← Chapters

အခန်း ၆၁၉

Vol. 45 Ch. 619

အခန်း ၆၁၉

Vol. 45 Ch. 619

အခန်း (၆၁၉) - တိတ်တဆိတ် သံသယဝင်ခြင်း၊ အတိတ်က အကြောင်းအရာများ၊ ငြိမ်သက်ခြင်း

‎

‎

‎မိမိအောက်တွင် ထိတ်လန့်ရိုသေမှုများဖြင့် ထိုင်နေကြသော ရာထူးသစ်ရ ကုမိသားစုရွာ အကြီးအကဲများကို ကြည့်ရင်း ကုယိုသည် စိတ်ထဲတွင် ရယ်မောလိုက်လေသည်။

‎

‎ဤမျိုးဆက်သစ်များ ဘာတွေးနေသည်ကို သူ ကျိန်းသေပေါက် သိရှိပေ၏။

‎

‎ယခုအချိန်အထိ ကုမိသားစုရွာမှ လူအများအပြားသည် နားမလည်နိုင်ကြသေးဘဲ ယခင်က ကုမိသားစုရွာ အကြီးအကဲများကို သူ 'မောင်းထုတ်' ခဲ့သည့်အပေါ် မကျေမနပ် ဝေဖန်မှုများပင် ရှိနေကြဆဲ ဖြစ်သည်။

‎

‎ကောင်းကင်တားမြစ်နယ်မြေမှ ထွက်ခွာလာပြီး ကုမိသားစုရွာ တစ်ရွာလုံးကို ယနေ့ကဲ့သို့ အခြေကျအောင် ဦးဆောင်ပေးခဲ့သော ထိုအကြီးအကဲများသည် အောင်မြင်မှုမရှိလျှင်တောင်မှ သူတို့၏ ကြိုးစားအားထုတ်မှုများအတွက် အသိအမှတ်ပြုခံရသင့်သည်ဟု သူတို့ ခံစားကြရသည်။ ယခု ကုမိသားစုရွာ အခြေကျသွားပြီဖြစ်ရာ ထိုအကြီးအကဲများသည် သူတို့၏ အိုဇာတာကို ဇိမ်ကျကျ ခံစားနေသင့်ပေသည်။ မည်သည့်အကြောင်းနှင့်မျှ ကုမိသားစုရွာမှ ဤမျှ ရက်စက်စွာ 'မောင်းထုတ်' မခံရသင့်ဘဲ ဆယ်စုနှစ်၊ ရာစုနှစ်ပေါင်းများစွာ ကြာမှသာ တစ်ကြိမ် ပြန်လာနိုင်သည့် အခြေအနေမျိုး မဖြစ်သင့်ချေ။

‎

‎ဤလုပ်ရပ်မှာ အလွန်ပင် ရက်စက်လွန်းသည်ဟု ထင်ရပေသည်။

‎

‎သို့သော် ကုယို၏ ဩဇာတိက္ကမကြောင့် ဤနားလည်မှုလွဲမှားခြင်းများနှင့် သံသယများမှာ တိတ်တဆိတ်သာ တည်ရှိနေခဲ့လေသည်။

‎

‎မည်သို့ပင်ဖြစ်စေ ကုယိုသည် ဤနားလည်မှုလွဲမှားခြင်းများကို ရှင်းပြရန် စိတ်ဝင်စားမှု အလျဉ်းမရှိချေ။

‎

‎သူ၏ လိပ်ပြာသန့်စင်ကြောင်းကို သူကိုယ်တိုင် သိထားရန်သာ လိုအပ်ပြီး သူလုပ်ခဲ့သမျှ အရာအားလုံးမှာ ကုမိသားစုရွာ၏ အနာဂတ်အတွက်သာ ဖြစ်လေသည်။

