← Chapters

အခန်း ၃၇၆

Vol. 38 Ch. 376

အခန်း ၃၇၆

Vol. 38 Ch. 376

အခန်း (၃၇၆) ချန်စီကျိန်းထံ အလည်အပတ်သွားခြင်း

ယောင်ရန်က မိန်းကလေးငယ်ကို ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်... မင်းအစ်ကိုက ငါ့ဆီမှာ အလုပ်လုပ်ပေးနေတာ၊ သူ့ကို လုပ်အားခအဖြစ် မင်းရဲ့ရောဂါကို ကု ပေးဖို့ ငါကတိပေးထားတယ်… ဒါက သူ့ရဲ့ လုပ်အားခထဲက တစ်စိတ်တစ်ပိုင်းပဲ…"

မိန်းကလေးငယ်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ "ကျွန်မ ဒါကို နောက်မှ အစ်ကိုနဲ့အတူတူ

စားပါ့မယ်" ဟု ဆိုသည်။

သူမ၏ လိမ္မာယဉ်ကျေးသော အမူအရာကို ကြည့်ရင်း ယောင်ရန်က သူမ၏ ဖရိုဖရဲဖြစ်နေသော

ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ သူမက ပြုံးကာ "မစိုးရိမ်ပါနဲ့... မင်းအစ်ကိုအတွက်

ငါနောက်ထပ် တစ်ပုံပြင်ပေးဦးမှာပါ။ မင်းကတော့ အခုဒါကို စားလိုက်၊ ဒါမှ

မြန်မြန်ကျန်းမာလာမှာ" ဟု ချော့မော့ပြောလိုက်သည်။

မိန်းကလေးငယ်သည် ပြောင်းဖူးနှင့် ကြက်ဥ ဆန်ပြုတ်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက်

လိမ္မာစွာ ခေါင်းငြိမ့်လိုက်သည်။ ၎င်းကို မြင်သော် ယောင်ရန်သည် ဇလုံကို သူမရှေ့တွင်

ချပေးကာ ဇွန်းတစ်ချောင်း ကမ်းပေးလိုက်သည်။

မိန်းကလေးငယ် စားသောက်နေစဉ်မှာပင် သူမ၏အစ်ကိုဖြစ်သူသည် ချန်စီကျိန်း နေထိုင်သည့်နေရာနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ယူဆောင်၍ ပြန်ရောက်လာခဲ့လေသည်။

သူ၏ ညီမလေး နိုးလာသည်ကို မြင်လိုက်ရသောအခါ ကောင်လေးသည် သူမထံသို့ အပြေးအလွှား သွား လိုက်လေတော့သည်။ သူမ၏ နဖူးကို စမ်း၍ အပူချိန်ကို စစ်ဆေးရင်း စိုးရိမ်တကြီး မေးလိုက်လေသည်။

"ညီမလေး... ဘယ်လိုနေသေးလဲ… ခြေထောက်က နာနေသေးလား…"

မိန်းကလေးငယ်က သူမ၏အစ်ကိုကို ပြုံးပြကာ ပြန်ဖြေလိုက်လေသည်။

"အစ်ကို... ညီမလေး ခြေထောက်တွေက သစ်မြစ်တွေလို မဖြစ်တော့ဘူး… ညီမလေးက မိစ္ဆာတစ် ကောင် မဟုတ်တော့ဘူး…"

ထိုစကားကြောင့် ကောင်လေးသည် တုန့်ခနဲ ဖြစ်သွားပြီး သူမ၏ ခြေထောက်များကို ငုံ့ကြည့်လိုက်လေ သည်။ သတိလစ်နေသော ညီမလေး နိုးလာသည်ကို တွေ့ရသဖြင့် စိတ်လှုပ်ရှားလွန်း၍ သူမ၏ ခြေ ထောက်များ ပြောင်းလဲသွားသည်ကို သူ သတိမမူမိခဲ့ပေ။ သူ၏ အကြည့်များ ခြေထောက်ပေါ်သို့ ရောက် ရှိသွားသောအခါ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများမှာ နီမြန်းလာခဲ့လေတော့သည်။

သူသည် ယောင်ရန်ဘက်သို့ လှည့်ကာ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်လေသည်။

"မမ... ကျွန်တော့်မှာ မမအပေါ် ကျေးဇူးကြွေး တင်သွားပါပြီ…. ညီမလေးကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်…"

