ပို၍ မြင့်မားစွာ တက်သွားပြီးနောက် ရုတ်တရက် အစွယ်ထုတ်ကာ သွေးမိုးများကို ထွေးထုတ်လိုက်၏။

မီးတောက်များကဲ့သို့ တောက်ပသော အနီရောင် သွေးများက မိုးသီးများပမာ ရွာကျလာတော့သည်။

ရှန်းကျန်းက အော်ဟစ်လိုက်သည်။

"ရှောင်လိုက်"

ရွှမ်း

ရှန်းကျန်းက ပျောက်ကွယ်သွားပြီး ကိုက် ၁၀,၀၀၀ ခန့်အကွာတွင် ပြန်ပေါ်လာခဲ့၏။ သူ၏ အမြင်အာရုံဖြင့် ရှေ့တွင် ဘာဖြစ်နေမှန်း သူ အလွယ်တကူ မြင်တွေ့နိုင်သေးပေသည်။ လုကျိုးက ထွက်မသွားကြောင်း သူ တွေ့ရှိလိုက်ရသည်။ ထိုအစား လုကျိုးက ကောင်းကင်ယံကို မော့ကြည့်နေခဲ့၏။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အသံပို့ခြင်းမှတစ်ဆင့် ပြောလိုက်သည်။

"ဆရာကြီး၊ ထန်ရှီရဲ့ သွေးအဆီအနှစ်က အဆိပ်ပြင်းတယ်။ အဲဒါကို ရှောင်လိုက်တာ အကောင်းဆုံးပဲ"

"စိတ်မပူပါနဲ့"

သွေးမိုးများ ကျဆင်းလာပြီး လုကျိုးကို ထိတော့မည့် အချိန်မှာပင် ၎င်းတို့က ရုတ်တရက် ဘေးဘက်သို့ လမ်းကြောင်းပြောင်းသွားကာ သူ့ကို ရှောင်ကွင်းသွားပြီးနောက် အငွေ့ပျံသွားကြတော့၏။

"ဟင်" ရှန်းကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ကို မြှောက်ကာ ပို၍ သေသေချာချာ မြင်နိုင်ရန် သူ၏ မျက်လုံးများထဲသို့ ကနဦးချီများကို ထည့်သွင်းလိုက်၏။

ဤအခိုက်အတန့်တွင် လုကျိုးသည် လက်နောက်ပစ်လျက် ရပ်နေပြီး သွေးမိုးများကို ကာကွယ်ရန် မည်သည့် ကနဦးချီကိုမျှ အသုံးပြုမထားခဲ့ချေ။

ရှန်းကျန်းက အံ့ဩသွားပြီး ဇဝေဇဝါ ဖြစ်သွားတော့၏။

"သူ ဘယ်လို လုပ်လိုက်တာလဲ"

ရှန်းကျန်းပင်လျှင် ထန်ရှီ၏ သွေးအဆီအနှစ်ကို ကာကွယ်ရန် အစွမ်းထက်သော ကာကွယ်ရေး စွမ်းအင်များကို အသုံးပြုခဲ့ရပေသည်။ ၎င်းမှာ အလွန် ပြင်းထန်ပြီး သူ၏ စွမ်းအားက မဟာတာအို၏ စွမ်းအားထက် များစွာ အားနည်းခြင်း မရှိချေ။ ဤသည်မှာ ထန်ရှီ၏ အကောင်းဆုံး လှည့်ကွက်များထဲမှ တစ်ခု ဖြစ်၏။ ၎င်းကို ရင်ဆိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ ယာယီ ရှောင်ရှားခြင်းပင် ဖြစ်ပေသည်။ လုကျိုး ဘာလုပ်နေမှန်း သူ နားမလည်ခဲ့ပေ။ သူက ပို၍ အနီးကပ် ကြည့်လိုက်ရာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသော လုကျိုး၏ ဝတ်ရုံကို မြင်လိုက်ရသည်။

