← Chapters

အခန်း ၃၈၀

Vol. 38 Ch. 380

အခန်း ၃၈၀

Vol. 38 Ch. 380

အခန်း (၃၈၀) သဘောပေါက်နားလည်ခြင်း

ယောင်ရန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်လောင်း ပြောကြားလိုက်လေသည်။

"ပထမတပ်မတော်နဲ့ ဒုတိယတပ်မတော်မှာရှိတဲ့ ရှင့်ရဲ့ ရဲဘော်တွေကိုလည်း ကျွန်မ စုဆောင်းချင်တယ်… အခု တုကျောက်ရီက သေတ္တာတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရပြီဆိုတော့ ဒီစစ်သည် တွေကို သူ့လက်အောက်မှာ ဆက်ထားတာဟာ တုကျောက်ရီအတွက် သူတို့ကို နယ်ရုပ်တွေ၊ လက်နက် တွေအဖြစ် အသုံးချဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်နေလိမ့်မယ်…"

လုံယုက ခေါင်းငြိမ့်ပြကာ မေးလိုက်လေသည်။

"ဒါဆို သဲမုန်တိုင်း ပြီးသွားတဲ့အခါ မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ…"

ယောင်ရန်သည် လက်ကို တင်းတင်းဆုပ်ကာ ပြတ်သားစွာ ပြန်ဖြေလိုက်လေသည်။

"ကျွန်မ ယွီချန်မြို့ကို သွားချင်တယ်…"

ထိုစကားကြောင့် လုံယုက သူမကို စိုက်ကြည့်ကာ မေးလိုက်လေသည်။

"မင်း ဒီအော်ရီဂျင် က လူတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား…"

"ဟုတ်ကဲ့… ကျွန်မရဲ့ အဘိုးက ဘာဖြစ်လို့ ယောင်လုံခြုံရေးကုမ္ပဏီ ကို တည်ထောင်ခဲ့ရသလဲဆိုတဲ့ ဆုံး ဖြတ်ချက်ရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ လိုအပ်တယ်…"

ယောင်ရန်က ပြန်ဖြေလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ပြတ်သားသော ရိပ်အယောင်များ ဝင်းပ လျက်ရှိနေလေသည်။

သူမ၏ ပြတ်သားမှုကို မြင်သော် လုံယုက ပြောလိုက်လေသည်။

"ကောင်းပြီလေ… ငါတို့ရဲ့ နောက်ထပ်လုပ်ဆောင်မယ့် အဆင့် တွေကို ဟွမ်ချန်းနဲ့ တခြားသူတွေကို အသိပေးလိုက်ပါ့မယ်…."

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်သည်။

"အင်း"

ယောင်ရန်နှင့် လုံယုတို့သည် သူတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆက်လက် လုပ်ဆောင်နေစဉ် ယွမ်ရီဟွေးမှာမူ ပျားပန်းခတ်မျှ အလုပ်ရှုပ်နေခဲ့လေတော့သည်။

လုံယု၏အဖွဲ့သို့ ဝင်ရန် သူ၏ ဆုံးဖြတ်ချက်နှင့် ယောင်ရန်၏ ကြေးစားစစ်သည်အဖွဲ့ ဖွဲ့စည်းမည့် အစီ အစဉ်ကို လင်းယီအား အသိပေးပြီးနောက် သူသည် လုပ်ငန်းများကို ညှိနှိုင်းရန် ချန်စီကျိန်းကို သွား ရောက် ရှာဖွေခဲ့လေသည်။

တစ်ဖက်တွင်လည်း လူတိုင်းသည် မိမိတို့၏ တာဝန်အသီးသီးဖြင့် အလုပ်ရှုပ်နေကြစဉ် တုကျောက်ရီ မှာမူ ဖုန်းပြောနေခဲ့လေသည်။

"ဒါရိုက်တာကောက်... ခင်ဗျား ရှာနေတဲ့ အမျိုးသမီးကို ကျွန်တော် တွေ့ပါပြီ…."

