← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း (၁၉၁)

ဓားချက် ၂၄ ချက်၊ မာနဓားဂိုဏ်းနှင့်ပွဲစဥ်

အမှန်တကယ်ပင်...

ဤကဲ့သို့သိုင်းပညာရပ်မျိုးကို အလွန်အမင်းသန်မာသောသူများနှင့် ရင်ဆိုင်ရသည့်အခါ အသုံးပြု၍မရချေ။

သို့သော် မုန့်ချန်ချင်းကမူ စိတ်ဝင်စားနေဆဲ ဖြစ်သည်။

အဆုံးမှာတော့ ဤကဲ့သို့သိုင်းပညာရပ်မျိုးနှင့်ဆုံတွေ့ရခြင်းက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်၏။

အနာဂတ်၌ အခွင့်အရေးရလျှင် ထိုအကယ်ဒမီမှ ပါရမီရှင်များနှင့် မိတ်ဆွေဖွဲ့ရန် စဉ်းစားရမည်ပင်။

ဒုတိယမြောက်ပွဲစဉ်ကမူ ပို၍သာမန်ဆန်လှသည်။

၎င်းက ပထမတန်းစားဂိုဏ်းနှစ်ခုကြား တိုက်ပွဲဖြစ်သည်။

ရှေ့ပွဲစဉ်၏စိတ်လှုပ်ရှားစရာကောင်းမှုကြောင့် ဤပွဲမှာ များစွာပျင်းစရာကောင်းသကဲ့သို့ ခံစားရစေသည်။

သို့သော် မုန့်ချန်ချင်း အာရုံစိုက်၍ စောင့်ကြည့်နေဆဲဖြစ်သည်။

သူက သူ၏သိုင်းပညာအခြေခံကို အမြန်ဆုံးမြှင့်တင်ရန် လိုအပ်နေသည်။

သူ၏နားလည်နိုင်စွမ်းနှင့်ဆိုလျှင် အခြားသူများ၏တိုက်ပွဲကို စောင့်ကြည့်ခြင်းက အကောင်းဆုံး နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။

များစွာသောသိုင်းပညာနည်းစနစ်များနှင့် စွမ်းရည်များ၏အနှစ်သာရကိုဖမ်းဆုပ်ရန် တစ်ချက်ကြည့်ရန်သာလိုအပ်ပြီး ၎င်းတို့ကိုစုပ်ယူကာ သူ့ကိုယ်ပိုင်အဖြစ် ပြုလုပ်နိုင်ပေသည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ ဓားချက် ၂၄ ချက်၏ ပုံရိပ်မှာပိုမို၍ ရှင်းလင်းပြတ်သားလာခဲ့သည်။

သူ ဖန်တီးချင်သောအရာက သာမန်ဓားချက် ၂၄ ချက်မျိုး မဟုတ်ချေ။

ခန့်မှန်းချက်အရဆိုလျှင် ၎င်းက ဟွာစီယန်၏ ဓားချက်ထက် အဆပေါင်းများစွာ ပိုမို သန်မာလိမ့်မည်ဖြစ်သည်။

သူကိုယ်တိုင် ပထမဆုံးဖန်တီးမည့် ဓားချက်ဖြစ်သောကြောင့် မုန့်ချန်ချင်း စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားခဲ့သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ပြိုင်ပွဲကလည်း အလယ်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မုန့်ချန်ချင်းကမူ စိတ်ဝင်တစား ရှိနေသဖြင့် မည်သည့်အရာကိုမျှ မခံစားရသော်လည်း ရှီညီအစ်ကိုနှစ်ဦးမှာ ပျင်းရိလွန်းသဖြင့် ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ရသည်။

သူတို့က သူတို့ခြေဖဝါးအောက်ရှိ ဝိညာဉ်မြက်ပင်များကိုပင် ဆွဲနုတ်ကာ ပါးစပ်ထဲထည့်၍ တဖြည်းဖြည်း ဝါးစားနေကြသည်။

"အုပ်စု ၂၁..."

"ထျန်းရွမ်စီရင်စု, မာနဓားဂိုဏ်း..."

