အခန်း ၄၃၂
Vol. 44 Ch. 432
အခန်း ( ၄၃၂ ) မိတ်ဆက်ပေးခြင်း
ချီမင်းသားက သူ၏ နောင်တော်ဖြစ်သူ အိမ်ရှေ့စံမင်းသားသည် သူ့ကို ချန်လှပ်ထားခဲ့ကြောင်း မြင်သည့်အခါ အလျင်အမြန် ဝင်ပြောလိုက်၏။ "ခမည်းတော်... သခင်လေးကျန်းကို သားတော်က ရှာတွေ့ခဲ့တာပါ... ဒါကြောင့် သားတော်လည်း ပါသင့်ပါတယ်..."
အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်သည်။ "ညီတော်ခုနစ် ငါတို့နဲ့ လိုက်တာက သင့်တော်ပါတယ်... ဒါပေမဲ့ ခမည်းတော်က တိုင်းပြည်ရဲ့ အုတ်မြစ်ဖြစ်လို့ အန္တရာယ်များတဲ့ နေရာတွေကို အလွယ်တကူ မသွားသင့်ပါဘူး... သားတော်က ခမည်းတော်ရဲ့ ကိုယ်စား သွားရောက်ပြီး အခြေအနေ အမှန်ကို စုံစမ်းချင်ပါတယ်..."
"မရဘူး..." ဟုန်ဝူဧကရာဇ်က ပြတ်သားစွာ ငြင်းပယ်လိုက်၏။ "ငါကိုယ်တော် ကိုယ်တိုင် သွားမယ်..."
"ခမည်းတော်...." အိမ်ရှေ့စံမင်းသား၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားရသည်။ "လုံးဝ မဖြစ်ပါဘူး.. အကယ်၍ တစ်ခုခု မှားယွင်းသွားခဲ့ရင်..."
ဟုန်ဝူဧကရာဇ်က သူ၏ လက်ကို မြှောက်ကာ ကြားဖြတ်ပြောလိုက်၏။ "ငါကိုယ်တော်က တိုင်းပြည်ရဲ့ အရှင်သခင်ဖြစ်နေတဲ့အတွက်ကြောင့်ကိုပဲ မင်မင်းဆက်ရဲ့ အနာဂတ်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်သင့်တာပေါ့..."
သူက ခွန်းနင် နန်းဆောင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ အသံက လေးနက်နေချေသည်။ "အကယ်၍ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် မူဝါဒတွေကို တကယ်ပြန်ယူလာနိုင်မယ်ဆိုရင်... အန္တရာယ် နည်းနည်းပါးပါး စွန့်ရတာက တန်ပါတယ်..."
အိမ်ရှေ့စံမင်းသားက ဆက်လက် တားမြစ်ရန် ကြိုးစားသော်လည်း ဟုန်ဝူဧကရာဇ်က ဆုံးဖြတ်ချက် ချပြီးနေပြီ ဖြစ်၏။ "အိမ်ရှေ့စံမင်းသားက နိုင်ငံတော် ကိစ္စတွေကို ကြပ်မတ်ပြီး ဝေ့မြို့စားကြီးက အုပ်ချုပ်ရေးကို ကူညီလိမ့်မယ်... ဒါက အတည်ပဲ..."
