အခန်း ၃၇၇
Vol. 38 Ch. 377
အခန်း (၃၇၇) အဆင်ပြေချောမွေ့စွာ လည်ပတ်ခြင်း
လမ်းပြအဖြစ် သူ၏တာဝန် ပြီးဆုံးသွားသဖြင့် ထိုလူက နှုတ်ဆက်လိုက်လေသည်။
"အစ်ကိုချန်... ကျွန်တော် အဝင်ဝမှာ ကင်းဆက်စောင့်ဖို့ လိုသေးလို့ အရင်သွားခွင့်ပြုပါဦး…"
ချန်စီကျိန်းက ခေါင်းငြိမ့်ပြကာ ဆိုလေသည်။
"ကျေးဇူးပဲ…"
မထွက်ခွာမီ ထိုလူက ယောင်ရန်နှင့် လုံယုတို့ကို ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်လိုက်ပြန်လေသည်။
"မမလေးယောင်ရန်နဲ့ အစ်ကိုလုံ... နောက်မှ တွေ့ကြတာပေါ့…"
ထိုလူ ထွက်သွားပြီးနောက် ချန်စီကျိန်းက ယောင်ရန်နှင့် လုံယုတို့ကို အထဲဝင်ရန် လမ်းဖယ်ပေးလိုက် လေသည်။
"ဝင်ခဲ့ကြပါ မစ္စယောင်ရန်၊ အစ်ကိုလုံ…"
အခန်းထဲရှိ အခြားသူများသည် ယောင်ရန်နှင့် လုံယု ရောက်လာသည်ကို မြင်သောအခါ သူတို့အတွက် နေရာရအောင် အလျင်အမြန် ဖယ်ပေးလိုက်ကြလေသည်။ တံခါးကို ပိတ်လိုက်ပြီးနောက် ချန်စီကျိန်းက အားနာဟန်ဖြင့် ပြုံးကာ ပြောလိုက်လေသည်။
"အခန်းက ကျဉ်းနေလို့ ကြမ်းပြင်ပေါ်မှာပဲ ထိုင်ခိုင်းရတာ အားနာရပါတယ်၊ အဆင်မပြေရင် ခွင့်လွှတ် ပေးကြပါဦးနော်…"
ယောင်ရန်က အခြားသူများကို ခေါင်းငြိမ့်ပြလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ရပါတယ်... ဘာမှမဖြစ်ဘူး…"
အားလုံး နေရာတကျ ထိုင်ပြီးနောက် ချန်စီကျိန်းက ယောင်ရန်နှင့် လုံယုတို့ကို အခြားသူများနှင့် မိတ်ဆက်ပေးလိုက်လေသည်။
"အားလုံးပဲ... ဒါကတော့ မစ္စယောင်ရန်နဲ့ အစ်ကိုလုံယုတို့ပဲ … သူတို့ကြောင့်သာ ငါတို့ ဗိုက်ဝဝစားနိုင်ပြီး ရောဂါဝေဒနာတွေကနေ သက်သာလာရတာ…"
ထိုစကားကို ကြားသောအခါ အခြားသူများအားလုံးက ယောင်ရန်ထံသို့ ပြိုင်တူ လှည့်ကြည့်လာ ခဲ့ကြလေသည်။
အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက စိတ်လှုပ်ရှားစွာ ပြုံးလျက် ကျေးဇူးတင်စကား ဆို လာသည်။
"မစ္စယောင်ရန်... ဆေးဝါးတွေ ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ မမရဲ့ အချိန်မီ အကူအညီသာ မပါရင် ကျွန်မအမျိုးသားဟာ အဆုတ်ရောဂါနဲ့ သေဆုံးသွားမှာပါ…"
ယောင်ရန်က တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်လေသည်။
"ကျွန်မက ကျွန်မတို့ရဲ့ သဘောတူညီချက်အတိုင်း တာဝန်ကျေအောင် လုပ်ဆောင်ပေးရုံသက်သက်ပါ…"
ယောင်ရန် လာရခြင်းမှာ တစ်စုံတစ်ခုသော အကြောင်းအရင်း ရှိမည်ကို ရိပ်မိသဖြင့် ချန်စီကျိန်းက စူးစမ်းလိုက်လေသည်။
"မစ္စယောင်ရန်... ဒီနေ့ ဘာကိစ္စများ ရှိလို့ပါလဲ…"
