← Chapters

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း (၃၇၃) အခြေချခြင်း

ထိုသို့ သတိပေးစကား ပြောကြားပြီးနောက် ဝန်ထမ်းအမျိုးသမီးက…၊

"ကျွန်မမှာ တခြားအလုပ်တွေ ရှိသေးလို့ ဒီမှာပဲ ထားခဲ့ပါ့မယ်… အကူအညီလိုရင် အများပြည်သူဆိုင် ရာရုံးက ဝန်ထမ်းတွေကို အချိန်မရွေး လာရှာလို့ ရပါတယ်…"

ထိုစကားနှင့်အတူ သူမသည် အခြားသော အသက်ရှင်ကျန်ရစ်သူ အဖွဲ့များကို ကြိုဆိုရန် အပြေးအလွှား ထွက်ခွာသွားလေသည်။

လုံယုသည် သူ၏ အိမ်ရာသော့ကို သိမ်းဆည်းလိုက်ပြီးနောက် ယောင်ရန်၏လက်ကို ဆွဲကာ ပြောလိုက် လေသည်။

"သွားရအောင်"

သူတို့ နယ်မြေ (က) သို့ ပြန်ရောက်သောအခါ လုံယုသည် သော့ပေါ်ရှိ နံပါတ်ကို စစ်ဆေးပြီး ဧရိယာ (၅) ကို လိုက်လံရှာဖွေကြည့်လိုက်လေသည်။ နယ်မြေ (က) တွင် ဧရိယာပေါင်း (၂၀) ရှိပြီး ဧရိယာတစ်ခု စီတွင် အိမ်ခန်း (၁၀၀) စီ ရှိလေသည်။

လုံယုသည် တံခါးများပေါ်ရှိ နံပါတ်များကို ကြည့်ရင်း လိုက်ရှာရာ မကြာမီမှာပင် အခန်းနံပါတ် (၂၀) ကို တွေ့ရှိသွားခဲ့လေသည်။ သူသည် အိမ်ရှေ့တွင် ရပ်ကာ တံခါးကို ဖွင့်လိုက်ပြီးနောက် သူတို့နှစ်ဦး အထဲ သို့ ဝင်ခဲ့ကြပေသည်။

တံခါးကို ပြန်ပိတ်ပြီးနောက် လုံယုသည် ကျောပိုးအိတ်ထဲမှ ဂြိုဟ်တုဖုန်းကို ထုတ်ကာ ရွှီရွှမ်း၏ နံပါတ် ကို နှိပ်လိုက်လေသည်။ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် ဖုန်းလိုင်း ချိတ်ဆက်သွားခဲ့လေသည်။

စက္ကန့်အနည်းငယ် စောင့်လိုက်ပြီးနောက် ရွှီရွှမ်း၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

"ခေါင်းဆောင်… ခင်ဗျားတို့ ဘယ်မှာလဲ…"

"ငါတို့ မြေအောက်ခိုလှုံရေးစခန်းထဲက နယ်မြေ (က) မှာ ရောက်နေပြီ…."

လုံယုက ပြန်ဖြေလိုက်ပြီးနောက် "မင်းကရော ဘယ်မှာလဲ…" ဟု မေးလိုက်လေသည်။

ရွှီရွှမ်းက ခဏမျှ တိတ်ဆိတ်သွားပြီးမှ…၊

"ကျွန်တော် အခုပဲ ဝင်ခွင့်လုပ်ထုံးလုပ်နည်းတွေ ပြီးသွားပြီ… ဒါပေမဲ့ နယ်မြေ (က) က ပြည့်နေလို့ ကျွန်တော့်ကို နယ်မြေ (ခ) မှာ နေရာချပေးလိုက်တယ်…"

