← Chapters

အခန်း ၆၁၇

Vol. 45 Ch. 617

အခန်း ၆၁၇

Vol. 45 Ch. 617

‎

‎ အခန်း (၆၁၇) - တစ်ပြိုင်နက်တည်း၊ နှစ်တစ်ရာ ကုန်လွန်သွားခြင်းနှင့် ကုမိသားစု တိုးတက်လာခြင်း

‎

‎

‎" ကောင်းပါပြီ "

‎

‎ကုချန်မှ ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်၏။

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ စိုးရိမ်ကြောက်ရွံ့မှု အရိပ်အယောင်မှာ နက်ရှိုင်းလွန်းစွာ ဖုံးကွယ်ထားသော်လည်း ကုချန်မှ အောင်မြင်စွာ ရိပ်မိသွားခဲ့သည်။

‎

‎သို့သော် သူသည် ၎င်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ထုတ်ဖော်မပြခဲ့ချေ။ နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အပေါ် သတိထားစောင့်ကြည့်နေခြင်းမှာ ကောင်းသောအရာတစ်ခုပင် ဖြစ်သည်။ အနည်းဆုံးတော့ ဤအရာက အနာဂတ်တွင် နတ်ဆိုးဧကရာဇ်ကြီး သူ့ကို အလွယ်တကူ သစ္စာမဖောက်နိုင်စေရန် သေချာစေပေလိမ့်မည်။

‎

‎အခြားကိစ္စများနှင့် ပတ်သက်၍မူ ယခုအခါ ကုချန်၏ စွမ်းအားမှာ အခိုင်အမာ တည်ဆောက်ပြီးသား ဖြစ်နေပြီဖြစ်သည်။ သူသည် အင်မော်တယ်ဘုရင်အဆင့်သို့ စတင်ရောက်ရှိကာစ အချိန်က လူမျိုး မဟုတ်တော့ချေ။

‎

‎ယခု နတ်ဆိုးဧကရာဇ် သုံးပါးမှာ သူ၏ အစေခံနေပြီဖြစ်ရာ သူသည် နတ်ဆိုးဧကရာဇ်ကြီးကို ကျိန်းသေပေါက် ကြောက်ရွံ့နေစရာ မလိုတော့ပေ။

‎

‎နတ်ဆိုးဧကရာဇ်ကြီးအား လိုက်လံ နှုတ်ဆက်ပြီးနောက် ကုချန်သည် အဆုံးမဲ့ကောင်းကင်ဘုံရှိ အခြေစိုက်စခန်းသို့ ပြန်လာခဲ့၏။ ချီလျိုနှင့် ချီမုန်တို့ကို အနည်းငယ် မှာကြားပြီးနောက် သူသည် တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။

‎

‎သူ၏အဆင့်တွင် ကျင့်ကြံခြင်း၌ သိသိသာသာ တိုးတက်မှုများ ရရှိရန်အတွက် သာမန် စွန့်စားခန်းများ သို့မဟုတ် ကံကောင်းထောက်မစွာ တွေ့ကြုံရမှုများက မလုံလောက်တော့ချေ။ ၎င်းအတွက် ရှောင်လွှဲ၍ မရနိုင်သော ကာလရှည်ကြာ စုဆောင်းမှုများနှင့် လေ့ကျင့်မှုများ လိုအပ်ပေသည်။

‎

‎တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေရှိ ကုချန်၏ ခန္ဓာကိုယ်အစစ်အမှန်နှင့် တတိယကိုယ်ပွားတို့သည်လည်း တံခါးပိတ် ကျင့်ကြံသည့် အခြေအနေသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်သွားကြသည်။

‎

‎ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း ကျင့်စဉ်သည် အမှန်တကယ်ပင် ကောင်းကင်ဘုံကို အာခံနိုင်စွမ်းရှိသော အံ့မခန်း ပညာရပ်တစ်ခုဖြစ်သည်ဟုသာ ဆိုရပေမည်။ ခန္ဓာကိုယ်အစစ်အမှန်နှင့် ကိုယ်ပွားနှစ်ခုတို့က တစ်ပြိုင်နက်တည်း ကျင့်ကြံနေကြသဖြင့် သူတို့၏ သိမြင်နားလည်မှုများကို မျှဝေနိုင်ပြီး ၎င်းမှာ တူညီသော အဆင့်ရှိ အခြားသူများထက် ကျင့်ကြံချိန် သုံးဆ ပိုမို ရရှိခြင်းနှင့် ညီမျှပေသည်။

‎

‎အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပြိုင်ဘက်အားလုံးသည် ကုချန်၏နောက်တွင် ကျန်ရစ်ခဲ့ကြမည်သာပင်။ သူ့ကို မည်သူက မှီနိုင်မည်နည်း။

‎

‎နှစ်ကာလများမှာ လက်ဖျစ်တစ်တွက်အတွင်း ကုန်လွန်သွားခဲ့၏။

‎

‎မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ပေါင်း ရာနှင့်ချီ၍ ကုန်လွန်သွားခဲ့လေပြီ။

‎

‎ဤရာနှင့်ချီသော နှစ်ကာလများအတွင်း နတ်ဆိုးနယ်မြေ၌ မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ချေ။ ရှာနာနတ်ဆိုးဧကရာဇ်၊ ချူးဧကရာဇ်၊ ချီဖျန့်ဧကရာဇ်နှင့် အခြားသူများသည် ကုချန်၏ အမိန့်အရ မိမိတို့၏ သက်ဆိုင်ရာ နယ်မြေများသို့ အသီးသီး ပြန်သွားခဲ့ကြပြီး သူတို့၏လုပ်ရပ်အားလုံးမှာ ပုံမှန်အတိုင်းပင် ရှိနေကာ ယခင်ကနှင့် မည်သည့် ကွာခြားမှုမျှ မရှိခဲ့ကြပေ။

