← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း (၂၀၀)

ရာဇပုလ္လင်ထက်က သိုင်းပညာသရဖူဆောင်းဘုရင်

“သိုင်းပညာသရဖူဆောင်းဘုရင်...”

ကိုးရောင်ခြယ်မှန်ကျောင်းဆောင်၏ ကျောင်းဆောင်သခင် ထိုစကားလုံးသုံးလုံးကိုရေရွတ်ရင်း ဖြည်းဖြည်းချင်းအသိပြန်ဝင်လာခဲ့သည်။

ဤဘွဲ့, ဤနေရာကို ရရှိပိုင်ဆိုင်ခဲ့သူမရှိသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းကိုရရှိရန်အတွက် အလွန်တရာခက်ခဲလွန်းသောကြောင့်ဖြစ်သည်။

ရာဇပုလ္လင်ထက်က သိုင်းပညာသရဖူဆောင်းဘုရင်...

မှန်ပေသည်။

ကျောင်းဆောင်သခင် သက်ပြင်းချလိုက်ပြီး သူ့စိတ်ထဲအချိန်အတော်ကြာကတည်းက ခံစားနေရသည့် မကောင်းသည့်ခံစားချက်က မှန်န်နေတာကို နားလည်လိုက်သည်။

ထိုက်ရွမ်ဂိုဏ်း၏ဤတပည့်က ပြိုင်ဘက်ကင်းစွမ်းအားပိုင်ဆိုင်ပြီး ထိုစဥ်ကရှီယင်ချင်းထက်ပင်သာနေခဲ့သည်။

စစ်မှန်ရည်ရွယ်ချက်နှစ်မျိုး...

၎င်းတို့ထဲမှတစ်ခုမှာ မှူးမတ်နယ်ပယ် မရောက်ခင်မှာတင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

စစ်မှန်ရည်ရွယ်ချက်ကို ထိုမျှလောက်အထိ ကျွမ်းကျင်ပိုင်နိုင်ခြင်းက အတော်လေးထူးခြားပြီး ဗဟိုစီရင်စုပါရမီရှင်များကိုပင် ကျော်လွန်နေခဲ့သည်။

“ထိတ်လန့်ဖွယ်ပဲ...”

ကျောင်းဆောင်သခင် ခေါင်းအနည်းငယ် ခါယမ်းပြီး ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

၁၀၀ ရာခိုင်နှုန်းပြီးပြည့်စုံခြင်းအဆင့် ဓားရည်ရွယ်ချက်ထွက်ပေါ်လာခဲ့ပြီးနောက်၌ တိုက်ပွဲကို ဆက်လက်စောင့်ကြည့်ရန် အကြောင်းရင်းမရှိတော့ပေ။

ယွီဟုန်းရွယ် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

သူမ အနည်းငယ်ပင် ပြန်လည်ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

သူတို့ကြားရှိကွာခြားချက်က မိုးနှင့်မြေကဲ့သို့ဖြစ်သည်။

တိုက်ပွဲကွင်းပြင်ထက်၌ ကောင်းကင်သို့ထိုးတက်နေသောဧရာမဓားကြီးမှာ ခံ့ညားထည်ဝါစွာ ရပ်တည်နေဆဲဖြစ်သည်။

ဓားရည်ရွယ်ချက်၏ ကြောက်မက်ဖွယ်စွမ်းအားက အရာခပ်သိမ်းကိုလွမ်းခြုံထားပြီး ဖိနှိပ်ထားခဲ့သည်။

လေဟာနယ်ပင် ကွဲအက်နေသောမှန်တစ်ချပ်ကဲ့သို့ အက်ကြောင်းများဖြင့်ပြည့်နှက်နေပြီး ပျက်သုဉ်းခြင်းအလှတရားတစ်ခုကို ဆောင်ကျဉ်းပေးနေခဲ့သည်။

“ဒါက ငါ့ရဲ့ ဓားသိုင်းပညာပဲ... မင်းခုခံနိုင်ပါ့မလား...”