ထိုစကားကို ကြားသောအခါ လုံယုက ခေတ္တစဉ်းစားပြီး…၊

"နယ်မြေ (က)၊ ဧရိယာ (၅)၊ အခန်း (၂၀) ကို လာခဲ့လိုက်…." ဟု ပြောလိုက်လေသည်။

လုံယု ဘာကြောင့် ထိုသို့ ခေါ်ရသနည်းဆိုသည်ကို ရွှီရွှမ်း မသိသော်လည်း "ကောင်းပါပြီ" ဟုသာ ပြန်ပြောလိုက်လေသည်။

ဖုန်းချလိုက်ပြီးနောက် လုံယုက ယောင်ရန်ဘက်သို့ လှည့်ကာ ရှင်းပြလိုက်လေသည်။

"အားရွှမ်း ရောက်လာပြီ၊ ဒါပေမဲ့ သူ့ကို နယ်မြေ (ခ) မှာ နေရာချပေးလိုက်တယ်တဲ့… ငါ့အခန်းကို သူ့ကို ပေးလိုက်ဖို့ စဉ်းစားထားတယ်၊ ဒါမှ ငါတို့ သုံးယောက်လုံး နီးနီးနားနား နေလို့ရမှာ…"

သူ့ ရည်ရွယ်ချက်ကို နားလည်သွားသဖြင့် ယောင်ရန်က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးပြောလိုက် လေသည်။

"ကောင်းပါပြီ… ဒါဆိုရင် ရှင်တို့နှစ်ယောက် အတူတူနေကြပေါ့…"

သူမ၏ စကားကြောင့် လုံယု၏ မျက်နှာက အနည်းငယ် မှိုင်ကျသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် "အင်း" ဟုသာ ခေါင်းငြိမ့်ပြလိုက်လေသည်။

၎င်းကို မြင်သော် ယောင်ရန်က တခွိခွိ ရယ်မောကာ သူ၏ ခါးကို ဖက်လိုက်လေသည်။ သူမက သူ့အား မော့ကြည့်ကာ ပြောလိုက်လေသည်။

"ကျွန်မက ရှင့်ကို စနေတာပါ…."

ထိုစကားကို ကြားသည်နှင့် လုံယု၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူမ ဘာဆက်ပြောမလဲဆို သည်ကို မျှော်လင့်တကြီး စိုက်ကြည့်နေမိခဲ့လေသည်။

သူ၏ တုံ့ပြန်မှုကြောင့် ယောင်ရန်၏ စိတ်အစဉ်က ပျော့ပြောင်းသွားရလေတော့သည်။

"ရှင် ကျွန်မနဲ့ ဒီမှာပဲ အတူနေလို့ ရပါတယ်…."

"ဒါမှ ရှင့်အတွက် ကျွန်မရဲ့ နေရာလွတ်ထဲက ရေချိုးခန်းကို သုံးရတာ ပိုအဆင်ပြေမှာ…"

သူမ ပြောပြီးသည်နှင့် လုံယုက အလျင်အမြန်ပင် ပြန်ပြောလိုက်လေသည်။

"တကယ်နော်… ကတိမဖျက်နဲ့နော်…"

ယောင်ရန်က ရယ်မောရင်း ခေါင်းငြိမ့်ပြကာ ကတိပေးလိုက်လေသည်။

"ကတိမဖျက်ပါဘူး…"

သူမ၏ ကတိစကားကြောင့် လုံယုသည် သူမကို ဖက်ကာ ငုံ့၍ နမ်းလိုက်သည်။ ခဏအကြာတွင် သူက လူခွာလိုက်ပြီး သူ၏ အဝတ်အစားများကို နမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

"ငါတို့ အရင်ဆုံး ရေချိုးကြရအောင်…"

ယောင်ရန်က သူ၏ အမူအရာကို ကြည့်ကာ ရယ်မောရင်း သဘောတူလိုက်လေသည်။

တံခါးကို သေသေချာချာ ပိတ်ထားကြောင်း စစ်ဆေးပြီးနောက် ယောင်ရန်သည် လုံယုကို သူမ၏ နေရာ လွတ် ထဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။ သူတို့သည် ရေချိုးကာ အစာစားပြီးနောက် အိမ်ခန်းလေးထဲ သို့ ပြန်လည် ထွက်ခွာလာခဲ့ကြလေသည်။