"ပြိုင်ဘက်... ထျန်းလင်စီရင်စု, ထိုက်ရွမ်ဂိုဏ်း...”

ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးတစ်ခုလုံး ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

၎င်းက မာနဓားဂိုဏ်းဟူသောနာမည်ကို ကြားလိုက်ရခြင်းကြောင့်မဟုတ်ဘဲ ထိုက်ရွမ်ဂိုဏ်းကြောင့် ဖြစ်သည်။

“တကယ်ကြီးလား... ထိုက်ရွမ်ဂိုဏ်းက နောက်ထပ် မဟာဂိုဏ်းတစ်ခုနဲ့ ထပ်ဆုံပြန်ပြီလား...”

“ပြီးတော့ ဒီတစ်ခါက ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းပဲ...”

“ဒါက တကယ်ကြီးလားဟ...”

သမိုင်းတစ်လျှောက်တွင် မည်သည့်ပထမတန်းစားဂိုဏ်းက မဟာဂိုဏ်းကြီးများနှင့် ဆက်တိုက်ရင်ဆိုင်ခဲ့ရဖူးလို့နည်း။

ထို့ပြင် တစ်ကြိမ်ထက်တစ်ကြိမ် ပြိုင်ဘက်တွေက ပိုပြီးတောင်သန်မာလာခဲ့၏။

မာနဓားဂိုဏ်း... ၎င်းက ထိပ်သီးမဟာဂိုဏ်းကြီးများထဲတွင်ပင် ထင်ရှားကျော်ကြားသော ဂိုဏ်းတစ်ခု ဖြစ်သည်။

၎င်းက မနေ့က ရေခဲနှင်းနတ်ဘုရားနန်းတော်နှင့် မည်သို့မျှ နှိုင်းယှဉ်၍မရချေ။

သူတို့ထံတွင် လောကတုန်လှုပ်ဖွယ်ပါရမီရှင် တစ်ဦး, နှစ်ဦးမဟုတ်ဘဲ သုံးဦးအပြည့် ရှိနေခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် ထို လီကျင်းပင်။

သူက လောကတုန်လှုပ်ဖွယ်ပါရမီရှင်အားလုံးထဲတွင် ယွီဟုန်းရွယ်ပြီးလျှင် ဒုတိယဖြစ်၏။

နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့၍ ယနေ့ချိန်ထိ သူ၏အစစ်အမှန်ခွန်အားကို မည်သူမှမသိပေ။

“ဘုရားရေ... တိုက်ပွဲအချိန်ဇယားစာရင်းက တမင်တကာ ပြုပြင်မွမ်းမံခံထားရတာလား...”

လူအချို့ ဤအရာကို ယုံကြည်ရန် ခက်ခဲနေခဲ့သည်။

“မဖြစ်နိုင်တာ... ဝမ်ရှန်းအဆောက်အဦးက ကြားနေအင်အားစုပဲ... သူတို့က အမြဲတမ်း စည်းကမ်းအတိုင်း လုပ်တာ... ဘာလို့ ဒီလိုမျိုး လုပ်ရမှာလဲ...”

“အကယ်၍ ဒါကို စုံစမ်းသိရှိသွားရင် ဗဟိုစီရင်စု သန့်စင်နယ်မြေက သူတို့ကို လွှတ်ထားမှာ မဟုတ်ဘူး...”

တစ်စုံတစ်ဦး ပြန်လည်တုံ့ပြန်လိုက်သည်။

“ဒါတွေ ထားလိုက်တော့... ငါတို့ နောက်ထပ် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တိုက်ပွဲကို ကြည့်ရတော့မယ်...”

“ထိုက်ရွမ်ဂိုဏ်းက ထိပ်သီးမဟာဂိုဏ်းတစ်ခုနဲ့ ဒီလောက်အထိ စောစောစီးစီး ထိပ်တိုက်တွေ့လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ...”

“မင်းတို့ ဘယ်သူနိုင်မယ်ထင်လဲ...”