‎

‎အကယ်၍ သူသာ သူ့ကို ကူညီပြီး ကုမိသားစုရွာကို ယခုအခြေအနေအထိ ဦးဆောင်လာခဲ့ကြသည့် ထိုရဲဘော်ရဲဘက်များအား ဖျောင်းဖျနိုင်လောက်အောင် ခိုင်လုံသော အကြောင်းပြချက်များကို မပေးနိုင်ခဲ့ပါက သွေးတစ်စက်မျှ မကျစေဘဲ အားထုတ်စရာမလိုဘဲနှင့် သူတို့အားလုံးကို မည်သို့လျှင် ထွက်ခွာသွားစေနိုင်မည်နည်း။

‎

‎တမေ့တမောဖြင့် ကုယိုသည် ထိုနေ့က အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်လာခဲ့၏။ အားလုံးက ခက်ခဲပင်ပန်းစွာဖြင့် ကုမိသားစုရွာကို နောက်ဆုံးတွင် အခြေတကျဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကြပြီးနောက် အင်မော်တယ်နယ်မြေရှိ ပထမဆုံးသော မျိုးဆက် ကုမိသားစုရွာ အကြီးအကဲများအား ရွာမှ ထွက်ခွာသွားစေရန် သူ၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည့် နေ့ပင် ဖြစ်သည်။

‎

‎၎င်းမှာလည်း ဤခန်းမကြီးထဲတွင်ပင် ဖြစ်ပြီး ကုယိုမှာ ပင်မထိုင်ခုံတွင် ထိုင်နေခဲ့သော်လည်း သူ၏အောက်ဘက်ရှိ ကုမိသားစုရွာ အကြီးအကဲများမှာ ယခုကဲ့သို့ မျိုးဆက်သစ်များ မဟုတ်ကြဘဲ ထိုစဉ်က သူ၏ သက်တူရွယ်တူ ကုမိသားစုရွာ၏ ပါရမီရှင် လူငယ်လေးများသာ ဖြစ်ခဲ့ကြသည်။

‎

‎" ကုလင်... ကုဆန်းချွမ်း... ကုယဲ့... "

‎

‎ကုယိုသည် ရောက်ရှိနေသူများအားလုံးကို အကဲခတ်ကြည့်လိုက်၏။ တစ်လျှောက်လုံး သူ့ကို ကူညီဖေးမပေးခဲ့ကြသော ဤရဲဘော်ရဲဘက်များ၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို သူ မြင်တွေ့ခဲ့ရလေသည်။

‎

‎" ခေါင်းဆောင်ကြီး... ဒီတစ်ခါတော့ ကျွန်တော်တို့က ကုမိသားစုရွာကို ဘာသေဆုံးထိခိုက်မှုမှ မရှိဘဲ ခရီးပန်းတိုင်ကို အောင်အောင်မြင်မြင် ခေါ်လာနိုင်ခဲ့ပြီ... တခြားလမ်းကြောင်းတွေက ကုမိသားစု တပည့်တွေဆိုရင် သူတို့ရဲ့ ခရီးပန်းတိုင်ကိုတောင် မရောက်ကြသေးဘူးလို့ ကြားတယ်!

‎

‎ကြည့်ရတာ ဒီယှဉ်ပြိုင်မှုမှာ ကုမိသားစုရွာက ပထမရဖို့ သေချာနေပြီပဲ! "

‎

‎ကုရှန်းမှ တည်ငြိမ်နေသော ကုယိုကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေ၏။

‎

‎အခြားသော ကုမိသားစုရွာမှ လူငယ် အကြီးအကဲများသည်လည်း စိတ်လှုပ်ရှား ပျော်ရွှင်စွာ ပြုံးရွှင်နေကြလေသည်။

‎

‎ကုမိသားစုရွာ အထက်ကောင်းကင်ဘုံသို့ ရောက်ရှိလာကတည်းက ကုမိသားစု တပည့်အားလုံးသည် သူတို့၏ စိတ်အားထက်သန်မှုများကို မြိုသိပ်ထားခဲ့ကြရ၏။

‎

‎သူတို့သည် မိမိတို့၏ စွမ်းဆောင်နိုင်ရည်နှင့် ကုမိသားစုရွာ၏ တည်ရှိမှုကို ကုမိသားစု ပင်မမျိုးနွယ်စုကြီး၏ ရှေ့မှောက်တွင် သက်သေပြချင်နေခဲ့ကြသည်။