သူက အစီရင်ခံစာကို ကြည့်ရင်း ပြောလိုက်လေသည်။

သူ၏ ရုံးခန်းထဲတွင် ထိုင်နေသော ကောက်ရှုဝေသည် တုကျောက်ရီ၏ စကားကို ကြားသောအခါ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ၏ မျက်လုံးများက ခေတ္တမျှ လက်ခနဲ ဖြစ်သွားပြီးနောက် မေးလိုက် လေသည်။

"ဘယ်မှာလဲ…"

"ကျွန်တော့်ဆီမှာပေါ့…"

တုကျောက်ရီက တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

တုကျောက်ရီ ထိုသို့ပြောလိုက်သောအခါ ကောက်ရှုဝေသည် နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားခဲ့လေ သည်။ မည်သည့် တုံ့ပြန်မှုမျှ မရရှိသဖြင့် တုကျောက်ရီက မေးလိုက်ပြန်လေသည်။

"ဒါရိုက်တာကောင်း... သူ့ကို ခင်ဗျားဆီ ခေါ်လာပေးရမလား…"

"မလိုဘူး…သူ့ကိုပဲ စောင့်ကြည့်ထားပါ၊ တစ်ခုခု ထူးခြားတာရှိရင် ငါ့ကို အစီရင်ခံပါ…"

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် ကောက်ရှုဝေက ပြန်ဖြေလိုက်လေသည်။

ထိုစကားကြောင့် တုကျောက်ရီ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှုနှင့် စူးစမ်းလိုစိတ်များ ဖြတ်ပြေး သွားသော်လည်း သူက တည်ငြိမ်စွာပင်နာခံလိုက်လေသည်။

"နားလည်ပါပြီ…"

ထိုသို့ပြောပြီးနောက် တုကျောက်ရီသည် ဖုန်းချလိုက်လေသည်။ သူသည် စားပွဲကို ဖြည်းဖြည်းချင်း ခေါက်ရင်း ရေရွတ်လိုက်လေသည်။

"မင်းက သူမကို ရှာဖို့ အရင်းအမြစ်တွေ အများကြီး အသုံးချခဲ့ပြီးတော့ အခု ငါ အဖြေပေးလိုက်တဲ့အခါ ကျမှ စောင့်ကြည့်ခိုင်းရုံပဲ ရှိတယ်ပေါ့လေ… ကောက်ရှုဝေ... မင်း ဘာတွေ ကြံစည်နေတာလဲ…"

တုကျောက်ရီသည် ကောက်ရှုဝေ၏ ရည်ရွယ်ချက်ကို ခန့်မှန်းနေစဉ် ကောက်ရှုဝေမှာမူ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ကွန်ပျူတာထဲမှ လျှို့ဝှက်ဖိုင် တစ်ခု ကို ဖွင့်လိုက်လေသည်။ ၎င်းကို သေသေချာချာ ဖတ်ရှုပြီးနောက် သူသည် အမှန်တရားကို သိရှိ သွားသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ရုတ်တရက် တခွိခွိ ရယ်မောလိုက်ကာ စိတ်ကြည်လင် နေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။

"အရာအားလုံးက အရင်လို မဟုတ်တော့တာ မဆန်းပါဘူး…ဒီတစ်ခါတော့ ငါ လိုချင်တာကို ရနိုင်တော့ မှာပဲ…"

သူသည် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် ဖုန်းကို ကောက်ကိုင်ကာ နံပါတ်တစ်ခုသို့ ခေါ်လိုက် သည်။ ဖုန်းလိုင်း ချိတ်ဆက်သွားသောအခါ သူက မှာလိုက်လေသည်။

"အစ်ကို... ကျွန်တော့်အတွက် တုကျောက်ရီကို မျက်စိဒေါက်ထောက် ကြည့်ပေးထားပါ… သူ အမိန့် မရဘဲ ဘာမှ မလုပ်စေနဲ့…"

တစ်ဖက်မှ လူက ပြန်ဖြေလိုက်လေသည်။

"ကောင်းပြီ…"

"ကျေးဇူးပဲ…."

ဖုန်းချလိုက်ပြီးနောက် ကောက်ရှုဝေသည် သူ၏ ကုလားထိုင်ပေါ်တွင် နောက်ကိုမှီလိုက်ကာ နွမ်းနယ် နေသော မျက်လုံးများကို ပွတ်သပ်လိုက်လေသည်။ သူသည် သက်ပြင်းချလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"အဘိုး... ဒီတစ်ခါတော့ အဘိုးရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်…."