ချီမင်းသားက တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ပြီး သူ၏ စိတ်ကူးထဲတွင် သံမြင်းကြီးများ တိုင်းပြည်အနှံ့ ဒုန်းစိုင်းပြေးနေသည့် မြင်ကွင်းများကို မတွေးဘဲ မနေနိုင်အောင် ဖြစ်နေရသည်။
အိမ်ရှေ့စံမင်းသားက သူ၏ ခမည်းတော်၏ ပြတ်သားသည့် ဘေးတိုက်ရုပ်သွင်ကို ကြည့်ရင်း တိုင်းပြည်ကို တည်ထောင်ခဲ့သည့် ဤဧကရာဇ်ကြီးက ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားပြီဆိုလျှင် ပြောင်းလဲရန် အလွန်တရာ ခက်ခဲကြောင်း သူ ကောင်းကောင်း သိနေခဲ့၏။
စာရင်း အတည်ပြုပြီးနောက် ဟုန်ဝူဧကရာဇ်က ထိုလူများကို ဆင့်ခေါ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
မနက် ၃:၄၅ အချိန်တွင် လီရှန်ချန်းသည် အတွင်းဝန်ရုံးရှိ သူ၏ရုံးခန်းတွင် အစီရင်ခံစာများကို စစ်ဆေးနေစဉ် ရွှေရောင်ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည့် နန်းတွင်း မိန်းမစိုးတစ်ဦးက သူ့အား အရေးပေါ် လာရောက် ဆင့်ခေါ်သည်ကို ရုတ်တရက် တွေ့လိုက်ရ၏။
သူက နန်းတွင်းဝတ်စုံကို အလျင်အမြန် လဲလှယ်ဝတ်ဆင်ပြီး နန်းတော်သို့ အပြေးအလွှား သွားခဲ့ရာ ဝူမန်တံခါးအပြင်ဘက်တွင် ရှတာ၏ ဝေါယာဉ်နှင့် မတော်တဆ ဆုံတွေ့ခဲ့ရသည်။
"ညီတော် ထျန်းသဲ...အရှင်မင်းကြီးက ဘာကြောင့် ဒီလောက် အရေးတကြီး ဆင့်ခေါ်တယ်ဆိုတာကို မင်း သိလား..." လီရှန်ချန်းက ဝေါယာဉ်၏ လိုက်ကာကို မတင်ကာ တိုးတိုးလေး မေးလိုက်၏။
(NT- ရှတာ၏ ငယ်နာမည်ပါ)
ရှတာက ခေါင်းခါလိုက်လေသည်။ "နန်းတော်က အရမ်းကို နှုတ်လုံလွန်းတယ်... ငါတောင် ဘာမှ ကြားမထားဘူး..."
ဖုန်းထျန်တံခါးသို့ ရောက်ရှိချိန်တွင် စုန့်လျန် နှင့် ဝူလင်းကဲ့သို့သော အရေးကြီးသည့် အမတ်ကြီးများ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့ တွေ့လိုက်ရ၏။ လူတိုင်းက တစ်ယောက်ကို တစ်ယောက် စိုးရိမ်ပူပန်မှု ကြီးစွာဖြင့် အကြည့်ချင်း ဖလှယ်နေကြလေသည်။
သူတို့ ရှစ်ဦး စာကြည့်ဆောင်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ ဝန်ကြီးဌာနခြောက်ခုမှ ဓလေ့ထုံးတမ်းရေးရာ ဝန်ကြီးနှင့် တရားရေးဝန်ကြီးတို့သာ ပျောက်ဆုံးနေကြောင်းကို တွေ့ရှိလိုက်ရသည့်အခါ လီရှန်ချန်းနှင့် ရှတာတို့က လေးနက်သည့် အကြည့်များ ဖလှယ်လိုက်ကြ၏။
ဤကဲ့သို့သော အင်အားစုမျိုးကို ဆင့်ခေါ်ထားခြင်းက ကြီးမားသည့် ကိစ္စတစ်ခုခုဖြစ်တော့မည်ကို ဆိုလိုသော်လည်း မည်သည့်ကိစ္စမှန်း သူတို့ မသိကြချေ။
လူအများစုက လာမည့်ရက်များအတွင်း ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို တွေးတော ခန့်မှန်းနေခဲ့ကြသည်။
သို့သော် သေချာ စဉ်းစားကြည့်သည့်အခါ မာမိဖုရားခေါင်ကြီး၏ ကျန်းမာရေးအခြေအနေမှလွဲ၍ ဧကရာဇ်အား ဤမျှ အရေးကြီးသည့် အခြေအနေမျိုး ဖြစ်သွားစေရန် အခြားအကြောင်းပြချက် မရှိနိုင်ချေ။
မထင်မှတ်ထားတာ တစ်ခုခုများ ဖြစ်သွားခဲ့တာလား....
ဒါကြောင့် သူတို့ သတင်းမကြားရတာလား...
လူတိုင်းက အတွေးကိုယ်စီ နစ်မြောနေကြသော်လည်း စာကြည့်ဆောင်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူတို့ အားလုံး တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး ခေါင်းရင်းတွင် ထိုင်နေသည့် ဧကရာဇ်ကို ရိုသေစွာ ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။
"ဒီအစေခံတွေက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..."
