အခန်း ၁၆၃၄
Vol. 109 Ch. 1634
အခန်း (၁၆၃၄) ကောင်းကင်စွမ်းအား အဆင့်မြှင့်တင်ကတ်
တစ်နာရီခန့်အကြာတွင်…
ဟွားကျန့်ဟုန်၊ ချီရှန့်နှင့် ကျူးဟုန်ကုန်းတို့သည် ခန်းမထဲသို့ ရိုသေစွာ ဝင်ရောက်လာကြသည်။
သူတို့သုံးယောက်က မင်ရှင်းကို နှုတ်ဆက်ပြီးနောက် ချီရှန့်က မေးလိုက်၏။
"အရှင်မင်းကြီး... ကျွန်တော်တို့ကို ဘာအမိန့်များ ပေးစရာရှိလို့ပါလဲ"
မင်ရှင်းက မတ်တတ်ရပ်ကာ ချီရှန့်နှင့် ကျူးဟုန်ကုန်းတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"ယုတ္တိတန်တန် ပြောရရင် မင်းက ထူဝေ့ခန်းမရဲ့ ခန်းမသခင်ဆိုတော့ ဒီကိစ္စတွေကို ဝင်ပါစရာ မလိုပါဘူး။ ဒါပေမဲ့ မင်းက တော်တော်လေး ပါရမီရှိတဲ့အတွက် ဒီအကြောင်းတွေကို ဆွေးနွေးဖို့ မင်းကို ငါ ခေါ်လိုက်တာ"
"အမိန့်ရှိပါ အရှင်မင်းကြီး" ချီရှန့်က ပြောလိုက်၏။
ကျူးဟုန်ကုန်းက ရယ်မောကာ ထပ်ဖြည့်ပြောလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်တို့က မိသားစုတွေပါပဲ။ အရှင်မင်းကြီးမှာ ပြောစရာရှိရင် လွတ်လွတ်လပ်လပ်သာ ပြောပါ။ အရှင်မင်းကြီးရဲ့ အမိန့်တွေကို ထမ်းဆောင်ဖို့အတွက် ဓားတောင်ကို ကျော်ရကျော်ရ၊ မီးပင်လယ်ကို ဖြတ်ရဖြတ်ရ ကျွန်တော် လုပ်ဆောင်ပါ့မယ်"
မင်ရှင်းက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ" ထို့နောက် သူက ဆက်ပြောလိုက်သည်။
"မဟာလေဟာနယ်ကြီးကို ငါ ထိန်းချုပ်လိုက်ကတည်းက လောကကြီးနဲ့ ကျင့်ကြံခြင်းလောကက ငြိမ်းချမ်းပြီး သာယာဝပြောနေခဲ့တယ်။ ဒါပေမဲ့ မျှခြေမညီမျှမှုက ဖျက်ဆီးခြင်း တိုင်လုံး ဆယ်ခုကို ထိခိုက်စေခဲ့တယ်။ အထွတ်အမြတ်ခန်းမက လောကကြီးရဲ့ ငြိမ်းချမ်းရေးကို ဆက်ပြီး ထိန်းသိမ်းချင်ပေမဲ့ တစ်ယောက်တည်း လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ငါတို့က ခန်းမဆယ်ခုကို အားကိုးရမယ်။ မဟာလေဟာနယ်ကြီးကို ကာကွယ်ဖို့ လူတိုင်းက ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"
မင်ရှင်းက စကားပြောခြင်းကို ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ထပ်ပြောလိုက်၏။
"ခန်းမဆယ်ခုရဲ့ ခန်းမသခင် ဆယ်ယောက်ကို အမြန်ဆုံး ဆုံးဖြတ်သင့်တယ်။ ဒီကိစ္စအတွက် အရာအားလုံးကို ညှိနှိုင်းပေးဖို့ မင်းက တာဝန်ယူရမယ်။ သွားပြီးတော့ စီစဉ်လိုက်တော့။ ခန်းမသခင် ဖြစ်လာမဲ့သူတွေဟာ မဟာလေဟာနယ် မျိုးစေ့ ပိုင်ရှင်တွေ ဖြစ်နေဖို့ ငါ မျှော်လင့်တယ်"
