← Chapters

အခန်း ၃၇၉

Vol. 38 Ch. 379

အခန်း ၃၇၉

Vol. 38 Ch. 379

အခန်း (၃၇၉) ထိတ်လန့်ဖွယ် သတင်းအချက်အလက်

ဖိုင်ကို စစ်ဆေးပြီးနောက် ယောင်ရန်သည် ၎င်းကို စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး မေးလိုက်လေသည်။

"ဒီစာရင်းထဲက နာမည်တွေဟာ 'သေတ္တာတော်' နဲ့ တကယ်ပဲ ပတ်သက်နေတာ သေချာလား…"

ယွမ်ရီဟွေးက ခေါင်းငြိမ့်ပြသည်။

"ဟုတ်ကဲ့… မမဆီ နာမည်တွေ မပေးခင်မှာ သူတို့ တစ်ယောက်ချင်းစီကို ကျွန်တော် သေသေချာချာ စုံစမ်းခဲ့တာပါ…"

ယောင်ရန်နှင့် လုံယုတို့၏ မှိုင်ညို့နေသော မျက်နှာများကို ကြည့်ရင်း ယွမ်ရီဟွေးက ထပ်လောင်း ပြောကြားလိုက်လေသည်။

"ယုံရခက်မယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ သတင်းကတော့ အတိအကျပါပဲ… တုကျောက်ရီဟာ 'သေတ္တာ တော်' ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို ဒီစခန်းက အဆင့်မြင့်အရာရှိ တစ်ဝက်လောက်ဟာလည်း အဲ့ဒီ အဖွဲ့နဲ့ ပတ်သက်နေကြတာပါ…"

ထိုစကားကို ကြားသော် လုံယုသည် ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ရန်ရန်... ငါတို့ ဒုတိယတပ်မတော်နဲ့ လုပ်နေတဲ့ အရောင်းအဝယ် အားလုံးကို ရပ်ပစ်သင့်ပြီ… တုကျောက်ရီ က သူတို့ရဲ့ တပ်မှူးဖြစ်နေတာရယ်၊ 'သေတ္တာတော်' နဲ့ ပတ်သက်နေတာရယ်ကြောင့် သူ့ကို ဆက်ပြီး ဆက်သွယ်နေဖို့က မင်းအတွက် အရမ်း အန္တရာယ်များလွန်းတယ်…."

ယောင်ရန်က သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်လေသည်။ သူမ ခေတ္တရပ်လိုက်ပြီး..၊

"ဒုတိယတပ်မတော်ထဲက စစ်သည်တွေအတွက်ပဲ ကျွန်မ စိတ်ပူမိတာ.." ဟု ဆိုသည်။

သူမ၏ စကားကို စဉ်းစားရင်း လုံယုက "အစ်ကိုယွမ်... ဘယ်စစ်သည်တွေက 'သေတ္တာတော်' နဲ့

ပတ်သက်နေလဲဆိုတာ ခွဲခြားနိုင်မလား?" ဟု မေးလိုက်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ယွမ်ရီဟွေးက "လုပ်လို့တော့ ရပါတယ်၊ ဒါပေမဲ့

ဒုတိယတပ်မတော်မှာ စစ်သည် ခြောက်သောင်းကျော် ရှိတယ်။ သူတို့အားလုံးကို

စုံစမ်းဖို့ဆိုရင် အချိန်နဲ့ အရင်းအမြစ်တွေ အများကြီး လိုလိမ့်မယ်" ဟု ပြန်ဖြေသည်။

စစ်သည် တစ်ဦးချင်းစီကို ခွဲခြားဖော်ထုတ်ရန်မှာ မဖြစ်နိုင်သလောက် ရှိသဖြင့်

သူတို့သည် အခြားနည်းလမ်းများကို ရှာဖွေရန် လိုအပ်လာသည်။

နောက်ထပ် စဉ်းစားချက်တစ်ခုဖြင့် ယောင်ရန်က မေးလိုက်လေသည်။

"အစ်ကိုယွမ်... ဒုတိယတပ်မတော်က သူတို့ရဲ ရိက္ခာတွေကို ဘယ်လိုရလဲဆိုတာ သိလား…."

