← Chapters

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း (၃၇၂) မြေအောက်ခိုလှုံရေးစခန်းသို့ ဝင်ရောက်ခြင်း

"ကောင်းပါပြီ" ဟု လီကျန်းက ပြန်ဖြေကာ သူ၏ ဂြိုဟ်တုဖုန်းကို ထုတ်လိုက်သည်။

နံပါတ်တစ်ခုကို နှိပ်လိုက်ပြီးနောက် ဖုန်းလိုင်းချိတ်ဆက်သွားသည်အထိ သူစောင့်ဆိုင်းနေလိုက်လေ သည်။ ဖုန်းလိုင်းချိတ်ဆက်သွားသောအခါ သူက မေးလိုက်လေသည်။

"မင်းတို့ဘက်က အခြေအနေ ဘယ်လိုရှိလဲ…."

တစ်ဖက်မှ အမျိုးသားတစ်ဦး၏ အသံက ပြန်ဖြေလာခဲ့လေသည်။

"ဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေက ရုတ်တရက် ဆုတ်ခွာသွားကြပါပြီ၊ ဒါပေမဲ့ ကျန်နေတဲ့ ဗီဇ ပြောင်း ငှက်ကြီးတွေကိုတော့ ကျွန်တော်တို့ ရှင်းနေရတုန်းပဲ…"

"တခြားနေရာတွေကရော…"

လီကျန်းက ထပ်မံစုံစမ်းလိုက်လေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထိုအမျိုးသားက..၊

"မြောက်ဘက်နဲ့ အရှေ့ဘက် အပြင်ဘက်တံတိုင်းတွေရဲ့ အခြေအနေကိုတော့ သေချာမသိဘူး၊ ဒါပေမဲ့ အဲ့ဒီနေရာတွေကိုတော့ ကပ္ပတိန် လီထျန်းယုနဲ့ ကပ္ပတိန် ဝူလျန်တို့ ကိုင်တွယ်နေတယ်လို့ ကြားတယ်…"

"နားလည်ပြီ။ ဗီဇပြောင်း ငှက်ကြီးတွေကို ရှင်းလင်းပြီးတာနဲ့ မြေအောက်ခိုလှုံရေးစခန်းကို ချက်ချင်း ဆုတ်ခွာခဲ့ကြ"

လီကျန်းက ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ…"

ဖုန်းချလိုက်ပြီးနောက် လီကျန်းသည် ယောင်ရန်ဘက်သို့ လှည့်ကာ အစီရင်ခံလိုက်လေသည်။

"တောင်ဘက် အပြင်ဘက်တံတိုင်းက အခြေအနေကတော့ ထိန်းချုပ်ထားနိုင်ပါပြီ… စစ်သည်တွေနဲ့ စွမ်း အားရှင်တွေက ကျန်နေတဲ့ ဗီဇပြောင်း ငှက်ကြီးတွေကို အပြတ်ရှင်းနေကြတယ်… မြောက်ဘက်နဲ့ အရှေ့ ဘက် တံတိုင်းတွေအတွက်ကတော့ ကပ္ပတိန်လီနဲ့ ကပ္ပတိန်ဝူတို့ တာဝန်ယူထားတာဆိုတော့ ဘာပြဿ နာမှ ရှိမှာမဟုတ်ပါဘူး…"

သူ့အစီရင်ခံချက်ကို ကြားသော် ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေသည်။

"ကောင်းပါပြီ… လေက ပိုပြင်းလာပြီ… ကျွန်မတို့ အခုပဲ ပြန်ကြရအောင်၊ မဟုတ်ရင် သဲမုန်တိုင်းသာ ပိုဆိုးလာရင် ငါတို့ ဒီမှာပဲ ပိတ်မိနေလိမ့်မယ်…"

လီကျန်းကလည်း သဘောတူကာ ပြောလိုက်လေသည်။

"ကျွန်တော် ယာဉ်တွေကို စီစဉ်လိုက်ပါ့မယ်… အခုတော့ ခေတ္တ အနားယူလိုက်ပါဦး…"

ထိုသို့ပြောပြီးနောက် သူသည် လုံယုကို အသိပေးကာ သယ်ယူပို့ဆောင်ရေးအတွက် ပြင်ဆင်ရန် သူ၏ အဖွဲ့ နှင့်အတူ ထွက်ခွာသွားခဲ့လေသည်။