သူ့ဘက်သို့ လှည့်ကာ ယောင်ရန်က ဖြေလိုက်လေသည်။
"လူတိုင်းရဲ့ အခြေအနေကို လာကြည့်တာပါ၊ ပြီးတော့ ရိက္ခာတွေ ထပ်လာပို့တာပါ…"
ချန်စီကျိန်း ထိုစကားကို ကြားသောအခါ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ယောင်ရန်နှင့် လုံယု မရောက်လာခင်က သူတို့သည် ထိုကိစ္စကိုပင် ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်လေသည်။
စခန်းက တစ်နေ့ကို နှစ်ကြိမ် အစားအစာနှင့် ရေ ပံ့ပိုးပေးမည်ဟု ကတိပေးထားသော်လည်း မည်မျှ ရရှိမည် သို့မဟုတ် မည်သို့ ခွဲဝေပေးမည်ကို သူတို့ မသိကြပေ။ စခန်းက မိသားစုဝင်ဦးရေကို ထည့် မတွက်ဘဲ အိမ်ထောင်စုတိုင်းကို တန်းတူ ခွဲဝေပေးမည်ဆိုလျှင် ပြဿနာ ရှိနိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ယောင်ရန် ရောက်လာခြင်းကြောင့် အစားအစာနှင့် ဆေးဝါးအတွက် ခေတ္တမျှ စိုးရိမ်စရာ မလိုတော့ပေ။
ရေနှင့် ပတ်သက်လျှင်မူ သူတို့တွင် နေ့စဉ် သောက်ရေ ပံ့ပိုးပေးနိုင်သည့် ရေဓာတ်စွမ်းအားရှင် သုံးဦး ရှိ လေသည်။ ထိုရေမှာ ရေချိုးရန်အထိ မလုံလောက်သော်လည်း စခန်းသုံးဒင်္ဂါးအချို့ စုဆောင်းပြီးနောက် အများသုံး ရေချိုးခန်းသို့ သွားရောက်နိုင်ပေသည်။
ထိုသို့ တွေးတောရင်း ချန်စီကျိန်းက ယောင်ရန်ကို ကြည့်ကာ ပြောလိုက်လေသည်။
"မစ္စယောင်ရန်... အချိန်ကိုက် ရောက်လာတာပဲဗျာ… မစ္စ ညွှန်ကြားတဲ့အတိုင်း အရင်ရက်က ပေးခဲ့တဲ့ ရိက္ခာတွေလည်း ကုန်သွားပြီဆိုတော့ ရိက္ခာတွေ ဘယ်လို ထပ်ရှာရမလဲဆိုတာ ကျွန်တော်တို့ တိုင်ပင် နေကြတာပါ…."
သူ့စကားကြောင့် ယောင်ရန် မအံ့သြမိပေ။ သူမ ရိက္ခာများ ပေးခဲ့စဉ်ကတည်းက မည်မျှ ကြာရှည်ခံမည် ကို တွက်ချက်ထားပြီးသား ဖြစ်လေသည်။
ချန်စီကျိန်းနှင့် အခြားသူများ၏ မျက်နှာအခြေအနေကို ကြည့်ခြင်းအားဖြင့် ရေကျဲ၏ ကုသနိုင်စွမ်းက သူတို့၏ ကျန်းမာရေးကို ပြန်လည် ကောင်းမွန်စေခဲ့ကြောင်း ယောင်ရန် သိလိုက်လေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က မေးလိုက်လေသည်။
"ရိက္ခာအသစ်တွေကို သိမ်းဆည်းဖို့ နေရာ ရှိလား…"
ချန်စီကျိန်းက ခဏစဉ်းစားပြီးမှ ပြန်ဖြေလိုက်သေလည်။
"ကျွန်တော်တို့ကို ပေးထားတဲ့ အိမ်ခန်းတွေထဲက တစ်ခန်းကို ဂိုဒေါင်အဖြစ် သုံးလို့ရပါတယ်…"
ထိုစကားကို အခြားသူများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ကြလေသည်။
မည်သူမျှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ကျွန်မကို ဂိုဒေါင်ဆီ ခေါ်သွားပေးနိုင်မလား…."