ယွမ်ရီဟွေးက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။

"သူတို့ရဲ့ အဓိက ရိက္ခာအရင်းအမြစ်ဟာ ပထမတပ်မတော်ရဲ့ ဂိုဒေါင်ဖြစ်တယ်လို့ ကျွန်တော် ကြားထား တယ်…"

"ပထမတပ်မတော်ရဲ့ ဂိုဒေါင်ကနေလား… ဘာကို ဆိုလိုတာလဲ…"

ယောင်ရန်က ထပ်မံ စုံစမ်းလိုက်လေသည်။

ယွမ်ရီဟွေးက ရှင်းပြလေသည်။

"တုကျောက်ရီဟာ ဒုတိယတပ်မတော်ရဲ့ တပ်မှူးဆိုတဲ့ ရာထူးကို အသုံးပြုပြီး တပ်မှူးရွှီဆီကနေ စစ် အသုံးစရိတ်တွေကို တောင်းခံနေတာ… ဒုတိယတပ်မတော်ဟာ စခန်းရဲ့ လုံခြုံရေးအတွက် တာဝန်ရှိ တယ်လို့ အကြောင်းပြပြီး သူတို့မှာ ရိက္ခာတွေ ရပိုင်ခွင့်ရှိတယ်လို့ အခိုင်အမာ ပြောနေတာပါ…"

"ဒါဟာ စစ်တပ်မှာ လုပ်လေ့လုပ်ထရှိတဲ့ ပုံမှန်အလေ့အထပဲ မဟုတ်ဘူးလား…"

သူပြောသည့်စကားကြောင့် ယောင်ရန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဟုတ်ပါတယ်" ဟု ယွမ်ရီဟွေးက ဝန်ခံလေသည်။

"ဒါပေမဲ့ ရိက္ခာတွေကို လိုက်လံရှာဖွေနေတာက ပထမတပ်မတော်ပဲ၊ တုကျောက်ရီကတော့ ဒုတိယတပ် မတော်က စစ်သည်တွေကို သူတို့နဲ့အတူ သွားကူဖို့ တားမြစ်ထားတယ်…"

သူ ခေတ္တရပ်လိုက်ပြီး ထပ်လောင်း ပြောလိုက်လေသည်။

"တုကျောက်ရီရဲ့ တကယ့်ရည်ရွယ်ချက်ဟာ ဒုတိယတပ်မတော်အတွက် ရိက္ခာရဖို့တင် မဟုတ်ဘဲ ပထမ တပ်မတော်ရဲ့ အာဏာနဲ့ သြဇာလွှမ်းမိုးမှုကို အားနည်းသွားအောင် လုပ်ဖို့လို့ ကျွန်တော် ယုံကြည်တယ်…"

သူ့စကားကို နားထောင်ပြီးနောက် ယောင်ရန်သည် မျက်လွှာချလိုက်ကာ တွေးတောနေမိလေသည်။

*တုကျောက်ရီက တကယ်ပဲ သေတ္တာတော် ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထား မိဘူး… အခုတော့ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးလာပြီ… ဒီအချက်အလက်အသစ်နဲ့အတူ ငါ့ရဲ့ အစီ အစဉ်တွေကို ပြန်ပြီး ညှိနှိုင်းရမယ် ထင်တယ်…*

ခေတ္တမျှ တွေးပြီးနောက် ယောင်ရန်သည် ယွမ်ရီဟွေးကို မော့ကြည့်ကာ ပြောလိုက်လေသည်။

"အစ်ကိုယွမ်... အစ်ကို့ဆီကနေ အကူအညီတစ်ခု လိုချင်ပါတယ်…."

သူမ၏ စကားကြောင့် ယွမ်ရီဟွေးက မျက်ခုံးပင့်လိုက်ကာ တဟားဟား ရယ်မောရင်း ပြန်ဖြေလိုက်လေ သည်။

"မစ္စယောင်ရန်... ကျွန်တော်တို့ရဲ့ ပတ်သက်မှုအရ ဒီလောက်အထိ အားနာစရာ မလိုပါဘူး… ဘာလိုအပ် သလဲသာ ပြောပါ၊ ကျွန်တော် တတ်နိုင်သလောက် အကုန်ကူညီပေးပါ့မယ်…"