ချီရှန့်က အံ့အားသင့်ပုံ လုံးဝ မပြဘဲ ပြောလိုက်သည်။
"နားလည်ပါပြီ"
လူတိုင်းက ခန်းမသခင် နေရာအတွက် တိုက်ပွဲဝင်ရန် အခွင့်အရေး ရှိပေသည်။ မဟာလေဟာနယ်၏ တာအိုသူတော်စင် ၁၂ ပါးသည် တာအိုသူတော်စင်များ အားလုံးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ကြ၏။ သို့သော်လည်း သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုက မဟာလေဟာနယ် မျိုးစေ့များ ရှိသူများနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ မဟာလေဟာနယ် မျိုးစေ့ ပိုင်ရှင်များကဲ့သို့ အထွတ်အထိပ် သက်ရှိလောင်းလျာများက ခန်းမသခင် နေရာများကို လွှဲပြောင်းရယူခြင်းက အသင့်တော်ဆုံး ဖြစ်ပေသည်။ ထို့အပြင် အထွတ်အမြတ်ခန်းမက ခန်းမဆယ်ခုနှင့် နယ်မြေကိုးခုကို ခိုင်မြဲစွာ ထိန်းချုပ်ချင်ပါက ခန်းမသခင်များမှာ အစွမ်းထက်နေရန် လိုအပ်ပေသည်။
အမြင်တစ်မျိုးဖြင့် ကြည့်မည်ဆိုလျှင် ထူဝေ့၏ သေဆုံးမှုမှာ အထွတ်အမြတ်ခန်းမ၏ အကျိုးစီးပွားအတွက် ဖြစ်ပေသည်။ ဤအကြောင်းကြောင့် မင်ရှင်းက အဖြူရောင်ဧကရာဇ်၏ တောင်းဆိုချက်ကို သဘောတူပြီး ချီရှန့်ကို ထူဝေ့ခန်းမ၏ ခန်းမသခင် ဖြစ်လာစေရန် ကူညီပေးခဲ့ခြင်း ဖြစ်၏။ ယခု အခြေအနေများအရ ကြည့်မည်ဆိုလျှင် အရာအားလုံးက အထွတ်အမြတ်ခန်းမ မျှော်လင့်ထားသည့် လမ်းကြောင်းအတိုင်း သွားနေပုံရပေသည်။
"ဒုတိယကိစ္စကတော့..." မင်ရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ခန်းမဆယ်ခုက တစ်ခုနဲ့တစ်ခု ဘယ်တော့မှ အဆင်မပြေခဲ့ဘူးဆိုတာ ငါ သိတယ်။ ထူဝေ့ သေဆုံးပြီးတဲ့နောက်မှာ ထူဝေ့ခန်းမက တော်တော်လေး အားနည်းသွားခဲ့တယ်။ တခြား ခန်းမဆောင်တွေကို မင်း သွားလည်တဲ့အခါ ပိုပြီး သတိထားဖို့ လိုတယ်"
ထိုစကားကို ကြားသောအခါ ကျူးဟုန်ကုန်းက ဇဝေဇဝါဖြင့် မေးလိုက်၏။
"အရှင်မင်းကြီး... ချီရှန့်က အရှင်မင်းကြီးရဲ့ လက်အောက်မှာလေ။ တကယ်လို့ သူတို့က ထူဝေ့ကို ရန်သူအဖြစ် သတ်မှတ်မယ်ဆိုရင် အဲဒါက အရှင်မင်းကြီးကို ရန်သူအဖြစ် သတ်မှတ်တာနဲ့ မတူဘူးလား။ ဘယ်သူကများ ဒီလိုလုပ်ဖို့ ရဲမှာလဲ"
မင်ရှင်းက ပြောလိုက်သည်။
"နိုင်ငံရေးက အရမ်း ရှုပ်ထွေးပြီး ငါ့ရဲ့ ထိန်းချုပ်မှု ပြင်ပမှာ ရှိနေတဲ့ အရာတွေ အများကြီး ရှိတယ်ဆိုတာ မင်း ငါ့နေရာရောက်မှ သိလာလိမ့်မယ်။ မင်း နားလည်လား"
ကျူးဟုန်ကုန်းက ခေါင်းကုတ်ကာ ပြောလိုက်၏။