ထိုအတောအတွင်း ယောင်ရန်သည် စစ်သည်များနှင့် စွမ်းအားရှင်များကို ရေကန်မှရသော ရေများကို ဝေငှပေးလိုက်လေသည်။ သဲမုန်တိုင်းကြောင့် အပြင်တွင် အစားစားရန် မဖြစ်နိုင်သဖြင့် လူတိုင်း ဗိုက် ဖြည့်နိုင်ရန်နှင့် အားပြန်ပြည့်စေရန် စွမ်းအင်ဖြည့် မုန့်ချောင်းများကို ဝေပေးလိုက်လေသည်။

နာရီဝက်ခန့်အကြာတွင် လီကျန်း ပြန်ရောက်လာခဲ့လေသည်။ သူက အခြားသူများကို ကြည့်ကာ ပြော လိုက်လေသည်။

"အားလုံးပဲ ထရပ်ကားတွေပေါ် တက်ကြပါတော့… လူစုံတာနဲ့ ကျွန်တော်တို့ ထွက်ကြမယ်"

သူ့စကားကို ကြားသော် စွမ်းအားရှင်များသည် သတိလစ်နေသူများနှင့် လမ်းလျှောက်ရန် အားမရှိသူများ ကို ထူမကာ လီကျန်း၏ လက်အောက်ငယ်သားများနောက်သို့ လိုက်၍ ထရပ်ကားများပေါ်သို့ တက် လိုက်ကြလေသည်။

အဖွဲ့သားများ ထွက်ခွာရန် ပြင်ဆင်နေစဉ် တံတိုင်းကို စောင့်ကြပ်နေသည့် ကပ္ပတိန်က ပြောလာ လေသည်။

"ကျွန်တော်ကတော့ ကင်းစောင့်ဖို့ ဒီမှာပဲ ကျန်ခဲ့မယ်…"

လီကျန်းက ထိုအစီအစဉ်ကို ကြားသောအခါ ခေါင်းခါ၍ ငြင်းပယ်လိုက်လေသည်။

"မဖြစ်ဘူး နောက် (၂) နာရီအတွင်းမှာ လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ (၁၀၀) အထိ ရှိလာလိမ့် မယ်… တပ်မှူးရွှီက လူတိုင်းကို မြေအောက်ခိုလှုံရေးစခန်းကို ဆုတ်ခွာဖို့ အမိန့်ပေးထားတယ်… ဘယ်သူမှ ဒီမှာ ကျန်ခဲ့လို့ မရဘူး…"

ကပ္ပတိန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"ဒါပေမဲ့ နောက်ထပ် တိုက်ခိုက်မှုတစ်ခုသာ ရှိလာရင် ဘယ်လိုလုပ်မလဲ… တံတိုင်းမှာ ဘယ်သူမှ မရှိရင် ကျွန်တော်တို့ တုံ့ပြန်ဖို့ နောက်ကျသွားလိမ့်မယ်…"

လီကျန်းသည်လည်း ထိုကိစ္စကို စိုးရိမ်မိသော်လည်း ပြတ်သားစွာပင် ပြောလိုက်လေသည်။

"ဒါက အမိန့်ပဲ၊ ဆွေးနွေးနေဖို့ မဟုတ်ဘူး…"

ညှိနှိုင်း၍ မရနိုင်တော့ကြောင်း သိရှိသွားသဖြင့် ကပ္ပတိန်သည် မတတ်သာဘဲ ခေါင်းငြိမ့်လိုက်ရလေတော့ သည်။

"နားလည်ပါပြီ"

ထို့နောက် အားလုံးသည် တံတိုင်းပေါ်မှ ဆင်းကာ ထရပ်ကားများပေါ်သို့ တက်လိုက်ကြလေသည်။

မြေအောက်ခိုလှုံရေးစခန်းသို့ သွားရာလမ်းတစ်လျှောက်တွင် ယောင်ရန်နှင့် အခြားသူများသည် နိုးနိုး ကြားကြား ရှိနေခဲ့ကြရလေသည်။ ဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာများ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့သဖြင့် သူတို့အားလုံး နောက်ဆုံးတွင် သက်ပြင်းချနိုင်ကြလေသည်။

ယာဉ်တန်းသည် မြေအောက်ခိုလှုံရေးစခန်းသို့ ချဉ်းကပ်လာသောအခါ အပေါက်ဝတွင် ကင်းစောင့်နေ သည့် စစ်သည်များသည် အင်ဂျင်သံကို ကြားလိုက်ရလေသည်။ စစ်သည်တစ်ဦးက သူ၏ အမြင်အာရုံ စွမ်းအားကို အသုံးပြုကာ အဝေးသို့ လှမ်းကြည့်လိုက်လေသည်။

ယာဉ်တန်း လာနေသည်ကို မြင်သောအခါ သူက ဝေါ်ကီတော်ကီမှတစ်ဆင့် ပြောလိုက်လေသည်။

"အသက်ရှင်ကျန်ရစ်သူ အဖွဲ့တစ်ခု ထပ်ရောက်လာပြီ… တံခါးဖွင့်လိုက်…."