မုန့်ချန်ချင်း ခါးရှိ ကြက်သွေးရောင်ကောင်းကင်ကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သည်။

ထန်...

၁၀၀ ရာခိုင်နှုန်း ဓားရည်ရွယ်ချက်မှာ ဓားအတွင်းသို့တိုးဝင်သွားရာ ၎င်းထံမှ စိတ်လှုပ်ရှားသည့်ဓားသံတစ်ခုထွက်ပေါ်လာခဲ့သည်။ စိတ်ကူးမရသည့်ပျိုးထောင်မှုတစ်ခုရလိုက်သလိုပင်။

ထို့နောက် အဆုံးမရှိသည့်ထက်ရှမှုတွေ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သည့်ဓားရာတွေ ကျယ်ပြောသည့်မြေပြင်ထက်၌ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်၌ ယွီဟုန်းရွယ်မှာ နေရာတင်လုံးဝတောင့်တင်းနေ၏။

သူမမျက်နှာပေါ်ရှိယုံကြည်မှုတွေလည်း ပျောက်ကွယ်သွားပြီး ဖြူဖျော့မှုနှင့် ကြောက်ရွံ့မှုတို့သာ အစားထိုးဝင်ရောက်လာခဲ့သည်။

သူမ ဤခံစားချက်ကို မနှစ်သက်သော်လည်း ဖိနှိပ်၍မရပေ။

ဤအရာက သူမကို အတော်လေးရှက်သွားစေ၏။

တောင်ပိုင်းဒေသ လူငယ်မျိုးဆက်ထဲတွင် အသန်မာဆုံးဖြစ်သောသူမသည် မည်သည့်အချိန်က ကြောက်ရွံ့မှုကိုခံစားခဲ့ဖူးပါသနည်း။

သူမကို ကြောက်ရွံ့အောင်ပြုလုပ်နိုင်ရန် မည်သူ့တွင် အရည်အချင်း ရှိပါသနည်း။

သို့သော် ယခုမူ...

ကောင်းကင်နှင့်မြေကြီးကို ထောက်မထားသောတိုင်ကြီးတစ်ခုကဲ့သို့ဖြစ်နေသည့် ကြောက်မက်ဖွယ်ဓားရည်ရွယ်ချက်က သူမ၏ ယုံကြည်မှုနှင့်မာနအားလုံးကို ချေမှုန်းပစ်လိုက်ပြီဖြစ်သည်။

သူမ အစောပိုင်းပြောခဲ့သည့်စကားလုံးတွေကို ပြန်တွေးမိသည့်အခါ သူမ၌ ရှက်ရွံ့မှုမှတစ်ပါး အခြားမရှိတော့ပေ။

“နင် ဓားသုံးမှ ငါ့ကိုနိုင်ဖို့ အခွင့်အရေးနည်းနည်းရှိလိမ့်မယ်...”

ဖြစ်နိုင်သည်မှာ မုန့်ချန်ချင်းမျက်လုံးထဲ၌ သူမလုပ်ရပ်များနှင့်စကားလုံးများမှာ ရယ်စရာကောင်းလှပြီး ကလေးကစားစရာဖြစ်နေခဲ့သည်။

သူ လက်သီးသုံးမှသာ သူမ၌၌အနိုင်ရရန် အခွင့်အရေးနည်းနည်းရှိခဲ့ခြင်းဖြစ်သည်။

သို့သော် သူဓားသုံးလိုက်သည့်အခါ၌မူ....

ယွီဟုန်းရွယ် အသိပြန်ဝင်လာပြီး နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရကာ လဲကျမသွားအောင်မနည်းထိန်းလိုက်ရ၏။

နောက်ဆုံး သူမနှုတ်ခမ်းတွေလှုပ်ရှားသွားပြီး ဆန္ဒမရှိစွာဖြင့် စကားလုံးသုံးလုံးကို ပြောလိုက်တော့သည်။

“ငါ... ရှုံးပြီ...”