တစ်ပတ်အကြာတွင် ယောင်ရန်သည် အပြင်ဘက်မှ ဆူညံသံများကြောင့် နိုးလာခဲ့လေသည်။ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ သူမ၏ နာရီမှာ မနက် (၆) နာရီ ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ သူမဘေးတွင် လူမရှိသည်ကို မြင်သဖြင့် မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်ခဲ့လိုက်လေသည်။

ထို့နောက် သူမ ဧည့်ခန်းထဲသို့ ထွက်လာသော်လည်း လုံယုကို မတွေ့ရပေ။ မကြာမီမှာပင် စားပွဲပေါ်ရှိ စာတိုလေးတစ်စောင်ကို တွေ့ရှိသဖြင့် သူမ ဖတ်ကြည့်လိုက်လေသည်။

[ရန်ရန်... တစ်ခုခု ဖြစ်လို့ ငါ အပြင်ကို သွားစစ်ကြည့်လိုက်ဦးမယ်… နိုးလာရင် ငါ ပြန်လာတာကို စောင့်နေပါဦးနော်…]

စာကို ဖတ်ပြီးနောက် လုံယုသည် တစ်စုံတစ်ခုကို သွားရောက်စစ်ဆေးရန် ထွက်သွားကြောင်း သိလိုက် ရသဖြင့် ယောင်ရန်သည် အိပ်ခန်းထဲသို့ ပြန်ဝင်ကာ သူမ၏ နေရာလွတ်ထဲသို့ ဝင်၍ တိရစ္ဆာန်များနှင့် ကောက်ပဲသီးနှံများကို ပြုစု နေလိုက်လေသည်။ သူမ နေရာလွတ်ထဲမှ ပြန်ထွက်လာချိန်တွင် လုံယု ရောက်ရှိနေပြီဖြစ်သည်။

သူမ အိပ်ခန်းထဲတွင် ပေါ်လာသည်နှင့် ဧည့်ခန်းထဲမှ တီးတိုး စကားပြောသံများကို ကြားလိုက်ရသဖြင့် စူးစမ်းလိုစိတ်ဖြင့် လမ်းလျှောက် ထွက်လာခဲ့လေသည်။ ဧည့်ခန်းထဲရှိ လူများသည် သူမကို မြင် သောအခါ နွေးထွေးစွာ နှုတ်ဆက်ခဲ့ကြလေသည်။

သူတို့ကို မြင်လိုက်ရသဖြင့် ယောင်ရန်မှာ အံ့သြသွားကာ မေးလိုက်လေသည်။

"ကပ္ပတိန်လီ၊ အစ်ကိုယွမ်၊ သူဌေးလင်း၊ ချန်စီကျိန်း... အားလုံးပဲ ဒီနေ့ ဘာကိစ္စများ ရှိလို့ ဒီကို ရောက် လာကြတာလဲ…."

သူမ လုံယုဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် ရွှီရွှမ်းက ပြန်ဖြေလိုက်လေသည်။

"အခု သဲမုန်တိုင်း ပျောက်သွားပြီဆိုတော့ ဘာဆက်လုပ်ကြမလဲဆိုတာ တိုင်ပင်ဖို့ လာကြတာပါ…."

ထိုစကားကြောင့် ယောင်ရန်က မေးလိုက်လေသည်။

"ဒါ သတင်းကောင်းပဲ… ကျွန်မတို့ မြေအောက်ခိုလှုံရေးစခန်းကနေ ဘယ်တော့ ထွက်လို့ရမလဲ…"

သူမ၏ မေးခွန်းကြောင့် အခြားသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။ သူတို့၏ တုံ့ ဆိုင်းနေသော အမူအရာကို သတိပြုမိသဖြင့် ယောင်ရန်က လုံယုဘက်သို့ လှည့်ကာ မေးလိုက်လေ သည်။

"ဘာဖြစ်လို့လဲဟင်…."

လုံယုက ပြန်ဖြေလိုက်လေသည်။

"သဲမုန်တိုင်းကတော့ ပြီးသွားပြီ၊ ဒါပေမဲ့ 'ထာဝရည' က စတင်နေပြီ…."