လူအုပ် ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးငြင်းခုံလာကြတော့သည်။

အကယ်၍ သာမန်မဟာဂိုဏ်းတစ်ခုဆိုလျှင် လူတိုင်းက ထိုက်ရွမ်ဂိုဏ်းအပေါ် သေချာပေါက် လောင်းကြေးထပ်ကြမည်ဖြစ်သည်။

အဆုံးမှာတော့ သူတို့ထံတွင် လက်သီးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်း ရှိနေသည်မဟုတ်ပါလား။

သာမန်မဟာဂိုဏ်းမှ ပါရမီရှင်များမှာ မည်သည့်အခွင့်အရေးမျှရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ယခု သူတို့ရင်ဆိုင်နေရသည်က ထိပ်သီးမဟာဂိုဏ်းဖြစ်သည့် မာနဓားဂိုဏ်း ဖြစ်နေသည်။

ထို့ကြောင့် အတပ်ပြောရန်ခက်ခဲသည်။

တစ်ယောက်ချင်း တိုက်ခိုက်မှုက အလုပ်မဖြစ်လျှင်ပင် အခြားနှစ်ဦး ရှိနေသေးသည်။

သူတို့က လီကျင်းလောက် မသန်မာနိုင်သော်လည်း စစ်မှန်သော လောကတုန်လှုပ်ဖွယ်ပါရမီရှင်များဖြစ်ကြပြီး သိုင်းပညာအပေါ်နက်ရှိုင်းသော နားလည်မှုများ ရှိကြသည်။

ထို့ပြင် ထိုက်ရွမ်ဂိုဏ်း၌ သေခြင်းရှင်ခြင်းနယ်ပယ် တပည့်တစ်ဦးတည်းသာ ရှိပုံရသည်။

ထို့ကြောင့် အခြေခံအားဖြင့် သုံးယောက် တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

အကယ်၍ ဓားအစီအရင်ကိုသာ အသုံးပြုမည်ဆိုပါက လက်သီးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားလျှင်ပင် အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်ရနိုင်၏။

“ကဲ... နောက်ဆုံးတော့ ငါတို့အလှည့် ရောက်လာပြီပေါ့...”

မုန့်ချန်ချင်း အတွေးများထဲမှ ရုန်းထွက်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ပြိုင်ဘက်က သာမန်ဂိုဏ်းတစ်ခု မဟုတ်ဘဲ ထိပ်သီးမဟာဂိုဏ်းတစ်ခု ဖြစ်နေခဲ့သည်။

စိတ်ဝင်စားဖို့ကောင်း၏။

မဟာအကြီးအကဲကမူ မျက်မှောင်ကြုတ်နေခဲ့သည်။

ပထမဆုံး ပွဲစဉ်တွင် မဟာဂိုဏ်းတစ်ခုနှင့် ဆုံတွေ့ခြင်းက တစ်ကြောင်း... သို့သော် ဒုတိယမြောက် ပွဲစဉ်တွင် နောက်ထပ် တစ်ခုနှင့် ထပ်မံရင်ဆိုင်ရခြင်းက မည်သို့ ဖြစ်နိုင်မည်နည်း။

ထို့ပြင် ၎င်းက ထိပ်သီးအဆင့်ရှိသော မာနဓားဂိုဏ်း ဖြစ်နေခဲ့သည်။

သာမန်လူများကမူ အရမ်းကြီး တွေးမိကြမည်မဟုတ်ဘဲ သူတို့ကံ အလွန်ဆိုးလွန်းသည်ဟုသာ ပြောကြမည်ဖြစ်သည်။

အဆုံးမှာတော့ သူတို့၏စိတ်ထဲတွင် ဝမ်ရှန်းအဆောက်အဦးက အမြဲတမ်းမျှတပြီး မည်သည့် မရိုးသားသောကိစ္စရပ်မျိုးကိုမျှ ပြုလုပ်မည်မဟုတ်ဟု ထင်မှတ်ထားကြသောကြောင့် ဖြစ်သည်။

သို့သော် မဟာအကြီးအကဲကမူ ပိုမို သေချာစွာ သိရှိနေခဲ့သည်။

"ဟမ့်... တစ်စုံတစ်ယောက် ကွယ်ရာကနေ ကြိုးကိုင်နေပုံပဲ..."