သူမဘေးရှိ ပါရမီရှင်နှစ်ယောက်အတွက်တော့ ပိုလို့တောင်ပြောစရာကင်းမဲ့နေပြီး နေရာတင်အေးခဲကာ ခန္ဓာကိုယ်တွေရေခဲရုပ်ကဲ့သို့ တောင့်တင်းနေကြသည်။

သူတို့စိတ်ထဲရှိ ဖြစ်တည်လာစရည်ရွယ်ချက်မှာလည်း အပိုင်းပိုင်းကွဲကြေသွားပြီး သူတို့ဘယ်လောက်ပဲကြိုးစားကြိုးစား ပြန်ပုံမဖော်နိုင်ဖြစ်နေခဲ့သည်။

ယွီဟုန်းရွယ်၏ဝန်ခံမှုကို ကြားသည့်အခါ မုန့်ချန်ချင်း မျက်ခုံးပင့်လိုက်သည်။

သူက သူ၏ ဓားချက် ၂၄ ချက်ကို ဒုတိယအကြိမ်သုံးဖို့ရည်ရွယ်ထားခဲ့သည်။

သို့ပေမယ့် ယွီဟုန်းရွယ်၏တုံ့ပြန်မှုကို သူမျှော်လင့်ထားပြီးဖြစ်သည်။

၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံခြင်းအဆင့် ဓားရည်ရွယ်ချက်နှင့် ကွာခြားချက်က နင်းခြေဖို့လုံလောက်နေပြီဖြစ်သည်။

သူမ မည်မျှပင်ရုန်းကန်ပါစေ ၎င်းက ပြက်လုံးတစ်ခုကိုသာဖြစ်မည်ဖြစ်သည်။

ဤအတွေးနှင့် မုန့်ချန်ချင်းဓားပြန်သိမ်းလိုက်သည်။

“မင်းက တကယ်တော့ အရမ်းသန်မာပါတယ်...”

ယွီဟုန်းရွယ်မျက်နှာထက်မှအမူအရာကို မြင်သည့်အခါ မုန့်ချန်ချင်း သူမကို အနည်းငယ် နှစ်သိမ့်ပေးရန်ဆုံးဖြတ်လိုက်သည်။

၎င်းက အမှန်တရားလည်းဖြစ်သည်။

အစကတည်းက သူ ကြည့်ရှုရေးမျက်လုံးကိုအသက်သွင်းထားခဲ့သဖြင့် ယွီဟုန်းရွယ်၏စွမ်းည်များကို သဘာဝအတိုင်း မြင်တွေ့ခဲ့ရသည်။

အခြေခံအချက်အလက်-

[အမည်- ယွီဟုန်းရွယ်]

[မျိုးနွယ်စု- လူသား]

[ကျင့်ကြံရေး- သေခြင်းရှင်ခြင်းနယ်ပယ် အဆင့် ၃]

ပင်ကိုယ်ပါရမီအချက်အလက်:

[အမြစ်ရိုး- အဆင့် ၁]

[နားလည်နိုင်စွမ်း- ထူးခြားထက်မြက်ခြင်းအဆင့်]

[ခန္ဓာကိုယ်ဖွဲ့စည်းပုံ- သန့်စင်သောသိုင်းခန္ဓာ]

[ကျင့်ကြံရေးနည်းစနစ်များ- “ကိုးရောင်ခြယ်မှန်ကျမ်း ပထမတွဲ” (ပြီးပြည့်စုံခြင်းအဆင့်)၊ “မဟာနေမင်း ရွှေရောင်ခန္ဓာ” (ပြီးပြည့်စုံခြင်းအဆင့်)...]