လုံယုက ဧည့်ခန်းနှင့် ရေချိုးခန်းကို စစ်ဆေးနေစဉ် ယောင်ရန်က အိပ်ခန်းကို သွားရောက် စစ်ဆေး လိုက်လေသည်။ ကုတင်ဘေးတွင် အံဆွဲလေးတစ်ခုသာ ရှိသည်ကို မြင်သဖြင့် သူမသည် အခန်းကို

အသစ်ပြန်လည် ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ သူမ အိပ်ခန်းထဲတွင် အလုပ်ရှုပ်နေစဉ်မှာပင် ရွှီရွှမ်း ရောက်ရှိလာခဲ့လေသည်။

ရွှီရွှမ်း ကိုင်ဆောင်လာသောအရာကို မြင်သောအခါ လုံယုက မျက်ခုံးပင့်ကာ မေးလိုက်လေသည်။

"ဒီအခွံကြီးနဲ့ ခြေထောက်တွေကို မင်း ဘယ်က ရလာတာလဲ…."

ရွှီရွှမ်းက အခွံနှင့် ခြေထောက်များကို မြေပြင်ပေါ်သို့ ချလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"ဒါတွေက ဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာဘုရင်ရဲ့ ခန္ဓာကိုယ်က ရလာတာလေ… ကျွန်တော် အဲ့ဒီ ကောင်ကို သတ်လိုက်တယ်၊ ဒီခြေထောက်တွေကို ဓားအဖြစ် လုပ်လို့ရသလို အခွံကိုလည်း ချပ်ဝတ် တန်ဆာ လုပ်လို့ရမယ် ထင်လို့ သယ်လာခဲ့တာ…"

ထိုစကားကို ကြားမှ လုံယုက တစ်စုံတစ်ခုကို သတိမူမိသွားပြီး အံ့သြတကြီး မေးလိုက်လေသည်။

"မင်းက ပိုးတောင်မာဘုရင်ကြီးကို တစ်ယောက်တည်း သတ်ခဲ့တာလား…"

"ဟုတ်တယ်…" ဟု ရွှီရွှမ်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

ထို့နောက် သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်လေသည်။

"ခေါင်းဆောင်... ယောင်ရန် ဘယ်မှာလဲ… ဒါတွေကို သူ့ရဲ့ နေရာလွတ်ထဲမှာ ခဏ သိမ်းပေးထားဖို့ ပြော ပေးလို့ ရမလား… ကျွန်တော်တို့ဆီ ပြန်ရောက်ရင် ဟန်ယီရွှယ်ကို ဒါတွေနဲ့ လက်နက်နဲ့ ချပ်ဝတ်တန်ဆာ တွေ လုပ်ပေးဖို့ အကူအညီ တောင်းမလို့…"

လုံယုက ခေါင်းငြိမ့်ပြကာ…၊

"ငါ သွားခေါ်လိုက်မယ်" ဟု ပြောလိုက်လေသည်။

လုံယုက ယောင်ရန်ကို သွားခေါ်နေစဉ် ရွှီရွှမ်းသည် အပြင်၌ စောင့်နေရင်း သူ့ထံသို့ ရောက်ရှိလာသော စူးစမ်းသည့် အကြည့်များနှင့် သူ၏ စစ်နိုင်လက်ဆောင်ပစ္စည်းများကို ကြည့်နေမိလေသည်။ မကြာမီမှာ ပင် လုံယုနှင့် ယောင်ရန် ပြန်ရောက်လာခဲ့လေသည်။ ယောင်ရန်သည် ကြီးမားလှသော အခွံနှင့် ခြေ ထောက်များကို မြင်သောအခါ …၊