ဟုန်ဝူဧကရာဇ်က နဂါးပလ္လင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး သူ၏မျက်နှာအမူအရာက ထူးထူးခြားခြား ကြည်လင်နေချေသည်။ "ထကြလော့... မင်းတို့ကို ဒီနေ့ ဆင့်ခေါ်လိုက်ရတာက ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု ပေးချင်လို့ပဲ..."
လူတိုင်းက ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပြီး သူတို့၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများက ကြီးထွားလာရ၏။
သို့သော် ထိုအချိန်တွင် ဧကရာဇ်က ဖြည်းညှင်းစွာ ကြေညာလိုက်လေသည်။ "မနက်ဖြန်... ကြီးမားတဲ့ နတ်ဘုရားစွမ်းရည်ရှိတဲ့ သခင်လေးတစ်ယောက်က မင်းတို့ အားလုံးကို နောင် နှစ်ပေါင်း ၆၄၂ နှစ် အကြာက အနာဂတ်ကမ္ဘာကို သွားကြည့်ဖို့ ခေါ်သွားလိမ့်မယ်..."
သူ စကားပြောပြီးသည်နှင့် အခန်းတစ်ခုလုံးက တိတ်ဆိတ်သွား၏။
ရှတာ၏ မျက်လုံးများက ပြူးကျယ်သွားပြီး လီရှန်ချန်းမှာ တံတွေး နင်တော့မတတ် ဖြစ်သွားကာ စုန့်လျန်၏ မုတ်ဆိတ်ဖြူများက တုန်ယင်သွားပြီး အမြဲတမ်း တည်ငြိမ်နေတတ်သည့် မောင်းရှန်ပင်လျှင် အသက်ရှိုက်လိုက်မိသည်။
ဝူလင်းက မနေနိုင်ဘဲ မေးလိုက်၏။ "နောက်နှစ်ပေါင်း ခြောက်ရာကျော် အကြာ ဟုတ်လား..."
ဟုန်ဝူဧကရာဇ်က လူတိုင်း၏ မျက်နှာပေါ်ရှိ ထိတ်လန့်နေသည့် အမူအရာများကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေလိုက်သည်။ "ဟုတ်တယ်..."
စာကြည့်ဆောင်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသည့် တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွားခဲ့၏။ အဆင့်မြင့် အမတ်ကြီး ရှစ်ဦးစလုံး ခေါင်းငုံ့ကာ ရွှေရောင်ကြမ်းပြင်ကို စိုက်ကြည့်နေကြပြီး သူတို့၏ နှလုံးသားထဲတွင် မုန်တိုင်းများ ထန်နေခဲ့ချေပြီ။
လီရှန်ချန်းက အရင်ဆုံး ရှေ့ထွက်လာပြီး သူ၏ အသံက တုန်ယင်နေခဲ့သည်။ "အရှင်မင်းကြီး... အနာဂတ်အကြောင်းပြောတယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိတဲ့ ကိစ္စပါ... ဒီလူက သေချာပေါက် လူလိမ် မှော်ဆရာ တစ်ယောက် ဖြစ်ရမယ်..."
"ကျွန်တော်မျိုး ထောက်ခံပါတယ်...." ရှတာ၏ မျက်လုံးများက ပြူးကျယ်နေခဲ့၏။ "ကျွန်တော်မျိုးရဲ့ အနှစ်သုံးဆယ်ကြာ စစ်ပွဲတွေထဲမှာ ဒီလို ထူးဆန်းတဲ့ သဘာဝလွန် ကိစ္စမျိုး တစ်ခါမှ မကြားဖူးပါဘူး..."
စုန့်လျန်၏ မုတ်ဆိတ်ဖြူများက တုန်ယင်နေပြီး အရေးတကြီး ပြောလိုက်ပြန်သည်။ "အကယ်၍ သူက အတိတ်နဲ့ ပစ္စုပ္ပန်ကြား တကယ်ပဲခရီးသွားနိုင်တယ်ဆိုရင် တိုင်းပြည်အုပ်ချုပ်ဖို့အတွက် အကြံကောင်းတစ်ခုလောက်ပေးပါလို့ တောင်းဆိုကြည့်လိုက်ပါလား... ဒီလုပ်ရပ်က ရှင်းရှင်းကြီးကို လျှို့ဝှက်ဆန်းကြယ်သယောင် ဟန်ဆောင်နေတာပါ..."