စွမ်းရည်ဇယားအရ သူမ၏အလားအလာမှာ သူ၏စီနီယာအကိုဖြစ်သူ ဂိုဏ်းချုပ်ထက် များစွာအားနည်းခြင်းမရှိပေ။

သူမ၌ မွေးရာပါပါရမီစွမ်းရည်တစ်ခုသာ လိုအပ်နေခြင်း ဖြစ်သည်။

သန့်စင်သောသိုင်းခန္ဓာသည် မွေးရာပါဓားခန္ဓာနှင့် ဆင်တူသော်လည်း လက်သီး၊ လက်ဝါးနှင့် လက်ချောင်းလမ်းစဉ်များဘက်သို့ ပိုမိုအထူးပြုသည်။

သူ၏ စီနီယာအကိုတွင်လည်း ဤခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသည်။

မုန့်ချန်ချင်း သန့်စင်သောသိုင်းခန္ဓာအပေါ် တကယ်ပဲ မနာလိုဖြစ်မိ၏။

သို့ပေမယ့် စီနီယာအကို၌ ကောင်းမွန်သည့် စွမ်းရည်များစွာရှိနေသဖြင့် ကောင်းကျိုးဆိုးကျိုးများကိုချိန်ဆပြီး ၎င်းကိုရယူရန် မရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမူ အခြားစိတ်ဝင်စားစရာကောင်းသည့်ပစ်မှတ်တစ်ခုရှိလာခဲ့ပြီဖြစ်သည်။

သူ့စကားများကိုကြားသည့်အခါ ယွီဟုန်းရွယ်မျက်လုံးများတွန့်လိမ်သွားသည်။

'ဟုတ်တယ်... ငါက အရမ်းသန်မာလွန်းလို့ တစ်ကွက်တောင်ပြန်မတိုက်နိုင်ခဲ့ဘူး... ငါ့ရဲ့ လက်ဝါးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်းကလည်း သူ့အလိုလိုပျက်စီးသွားပြီး ပြန်စုစည်းလို့တောင်မရတော့ဘူး...'

'နင်က ငါ့ကို လှောင်နေတာလား...'

“ငါတို့ မိတ်ဆွေတွေ ဖြစ်လာနိုင်မလား...”

မုန့်ချန်ချင်း ရိုးသားစွာဖြင့် မေးမြန်းလိုက်သည်။

သူ့အပြုံးက နွေးထွေးပြီးစစ်မှန်လှသဖြင့် လူများကို နွေဦးလေပြေညှင်းကဲ့သို့ ခံစားရစေသည်။

သို့ပေမယ့် ယွီဟုန်းရွယ်မျက်လုံးထဲ၌ လုံးဝကိုခြားနားနေခဲ့သည်။

“တစ်နေ့ကျရင် ငါ နင့်ကို သေချာပေါက် ကျော်ဖြတ်ပြမယ်...”

ယွီဟုန်းရွယ် သူမ၏ငွေရောင်သွားလေးများကိုအံကြိတ်ရင်း ဒေါသတကြီးပြောပြီးနောက် တစ်ဖက်လှည့်ကာ အလင်းတန်းတစ်ခုအဖြစ်ပျောက်ကွယ်သွားခဲ့တော့သည်။

သိသာစွာပင် သူမသည် လုံးဝအညံ့မခံပဲ စိတ်ကူးယဉ်မှုများနှင့်အမြင်မှားမှုများ ရှိနေဆဲပင်ဖြစ်သည်။

“နှမြောစရာပဲ...”

မုန့်ချန်ချင်း နောင်တရစွာဖြင့် သက်ပြင်းချလိုက်သည်။

ကြည့်ရတာ သူ အခြားအချိန်တစ်ခုအထိ စောင့်ဆိုင်းရမည့်ပုံပင်။

သို့သော် ထပ်တွေးကြည့်လိုက်သည့်အခါ ၎င်းကအဓိပ္ပာယယ်ရှိ၏။

လောကတုန်လှုပ်ဖွယ် ပါရမီရှင်တစ်ဦးက မည်သို့ မာနမရှိဘဲနေမည်နည်း။

သူမက သူ့ကို ယခုလေးတင်မှ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ရာ ဘယ်လိုလုပ် အလွယ်တကူသဘောတူမည်နည်း။

“အချိန်တွေ ရှိပါသေးတယ်...”