ယောင်ရန်က ပြုံးကာ ပြောလိုက်လေသည်။

"ချန်စီကျိန်းကို စွမ်းအားရှင်တွေ ထပ်ပြီး စုဆောင်းရာမှာ အစ်ကို့ကို ကူညီပေးစေချင်တယ်… များလေ ကောင်းလေပဲ… အစ်ကိုတို့ နှစ်ယောက်လုံးအတွက် ပုံပျက်ယွင်းမှု ကုသဆေးတွေကို ကျွန်မ ထောက်ပံ့ ပေးမယ်… အဲ့ဒီဆေးကို အသုံးပြုပြီး စွမ်းအားရှင်တွေကို ဆွဲဆောင်ပြီး စုဆောင်းလို့ ရတာပေါ့…"

ထိုစကားကို ကြားသော် ယွမ်ရီဟွေးမှာ အံ့အားသင့်သွားခဲ့လေသည်။ သူ သတိပြန်ဝင်လာသောအခါ

ဒ"မစ္စယောင်ရန်... မစ္စက စခန်းတစ်ခု တည်ထောင်ဖို့ စိတ်ကူးနေတာလား…" ဟု မေးလိုက်လေသည်။

ယောင်ရန်က ခေါင်းခါပြကာ ရှင်းပြလိုက်လေသည်။

"မဟုတ်ဘူး… စခန်းတစ်ခု တည်ထောင်ဖို့က ရိက္ခာတွေရော အချိန်တွေရော အများကြီး လိုအပ်တယ်… ကျွန်မ လိုချင်တာက ချန်စီကျိန်းက ကျွန်မကိုယ်စား ကြေးစားစစ်သည်အဖွဲ့ တစ်ခုကို ဖွဲ့စည်းပေးဖို့ပါပဲ…"

သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက် ယွမ်ရီဟွေးကမေးလိုက်လေသည်။

"ဒါဆို ချန်စီကျိန်းကို အဲ့ဒီကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ခန့်ထားချင်တာလား…"

ယောင်ရန်က ခေါင်းငြိမ့်ကာ အကျယ်တဝင့် ရှင်းပြလိုက်လေသည်။

"ကျွန်မ 'သေတ္တာတော်' ကို စုံစမ်းနေတယ်ဆိုတာ အစ်ကိုသိပါတယ်… သူတို့ကို တိုက်ရိုက် ရင်ဆိုင်နိုင် လောက်အောင် မသန်မာလာမချင်း ကျွန်မကတော့ လူအများ ရှေ့ထွက်မလာဘဲ နောက်ကွယ်မှာပဲ ရှိနေဖို့ လိုတယ်လေ…"

သူမ၏ စကားများမှတစ်ဆင့် ယောင်ရန်သည် 'သေတ္တာတော်' ကို စုံစမ်းရုံတင် မဟုတ်ဘဲ သူတို့ကို တိုက် ရိုက် ရင်ဆိုင်ရန်အထိ စီစဉ်ထားကြောင်း ယွမ်ရီဟွေး ရိပ်မိသွားခဲ့လေသည်။ ထိုအတွေးက သူ၏ ကျောရိုးတစ်လျှောက်ကို စိမ့်တက်သွားစေခဲ့ပေသည်။

သူသည် ယောင်ရန်နှင့် လုံယုတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် တွေးတောနေမိလေသည်။

*ဘုရားရေ... ငါ ဘယ်လိုကိစ္စမျိုးထဲကို သက်ဆင်းမိသွားတာလဲ… ဒီရွှံ့နွံထဲကနေ ပြန်ရုန်းထွက်ဖို့ ဖြစ်နိုင်ပါဦးမလား…*

သူမ၏ စကားများကြောင့် ယွမ်ရီဟွေး ထိတ်လန့်သွားသည်ကို သတိမမူမိဘဲ ယောင်ရန်က ဆက်ပြော လိုက်လေသည်။

"အစ်ကိုယွမ်... ကျွန်မ ချန်စီကျိန်းကို အပြည့်အဝ မယုံကြည်နိုင်သေးဘူး၊ ဒါကြောင့် အစ်ကို့ကို သူ့နဲ့အတူ ကြေးစားအဖွဲ့ကို ဝိုင်းပြီး စီမံခန့်ခွဲပေးစေချင်ပါတယ်… တကယ်လို့ အစ်ကို သဘောတူမယ်ဆိုရင် အစ်ကို့ ရဲ့ လုပ်အားအတွက် ကျွန်မ ထိုက်ထိုက်တန်တန် ပေးချင်ပါတယ်…"