လုပ်ငန်းဝန်ကြီး လျိုကျုံးကျိုးက ရုတ်တရက် ဒူးထောက်ကာ ဦးချလိုက်၏။ "အကယ်၍ ကျွန်တော်မျိုးတို့ရဲ့ တာဝန်တွေကို ပျက်ကွက်ခဲ့မယ်ဆိုရင် ပြစ်ဒဏ်ကို ခံယူဖို့ ဆန္ဒရှိပါတယ်... ဒါပေမဲ့ အရှင်မင်းကြီးအနေနဲ့ လူဆိုးတွေရဲ့ လှည့်စားမှုကို မခံရပါစေနဲ့လို့ အလေးအနက် တောင်းဆိုပါတယ်..."
ဤစကားများက လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။
အရှင်မင်းကြီးက အမတ်ဟောင်းတွေကို ရှင်းထုတ်ဖို့ ဒီလို နည်းလမ်းမျိုးကို အသုံးပြုနေတာများလား...
လီရှန်ချန်းက ဟုန်ဝူဧကရာဇ်၏ မျက်နှာအမူအရာကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်ရာ ဧကရာဇ်၏ နှုတ်ခမ်းထက်တွင် အပြုံးသဲ့သဲ့လေး ပေါ်နေသည်ကို တွေ့လိုက်ရ၏။
"မင်းတို့ အားလုံး..." ဟုန်ဝူဧကရာဇ်က နဂါးစားပွဲကို ညင်သာစွာ ခေါက်လိုက်သည်။ "မင်းတို့ အားလုံးက ငါကိုယ်တော် ဇရာထောင်းနေပြီလို့ ထင်နေကြတာလား..."
"ဒီအစေခံတွေ ဘယ်လိုလုပ် အဲ့လို ထင်ရဲပါ့မလဲ..." လူအုပ်က အလျင်အမြန် ဒူးထောက်လိုက်ကြ၏။
ဟုန်ဝူဧကရာဇ်က လူတိုင်း၏ ပြောင်းလဲနေသည့် အမူအရာများကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်လေသည်။ "ငါကိုယ်တော်နဲ့ ချီမင်းသားလည်း အတူတူ သွားမှာပဲ..."
ဤစကားများက အလေးအနက် အကြံဉာဏ်ပေးရန် ပြင်ဆင်နေသည့် အဆင့်မြင့် အမတ်ကြီး ရှစ်ဦးကို အေးခဲသွားစေသည့် ဂါထာတစ်ခုကဲ့သို့ပင်။
ဧကရာဇ်ကိုယ်တိုင် သွားရောက်မည်ဆိုသည့် ကိစ္စက လူတိုင်းကို အံ့အားသင့်သွားစေချေသည်။
တစ်ချိန်တည်းမှာပင် ဧကရာဇ်က အတည်ပြောနေခြင်းဖြစ်ပြီး သူတို့ကို စမ်းသပ်နေခြင်း မဟုတ်ကြောင်း၊ သူတို့ကို ဒုက္ခပေးရန် အကြောင်းပြချက် ရှာနေခြင်း မဟုတ်ကြောင်းကိုပါ သဘောပေါက်သွားစေ၏။
ထို့နောက် ဧကရာဇ်က ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ပြီး စားပွဲပေါ်ရှိ တက်ဘလက် ကွန်ပျူတာလေးကို ယူလိုက်သည်။
မိန်းမစိုးချုပ်က တက်ဘလက်ကို ယူကာ ထိုနေရာတွင် ရှိနေသည့် နန်းတွင်း အမတ်ကြီးများကို ဂရုတစိုက် လိုက်လံ ပြသလိုက်၏။
အမတ်ကြီးများက အသစ်အဆန်းဖြစ်ပြီး ပါးလွှာလှသည့် သတ္တုပစ္စည်းလေးကို သိချင်စိတ်များ၊ သံသယများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
မိန်းမစိုးချုပ်က ဗီဒီယိုကို ဖွင့်လိုက်သည့်အခါ တက်ကြွလှသည့် အရောင်အသွေးစုံလင်လှသော မြင်ကွင်းများ ထွက်ပေါ်လာရာ သူတို့အားလုံးဟာ ဤအံ့ဩဖွယ်ကောင်းသည့် မြင်ကွင်းကို မျက်လုံးပြူးကာ ငေးကြည့်နေကြတော့၏။