မဟာအကြီးအကဲ "တစ်စုံတစ်ယောက်" ဟူသော စကားလုံးကို အလေးအနက် ထည့်သွင်းပြောဆိုလိုက်သည်။

"ဘယ်သူဖြစ်နိုင်မယ်လို့ထင်လဲ..."

ခူဖုန်းချွမ်း မေးလိုက်သည်။

"ဘယ်သူ ရှိဦးမှာလဲ..."

ဟွာစီယန်အကြည့် အေးစက်သွားခဲ့သည်။

"သေချာပေါက် အတိတ်တုန်းက ငါတို့ရဲ့ ဓားချက်ကြောင့် သိုင်းပညာလမ်းစဉ် ပျက်စီးသွားခဲ့ရတဲ့ အဲဒီလူပေါ့..."

"ယွမ်ချန်း..."

ထိုနာမည်ကို ကြားသည့်အခါ မုန့်ချန်ချင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။

ထိုနာမည်က ရင်းနှီးနေခဲ့သည်။

အတိတ်၌ ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲကို လက်ခံကျင်းပပေးခဲ့သောလူ မဟုတ်ပါလား။

ယနေ့ ဤနေရာသို့ သူလည်းရောက်ရှိနေလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

ဤအရာက သူတို့ဘာကြောင့် မဟာဂိုဏ်းကြီးများနှင့် ဆက်တိုက်ရင်ဆိုင်နေရသလဲဆိုတာကို အသေအချာရှင်းပြပေးနေခဲ့သည်။

ထိုဂိုဏ်းများအတွက်တော့ စိတ်မကောင်းစရာပင်။

သူတို့သည် နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခွင့်အရေး အပြည့်အဝ ရှိသော်လည်း အချို့သောလူများ၏ ကြိုးကိုင်မှုကြောင့် မျှော်လင့်မထားသော ပုံစံမျိုးဖြင့် စောစောစီးစီးထွက်ခွာသွားကြရတော့မည်ဖြစ်သည်။

သူတို့သာ နောက်ပိုင်း၌ ဤအကြောင်းကို သိရှိသွားပါက ဖြေရှင်းချက်အတွက် တံခါးလာခေါက်ကြမည်ဖြစ်သည်။

မုန့်ချန်ချင်းမျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူက မည်သည့်ဖိအားမျိုးကိုမှ မခံစားရချေ။

အဆုံးမှာတော့ ဘယ်သူပဲလာလာ ရလဒ်က အတူတူပဲဖြစ်သည်။

သို့သော် မာနဓားဂိုဏ်းနှင့် ရင်ဆိုင်ရခြင်းက များစွာအကျိုးရှိနိုင်ပေသည်။

သူ သူတို့၏ဓားသိုင်းများကို လေ့လာနိုင်၏။

သူ့ကိုယ်ပိုင် ဓားချက် ၂၄ ချက်ကိုတောင် ပြီးပြည့်စုံကောင်း ပြီးပြည့်စုံသွားနိုင်၏။

"မာနဓားဂိုဏ်းတပည့်တွေက နောက်ပြောင်စရာ မဟုတ်ဘူး... လီကျင်းက မင်း ပြိုင်ဘက် မဟုတ်ရင်တောင် အခြားပါရမီရှင်နှစ်ယောက်နဲ့ ပေါင်းလိုက်ရင် သူတို့က ‘မဟာစွမ်းရည်သုံးပါးဓားအစီအရင်’ ကို ဖော်ဆောင်နိုင်တယ်..."

"စွမ်းအားက တကယ့်ကို ထိတ်လန့်စရာ ကောင်းတယ်..."

"မင်းမှာ စစ်မှန်ရည်ရွယ်ချက် နှစ်မျိုးစလုံး ရှိနေရင်တောင် ခက်ခဲတဲ့ အခြေအနေတစ်ခုထဲ ရောက်သွားနိုင်တယ်..."