"ကျွန်တော် နားမလည်ဘူး။ ကျွန်တော်က တစ်ခုတည်းကိုပဲ နားလည်တယ်။ ကျွန်တော့်လမ်းကို ပိတ်ရပ်တဲ့ သူတိုင်းကို ကျွန်တော့်ရဲ့ လက်သီးတွေနဲ့ ထိုးကြိတ်ပစ်မယ်"
ဟွားကျန့်ဟုန်က ချောင်းဟန့်လိုက်သည်။
ကျူးဟုန်ကုန်းက သူ့ကိုယ်သူ ခဏမျှ ထိန်းချုပ်လိုက်ပြီးနောက် ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။
"ကျွန်တော် နောက်နေတာပါ။ လူတွေကို ကိုယ်ကျင့်တရားရယ် အကြောင်းပြချက်တွေရယ်နဲ့ ကျွန်တော် ဖျောင်းဖျပါ့မယ်"
မင်ရှင်းက ဆက်ပြောလိုက်သည်။
"တတိယကိစ္စကတော့ ရွှမ်းယီခန်းမမှာ ဖြစ်နေတဲ့ အနှောင့်အယှက်ပဲ။ ကျူးဟုန်ကုန်း... အဲဒီအနှောင့်အယှက်ရဲ့ အကြောင်းရင်းကို စုံစမ်းဖို့အတွက် ရွှမ်းယီခန်းမကို မင်းကို ငါ စေလွှတ်မယ်"
ကျူးဟုန်ကုန်းက ဇဝေဇဝါဖြင့် မေးလိုက်၏။
"ရွှမ်းယီနန်းတော်က... အရမ်း ဝေးတာကို။ အထွတ်အမြတ်ခန်းမကို သတင်းပို့ဖို့ သူတို့ရဲ့ လူတွေကို စေလွှတ်ဖို့ ရွှမ်းယီနန်းတော်ကို ကျွန်တော်တို့ တောင်းဆိုလိုက်လို့ ရတာပဲဟာ။ ကျွန်တော်တို့က ဘာလို့ အဲဒီကို သွားရမှာလဲ"
ဟွားကျန့်ဟုန်က ပြန်ဖြေလိုက်သည်။
"အမှန်တရားကို ဆုံးဖြတ်ဖို့အတွက် ငါတို့ကိုယ်တိုင် လုပ်ရမဲ့ အရာတွေ အများကြီး ရှိတယ်လေ"
ကျူးဟုန်ကုန်းက ပြောလိုက်၏။
"ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါတယ်။ ဒီကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။ ဘာမှ အမှားအယွင်း မရှိစေရဘူးလို့ အာမခံပါတယ်"
"သွားတော့" မင်ရှင်းက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
ထို့နောက် ချီရှန့်နှင့် ကျူးဟုန်ကုန်းတို့သည် အထွတ်အမြတ်ခန်းမမှ အတူတကွ ထွက်ခွာသွားကြ၏။ သူတို့နှစ်ယောက် အထွတ်အမြတ်ခန်းမနှင့် အနည်းငယ် ဝေးကွာသွားသောအခါ ကျူးဟုန်ကုန်းက ချီရှန့်ကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ အစီအစဉ်အတိုင်း ငါ ဆက်လုပ်သွားမှာပါ။ ငါ အလျင်စလို လုပ်မှာ မဟုတ်ဘူး"
ချီရှန့်က ခေါင်းညိတ်လိုက်၏။
"ခန်းမတစ်ခုခုရဲ့ ခန်းမသခင် ဖြစ်လာနိုင်မလားဆိုတာက မင်းရဲ့ ပါရမီပေါ်မှာ မူတည်တယ်။ ငါက မင်းကို အကြံဉာဏ်ပဲ ပေးနိုင်တာ။ ဒါ့အပြင် မဟာလေဟာနယ်ကြီးက မင်းထင်သလောက် ငြိမ်းချမ်းနေတာ မဟုတ်ဘူး။ မကြာသေးခင်က မင်းက နည်းနည်းလေး ထင်ပေါ်လွန်းနေတယ်"
ကျူးဟုန်ကုန်းက မျက်လုံးကို လှိမ့်ကာ ပြောလိုက်သည်။
"ဒီလို လေသံမျိုးနဲ့ ငါ့ကို လာမဆူနဲ့"