"သူ့ ဝတ်ရုံလား" ရှန်းကျန်းက ၎င်းကို ပို၍ သေသေချာချာ ကြည့်ချင်ခဲ့သော်လည်း သေချာ စစ်ဆေးနိုင်ရန် သူက အရမ်း ဝေးလွန်းနေခဲ့သည်။ ထို့ပြင် သွေးမိုးများကလည်း သူ၏ အမြင်အာရုံကို အနည်းငယ် ဝေဝါးသွားစေခဲ့၏။ နောက်ဆုံးတွင် သူက လက်လျှော့လိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။ သို့သော်ငြား ဝတ်ရုံမှ အလင်းရောင်များ လင်းလက်သွားသည်ကို သူ မြင်လိုက်ရဆဲ ဖြစ်ပေသည်။

ဤအခိုက်အတန့်တွင် ရှန်းကျန်းခန်းမမှ လူများက ပြေးလာခဲ့ကြသည်။ လူငယ် အစေခံတစ်ယောက်၏ အသွင်အပြင် ရှိနေသော ရှန်းကျန်းကို မြင်သောအခါ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။

"မိတ်ဆွေလေး၊ ကျေးဇူးပြုပြီး ဝေးဝေးနေပါ"

"ဒီနေရာက အရမ်း အန္တရာယ်များတယ်"

"..."

ရှန်းကျန်းက လက်ကို နောက်ပစ်လျက် ရပ်နေကာ ရှန်းကျန်းခန်းမမှ ကျင့်ကြံသူများဘက် လှည့်၍ စိုက်ကြည့်လိုက်၏။

ကျင့်ကြံသူများ၏ ခေါင်းဆောင်က ထိုသူ၏ မောက်မာသော ကိုယ်ဟန်မှာ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးလိုက်သည်။ သူက ပြုံးလျက် ပြောလိုက်၏။

"အဲဒါက သူတော်စင် သတ်ဖြတ်သူ တစ်ကောင်လေ။ မင်း သေချင်နေတာလား"

"ရိုင်းစိုင်းလိုက်တာ"

"အိုး၊ မင်းက တော်တော် ဒေါသကြီးတာပဲ"

"မိတ်ဆွေလေး၊ မင်း ငါတို့ကို သိလို့လား။ ငါတို့က သူတော်စင် သတ်ဖြတ်သူကို သတ်ဖို့ ရွှမ်းယီနန်းတော်ကို ကူညီပေးဖို့အတွက် ဧကရာဇ်ရှန်းကျန်းရဲ့ အမိန့်အရ ဒီကို ရောက်နေတာ။ ကျေးဇူးပြုပြီး ငါတို့ရဲ့ တာဝန်ကို မနှောင့်ယှက်ပါနဲ့"

"…"

ရှန်းကျန်းက လေးနက်စွာ ပြောလိုက်သည်။

"မင်းတို့ အားလုံးက မျက်ကန်းတွေပဲ"

ဤစကားများက ရှန်းကျန်းခန်းမမှ ကျင့်ကြံသူများ၏ အာရုံကြောများကို ဆွပေးလိုက်သကဲ့သို့ပင်။ သူတို့က လှုပ်ရှားတော့မည့် အချိန်မှာပင် ရွှမ်းယီက သူ၏ လူများကို ဦးဆောင်ကာ ရောက်လာခဲ့သည်။

ရွှမ်းယီက ပျံသန်းလာပြီး ကောင်းကင်ယံတွင် ဟိုဟိုဒီဒီ ပျံသန်းကာ သွေးမိုးများကို ပြင်းထန်စွာ ထွေးထုတ်နေသော ထန်ရှီကို ကြည့်လိုက်၏။

ခေါင်းဆောင်က ဤအချိန်တွင် ရှေ့သို့ ထွက်လာကာ ပြောလိုက်သည်။

"ဧကရာဇ်ရွှမ်းယီ၊ ရွှမ်းယီနန်းတော်ကို ကူညီပေးဖို့အတွက် အရှင်မင်းကြီးရဲ့ အမိန့်အရ ကျွန်တော်တို့ ဒီကို ရောက်နေတာပါ"

ရွှမ်းယီက ခေါင်းညိတ်လိုက်၏။

"အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

ခေါင်းဆောင်က ရှန်းကျန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ဧကရာဇ်ရွှမ်းယီဆိုတဲ့အတိုင်းပါပဲ။ အရှင်မင်းကြီးရဲ့ ကျက်သရေနဲ့ အမြင်က သာမန်လူတွေ ယှဉ်နိုင်တဲ့အရာ မဟုတ်ပါဘူး"

…

All Chapters