"ရတာပေါ့…"
ချန်စီကျိန်းက ပြန်ဖြေကာ အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်လေသည်။
"ဟိုလူတွေနဲ့ ပတ်သက်တဲ့ ကိစ္စကိုတော့ နောက်မှ ဆက်တိုင်ပင်ကြတာပေါ့…"
"ဟုတ်ကဲ့…"
အားလုံးက ပြိုင်တူ ပြန်ဖြေလိုက်ကြလေသည်။
အခြားသူများ ထွက်သွားပြီးနောက် ချန်စီကျိန်းက ပြောလိုက်လေသည်။
"မစ္စယောင်ရန်၊ အစ်ကိုလုံ... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ…"
သူ့နောက်သို့ လိုက်လာစဉ် ယောင်ရန်က မေးလိုက်လေသည်။
"ရှင်တို့ ဟိုအဖွဲ့က လူတွေအကြောင်း တိုင်ပင်နေကြတာလား…"
သူမ ထိုအငြင်းပွားမှုကို သိရှိနေပြီဖြစ်ကြောင်း ချန်စီကျိန်း ရိပ်မိကာ ခေါင်းငြိမ့်ပြလိုက်လေသည်။ သူက သက်ပြင်းချရင်း ရှင်းပြလိုက်လေသည်။
"ဟုတ်ပါတယ်... ဟိုအဖွဲ့က ကျွန်တော်တို့ကို သူတို့နဲ့ ပူးပေါင်းဖို့ ပြောနေတယ်၊ ဒါပေမဲ့ ကျွန်တော် ငြင်း လိုက်တယ်… အစ်ကိုယွမ်ရဲ့ အကူအညီသာ မပါရင် ကျွန်တော်တို့ ဒီမှာ ဆက်နေနိုင်မှာ မဟုတ်ဘူး…"
ယောင်ရန် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ယွမ်ရီဟွေးက အဲ့ဒီအဖွဲ့ကို ဘယ်လိုမျိုး နားဝင်အောင် လုပ်လိုက်တာလဲ…."
ချန်စီကျိန်းက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လေသံခပ်တိုးတိုးဖြင့် ပြန်ဖြေလိုက် လေသည်။
"အစ်ကိုယွမ်က သူတို့ကို လှည့်စားလိုက်တာလို့ ကျွန်တော် ထင်တယ်…"
ယောင်ရန်က မျက်ခုံးအနည်းငယ် ပင့်လိုက်ကာ စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။
"လှည့်စားတယ်… ဘယ်လိုမျိုးလဲ…."