ဒီအခြေအနေကနေ ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ကြောင်း သိရှိသွားသဖြင့် ယွမ်ရီဟွေးသည် အံကို တင်း တင်းကြိတ်ကာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

သူသည် ယောင်ရန်၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်လေတော့သည်။

"ကောင်းပါပြီ… ကျွန်တော့်ရဲ့ လုပ်အားအတွက် ပိုက်ဆံပေးဖို့ မလိုပါဘူး၊ ဒါပေမဲ့ အဲ့ဒီအစား ကျွန်တော်က မစ္စတို့ရဲ့ အဖွဲ့ထဲကို ဝင်ချင်ပါတယ်…"

သူ ထိုသို့ ပြောလိုက်သည်နှင့် လုံယုသည် ယောင်ရန်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်း ထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လွင်နေသည်ကို သတိပြုမိလိုက်လေသည်။

သူသည် ယွမ်ရီဟွေးကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် တွေးနေမိ လေသည်။

*သူကတော့ အရောင်းခံလိုက်ရတာတောင် ရန်ရန်အတွက် ပိုက်ဆံတွေ ကူပြီး ရေတွက်ပေးနေတုန်းပဲ… အခုချိန်အထိ ဖြစ်ပျက်သမျှ အရာအားလုံးဟာ ရန်ရန်ရဲ့ အစီအစဉ်ထဲက အစိတ်အပိုင်းတွေပဲဆိုတာ သူ သိသွားတဲ့အခါ ဘယ်လိုများ တုံ့ပြန်မလဲ မသိဘူး….*

ယောင်ရန်သည် ယွမ်ရီဟွေး၏ တောင်းဆိုချက်ကို ခဏမျှ စဉ်းစားဟန် ပြုလိုက်ပြီးမှ ပြန်ဖြေလိုက်လေ သည်။

"ကောင်းပါပြီ… အစ်ကိုယွမ်က ဒီလောက်အထိ အတင်းအကျပ် ပြောနေမှတော့ ကျွန်မ လက်ခံပါ့မယ်…"

ထို့နောက် သူမသည် လက်ကို ကမ်းပေးလိုက်ကာ ထပ်လောင်း ပြောလိုက်သည်။

"အဖွဲ့ထဲကို ကြိုဆိုပါတယ် အစ်ကိုယွမ်…"

ယွမ်ရီဟွေးသည် သူမ၏ လက်ကို ဆွဲနှုတ်ဆက်လိုက်ပြီး သိသိသာသာပင် စိတ်ပျော်ရွှင်နေသော အမူ အရာဖြင့် ပြုံးပြသည်။

"ကျေးဇူးတင်ပါတယ်… ကျွန်တော်တို့အဖွဲ့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါ့မယ်…"

အခုတော့ သူတို့ သဘောတူညီမှု ရသွားပြီဖြစ်သဖြင့် ယွမ်ရီဟွေးက မတ်တပ်ရပ်လိုက်ပြီး…၊

"ဒီအစီအစဉ်ကို ကျွန်တော့်ဝမ်းကွဲအစ်ကိုကြီးကို အသိပေးဖို့ အရင်ပြန်လိုက်ဦးမယ်၊ နောက်မှ ထပ်လာခဲ့ ပါ့မယ်…"

"ကောင်းပါပြီ… ရိက္ခာတွေ သယ်ယူရလွယ်အောင် နေရာလွတ် စွမ်းအားရှင် တစ်ယောက်ပါ ခေါ်လာဖို့ မမေ့နဲ့ဦးနော်…" ဟု ယောင်ရန်က သူ့အား လိုက်ပို့ရင်း သတိပေးလိုက်သည်။

"နားလည်ပါပြီ…" ဟု ယွမ်ရီဟွေးက ပြန်ဖြေလိုက်လေသည်။

ယွမ်ရီဟွေး ထွက်ခွာသွားပြီးနောက် လုံယုက မေးလိုက်လေသည်။

"ရန်ရန်... နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ…"

ယောင်ရန်သည် ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။

"လောလောဆယ် ငါတို့ ဒီနေရာကနေ ထွက်သွားလို့ မရသေးတော့ ဒီအချိန်ကို အကျိုးရှိအောင် အသုံး ချပြီး စွမ်းအားရှင်တွေကို တတ်နိုင်သလောက် များများစားစား စုဆောင်းဖို့ပဲ စဉ်းစားထားတယ်…"

All Chapters