မုန့်ချန်ချင်း အကြည့်ပြန်ရုပ်သိမ်းလိုက်သည်။

ကိုးရောင်ခြယ်မှန်ကျောင်းဆောင်သည် ဒုတိယအဆင့်တွင်ရှိနေသဖြင့် ဖရိုဖရဲပင်လယ်ဝင်ရောက်ခွင့်နေရာများ သဘာဝအတိုင်း ရရှိပေလိမ့်မည်။

သူတို့က ထိုနေရာ၌ ထပ်မံ ဆုံတွေ့ကြဦးမည်ဖြစ်သည်။

ထိုအချိန်၌ သူမ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ယွီဟုန်းရွယ်အပေါ်တွင် မူတည်တော့မည် မဟုတ်ဘဲ သူ့အပေါ်၌သာ မူတည်လိမ့်မည်ဖြစ်၏။

ဘုန်း...

အတွေးတစ်ချက်ဖြင့် ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံခြင်းအဆင့် ဓားရည်ရွယ်ချက်မှာ ပျောက်ကွယ်သွားခဲ့ပြီး သူ၏အသိစိတ်ပင်လယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ကောင်းကင်လည်း မူလအရောင်အသွေး ပြန်ပြောင်းသွားခဲ့သည်။

ကြည်လင်သောကောင်းကင်ပြာကြီးက အဆုံးမရှိကျယ်ပြောလှပြီး မည်သည့်အရာမှမဖြစ်ပျက်ခဲ့သလိုပင်။

လေဟာနယ်ပင် အလိုအလျှောက် ပြန်ကောင်းမွန်သွားပြီး မကြာမီမှာတင် မည်သည့်အက်ကြောင်းမျှ မရှိတော့ပေ။

“အနိုင်ရရှိသူ ထိုက်ရွမ်ဂိုဏ်း...”

ဝမ်ရှန်းအဆောက်အဦးမှ ဒိုင်လူကြီး၏ အသံမှာ အတော်လေးကြာမြင့်ပြီးမှ ထွက်ပေါ်လာခဲ့သည်။

သိသာစွာပင် အရာများစွာကိုမြင်တွေ့ဖူးသော ဝမ်ရှန်းအဆောက်အဦးမှဒိုင်လူကြီးပင် အစောပိုင်းမြင်ကွင်းကြောင့် အပြင်းအထန်ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်သည်။

ဘုန်း....

ကြေညာသံထွက်ပေါ်လာခဲ့သည့် အခိုက်အတန့် နေရာတစ်ခုလုံး ဆူညံသံများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

လူတိုင်း မရေမတွက်နိုင်သည့် မြင်ကွင်းများနှင့်အခြေအနေများကို စိတ်ကူးယဉ်ခဲ့ဖူးသည်။

နှစ်ဖက် ပြင်းထန်စွာတိုက်ခိုက်ကြပြီး မုန့်ချန်ချင်း သို့မဟုတ် ယွီဟုန်းရွယ် အနိုင်ရသွားမည်ဟုပင်။

သို့ပေမယ့် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ ထင်မထားခဲ့ပေ။

တိုက်ကိုမတိုက်လိုက်ရပဲ အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

အနှိုင်းမဲ့ပြိုင်ဘက်ကင်းခွန်အားဖြင့် တစ်ဖက်က တိုက်ခိုက်လိုစိတ်ပျောက်ဆုံးသွားပြီး အဆုံးပေးဖို့ရွေးချယ်ခဲ့သည်။

“ဒီအသက်အရွယ်နဲ့ ၁၀၀ ရာခိုင်နှုန်း ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားတယ်... တကယ့်ကို သမိုင်းတစ်လျှောက် မကြားဖူး, မမြင်ဖူးတဲ့ အရာတစ်ခုပဲ...”