ချီရှန့်က ဆက်ပြောလိုက်၏။
"မှတ်ထားပါ၊ ဖျက်ဆီးခြင်း တိုင်လုံးတွေဆီကနေ ကောင်းကင်ဖိနှိပ်ကျည်ပွေ့တွေ အားလုံးကို မင်း ရယူရမယ်။ ဘာပဲဖြစ်ဖြစ် ငါက မင်းကို ခဏလောက်ပဲ ကာကွယ်ပေးနိုင်မှာ။ တစ်သက်လုံးတော့ မကာကွယ်ပေးနိုင်ဘူး"
"အင်းပါ" ကျူးဟုန်ကုန်းက ပြန်ဖြေလိုက်ပြီး အပေါ်သို့ ပျံတက်သွား၏။ ထို့နောက် သူက ရုတ်တရက် အနောက်သို့ လှည့်ကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ မင်းက ငါ့ရဲ့ချီရှစ်ရှိုးနဲ့ တူတာပဲ။ ငါ့ကို တကယ်ကြီး အရူးလို့ ထင်နေတာလား"
ထိုသို့ပြောပြီးသည်နှင့် ကျူးဟုန်ကုန်းက လင်းလက်သွားကာ မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားတော့သည်။
ချီရှန့်က ခေါင်းညိတ်လိုက်ပြီးနောက် ထွက်သွားရန် လှည့်လိုက်၏။
…
အနက်ရောင်ခန်းမ၏ တာအိုခန်းမထဲတွင် ဖြစ်သည်။
နေလုံးကြီးက အနောက်ဘက်သို့ ဝင်နေပြီဖြစ်သည်။
လုကျိုးက ထန်ရှီ၏ နတ်ဝိညာဉ်ပုလဲကို ထုတ်ယူလိုက်၏။ နတ်ဝိညာဉ်ပုလဲသည် ပုလဲနက်နှင့် တူပြီး ၎င်းက အေးစက်ပြီး အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။
ဤအခိုက်အတန့်တွင် လုကျိုးမှာ အကျပ်ရိုက်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။ နတ်ဝိညာဉ်ပုလဲကို သူ၏ ရွှေရောင် စိတ်ဝိညာဉ် သဏ္ဌာန်တွင် အသုံးပြုရမည်လား၊ သို့မဟုတ် အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်တွင် အသုံးပြုရမည်လား။
သူ၏ ရွှေရောင် စိတ်ဝိညာဉ် သဏ္ဌာန်တွင် မွေးဖွားဇယားချပ် ၃၂ ခု ရှိပြီး အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိရန် မွေးဖွားဇယားချပ် ၄ ခုသာ လိုတော့ပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်မှာ နောက်ကျကျန်နေလွန်းလှသည်။ ၎င်းက အရမ်း အားနည်းနေမည်ဆိုလျှင် သူ၏ အလုံးစုံ စွမ်းအားကိုလည်း ထိခိုက်စေလိမ့်မည် ဖြစ်၏။ ဤသည်ကို တွေးမိသောအခါ သူက အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်ကို ထုတ်ယူလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ စွမ်းအားကို ရွှေရောင် စိတ်ဝိညာဉ် သဏ္ဌာန် တစ်ခုတည်းဖြင့် တိုင်းတာ၍ မရနိုင်တော့ချေ။