အခြားစစ်သည်များက သတင်းစကားကို လက်ခံရရှိပြီး တံခါးကို ဖွင့်ပေးလိုက်ကြသည်။ မကြာမီမှာပင် ယာဉ်တန်း ရောက်ရှိလာခဲ့လေသည်။ စစ်သည်က ရှေ့သို့ ဆက်သွားရန် ဘေးကင်းကြောင်း ယာဉ်မောင်း များကို 'မော့စ်အချက်ပြသင်္ကေတ' ဖြင့် အချက်ပြလိုက်လေသည်။

အချက်ပြချက်ကို ရရှိပြီးနောက် ယာဉ်မောင်းများသည် မြေအောက်ခိုလှုံရေးစခန်းအတွင်းသို့ တိုက်ရိုက် မောင်းနှင်သွားခဲ့ကြလေသည်။ ဝင်ဝင်ချင်းမှာပင် စစ်သည်အချို့က သူတို့အား ကားပါကင်သို့ အလျင် အမြန် လမ်းညွှန်ပေးလိုက်လေသည်။

မကြာခင်မှာပင် စစ်ထရပ်ကားများ ဆိုက်ရပ်သွားပြီး ယာဉ်မောင်းများ ဆင်းလာကြသည်။ ကားများ ရပ် သွားသည်ကို မြင်သောအခါ စစ်သည်များနှင့် စွမ်းအားရှင်များလည်း တစ်ဦးပြီးတစ်ဦး ဆင်းလာခဲ့ကြ လေသည်။

သူတို့ ကားပေါ်မှ ဆင်းနေစဉ်မှာပင် ဝန်ထမ်းနှစ်ဦး သူတို့ထံသို့ ချဉ်းကပ်လာခဲ့လေသည်။

ဝန်ထမ်းတစ်ဦးက စစ်သည်များကို ပြောလာလေသည်။

"ရဲဘော်တို့... ကျွန်မနောက်ကို လိုက်ခဲ့ပါ၊ ပထမတပ်မတော်ရဲ့ တပ်ရင်းဆီကို သွားကြပါမယ်…" ဟု ပြော လိုက်လေသည်။

သူမ ပြောပြီးသည်နှင့် လီကျန်းက လုံယုဘက်သို့ လှည့်ကာ ၊

"ကပ္ပတိန်... ကျွန်တော်တို့ အခြေချပြီးတာနဲ့ ခင်ဗျားကို နောက်မှ လာရှာပါ့မယ်…"

လုံယုက ခေါင်းငြိမ့်ပြကာ "အင်း" ဟု ပြန်ဖြေလိုက်သည်။

လီကျန်းနှင့် စစ်သည်များ ထွက်ခွာသွားပြီးနောက် အခြားဝန်ထမ်းတစ်ဦးက ပြောလာခဲ့လေသည်။

"အားလုံးပဲ... ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ…"

ထို့ကြောင့် လုံယု၊ ယောင်ရန်နှင့် အခြားစွမ်းအားရှင်များသည် သူတို့၏ ကျောပိုးအိတ်များနှင့် လက်နက် များကို ယူဆောင်ကာ ဝန်ထမ်းနောက်သို့ လိုက်သွားကြလေသည်။

ရှည်လျားသော စင်္ကြံလမ်းများနှင့် ကျယ်ဝန်းလှသော ခန်းမဆောင်များကို ဖြတ်သန်းလာစဉ် ယောင်ရန် က လုံယု၏ လက်မောင်းကို ဆွဲကာ မေးလိုက်လေသည်။

"အာယု... ရွှီရွှမ်းကို ဘယ်နားမှာမှ မတွေ့မိဘူး… သူ ဒီမှာရှိနေသလားဆိုတာ ဝန်ထမ်းတွေကို စုံစမ်းခိုင်း သင့်သလား…"

လုံယုက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်။

"လုပ်ထုံးလုပ်နည်းတွေ ပြီးတာနဲ့ ငါ သူ့ဆီ ဖုန်းဆက်လိုက်ပါမယ်… အားရွှမ်းရဲ့ စွမ်းရည်နဲ့ဆိုရင် သူ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး… ပြီးတော့ သူက ငါတို့ထက်တောင် ပိုပြီး ပါးနပ်သေးတယ်… အန္တရာယ်ရှိတဲ့ အခြေ အနေတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူ သိပြီးသားပါ…"