“မုန့်ချန်ချင်းဓားသိုင်းပညာ ဒီလောက်ကြောက်စရာကောင်းမယ်လို့ ဘယ်သူထင်ထားမှာလဲ... သူ ဘာလို့အမြဲတမ်း လက်သီးပဲသုံးလဲဆိုတာ မအံ့သြတော့ပါဘူး... အကယ်၍ သူသာဓားသုံးခဲ့ရင် ဒီပါရမီရှင်တိုက်ပွဲက အစကတည်းက ပြီးဆုံးသွားခဲ့မှာ...”

“ဘာမှစိတ်ဝင်စရားတောင်ရှိတော့မှာမဟုတ်ဘူး...”

“လောကမှာရှိတဲ့ဘယ်ပါရမီရှင်မှ သူ့ရှေ့မှာရပ်ပြီး သူတို့ရဲ့အားနည်းလှတဲ့ စစ်မှန် ရည်ရွယ်ချက်တွေကို ထုတ်ပြရဲကြမှာ မဟုတ်ဘူး...”

လူတိုင်း စိတ်ဝိညာဥ်ထဲထိ တုန်လှုပ်သွားခဲ့ကြသည်။

သူတို့၏မျက်လုံးများက တိုက်ပွဲကွင်းပြင်အလယ်ရှိ အရပ်ရှည်ရှည်ပုံရိပ်အပေါ်ကို စိုက်ကြည့်နေခဲ့ကြသည်။

ဤအခိုက်အတန့်၌ အများစုမှာ နေတစ်စင်းကို မြင်နေရသလိုပင်။

၎င်းက ဖြည်းညင်းစွာထွက်ပေါ်လာပြီး လောကကြီးကို ၎င်း၏အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပစေပြီး နေရာတိုင်းသို့ ဖြန့်ကျက်ပေးနေခဲ့သည်။

မိုးကောင်းကင်အထက်၌မားမားမတ်မတ်ရပ်တည်ပြီး ပြိုင်ဘက်ကင်းပုံရိပ်ဖြစ်ရခြင်းကို လူတိုင်းသိရှိနားလည်သွားကြတော့သည်။

သိုင်းပညာရှင်များစွာပင် နှလုံးသားထဲမှ လေးစားအားကျမှုတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။

ဤကဲ့သို့ပုဂ္ဂိုလ်တစ်ဦး၏ဆွဲဆောင်မှုကို မည်သူကခံနိုင်မည်နည်း။

“ဒီလိုနဲ့ ကိုးရောင်ခြယ်မှန်ကျောင်းဆောင်လည်း မုန့်ချန်ချင်းလက်ထဲမှာ ရှုံးသွားပြီ... စွမ်းအားကြီးထျန်းရွမ်စီရင်စုရဲ့ ထိပ်သီးဂိုဏ်းကြီးငါးခုစလုံးက လူတစ်ယောက်တည်းရဲ့လက်ထဲမှာ ချေမှုန်းခံလိုက်ရပြီ...”

တစ်စုံတစ်ဦး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။

“ဟုတ်တယ်... တောင်ပိုင်းဒေသတစ်ခုလုံးကတော့ အခုကစပြီးသက်ဝင်လှုပ်ရှားလာတော့မှာပဲ...”

“တစ်ခါကအားနည်းခဲ့တဲ့ ထျန်းလင်းစီရင်စုက ဒီလိုကြောက်မက်ဖွယ်လူငယ်ပါရမီရှင်ကိုထုတ်ပေးပြီး ဒီမျိုးဆက်ကိုလွမ်းမိုးသွားခဲ့ပြီ...”

စိတ်လှုပ်ရှားနေသည့်အသံများ ရပ်တန့်မသွားဘဲ အတက်အကျများဖြင့် ထွက်ပေါ်နေခဲ့သည်။

မုန့်ချန်ချင်းအတွက်တော့ ရှီညီအစ်ကိုကို ခေါ်ဆောင်၍ ပြောင်းပြန်ရှေးဟောင်းတောင်တန်းဆီ ပြန်လာခဲ့လိုက်သည်။

All Chapters