၎င်းကို အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်ဟု သူ ခေါ်သော်လည်း တကယ်တမ်းတွင် သူသည် တာအို စွမ်းအားကို ဆက်လက် နားလည်သဘောပေါက်နေသည်နှင့်အမျှ အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်သည် ရွှေရောင် စိတ်ဝိညာဉ် သဏ္ဌာန်၏ အသွင်အပြင် အများအပြားကို ရယူထားခဲ့ပြီး ဖြစ်ပေသည်။
လုကျိုးက ထန်ရှီ၏ နတ်ဝိညာဉ်ပုလဲကို အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်၏ မွေးဖွားနန်းတော်ထဲသို့ ထည့်သွင်းလိုက်၏။
ကလစ်
ဤအခိုက်အတန့်တွင် အပြာရောင် ကြာပွင့်၏ မျက်နှာပြင်မှာ စမ်းရေကန်တစ်ခုကဲ့သို့ ဖြစ်နေပြီး နတ်ဝိညာဉ်ပုလဲကို စုပ်ယူသွားတော့သည်။
၎င်းကို ပြန်လည် အသုံးပြုရန် အစီအစဉ် မရှိသဖြင့် သူက နတ်ဝိညာဉ်ပုလဲကို ထုတ်ယူစရာ မလိုတော့ချေ။
ကြာပွင့်မှာ မှန်တစ်ချပ်ကဲ့သို့ ရောင်ပြန်ဟပ်နေပေသည်။ ဤအခိုက်အတန့်တွင် စကြဝဠာကြီးက ၎င်းထဲတွင် ရောင်ပြန်ဟပ်နေသကဲ့သို့ပင် ဖြစ်၏။ ကြယ်များကဲ့သို့သော အလင်းစက်လေးများက ကြာပွင့်ပေါ်တွင် စတင်ရွေ့လျားလာကြသည်။
ဤသည်ကို မြင်သောအခါ လုကျိုးက အနည်းငယ် အံ့အားသင့်သွား၏။
"မွေးဖွားဇယားချပ်တွေကို စိတ်ကြိုက် ရွှေ့လို့ ရတာလား"
ယခုအခြေအနေတွင် သူ၏ စိတ်ဝိညာဉ် သဏ္ဌာန်က ဤမျှလောက် ရွေ့လျားနိုင်စွမ်း ရှိနေခြင်းမှာ ပုံမှန် မဟုတ်လှချေ။ သို့သော် သူ၏ မွေးဖွားဇယားချပ်ကိုလည်း ဟိုဟိုဒီဒီ ရွှေ့နိုင်ခြင်းက အံ့ဩစရာ ကောင်းလှပေသည်။
"အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခွင့် ဘယ်လောက်တောင် ရှိနေလဲ ဆိုတာကို စဉ်းစားကြည့်ရင်... သူ့မှာ ဖျက်ဆီးလို့မရတဲ့ ခန္ဓာကိုယ် ရှိနေတာလား"
ရဲတင်းသော အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာသဖြင့် လုကျိုး၏ မျက်လုံးများက တောက်ပသွားတော့၏။ သူက လက်ကို မြှောက်လိုက်ရာ ဓားပုံစံ ပြောင်းထားသော အမည်မဲ့က ချက်ချင်း ပေါ်လာခဲ့သည်။ ထို့နောက် သူက အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်ဆီသို့ ဓားကို ချိန်ရွယ်လိုက်၏။
"..."
'ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေရာ နည်းနည်း ကျနေသလိုပဲ...'
ခဏမျှ တွေးတောပြီးနောက် လုကျိုးက ကြာပွင့်၏ အစွန်းတစ်လျှောက် အမည်မဲ့ကို ညင်သာစွာ ဆွဲလိုက်သည်။
ရွှမ်း
ကြာပွင့်မှာ တကယ့် စမ်းရေကန် တစ်ခုကဲ့သို့ပင် ဖြစ်ပေသည်။ အမည်မဲ့က ၎င်းကို ဖြတ်ဆွဲလိုက်သောအခါ ၎င်းက အလျင်အမြန် ပြန်လည် ပေါင်းစပ်သွားပြီး မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။
"ဒါက..."