"တံတိုင်းမှာ ရှင့်ကို မတွေ့မိတာ မဆန်းပါဘူး… ဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာဘုရင်ကြီးကို သွား တိုက်ခိုက်နေတာကိုး…." ဟု မှတ်ချက်ပေးလိုက်သည်။

ရွှီရွှမ်းက သူမ၏ စကားကို ပြုံး၍ တုံ့ပြန်လိုက်လေသည်။

"ကျွန်တော်ကတော့ မမလေးနဲ့ ခေါင်းဆောင်ကို အသိပေးချင်ပါတယ်၊ ဒါပေမဲ့ ပိုးတောင်မာဘုရင်ကြီး က သိပ်မြန်လွန်းလို့… မျက်ခြေပြတ်သွားမှာ စိုးတာနဲ့ အသိပေးဖို့ အချိန်မရဘဲ နောက်က လိုက်သွားခဲ့ တာပါ…"

ယောင်ရန်က လက်ကို ဝေ့ယမ်းလိုက်ကာ ကြီးမားလှသော အခွံနှင့် ခြေထောက်များကို သူမ၏ နေရာ လွတ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။

"ရှင် ဘာမှမဖြစ်တာပဲ ဝမ်းသာပါတယ်…"

သူမ၏ စိုးရိမ်မှုကို ကြားသောအခါ ရွှီရွှမ်းက တောင်းပန်လိုက်လေသည်။

"ခင်ဗျားတို့နှစ်ယောက်ကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်…"

ရွှီရွှမ်း တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များနှင့် သဲများ ပေကျံနေသည်ကို သတိပြုမိသဖြင့် လုံယုက သူ့ကို သော့တစ်ချောင်း ကမ်းပေးလိုက်ကာ ရှင်းပြလိုက်လေသည်။

"ဒါက ဘေးက အခန်း (၁၉) ရဲ့ သော့ပဲ… မင်း အဲ့ဒီမှာ နေလို့ရတယ်…"

သော့ကို ယူလိုက်ရင်း ရွှီရွှမ်းသည် လုံယုကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် ယောင်ရန်ကို ပြုံးပြ လိုက်လေသည်။

"ကျွန်တော့်အတွက် အခန်းတစ်ခန်း သီးသန့်ရအောင် ခေါင်းဆောင်ကို လက်ခံပေးလို့ ကျေးဇူးပဲနော်…"

သူ့အသံထဲက စနောက်ချင်သည့် လေသံကို ရိပ်မိသဖြင့် ယောင်ရန်က တခွိခွိ ရယ်မောကာ မေးလိုက် လေသည်။

"ကျွန်မ ရေဖြည့်ပေးရမလား…"

ရွှီရွှမ်းတွင် စခန်းသုံးဒင်္ဂါးများ မရှိသေးသဖြင့် သူမ၏ ကမ်းလှမ်းမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက် လေသည်။

"ဟုတ်ကဲ့... ဖြည့်ပေးပါဦး"

ယောင်ရန်က လုံယုကို ကြည့်ကာ မှာလိုက်လေသည်။

"တံခါးကို မခတ်ထားနဲ့ဦးနော်… ကျွန်မ ချက်ချင်း ပြန်လာခဲ့မယ်…"

ထိုသို့ပြောပြီးနောက် သူမသည် ရွှီရွှမ်းနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။

ရွှီရွှမ်းက တံခါးကို ဖွင့်လိုက်ရင်း ….၊

"ယောင်ရန်... ခေါင်းဆောင်ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… သူ ဒီလောက်အထိ ပျော် နေတာမျိုး မြင်ရခဲတယ်…"

သူ၏ ဘေးတိုက်မျက်နှာကို ကြည့်ရင်း ယောင်ရန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်လည် ဖြေလိုက် လေသည်။

"ကျွန်မကသာ ရှင့်ကို ကျေးဇူးတင်ရမှာပါ… သူ့ကို ဒီလောက်အထိ စောင့်ရှောက်ပေးခဲ့လို့လေ…"

All Chapters