Chapters

အခန်း ၆၂၁

Vol. 45 Ch. 621

အခန်း ၆၂၁

Vol. 45 Ch. 621

အခန်း (၆၂၁) - အသက်ဆက်ရန် အခြားနည်းလမ်းရှာခြင်း၊ အတိတ်မှာ လျှို့ဝှက်ချက်

‎ဟုတ်ပါသည်။ ကုမိသားစုရွာသည် ယခင်က သာမန်ရွာကလေးမျှသာ ဖြစ်ခဲ့ပြီး ကုမိသားစု ပင်မမျိုးနွယ်စုနှင့် ပြန်လည် ဆက်သွယ်နိုင်ခဲ့သည်မှာ ရာစုနှစ် အနည်းငယ်မျှသာ ရှိသေး၏။

‎ဘိုးဘေးကြီးမှ ရင်းမြစ်များကို အကန့်အသတ်မရှိ ထောက်ပံ့ပေးထားသော်လည်း သူ၏ သဘောထားမှာ ရှင်းသည်။ သူသည် အားလုံးကို အခြေခံ ခိုင်မာအောင် တည်ဆောက်စေလို၏။ ထို့ကြောင့် ကုမိသားစုရွာ၏ အလုံးစုံ စွမ်းအားမှာ လျင်မြန်စွာ မတိုးတက်ဘဲ တဖြည်းဖြည်းချင်းသာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

‎ယခု အင်မော်တယ်နယ်မြေ၌ ဤအင်အားဖြင့်ဆိုလျှင် များစွာ အားနည်းနေသေး၏။

‎" ဒါဆို မိသားစုခေါင်းဆောင် ဘာလုပ်ဖို့ စီစဉ်ထားတာလဲ... ကျွန်တော်တို့ရွာကို ဘယ်လို ကာကွယ်မလဲ "

‎ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကုယဲ့မှ လေးနက်စွာ မေးမြန်းလိုက်၏။

‎" ဘိုးဘေးကြီး ဘယ်လို လုပ်ခဲ့လဲဆိုတာကိုပဲ စဉ်းစားကြည့်ပေါ့ "

‎ကုယိုသည် မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ခပ်တိုးတိုးသာ ပြောဆိုလိုက်၏။

‎ထိုစကားကြောင့် အားလုံး အံ့အားသင့်သွားကြ၏။ ထို့နောက် ကုယဲ့မှာ တစ်စုံတစ်ခုကို ရိပ်မိသွားပြီး သူ၏ အမူအရာမှာ ထူးဆန်းသွားတော့သည်။

‎" မိသားစုခေါင်းဆောင် ဆိုလိုတာက... ဘိုးဘေးကြီးလိုပဲ ကျွန်တော်တို့ ရွာကို ထပ်ခွဲပြီး အင်မော်တယ်နယ်မြေ အနှံ့မှာ ပျံ့နှံ့နေအောင် လုပ်ခိုင်းမှာလား "

‎" မဖြစ်နိုင်ဘူး! ကျွန်တော်တို့ရွာကမှ အားနည်းနေတာကို... အခုချိန်မှာ အင်အားကို စုစည်းပြီး မြန်မြန် ဖွံ့ဖြိုးဖို့ ကြိုးစားရမှာ... ထပ်ခွဲလိုက်ရင် ကိုယ့်လက်မောင်းကိုယ် ဖြတ်သလို ဖြစ်မသွားဘူးလား "

‎ခန်းမအတွင်း၌ ချက်ချင်းပင် ကန့်ကွက်သံများ ဆူညံသွားတော့သည်။ လူတိုင်းက ကုယို၏ စိတ်ကူးမှာ အလွန် အန္တရာယ်များပြီး မိုက်ရူးရဲဆန်သည်ဟု ယူဆနေကြ၏။ ကုမိသားစုကို ခွဲလိုက်ခြင်းမှာ အခြေအနေအရ လိုအပ်သော်လည်း ကုမိသားစုရွာမှာမူ ယခုမှ အမြစ်တွယ်စ ဖြစ်သဖြင့် အားစုထားရန် လိုအပ်နေခြင်း ဖြစ်သည်။

‎လူတိုင်း၏ ကန့်ကွက်သံများကို နားထောင်ရင်း ကုယိုသည် ချက်ချင်း မတုံ့ပြန်ဘဲ တိတ်ဆိတ်စွာပင် စောင့်နေလိုက်၏။

‎" မင်းတို့ ပြောတာကို ငါသိပါတယ် "

‎နောက်ဆုံးတွင် ကုယိုမှ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

‎" ဒါပေမဲ့ ကုမိသားစုရွာရဲ့ အရေးအကြီးဆုံးက အသက်ဆက်ရှင်ဖို့ပဲ... ဒီနေရာ ပျက်စီးသွားရင်တောင် တခြားတစ်နေရာမှာ ငါတို့ ကုမိသားစုရွာရဲ့ 'မီးတောက်' က ဆက်လက် တောက်ပနေဦးမယ်... အန္တရာယ်ကို အနည်းဆုံး ဖြစ်အောင် လုပ်တာပဲ... အစပိုင်းမှာတော့ ခက်ခဲလိမ့်မယ်... ဒါပေမဲ့ ရေရှည်မှာတော့ ငါတို့ ကုမိသားစုရွာရဲ့ အနာဂတ်က တခြားမျိုးနွယ်ခွဲတွေထက် သာလွန်နေလိမ့်မယ် "

‎သူ၏ အသံမှာ ပြတ်သားနေ၏။ တကယ်တမ်းတွင် သူသည် အခြားသူများအား မပြောပြခဲ့သော လျှို့ဝှက် အကြောင်းပြချက် တစ်ခု ရှိနေသေးသည်။

‎ကုမိသားစုရွာသည် အချိန်အကြာကြီး နောက်ကျကျန်နေခဲ့၏။ သာမန် ဖွံ့ဖြိုးတိုးတက်မှုဖြင့်ဆိုလျှင် အခြားမျိုးနွယ်ခွဲများကို မီအောင် လိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် သူတို့သည် အခြား နည်းလမ်းသစ်တစ်ခုကို ရှာဖွေရမည် ဖြစ်သည်။