ချန်စီကျိန်းက အနားသို့ တိုးကပ်လာပြီး ၊
"အစ်ကိုယွမ်က သူတို့ခေါင်းဆောင်ကို ကြည်လင်တဲ့ ရေတွေပါတဲ့ ဖန်ပုလင်းလေး တစ်လုံး ပေးတာကို ကျွန်တော် မတော်တဆ မြင်လိုက်ရတယ်… သူတို့ ဘာတွေပြောလဲတော့ မသိဘူး၊ ဒါပေမဲ့ အစ်ကိုယွမ် ပြန်သွားတော့ အဲ့ဒီခေါင်းဆောင်က သူ့ကို ဘိုးတော်တစ်ပါးလို ရိုရိုသေသေ ဆက်ဆံနေတော့တာပဲ…"
ထိုစကားကို ကြားသော် ယောင်ရန်နှင့် လုံယုတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထိုဖန် ပုလင်းလေးထဲတွင် သူမ အရင်ရက်က ယွမ်ရီဟွေးကို ပေးခဲ့သည့် ရေကန်ရေများ ပါဝင်နေမည်ကို သူတို့ ချက်ချင်း ရိပ်မိလိုက်ကြလေသည်။
ရေကန်ရေ၏ ကုသနိုင်စွမ်းကို ထည့်တွက်မည်ဆိုလျှင် ထိုအဖွဲ့ခေါင်းဆောင်က ယွမ်ရီဟွေးကို ရိုသေ လေးစားစွာ ဆက်ဆံခြင်းမှာ မဆန်းတော့ပေ။
လူသားတိုင်း ဗီဇပြောင်းလဲမှုများကို ခံစားနေရပြီး ပုံပျက်ယွင်းမှုများ ဖြစ်ပေါ်နေချိန်တွင်၊ ပုံပျက်ယွင်းမှု ကို ပြန်လည်ကောင်းမွန်စေပြီး စွမ်းအားအဆင့်ကို မြှင့်တင်ပေးနိုင်သည့် ဆေးမှာ ကမ္ဘာသစ်တွင် အလွန် အားကောင်းသော လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။ ၎င်းကို ရရှိရန်အတွက် လူပေါင်းများစွာ တိုက် ခိုက်လုယူကြမည်မှာ အသေအချာပင်။
ယောင်ရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်မိလေသည်။ လင်းယီနှင့် ယွမ်ရီဟွေးတို့သည် ကမ္ဘာပျက်ကပ်၏ နောက်ဆုံးကာလတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များအဖြစ် မကြာမီ ထွက်ပေါ်လာတော့မည်မှာ သေချာလှပေသည်။
သူမ၏ နှုတ်ခမ်းထောင့်မှ အပြုံးကို သတိပြုမိသဖြင့် လုံယုသည် သူမ ဘာတွေးနေသည်ကို ခန့်မှန်းမိ လိုက်လေသည်။ သူက အနားသို့ တိုးကာ တိုးတိုးလေး ပြောလိုက်လေသည်။
"မင်းရဲ့ အစီအစဉ်က အဆင်ပြေပြေ လည်ပတ်နေပုံပဲနော်…"
ယောင်ရန်က သူ့ကို တစ်ချက်ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
"ဟုတ်တယ်... ယွမ်ရီဟွေးက နောက်ရက်ပိုင်းအတွင်း ငါတို့ဆီကို လာလိမ့်မယ်လို့ ငါထင်တယ်…"
သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောနေစဉ် ချန်စီကျိန်းက လှမ်းပြောလိုက်လေသည်။
"မစ္စယောင်ရန်၊ အစ်ကိုလုံ... ဒါကတော့ ဂိုဒေါင်ပါပဲ…"
သော့ကို ထုတ်ယူကာ တံခါးဖွင့်လိုက်သောအခါ လွတ်နေသော အခန်းကျဉ်းလေးတစ်ခု ပေါ်ထွက် လာခဲ့လေသည်။
ထိုအခန်းမှာ ချန်စီကျိန်း နေထိုင်သည့် အခန်းနှင့် အရွယ်အစား အတူတူပင်ဖြစ်ကြောင်း ယောင်ရန် သတိ ပြုမိလိုက်ပြီး ပြောလိုက်လေသည်။
"ဒီနေရာက လုံလောက်ပါတယ်…"
လက်ကို ဝေ့ယမ်းလိုက်သည်နှင့် သူမ၏ နေရာလွတ်ထဲမှ ဆန်အိတ်များ၊ ဂျုံမှုန့်များ၊ အသားခြောက်များ၊ ဟင်းသီးဟင်းရွက်ခြောက်များ၊ မှိုခြောက်များနှင့် စည်သွတ်ဘူး အချို့ကို ထုတ်ယူပေးလိုက်လေသည်။