မဟာအကြီးအကဲ အကြံပေးလိုက်သည်။

ဤပါရမီရှင်တိုက်ပွဲတွင် အကြီးမားဆုံး ပြိုင်ဘက်များက မာနဓားဂိုဏ်းနှင့် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်တို့ ဖြစ်ကြသည်။

သူက သူတို့နှင့် နောက်ဆုံးအဆင့်ပွဲစဉ်များမှ ဆုံတွေ့ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှလောက် စောစောစီးစီး ဆုံတွေ့ရလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

တကယ်တော့ ရိုးရိုးသားသားပြောရလျှင် ၎င်းက အခြားတပည့်များ၏ အနည်းငယ် လိုအပ်ချက်ကြောင့်လည်းဖြစ်သည်။

မဟုတ်လို့ သူတို့ထံ၌ အခြားသောသေခြင်းရှင်ခြင်းနယ်ပယ်ရှိလျှင် မည်သည့်ဓားအစီအရင်ကိုမျှ စိုးရိမ်နေရန် မလိုပေ။

တစ်ယောက်ချင်းစီ ထိပ်တိုက်ရင်ဆိုင်ပြီး တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းပစ်နိုင်တာပဲဖြစ်သည်။

သို့သော် ယခုမူ မုန့်ချန်ချင်းမှာ သုံးဦးစလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ရှီညီအစ်ကိုနှစ်ဦးဖြစ်စေ, မိုရှောင်ယုဖြစ်စေ မည်သူမျှ အကူအညီ ပေးနိုင်လိမ့်မည် မဟုတ်ချေ။

“မဟာအကြီးအကဲ... အကြီးအကဲ စိုးရိမ်နေဖို့ မလိုပါဘူး... ဒီတိုက်ပွဲရဲ့ ရလဒ်က အစကတည်းက သတ်မှတ်ပြီးသားပါ...”

မုန့်ချန်ချင်းအပြုံးမှာ ပိုမိုကျယ်ပြန့်သွား၏။

“သူတို့မှာ အနိုင်ရဖို့ ဘာအခွင့်အရေးမှ မရှိဘူး...”

သူ၏စကားလုံးများထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေခဲ့သည်။

မဟာအကြီးအကဲနှင့် အခြားသူများ သူ့ကို အံ့သြစွာဖြင့် ကြည့်လိုက်ကြသည်။

မုန့်ချန်ချင်း၏ ယုံကြည်မှုက ဘယ်ကနေ ရောက်လာသည်ကို သူတို့ မသိကြသော်လည်း သူတို့က သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်ကြသည်။

အဆုံးမှာတော့ သူတို့၏ဂျူနီယာညီလေး တိုက်ပွဲကွင်းပြင်ထဲ ဝင်ရောက်သည့်အချိန်မှစ၍ ယခုတိုင်အောင် မည်သည့်အခါမျှ ရှုံးနိမ့်ခဲ့ခြင်း မရှိသေးချေ။

“ကံကောင်းပါစေ...”

ဟွာစီယန် ပြုံးပြီးပြောလိုက်သည်။

သူမက မုန့်ချန်ချင်းကို အလွန် သဘောကျပြီး ၎င်းက သိုင်းပညာရှင်အချင်းချင်း တန်ဖိုးထား လေးစားမိသော ပုံစံမျိုး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မုန့်ချန်ချင်းက အမြဲတမ်းယုံကြည်မှုတွေပြည့်နှက်နေပြီး ထွက်ပေါ်လာခါစနေမင်းကြီးကဲ့သို့ တောက်ပကာ အရောင်အသွေး စုံလင်လှသောကြောင့်ပင်ဖြစ်သည်။

လောကတွင် မည်သူကမျှ သူ၏ တိုးတက်မှုကို တားဆီးနိုင်မည့်ပုံမပေါ်ချေ။

ပြိုင်ဘက်ကင်း၊ အတုမဲ့ပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။

ထိုအရာက သူမကိုလည်း သူ့ကဲ့သို့ ဖြစ်လာစေရန် တောင့်တမိစေသည်။

All Chapters