ထိုပစ္စည်း သေးသေးလေးက အလင်းရောင်များ ထွက်ပေါ်နေပြီး ၎င်းမှ ပြသနေသည့် ရောင်စုံပုံရိပ်များက သူတို့ကို တကယ်ပင် အံ့အားသင့် မှင်တက်သွားစေသည်။
အရောင်အသွေးများနှင့် ထူးဆန်းမှုများကြောင့် အစပိုင်းတွင် အံ့အားသင့်သွားကြပြီးနောက် အမတ်ကြီး ရှစ်ဦးမှာ ဗီဒီယိုထဲမှ အကြောင်းအရာများကြောင့် အလျင်အမြန်ပင် ဆွံ့အသွားကြရပြန်သည်။
ဗီဒီယိုထဲတွင် ကောင်းကင်ယံသို့ ထိုးတက်နေသည့် မိုးမျှော်တိုက်ကြီးများ၊ နဂါးများကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည့် ကျည်ဆန်ရထားများနှင့် တိမ်တိုက်များကြားတွင် ပျံသန်းနေသည့် လေယာဉ်ပျံများကို ပြသနေသည်။
ညချမ်းအချိန်သို့ ရောက်ရှိသွားသည့်အခါ တက်ကြွလှသည့် ရောင်စုံကမ္ဘာကြီးက ထိုနေရာရှိ နန်းတွင်းအမတ်များကို လုံးဝဖမ်းစားသွားခဲ့ပြီး မြင်ကွင်းတစ်ခုစီတိုင်းက သူတို့၏ စိတ်ခံစားမှုများနှင့် ပဲ့တင်ထပ်နေခဲ့၏။
သူတို့ သိထားသည့် ကမ္ဘာကြီးနှင့် လုံးဝ ကွဲပြားခြားနားနေသည့် ကမ္ဘာကြီးတစ်ခုကို သူတို့ မြင်တွေ့လိုက်ရခြင်းပင်။
ဤကမ္ဘာကြီးက လျှို့ဝှက်ချက်များစွာဖြင့် ပြည့်နှက်နေပြီး အရာအားလုံးက မှော်ဆန်ကာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ဗီဒီယို ပြီးဆုံးသွားပြီးနောက် အမတ်ကြီး ရှစ်ဦးမှာ အချိန်အတော်ကြာသည်အထိ မှင်တက်နေကြပြီး သူတို့ မြင်တွေ့ခဲ့ရသည်များကို ဦးနှောက်ထဲတွင် နေရာချရန် ရုန်းကန်နေကြရ၏။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှတာက အရှိန်အဟုန်ဖြင့် ပြေးလွှားသွားသည့် ကျည်ဆန်ရထားကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။ "ဘယ်လို စစ်ပွဲသုံး စက်ယန္တရားကြီးကများ ဒီလောက်အထိ မြန်နိုင်ရတာလဲ..."
စုန့်လျန်က သက်ပြင်းချကာ ချီးကျူးသည့် လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။ "အဲ့ဒီ ပုံထဲက ပြည်သူတွေရဲ့ အဝတ်အစားတွေမှာ ဖာရာထေးရာ တစ်ခုလေးတောင် မပါဘူးပဲ..."
ဟုန်ဝူဧကရာဇ်က မှင်တက်နေသည့် သူ၏ အမတ်များကို ဝေ့ကြည့်လိုက်ပြီး သူတို့၏ တုံ့ပြန်မှုကို အနည်းငယ်မျှ မအံ့ဩသည့်အပြင် အကြောင်းပြချက်မရှိ ကျေနပ်နေခဲ့၏။ သူ၏ အာဏာပါသည့် အသံက အနည်းငယ် ပေါ့ပါးနေချေသည်။ "ဒါက နောင် နှစ်ပေါင်းခြောက်ရာအကြာက အနာဂတ်ကမ္ဘာကြီးရဲ့ အသွင်အပြင်ပဲ... အမတ်ကြီးတို့... ငါကိုယ်တော် လှည့်စားခံရတယ်လို့ ထင်နေကြသေးလား..."