သူ့စကားကြောင့် ယောင်ရန်၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားတော့သည်။

အခြားသော သဘာဝဘေးအန္တရာယ်များနှင့် နှိုင်းယှဉ်လျှင် ထာဝရညသည် အသက်အန္တရာယ် အစိုး ရိမ်ရဆုံး မဟုတ်သော်လည်း ၎င်းသည် လူသားတို့၏ စိတ်ဓာတ်ကို အောက်ဆုံးထိရောက်သွားနိုင်ချေ အများဆုံး ဖြစ်စေပြီး ကောက်ပဲသီးနှံများ ကြီးထွားမှုကို နှေးကွေးစေနိုင်ပေသည်။

နေရောင်ခြည် မရှိပါက အသက်ရှင်ကျန်ရစ်သူများသည် လျှပ်စစ်ဓာတ်အားအပေါ်တွင်သာ မှီခိုရပေ လိမ့်မည်။ သို့သော်လည်း ဓာတ်ဆီမှာ အကန့်အသတ် ရှိနေသလို ထာဝရညဉ့်အတွင်း၌ နေရောင်ခြည်သုံး ဂျင်နရေတာများမှာလည်း အသုံးမဝင်တော့ပေ။ အလင်းရောင်နှင့် အစားအစာ မရှိပါက မကြာမီမှာပင် ဖရိုဖရဲ ဖြစ်မှုများ ပေါက်ကွဲထွက်လာပေလိမ့်မည်။

"အခု စခန်းက ဘာလုပ်ဖို့ စီစဉ်ထားလဲ…"

ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။

ရောက်ရှိနေသူများထဲတွင် လီထျန်းယု တစ်ဦးတည်းသာလျှင် ထိုကဲ့သို့သော သတင်းအချက်အလက် များကို ရယူနိုင်သူ ဖြစ်သည်။

လူတိုင်း၏ အကြည့်များအောက်တွင် သူက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

"မြေအောက်ခိုလှုံရေးစခန်းဟာ လျှပ်စစ်ဓာတ်အားအပေါ်မှာ အများကြီး မှီခိုနေရတာမို့လို့ တပ်မှူးရွှီ၊ တပ်မှူးတုနဲ့ အဆင့်မြင့်အရာရှိတွေအားလုံးဟာ လူတိုင်းကို မြေပြင်ပေါ်ကို ပြန်ပြီး ရွှေ့ပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ကြပါပြီ…. ဒါပေမဲ့ စခန်းက သူတို့အတွက် နေ့စဉ် ရိက္ခာတွေကိုတော့ ထောက်ပံ့ပေး တော့မှာ မဟုတ်ပါဘူး…."

"စခန်းတံခါးတွေကို (၂၄) နာရီလုံး ဖွင့်ထားပေးမှာဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူတွေဟာ အချိန်မရွေး ထွက်သွားလို့ ရပါတယ်၊ ဒါပေမဲ့ စခန်းကနေ ထွက်သွားတဲ့သူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် စစ်သည် တွေမှာ တာဝန်မရှိတော့ပါဘူး…"

ထိုစကားကို ကြားပြီးနောက် ယောင်ရန်သည် အခြေအနေကို သုံးသပ်ကာ မေးလိုက်လေသည်။

"ကပ္ပတိန်လီ... နေရာရွှေ့ပြောင်းတာကို ဘယ်တော့ စမလဲဆိုတာ သိလား…."

"ဘာမှ အပြောင်းအလဲ မရှိရင်တော့ ဒီနေ့ မွန်းတည့်အချိန်မှာ စလိမ့်မယ်…." ဟု လီထျန်းယုက ပြန် ဖြေလေသည်။

သူမ နက်နက်နဲနဲ စဉ်းစားနေသည်ကို သတိပြုမိသဖြင့် လုံယုက မေးကြည့်လိုက်လေသည်။

"ရန်ရန်... မင်းမှာ အစီအစဉ် ရှိလို့လား…."

ယောင်ရန်က အတွေးထဲမှ ပြန်ထွက်လာပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။

"စခန်းက တရားဝင် မကြေညာခင်မှာပဲ ကျွန်မ ဒီနေရာကနေ ထွက်သွားချင်တယ်…." ဟု ပြတ်သားစွာ ပြန် ဖြေလိုက်လေတော့သည်။

All Chapters