ထိုစကားကို ကြားသော် ယောင်ရန်က ခေါင်းငြိမ့်ကာ လက်ခံလိုက်လေသည်။

"ကောင်းပါပြီ…"

မိနစ်နှစ်ဆယ်ခန့်အကြာတွင် ဝန်ထမ်းက ရပ်လိုက်ပြီး ရှင်းပြလိုက်လေသည်။

"ဒါကတော့ နယ်မြေ (က) ပါ… ဒီနေ့ စခန်းကို ကာကွယ်ရာမှာ အားလုံးက ပါဝင်ကူညီခဲ့ကြတဲ့အတွက် တပ်မှူးရွှီက အားလုံးကို အခုကစပြီး နယ်မြေ (က) မှာ နေထိုင်ခွင့်ပြုဖို့ အထူးအမိန့် ထုတ်ပြန်ထားပါ တယ်…"

"ခင်ဗျားတို့ တစ်ယောက်ချင်းစီကို အိပ်ခန်းတစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတဲ့ အိမ်ရာလေးတစ်ခုစီ သတ် မှတ်ပေးထားပါတယ်… မိသားစုဝင်တွေ ရှိတယ်ဆိုရင်တော့ ရုံးခန်းမှာ သူတို့ရဲ့ အမည်နဲ့ မှတ်ပုံတင်ကုဒ် တွေကို စာရင်းသွင်းပြီးရင် အတူတူ နေထိုင်ခွင့် ရှိပါတယ်…"

သူမက နံရံပေါ်ရှိ မြေပုံတစ်ခုကို ညွှန်ပြကာ ဆက်ပြောလိုက်လေသည်။

"ဒါကတော့ ခိုလှုံရေးစခန်းရဲ့ မြေပုံပါ။ အိမ်ထောင်စုတိုင်းက ထမင်းစားဆောင်မှာ တစ်နေ့ကို နှစ်ကြိမ် ရိက္ခာ ထုတ်ယူနိုင်ပါတယ်… ဒါပေမဲ့ တခြားဟာတွေ စားချင် တယ်ဆိုရင်တော့ စခန်းသုံးဒင်္ဂါးတွေနဲ့ ပေးချေရပါလိမ့်မယ်…"

"နယ်မြေ (က) က အိမ်ရာတိုင်းမှာ ကိုယ်ပိုင် ရေချိုးခန်းပါပေမဲ့ ရေအသုံးပြုခအတွက်တော့ စခန်းသုံးဒင်္ဂါး တွေ ပေးရပါမယ်… အကယ်၍ ပိုက်ဆံမပေးချင်ဘူးဆိုရင်တော့ တစ်ကြိမ်ကို (၁၀) ဒင်္ဂါးနှုန်းနဲ့ အများသုံး ရေချိုးခန်းကို အသုံးပြုနိုင်ပါတယ်…"

လူတိုင်း မောပန်းနေသည်ကို ဝန်ထမ်းက သတိပြုမိသဖြင့် ပြောလိုက်လေသည်။

"နာမည်စာရင်းသွင်းပြီး အိမ်ခန်းရွေးဖို့ ကျွန်မ ခေါ်သွားပေးပါ့မယ်… လိုက်ခဲ့ကြပါ…"

သူမက မည်သူ့ထံမှ အဖြေကိုမျှ မစောင့်ဘဲ အများပြည်သူဆိုင်ရာရုံးသို့ ခေါ်ဆောင်သွားရာ သူမ၏ လမ်း ညွှန်မှုအောက်တွင် လုပ်ငန်းစဉ်များမှာ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့လေသည်။

လူတိုင်း အိမ်ခန်းများ ရွေးချယ်ပြီး သော့များကို လက်ခံရရှိပြီးနောက် ဝန်ထမ်းက ပြုံးကာ…၊

"ရိက္ခာတွေကိုတော့ မနက်နဲ့ ညနေ (၆) နာရီကနေ (၉) နာရီအတွင်းမှာ ဝေငှပေးတာမို့ မှတ်ထားပေးကြပါ … အဲ့ဒီအချိန် မဟုတ်ဘဲ တခြားအချိန်တွေမှာ လာရင်တော့ အခမဲ့ ရိက္ခာ ရမှာမဟုတ်ဘူး၊ ဒါပေမဲ့ ထမင်း စားဆောင်မှာတော့ ဝယ်စားလို့ ရပါတယ်…"

All Chapters