ယောင်ရန်က တည်ငြိမ်စွာပင် ပြောလိုက်လေသည်။

"မင်း ငါ့အပေါ် ဘာကျေးဇူးမှ တင်စရာ မလိုပါဘူး၊ ချန်စီကျိန်း ဘယ်မှာနေလဲဆိုတဲ့ သတင်းအချက် အလက်ကို ပေးရင်ပဲ လုံလောက်ပါပြီ…"

ထိုစကားကို ကြားသော် ကောင်လေးသည် သူ၏ အိတ်ကပ်ထဲမှ စက္ကူတစ်စကို ထုတ်၍ သူမအား ကမ်းပေးလိုက်သည်။ ထို့နောက် သူက ရှင်းပြလိုက်လေသည်။

"ဒါက သူနေတဲ့ လိပ်စာပါ… ဧရိယာ (၂) မှာ နေတဲ့သူ အားလုံးနီးပါးက သူနဲ့ ပတ်သက်နေတာကို ကျွန်တော် သိခဲ့ရပါတယ်… မမ... အဲ့ဒီကို သွားရင်တော့ သတိထားပါနော်..."

ယောင်ရန်သည် စက္ကူစကို သိမ်းဆည်းလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။

"ကျေးဇူးပါပဲ…"

မထွက်ခွာမီ သူမသည် ထမင်းဘူး လေးဘူး၊ ကန်ရေ တစ်လီတာဆံ့ ပုလင်း နှစ်လုံးနှင့် ရေကျဲ ငါးဂါလံဆံ့ ပုလင်းကြီး တစ်လုံးကို ထုတ်ပေးလိုက်လေသည်။

ကောင်လေးကို တစ်ချက်ကြည့်ကာ သူမက သတိပေးလိုက်သည်။

"ဒီရေကို တခြားဘယ်သူ့ကိုမှ မပေးနဲ့နော် မင်းညီမလေးနဲ့ပဲ အတူတူ သောက်ကြ… မဟုတ်ရင် မင်းလည်း သစ်မြစ်လို ခြေထောက်တွေ ဖြစ်သွားနိုင်တယ်…"

ယောင်ရန်နှင့် လုံယုတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကောင်လေးသည် လက်သီးကို တင်းတင်းဆုပ် ကိုင်ထားမိလေသည်။

တံခါး ပြန်ပိတ်သွားပြီးနောက် သူသည် သက်ပြင်းချကာ သူ၏ ခြေထောက်များကို ငုံ့ကြည့်လိုက်လေ သည်။ သစ်မြစ်ကဲ့သို့ စတင် ပြောင်းလဲနေပြီဖြစ်သော သူ၏ အရေပြားကို ကြည့်ရင်း သူ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မြေပြင်ပေါ်ရှိ ရေပုလင်းများကို လှမ်းကြည့်လိုက်လေသည်။

သူသည် ရေကိုသာ စိုက်ကြည့်နေသည်ကို မြင်သဖြင့် ညီမလေးဖြစ်သူက တိုက်တွန်းလာခဲ့လေသည်။

"အစ်ကို... မြန်မြန်၊ ရေသောက်လိုက်ဦးလေ…"

ကောင်လေးက ခေါင်းငြိမ့်ကာ ကန်ရေပုလင်းကို ယူ၍ သောက်လိုက်လေသည်။ ခဏအကြာတွင် သူ၏ ခြေထောက်များ၌ စစ်ခနဲဖြစ်သော ခံစားချက်ကို ရရှိလိုက်သည်။ သူ ငုံ့ကြည့်လိုက်သောအခါ သစ်မြစ်ကဲ့ သို့ ဖြစ်နေသော အရေပြားများမှာ ကွာကျသွားပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်ကို တွေ့ရသဖြင့် မှင်တက်သွားခဲ့လေတော့သည်။

သူသည် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ရင်း ပိတ်သွားသော တံခါးဆီသို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် အံ့သြတုန်လှုပ်မှုနှင့် ကျေးဇူးတင်မှုတို့ ရောယှက်လျက်ရှိနေခဲ့လေတော့သည်။

ကောင်လေး၏ အိမ်မှ ထွက်ခွာလာပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် လမ်းညွှန်ဆိုင်းဘုတ်များ အတိုင်း လိုက်လာခဲ့ကြသည်။ လမ်းတွင် နှစ်ကြိမ်ခန့် လမ်းမှားသွားပြီးနောက်မှ ဧရိယာ (၂) သို့ ရောက်ရှိ သွားခဲ့ကြလေသည်။