‎

‎တိုက်ပွဲကြီးတစ်ခု ပြီးဆုံးပြီးနောက် ရှာနာပန်းကို ရရှိခဲ့သော ရှာနာနတ်ဆိုးဧကရာဇ်သာမက ချူးဧကရာဇ်နှင့် ချီဖျန့်ဧကရာဇ်တို့ နှစ်ဦးစလုံးမှာလည်း ကာလရှည်ကြာ အနားယူ ပြန်လည် နာလန်ထူရန် လိုအပ်နေခဲ့၏။ ကုချန်၏ တံခါးပိတ် ကျင့်ကြံခြင်းနှင့်ပါ ပေါင်းစပ်လိုက်သောအခါ အရာအားလုံးမှာ တည်ငြိမ်အေးချမ်းပြီး မည်သည့် အဖြစ်အပျက်မျှ မရှိသကဲ့သို့ပင် ထင်ရလေသည်။

‎

‎၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် အင်မော်တယ်နယ်မြေရှိ အပြောင်းအလဲများမှာမူ များစွာ ပို၍ များပြားလှ၏။

‎

‎လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ကုချန်၏ အလိုဆန္ဒအရ အိုမင်းမစွမ်းသူများနှင့် မသန်စွမ်းသူများမှလွဲ၍ ကုမိသားစုဝင် အားလုံးနီးပါးသည် အင်မော်တယ်နယ်မြေ၏ နေရာအနှံ့အပြားသို့ စွန့်စားသွားလာကာ အခြေချ နေထိုင်ရန် ကောင်းကင်တားမြစ်နယ်မြေထဲမှ 'မောင်းထုတ်' ခံခဲ့ရသည်။

‎

‎နှစ်ရာပေါင်းများစွာ ကြာပြီးနောက် ဤကုမိသားစုဝင်များသည် အင်မော်တယ်နယ်မြေ၏ နေရာအနှံ့အပြားသို့ ရောက်ရှိသွားခဲ့ကြကာ သူတို့၏မျိုးဆက်များကို စတင် ဖြန့်ကြက်လာခဲ့ကြသည်။

‎

‎ကုမိသားစုဝင်များ အင်မော်တယ်နယ်မြေ၏ နေရာအနှံ့အပြားသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ကုယို ဦးဆောင်သော ကုမိသားစုရွာသည် အပြောင်မြောက်ဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး ခရီးစဉ်အတွင်း မည်သည့် သေဆုံးထိခိုက်မှုမျှ မရှိခဲ့သည့်အပြင် သူတို့၏ ခရီးပန်းတိုင်သို့လည်း အမြန်ဆုံးနှင့် အချောမွေ့ဆုံး ရောက်ရှိခဲ့ကြသည်။

‎

‎ယခု နှစ်ရာပေါင်းများစွာ ကြာပြီးနောက် ယခင်က လူငယ်လေး ကုယိုသည် ကုမိသားစုရွာ၏ အစစ်အမှန် မိသားစုခေါင်းဆောင် ဖြစ်လာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း သူ၏ နက်ရှိုင်းသော ကျင့်ကြံခြင်းကြောင့် လူငယ်အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။

‎

‎အင်မော်တယ်နယ်မြေ၏ ကျိုးကွမ်းကောင်းကင်ဘုံ၊ မိုယွန်အင်မော်တယ်နယ်မြေရှိ ကုမြို့တော်တွင်.....

‎

‎ဤမြို့မှာ မိုင်ရာဂဏန်းခန့် ကျယ်ဝန်းသော မြို့ငယ်လေးတစ်မြို့ ဖြစ်၏။ အပြင်ပန်းတွင် သေးငယ်သည်ဟု ထင်ရသော်လည်း အလွန် အဖိုးတန်လှသော မိုယွန်အင်မော်တယ်နယ်မြေအတွင်း၌မူ ၎င်းကို အလွန်ကောင်းမွန်သော နေရာတစ်ခုဟု သတ်မှတ်နိုင်ပေသည်။

‎

‎ထို့အပြင် ဤကုမြို့တော်သည် နှစ်ရာပေါင်းများစွာအတွင်း ကုမိသားစုရွာမှနေ၍ တိုးတက် ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

‎

‎ကုမြို့တော်၏ အနက်ရှိုင်းဆုံး နေရာတွင်.....

‎

‎ကြီးမားခြင်း မရှိသော်လည်း အရာအားလုံး ပြည့်စုံစွာ ပါဝင်သော စံအိမ်ကြီးတစ်ခုအတွင်း၌ လူငယ်တစ်ဦး၏ မျက်နှာသွင်ပြင်မျိုး ရှိနေဆဲဖြစ်သော ကုယိုသည် ပင်မထိုင်ခုံတွင် ထိုင်နေလေသည်။

‎

‎သူ၏အောက်ဘက်တွင် ကုမိသားစုရွာ၏ အသက်အရွယ်စုံလင်သော အကြီးအကဲ ဆယ်ဦးကျော် ထိုင်နေကြ၏။ အသက်အငယ်ဆုံးသူမှာပင် လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကုယိုထက် များစွာ ပိုမို အိုမင်းနေပုံရသည်။

‎

‎သို့တိုင်အောင် အပြင်ပန်းတွင် ငယ်ရွယ်ပုံရသော ဤကုမိသားစုရွာ၏ မိသားစုခေါင်းဆောင်ကို ရင်ဆိုင်ရာတွင် ကုမိသားစု အကြီးအကဲ အားလုံးက အလွန်အမင်း ရိုသေလေးစားမှုများကို ပြသနေကြလေသည်။

‎

All Chapters