ရွှမ်း
လုကျိုးက အမည်မဲ့ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။
ကြာပွင့်ပေါ်တွင် အရာတစ်ခု ပေါ်လာသော်လည်း ၎င်းက အလျင်အမြန် ပြန်လည် ပေါင်းစပ်သွားတော့၏။ မူလအသွင်အပြင်သို့ ပြန်ရောက်ရန် အသက်တစ်ရှိုက်စာမျှသာ ကြာမြင့်ခဲ့သည်။
'စိတ်ဝိညာဉ် သဏ္ဌာန်က ဖျက်ဆီးလို့ မရဘူးလား'
လုကျိုးက လက်တစ်ဖက်ကို ရှေ့သို့ မတွန်းထုတ်မီ အမည်မဲ့ကို ပြန်သိမ်းလိုက်၏။
ဘုန်း
လက်ဝါးရိုက်ချက်က ကြာပွင့်ပေါ်သို့ ကျရောက်သွားသောအခါ အရင်ကလိုပင် ၎င်းက ပျက်စီးသွားမှုကို အလျင်အမြန် ပြန်လည် ပြုပြင်လိုက်သည်။
နောက်ထပ် ရိုးရှင်းသော စမ်းသပ်မှု အနည်းငယ် လုပ်ပြီးနောက် အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်က ပျက်စီးသွားမှုများကို ပြန်လည် ပြုပြင်နိုင်သော်လည်း တာအို၏ စွမ်းအားမှ နိယာမများနှင့် ရင်ဆိုင်ရသောအခါ ၎င်းက ဖိအားပေးခံရဦးမည် ဖြစ်ကြောင်း လုကျိုး နားလည်သွားတော့၏။
မည်သို့ပင်ဆိုစေကာမူ ဤအံ့အားသင့်မှုက သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ် သဏ္ဌာန်များ ပျက်စီးသွားမည်ကို မကြောက်သော ကျင့်ကြံသူများ မရှိချေ။ အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်တွင် ယခုအခါ မွေးဖွားဇယားချပ် ခုနစ်ခုသာ ရှိသေးသည်။ မွေးဖွားဇယားချပ် ၃၆ ခုလုံးကို အသက်သွင်းလိုက်သည်နှင့် ၎င်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လာမည် မဟုတ်ပါလော။
ဝီ
ဤအခိုက်အတန့်တွင် ကြာပွင့်က စတင်လည်ပတ်လာတော့၏။
"ဒုတိယ အဆင့်လား"
လုကျိုးက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ချောက်နက်ကြီးထဲတွင် နှစ် ၁၀၀ လုံးလုံး ကျင့်ကြံခဲ့ရခြင်း၏ အကျိုးကျေးဇူးများက သူ မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေခဲ့၏။ ထိုအထဲမှ တစ်ခုမှာ မွေးဖွားဇယားချပ်များကို အသက်သွင်းခြင်းက မယုံနိုင်လောက်အောင် ချောမွေ့လာခြင်း ဖြစ်ပေသည်။
မွေးဖွားဇယားချပ် အသက်သွင်းခြင်း၏ ဒုတိယ အဆင့်သို့ သူ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်ကို မြင်သောအခါ လုကျိုးက မျက်လုံးများကို မှိတ်ကာ ကောင်းကင်ကျမ်းစာမှ ကောင်းကင်စာလိပ်ကို ဆက်လက် နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့သည်။
နေဝင်သွားပြီး အချိန်အတော်ကြာသောအခါ လုကျိုးက အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရသော စနစ် အသိပေးချက်တစ်ခုကို ကြားလိုက်ရ၏။
“တင်း ကောင်းကင်ကျမ်းစာမှ ကောင်းကင်စာလိပ်ကို အကြိမ်တစ်ရာ နားလည်သဘောပေါက်ပြီးတဲ့နောက်မှာ ကောင်းကင်စွမ်းအား အဆင့်မြှင့်ကတ်ပြား တစ်ကတ်ကို ဆုချီးမြှင့်လိုက်ပါတယ်"
“တင်း ကောင်းကင်စွမ်းအား အဆင့်မြှင့်ကတ်ပြားကို အသုံးပြုတဲ့အခါမှာ သင့်ရဲ့ ကောင်းကင်ကျမ်းစာ စွမ်းအားတွေရဲ့ အစွမ်းကို တိုးမြှင့်နိုင်ပါတယ်"
…