နံရံတွင် ချိတ်ဆွဲထားသော နယ်မြေ (စ) ၏ မြေပုံကို ကြည့်ရင်း ယောင်ရန်က သက်ပြင်းချကာ ရေရွတ် လိုက်လေသည်။

"ဟူး…နယ်မြေ (စ) ကတော့ တကယ့်ကို ဝင်္ကပါကြီးလိုပဲ…"

လုံယုက သူမ၏ ညည်းတွားသံကို ကြားသော် ပြုံးလိုက်ရုံမှတစ်ပါး ဘာမျှမပြောခဲ့ပေ။ မြေပုံကို ခေတ္တမျှ လေ့လာပြီးနောက် သူတို့သည် ဧရိယာ (၂) သို့ ဦးတည်ခဲ့ကြလေသည်။

သူတို့ ဧရိယာ (၂) ၏ အဝင်ဝသို့ ချဉ်းကပ်လာသောအခါ အနီးအနားတွင် စကားပြောနေကြသည့် လူအချို့ က သူတို့ကို သတိပြုမိသွားခဲ့လေသည်။ သူတို့ထဲမှ တစ်ဦးက ယောင်ရန်ကို မှတ်မိသွားပြီး အပြေးအ လွှား ရောက်လာခဲ့လေသည်။

"မစ္စယောင်ရန်... မတွေ့ရတာ ကြာပြီနော်" ဟု သူက နှုတ်ဆက်လိုက်လေသည်။

ယောင်ရန်သည် သူ့ကို သူမ၏ ဗီလာမှ ဆင်းရဲသားရပ်ကွက်သို့ ရိက္ခာများ သယ်ယူပို့ဆောင်ပေးရာတွင် ကူညီပေးခဲ့သည့် လူတစ်ဦးဖြစ်ကြောင်း မှတ်မိလိုက်လေသည်။ သူမက ခေါင်းငြိမ့်ပြကာ ပြောလိုက် လေသည်။

"ချန်စီကျိန်းကို တွေ့ချင်လို့ပါ…"

ထိုလူက အလျင်အမြန် ခေါင်းငြိမ့်ပြပြီး သူမကို လမ်းညွှန်ပေးရန် အချက်ပြလိုက်လေသည်။

"ဟုတ်ကဲ့... ကျွန်တော် လမ်းပြပါရစေ… လိုက်ခဲ့ကြပါ…"

နယ်မြေ (စ) ၏ ဧရိယာ (၂) တွင် အိမ်ရာပေါင်း (၃၀၀) ကျော် ရှိသည့်အနက် ချန်စီကျိန်း၏ လူများက အခန်းပေါင်း (၁၀၀) ကျော်ကို ယူထားကြပြီး ကျန်ရှိသော အခန်းများတွင် အခြားသော ဆင်းရဲသား ရပ်ကွက်မှ လူများ နေထိုင်ကြလေသည်။ ချန်စီကျိန်း၏ နေအိမ်သို့ သွားရာလမ်းတစ်လျှောက်တွင် အသက်ရှင်ကျန်ရစ်သူ အချို့သည် ယောင်ရန်နှင့် လုံယုတို့ကို စူးစမ်းသော၊ သတိထားသော အကြည့်များ ဖြင့် ကြည့်နေခဲ့ကြလေသည်။

လေထုအတွင်းရှိ တင်းမာမှုများကို သတိပြုမိသဖြင့် ယောင်ရန်က စူးစမ်းစွာ မေးလိုက်လေသည်။

"အစ်ကို... သူတို့က ကျွန်မတို့ကို ဘာလို့ အဲ့ဒီလောက်တောင် သတိထားပြီး ကြည့်နေကြတာလဲ… တစ်ခု ခု ဖြစ်လို့လား…"

ထိုလူက ခေါင်းငြိမ့်ကာ တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။

"တစ်ခုခုတော့ ဖြစ်ခဲ့တာ အမှန်ပဲဗျ…"

သူတို့ပြောသည်ကို အခြားသူများ မကြားနိုင်ကြောင်း သေချာစေပြီးနောက် သူက ရှင်းပြလိုက်လေ သည်။

"ကျွန်တော်တို့ ရောက်တဲ့အချိန်မှာပဲ တခြား အသက်ရှင်ကျန်ရစ်သူ အဖွဲ့တစ်ဖွဲ့လည်း ရောက်လာခဲ့ တယ်…."