အမတ်ကြီးများသည် သူတို့၏ ခေတ်ကာလနှင့် လုံးဝ မသက်ဆိုင်သည့် ဤပစ္စည်းကို မြင်တွေ့လိုက်ရပြီး ဗီဒီယိုထဲမှ ယခင်က တစ်ခါမှ မကြားဖူး၊ မမြင်ဖူးခဲ့သည့် မြင်ကွင်းများကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အခါ သူတို့၏ ရပ်တည်ချက်များ စတင် ယိမ်းယိုင်လာကြရ၏။
သူတို့ကို အနာဂတ်ကမ္ဘာဆီ ခရီးသွားခေါ်သွားပေးနိုင်တဲ့ ဒီလို နတ်ဘုရားလို လူမျိုး တကယ် ရှိနေတာများလား...
ဟုန်ဝူဧကရာဇ်သည် ဤသတင်းကို ကြားသိခဲ့ရစဉ်က တကယ်ပင် အံ့အားသင့်ခဲ့ရသော်လည်း သူက အမတ်ကြီးများကို အလျင်စလို မလုပ်ဘဲ သူတို့ဘာသာ နားလည်သဘောပေါက်လာစေရန် အချိန်ပေးလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရှတာက အရင်ဆုံး ရှေ့ထွက်လာပြီး ပြောလိုက်၏။ "ဒီအစေခံ လိုက်သွားဖို့ ဆန္ဒရှိပါတယ်..."
ရှတာက အရင်ဆုံး တုံ့ပြန်လိုက်သည်ကို မြင်သည့်အခါ အခြားအမတ်ကြီးများကလည်း သူ့နောက်သို့ လိုက်ပါလာကြလေသည်။
ဧကရာဇ်ကိုယ်တိုင် သွားမည်ဆိုမှတော့ သူတို့က ဘာကို ကြောက်နေရဦးမည်နည်း။
အနာဂတ်ကမ္ဘာကို မြင်တွေ့ရဖို့ဆိုတာ ဘယ်လောက်တောင် ကြီးမားတဲ့ အခွင့်အရေးကြီးလဲ....
တစ်ချိန်တည်းမှာပင် ဘေးဘက်ခန်းမဆောင်တစ်ခုတွင် အနားယူနေသည့် ကျန်းယဲ့က ဆူညံသံများကို ကြားလိုက်ရသဖြင့် မျက်လုံးများကို ဖွင့်လိုက်၏။
နောက်ခဏ၌ လူငယ် မိန်းမစိုးလေးတစ်ဦးက ကျန်းယဲ့ထံသို့ ရိုသေစွာ ချဉ်းကပ်လာပြီး အနည်းငယ် ဦးညွှတ်လိုက်လေသည်။ "သခင်လေးကျန်း... အရှင်မင်းကြီးက တွေ့ခွင့်တောင်းနေပါတယ်ခင်ဗျာ..."
ကျန်းယဲ့ မတ်တတ်ထရပ်ကာ အကြောဆန့်လိုက်ပြီး ပြောလိုက်၏။ "လမ်းပြပါ..."
လူငယ် မိန်းမစိုးလေးက အနည်းငယ် ဦးညွှတ်လျက် လမ်းပြခေါ်ဆောင်သွားလိုက်သည်။
ကျန်းယဲ့ကို စာကြည့်ဆောင်သို့ မိန်းမစိုးက ခေါ်ဆောင်သွားသည့်အခါ အမတ်ကြီးရှစ်ဦး၏ စူးရှသည့် အကြည့်များက သူ့အပေါ်သို့ ချက်ချင်း ရောက်ရှိလာခဲ့၏။
မုန်တိုင်းများစွာကို ဖြတ်သန်းလာခဲ့သည့် ဤတိုင်းပြည် တည်ထောင်သူအမတ်ကြီးများက တိတ်ဆိတ်နေကြသော်လည်း သူတို့၏ စူးစမ်းနေသည့် အကြည့်များက သူ့ကို အတွင်းရောအပြင်ပါ ဖောက်ထွင်းမြင်နေရသကဲ့သို့ ရှိချေသည်။
အခန်း ၄၃၂ပြီး၏။