‎

‎ယခုအခါ ကုမိသားစု မျိုးနွယ်ခွဲ အသီးသီး၏ ဤပြောင်းရွှေ့အခြေချမှုသည် သံသယဖြစ်ဖွယ်မရှိ အကောင်းဆုံးသော အခွင့်အရေးပင် ဖြစ်နေလေသည်။

‎

‎ရလဒ်မှာလည်း သူတို့ လိုလားသည့်အတိုင်းပင် ဖြစ်လာခဲ့၏။ လမ်းတစ်လျှောက် အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရသော်လည်း ကုမိသားစုရွာ တစ်ရွာလုံးကို သူတို့၏ခရီးပန်းတိုင်သို့ ပထမဆုံး ရောက်ရှိအောင် အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့ပြီး မည်သည့် သေဆုံးထိခိုက်မှုမျှ လည်း မရှိခဲ့ချေ။ ကုမိသားစု တစ်ခုလုံး၏ အတိုင်းအတာအရပင် ဤအောင်မြင်မှုမှာ အလွန်တရာ အပြောင်မြောက်ဆုံး ဖြစ်သည်ဟု အားလုံးက ယုံကြည်ထားကြ၏။

‎

‎သို့သော် အားလုံး၏ အောင်ပွဲခံ အော်ဟစ်မှုများနှင့် စိတ်လှုပ်ရှားမှုများကို ရင်ဆိုင်ရချိန်တွင် ကုယိုမှာ လွန်စွာ တည်ငြိမ်နေခဲ့၏။ သူသည် အားလုံးကို ကြည့်ကာ အေးဆေးစွာ ပြောဆိုလိုက်လေသည်။

‎

‎" အားလုံးပဲ အရမ်းကြီး မပျော်ကြပါနဲ့ဦး... ဒီယှဉ်ပြိုင်မှုမှာ ဘိုးဘေးကြီးက ငါတို့ ကုမိသားစုရွာကို မျက်နှာသာပေးထားခဲ့တာ... ငါတို့ ကုမိသားစုရွာအတွက် ပေးထားတဲ့ အခြေချရမယ့် နေရာက လဝိညာဉ် ကောင်းကင်ဘုံနဲ့ အနီးဆုံးပဲ... ဒါကြောင့်လည်း ငါတို့ ကုမိသားစုရွာက ကံကောင်းထောက်မစွာနဲ့ ပထမနေရာ ရသွားခဲ့တာ "

‎

‎ကုယိုသည် အောင်မြင်မှုများကြားတွင် သာယာမူးယစ်နေခြင်း မရှိခဲ့ချေ။

‎

‎ကုမိသားစုရွာသည် ခရီးပန်းတိုင်သို့ ဤမျှ လျင်မြန်စွာ ရောက်ရှိနိုင်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ ဘိုးဘေးကြီးသည် ကုမိသားစု တပည့်များ၏ မျိုးနွယ်ခွဲ အသီးသီးရှိ အလုံးစုံစွမ်းအားအပေါ် မူတည်၍ အခြေချရမည့် နေရာများ၏ အနီးအဝေးကို စီစဉ်ပေးထားခဲ့ခြင်းကြောင့် ဖြစ်ကြောင်းကို သူ သိထားလေသည်။

‎

‎ကုမိသားစုရွာသည် အလုံးစုံစွမ်းအား အားအနည်းဆုံး ဖြစ်နေသဖြင့် သူတို့၏ အခြေချရမည့် နေရာမှာ လဝိညာဉ် ကောင်းကင်ဘုံနှင့် အနီးဆုံး ဖြစ်နေခဲ့ခြင်းဖြစ်၏။

‎

‎ပိုမို အစွမ်းထက်သော အခြားကုမိသားစု မျိုးနွယ်ခွဲများအတွက်မူ သူတို့၏ အခြေချရမည့် ခရီးပန်းတိုင်များမှာ ကျိန်းသေပေါက် ပို၍ ဝေးကွာနေမည်သာ ဖြစ်ပေသည်။

‎

All Chapters