"ကျွန်တော်တို့ အားလုံးက ဆင်းရဲသားရပ်ကွက်က ဖြစ်နေတာရယ်၊ နေထိုင်ဖို့ နေရာကလည်း အကန့် အသတ် ရှိနေတာရယ်ကြောင့် စခန်းက အိမ်တစ်အိမ်မှာ လေးယောက်စီ နေဖို့ သတ်မှတ်ပေးခဲ့တယ်… ဒါပေမဲ့ တခြားအဖွဲ့ရဲ့ ခေါင်းဆောင်က စွမ်းအားရှင် တစ်ယောက် ဖြစ်နေသလို သူတို့အဖွဲ့မှာလည်း စွမ်းအားရှင် ဆယ်ယောက်ကျော် ပါလာတော့ အဲ့ဒီလို စီစဉ်တာကို သူတို့က ငြင်းဆန်ခဲ့ကြတယ်…"

"မိသားစု တစ်စုချင်းစီကို အိမ်တစ်လုံးစီ ပေးမယ်ဆိုရင် ဧရိယာ (၂) တစ်ခုလုံးက သူတို့အဖွဲ့အတွက်ပဲ ဖြစ် သွားမှာကို ဝန်ထမ်းတွေက ရှင်းပြပေမဲ့ သူတို့က ဂရုမစိုက်ကြဘူး… ကံကောင်းတာက စစ်သည်တွေက အလျှော့မပေးဘဲ အတူတူနေထိုင်ရေး အစီအစဉ်ကိုပဲ အတင်းအကျပ် လုပ်ခိုင်းခဲ့တယ်… အဲ့ဒီအချိန်က စပြီး သူတို့က သူတို့ရဲ့ နေထိုင်မှု အခြေအနေ မကောင်းတာအတွက် ကျွန်တော်တို့ကို ရန်ငြိုးဖွဲ့နေကြ တာ…"

"ဒီကိစ္စကြောင့် အစ်ကိုစီကျိန်းက ယွမ်ရီဟွေးလို့ခေါ်တဲ့ မှောင်ခိုကုန်သည်ဆီမှာ အကူအညီ တောင်းခဲ့ရ တယ်… အဲ့ဒီမှောင်ခိုကုန်သည်က ဘာလုပ်လိုက်သလဲတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ဟိုအဖွဲ့ကတော့ အဲ့ဒီနောက်ပိုင်း ငြိမ်သွားကြတယ်… သူတို့ခေါင်းဆောင်က အမိန့်ပေးထားလို့သာ ငြိမ်နေကြတာ၊ အဲ့ဒီ အဖွဲ့က လူတွေကတော့ ကျွန်တော်တို့ကို ရန်လိုတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတုန်းပဲ…"

ထိုဇာတ်လမ်းကို နားထောင်ပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ လေသည်။

ယွမ်ရီဟွေးက ဝင်ရောက်ကူညီခဲ့ခြင်းမှာ အံ့သြစရာမရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် ချန်စီကျိန်းကို ရှာဖွေပေးရန် သူ့အား ငွေပေးထားခဲ့ပြီး သူတို့ သုံးဦးကြားတွင်လည်း ပတ်သက်မှု ရှိနေသောကြောင့်ပင်။ သို့သော်လည်း အခြားအဖွဲ့ကို ငြိမ်သက်သွားအောင် သူ ဘာလုပ်ခဲ့သနည်းဆိုသည် ကိုမူ ယောင်ရန် အလွန်ပင် စိတ်ဝင်စားသွားမိလေသည်။

နောက်မှ စုံစမ်းရန် စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ယောင်ရန်သည် ထိုလူနောက်သို့ လိုက်ကာ ချန်စီကျိန်း၏ နေအိမ်သို့ ရောက်ရှိသွားခဲ့သည်။

"ရောက်ပါပြီ…"

ထိုလူက ပြောကာ တံခါးကို ခေါက်လိုက်ပြီး မေးလိုက်လေသည်။

"အစ်ကိုချန်... အိမ်မှာ ရှိလား…"

မကြာမီမှာပင် တံခါးပွင့်လာပြီး ချန်စီကျိန်းသည် ယောင်ရန်နှင့် လုံယုတို့ကို မြင်သောအခါ အံ့သြသွား တော့သည်။ သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာသည် သူတို့ကို မြင်လိုက်ရသည့်အခါ ဝင်းပသွား တော့လေသည်။

All Chapters